08/07/2026
8 parts for Exporter and Importer Knowledgement
1 - Inquiry and Quotation
Buyer ထံမှ စုံစမ်းခြင်းဖြစ်တဲ့ ပြည်ပဝယ်သူ Importer က ကုန်ပစ္စည်းအမျိုးအစား၊ အရည်အသွေး၊ ပမာဏနဲ့ ပို့ဆောင်ပေးရမယ့် ပုံစံတို့ကို Inquiry ပေးပို့ မေးမြန်းပါတယ် ပို့ကုန်လုပ်ငန်းရှင် Exporterက ပစ္စည်းရရှိနိုင်မှုအပေါ် မူတည်ပြီး ဈေးနှုန်း၊ ငွေပေးချေမှုစနစ်နဲ့ အသုံးပြုမယ့် Incoterms ဥပမာ FOB, CIFတို့ကို ဖော်ပြထားတဲ့ Quotation (သို့မဟုတ်) Proforma Invoice ကို ပြန်လည်ပေးပို့ပါတယ် ပြီးတော့
2 - Sales Contract
နှစ်ဦးနှစ်ဖက် သတ်မှတ်ချက်တွေကို သဘောတူညီမှုရရှိပြီဆိုရင် Buyer ဘက်က Purchase Order (PO) ပို့ပေးရပြီး Exporter နဲ့အတူ တရားဝင် Sales Contract အရောင်းအဝယ်စာချုပ် ချုပ်ဆိုကြပါတယ်ဒီစာချုပ်ထဲမှာ ကုန်ပစ္စည်းအသေးစိတ်၊ သယ်ယူပို့ဆောင်မယ့်အချိန်၊payment method ၊ အာမခံချက်နဲ့ အငြင်းပွားမှုဖြစ်လာရင် ဖြေရှင်းမယ့် နည်းလမ်းတွေကို တိတိကျကျ ထည့်သွင်းရပါတယ်
3 - Receiving Payment Instrument
နိုင်ငံတကာ ကုန်သွယ်မှုမှာ ရောင်းသူအတွက် စိတ်ချရမှုရှိအောင် Buyer ထံမှ ငွေပေးချေမယ့် နည်းလမ်း Payment Terms ကို အတည်ပြုရပါတယ်အကယ်၍ Letter of Credit L/C ငွေပေးချေမှုစနစ်ဖြင့် အရောင်းအဝယ်လုပ်ပါက Buyer ၏ ဘဏ်မှ ပေးပို့လာသော L/C မူရင်းကို Exporter ၏ ဘဏ်ကတစ်ဆင့် လက်ခံရရှိပြီး သတ်မှတ်ချက်များ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးရပါတယ် T/T စနစ်ဆိုလျှင် သဘောတူထားသည့် Advance ဝင်/မဝင် စစ်ဆေးရပါမယ်။
4 - Production, Packaging and Labeling
စာချုပ်ပါ သတ်မှတ်ချက် Specificationsများနှင့် အညီ ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း သို့မဟုတ် စုဆောင်းခြင်း ပြုလုပ်ပါတယ် ထို့နောက် လမ်းခရီးတွင် ပျက်စီးမှုမရှိစေရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ သွင်းကုန်ဥပဒေများနှင့် ကိုက်ညီစေရန် စနစ်တကျ ထုပ်ပိုးခြင်း Packaging နှင့် ကုန်အညွှန်းအမှတ်အသား ကပ်ခြင်း Labeling/Shipping Marks များ ပြုလုပ်ရပါတယ်။ဒါပြီးရင်
5 - Quality Inspection and Certification
ကုန်ပစ္စည်းတွေဟာ သတ်မှတ် စံချိန်စံညွှန်း ပြည့်မီကြောင်း သေချာစေရန် တတိယအဖွဲ့အစည်း Third-Party Inspection Agency များဖြင့် စစ်ဆေးပြီး Certificate ကုန်ပစ္စည်း အရည်အသွေး ထောက်ခံချက် ရယူရပါတယ်။စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်ပါက ပိုးမွှားကင်းစင်ကြောင်း ပြသသည့် Phytosanitary Certificate ကဲ့သို့သော သက်ဆိုင်ရာ ဌာနဆိုင်ရာ ထောက်ခံချက်များ ရယူရမည့် အဆင့် ဖြစ်ပါတယ်။
6 - Customs Clearance
ကုန်ပစ္စည်းကို ဆိပ်ကမ်း သို့မဟုတ် လေဆိပ်သို့ မပို့ဆောင်မီ ပြည်တွင်းရှိ အကောက်ခွန်ဌာန Customs တွင် Export Declaration EDတင်သွင်းပြီး ပို့ကုန်ရှင်းလင်းရေး ပြုလုပ်ရပါတယ်ဤအဆင့်တွင် Commercial Invoice, Packing List, Export License ပို့ကုန်လိုင်စင် နှင့် လိုအပ်သော ထောက်ခံချက် စာရွက်စာတမ်းများကို တင်ပြပြီး အကောက်ခွန် စစ်ဆေးမှုကို ခံယူရပါတယ်။
7 - Booking Shipping and Loading
ကုန်စည်ပို့ဆောင်ရေး အကျိုးဆောင် Freight Forwarder သို့မဟုတ် သင်္ဘောလိုင်း/လေကြောင်းလိုင်းများနှင့် ချိတ်ဆက်ပြီး ကွန်တိန်နာ နေရာရယူခြင်း (Booking) ပြုလုပ်ပါတယ် ကုန်ပစ္စည်းများကို ကွန်တိန်နာအတွင်း စနစ်တကျ သိပ်သည်းစွာ တင်ဆောင်ပြီး Container Loadingသင်္ဘောပေါ် သို့မဟုတ် လေယာဉ်ပေါ်သို့ တင်ဆောင် Shipment စေပါတယ်။ ကုန်ပစ္စည်း တင်ဆောင်ပြီးပါက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီထံမှ ကုန်ပစ္စည်း လက်ခံရရှိကြောင်း အထောက်အထားဖြစ်သည့် Bill of Lading (B/L) သို့မဟုတ် Airway Bill (AWB) ကို ရယူရပါတယ်။
8 - Document Negotiation and Settlement
ကုန်ပစ္စည်း သင်္ဘောတင်ပြီးနောက် Exporter က စာချုပ် သို့မဟုတ် L/C တွင် တောင်းဆိုထားသော စာရွက်စာတမ်း အပြည့်အစုံ (B/L, Invoice, Packing List, COA, Certificate of Origin စသည်) ကို စုစည်းပြီး မိမိ၏ဘဏ် (Negotiating Bank) သို့ တင်သွင်းပါတယ် Exporter ၏ ဘဏ်ကတစ်ဆင့် Buyer ၏ ဘဏ်ထံ စာရွက်စာတမ်းများ ပေးပို့ကာ ငွေတောင်းခံပြီး၊ Buyer ဘဏ်မှ စာရွက်စာတမ်းများ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် Exporter ၏ အကောင့်ထဲသို့ ငွေလွှဲပြောင်း ပေးချေခြင်းဖြင့် Export Cycle တစ်ခု ပြီးဆုံးပါတယ်။
ဒါဆိုရင် Export Cycle ပြီးသွားပါပြီ ဆက်ပြီးတော့ Import Cycle ကိုပြောပြပေးပါ့မယ်
Import Cycle ဆိုတာ ပြည်ပနိုင်ငံတစ်ခုက ကုန်ပစ္စည်းတွေကို မိမိနိုင်ငံတွင်းသို့ တရားဝင် တင်သွင်းရာမှာ ကနဦး လိုအပ်ချက်ကို ရှာဖွေစိစစ်တဲ့ အဆင့်ကနေစပြီး နိုင်ငံတကာ အရောင်းအဝယ် ပြုလုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အကောက်ခွန် ရှင်းလင်းခြင်းနှင့် ကုန်ပစ္စည်းကို မိမိရဲ့ သိုလှောင်ရုံ Warehouse ထဲအထိ အောင်မြင်စွာ သယ်ဆောင်ခြင်း စတဲ့ အဆင့်ဆင့်သော လုပ်ငန်းစဉ်ကို ခေါ်တာ ဖြစ်ပါတယ်။သွင်းကုန်လုပ်ငန်းဟာ ကုန်ကျစရိတ် ကြီးမားနိုင်ပြီး နိုင်ငံတော်ဥပဒေ၊ အကောက်ခွန် စည်းကြပ်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာကြောင့် Export Cycle ထက်စာရင် Document ပိုင်းနဲ့ လိုင်စင်ပိုင်းတွေမှာ ပိုမိုစနစ်တကျ ရှိဖို့ လိုအပ်ပါတယ် ဘယ်လိုအဆင့်တွေရှိလဲဆိုတော့
1 -Sourcing and Inquiry
မိမိတင်သွင်းလိုတဲ့ ကုန်ပစ္စည်းကို အရည်အသွေး စိတ်ချရပြီး ဈေးနှုန်းသင့်လျော်စွာ ပေးနိုင်မယ့် ပြည်ပပို့ကုန်လုပ်ငန်းရှင် Supplier/Exporterကို ရှာဖွေပါတယ် ရောင်းသူထံသို့ ကုန်ပစ္စည်းအသေးစိတ်၊ စျေးနှုန်း၊ Minimum Order Quantity MOQ -အနည်းဆုံးမှာယူရမည့် ပမာဏ တို့ကို မေးမြန်းသည့် Inquiry ပေးပို့ပါတယ်။
2 - Negotiation and Proforma Invoice
ဈေးနှုန်းသာမက ကုန်ပစ္စည်းပေးပို့မည့်အချိန် (Lead Time)၊ အသုံးပြုမည့် Incoterms ဥပမာ - FOB, CIF နှင့် ငွေပေးချေမှုစနစ် Payment Terms များကို ညှိနှိုင်းကြပါတယ် ညှိနှိုင်းမှု အဆင်ပြေပါက Exporter ထံမှ အရောင်းအဝယ်ဆိုင်ရာ အချက်အလက်အားလုံး ပါဝင်သည့် Proforma Invoice ကို တောင်းခံရယူပါတယ်ဤ P/I သည် နောက်အဆင့်များအတွက် အခြေခံအကျဆုံး စာရွက်စာတမ်း ဖြစ်ပါတယ်။
3 - Import License and Permits
မိမိ တင်သွင်းမည့် ကုန်ပစ္စည်းသည် မိမိနိုင်ငံ၏ ဥပဒေအရ လိုင်စင်လျှောက်ထားရန် လို/မလို Import License Required ကို ကုန်သွယ်ရေးဦးစီးဌာနတွင် စစ်ဆေးရပါတယ် အစားအသောက်နှင့် ဆေးဝါးဖြစ်ပါက FDA ထောက်ခံချက်၊ လျှပ်စစ်ပစ္စည်းဖြစ်ပါက သက်ဆိုင်ရာ စံချိန်စံညွှန်းထောက်ခံချက် စသည်တို့ကို ကြိုတင်လျှောက်ထားပြီးမှ Import License ကို ကုန်သွယ်ရေးဌာန၏ စနစ် Myanmar Tradenet 2.0 မှတစ်ဆင့် လျှောက်ထားရယူရပါတယ်။
4 - Opening Letter of Credit / Payment
သဘောတူထားသည့် Payment Terms အတိုင်း ငွေပေးချေမှုကို စတင်ပါတယ်။ အများဆုံးသုံးလေ့ရှိသည့် Letter of Credit (L/C) စနစ်ဆိုပါက Importer သည် မိမိ၏ အခြေစိုက်ဘဏ် Issuing Bank သို့သွားရောက်၍ P/I နှင့် သွင်းကုန်လိုင်စင် တင်ပြကာ Exporter ၏ ဘဏ်ထံသို့ L/C ဖွင့်လှစ်ပေးရန် လျှောက်ထားရပါတယ်အကယ်၍ T/T စနစ်ဆိုပါက သဘောတူထားသည့် Advance % အတိုင်း ဘဏ်မှတစ်ဆင့် ကြိုတင်ငွေ လွှဲပြောင်းပေးရပါတယ်။
5 - Shipment Tracking and Insurance
Exporter ဘက်မှ ကုန်ပစ္စည်းများကို ထုတ်လုပ်ထုပ်ပိုးပြီး သင်္ဘောလိုင်း/လေကြောင်းလိုင်းပေါ် တင်ဆောင် Shipment တဲ့အခါ Importer ထံသို့ Shipping Advice သင်္ဘောတင်ပြီးကြောင်း အကြောင်းကြားစာ ပေးပို့လာပါလိမ့်မယ် အကယ်၍ Incoterms အရ မိမိဘက်က အာမခံထားရမည့်စနစ် FOB သို့မဟုတ် CFR ဖြစ်ပါက လမ်းခရီးတွင် ပျက်စီးဆုံးရှုံးမှုအတွက် ကုန်ပစ္စည်းသင်္ဘောမထွက်မီ အာမခံ Insurance ကြိုတင်ထားရှိရပါမယ်။
6 - Document Retirement
Exporter သည် ကုန်ပစ္စည်း သင်္ဘောတင်ပြီးနောက် ရရှိလာသည့် Bill of Lading (B/L)၊ Commercial Invoice၊ Packing List နှင့် အခြားထောက်ခံချက် မူရင်းစာရွက်စာတမ်းများကို ၎င်း၏ဘဏ်မှတစ်ဆင့် Importer ၏ ဘဏ်ထံသို့ ပေးပို့ပါတယ်။Importer သည် မိမိဘဏ်သို့ သတ်မှတ်ထားသည့် ကုန်ဖိုးငွေ (သို့မဟုတ်) L/C ပါ သတ်မှတ်ချက်များကို ပေးချေပြီးနောက် ဆိပ်ကမ်းတွင် ကုန်ထုတ်ယူရန် မရှိမဖြစ်လိုအပ်သော စာရွက်စာတမ်း မူရင်းတစ်စုံ Original Shipping Documentsကို မိမိဘဏ်ထံမှ လွှဲပြောင်းထုတ်ယူရပါတယ်။
7 - Import Customs Clearance
ကုန်ပစ္စည်းများ မိမိနိုင်ငံ ဆိပ်ကမ်း သို့မဟုတ် လေဆိပ်သို့ ရောက်ရှိလာသည့်အခါ အကောက်ခွန်ရှင်းလင်းရေး အကျိုးဆောင် Customs Broker / Shipping Agency နှင့် ချိတ်ဆက်၍ Import Declaration (ID) ကို အကောက်ခွန်စနစ် MACCS စနစ်တွင် ရိုက်နှိပ်တင်သွင်းရပါတယ်ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် Customs Duty အကောက်ခွန်နှင့် Commercial Tax ကုန်သွယ်လုပ်ငန်းခွန်များကို ဘဏ်မှတစ်ဆင့် နိုင်ငံတော်သို့ ပေးဆောင်ရပြီး၊ အကောက်ခွန်အရာရှိများ၏ ကုန်ပစ္စည်း စစ်ဆေးမှု (Physical Inspection) ကို ခံယူရပါတယ် Maccs systemမှာ Green ,yellow ,red ဖြစ်လာအပေါ်မှုတည်ပြီး ကွာခြားနိုင်ပါတယ်။
8 - Delivery and Port Clearance
အကောက်ခွန်ဌာနမှ ကုန်ပစ္စည်းထုတ်ခွင့် Duty Paid/Releaseရရှိပြီးနောက် ဆိပ်ကမ်း/လေဆိပ်သို့ ကုန်သိုလှောင်ခ Port Charges/Demurrage များ ပေးချေကာ ကုန်ပစ္စည်းကို ကွန်တိန်နာယာဉ်များဖြင့် ထုတ်ယူပါတယ်။ယ နောက်ဆုံးတွင် ထိုကုန်ပစ္စည်းများကို မိမိ၏ သိုလှောင်ရုံ သို့မဟုတ် စက်ရုံ Importer's Warehouseသို့ ဘေးကင်းစွာ သယ်ယူပို့ဆောင်ပြီး ကုန်ပစ္စည်းအရေအတွက်နှင့် အရည်အသွေး မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှတ်တမ်းတင်ခြင်းဖြင့် Import Process တစ်ခု ပြီးဆုံးပါတယ်။
ဒါကတော့ကုန်သွယ်ရေးရဲ့ Export - Import process ဖြစ်ပါတယ်။