ရွှေနန်းစံ အမျိုးသမီး အဝတ်ထည်အမျိုးမျိုး

  • Home
  • Myanmar
  • Yangon
  • ရွှေနန်းစံ အမျိုးသမီး အဝတ်ထည်အမျိုးမျိုး

ရွှေနန်းစံ  အမျိုးသမီး အဝတ်ထည်အမျိုးမျိုး BKK T shirt & dress wholesale and retails
Yangon, north dagon Township
+95 9791390175 reasonable price for all products

နှစ်သစ်ကူးဆုတောင်း
17/04/2024

နှစ်သစ်ကူးဆုတောင်း

သမီလေးတွေ အတွက် အလန်းလေးတွေ လာပြီနော်🐛Caterpillar တံဆိပ် ခါးဝိုင်းဝမ်းဆက်ရဲ့ new version 🔥🔥ဘောင်းဘီလေးက bell pant လေးလုပ...
05/01/2024

သမီလေးတွေ အတွက် အလန်းလေးတွေ လာပြီနော်

🐛Caterpillar တံဆိပ် ခါးဝိုင်းဝမ်းဆက်ရဲ့ new version 🔥🔥
ဘောင်းဘီလေးက bell pant လေးလုပ်ထားပေးတော့ ခပ်မိုက်မိုက်နဲ့ချစ်စရာလေးပေါ့🥰🥰🥰

💯%cotton C32 အသားကို အင်္ကျီ ဘောင်းဘီ တသားထဲချုပ်ပေးထားလို့ ဘောင်းဘီအ​ရောင်မွဲမှာမပူရတော့ဘူးနော် 🤗🤗😍

အဆင်အရောင်လေးတွေ အရမ်းကိုလှလွန်းလို့ ကုန်သွားပြီလို့ မပြောချင်ဘူးနော်....ရောက်ကုန်လေးမို့ လက်သွက်ဖို့တော့လိုမယ်နော် ချစ်မေတို့ရေ 😘

ဆိုဒ်/ ရင်အကျယ်/ ဘီရှည်/ အသက်ခန့်မှန်း
S 13” 20” 2yr to 3yrs
Price: 13,500 MKK

✅ နာမည်
✅ လိပ်စာအတိအကျ
✅ ဖုန်းနံပါတ်
✅ မှာယူလိုသော အထည်ပုံလေး နဲ့အတူ
Chat box (Messenger) မှာပေးပို့ပြီး မှာယူနိုင်ပါတယ်ရှင့်

Phone -09791390175

Dr.Phyo Thiha ရဲ့ သိပ်ကောင်းတဲ့ ဆောင်းပါး​လေးမို့ ပြန်လည်မျှဝေပါတယ်ရှင်-------------------------------------------လူလတ်တ...
03/01/2024

Dr.Phyo Thiha ရဲ့ သိပ်ကောင်းတဲ့ ဆောင်းပါး​လေးမို့ ပြန်လည်မျှဝေပါတယ်ရှင်
-------------------------------------------
လူလတ်တန်းစား မိဘတွေ ဖတ်ဖို့

ဒီခေတ်က အစစအရာရာ တိုးတက်တဲ့ခေတ်ကြီး။ အရင်ထက်စာရင် ငွေရှာစရာ အခွင့်အလမ်းတွေ များလာတယ်။ လူနေမှု အဆင့်အတန်းတွေ မြင့်လာတယ်။ အသိအမြင်တွေ ကြွယ်လာတယ်။

တစ်ဖက်မှာလည်း ဒီရုပ်ဝတ္ထုတွေနောက်ကို အသည်းအသန် လိုက်နေရတာ ပင်ပန်းလာတယ်။ အပြိုင်အဆိုင်တွေ လုပ်ရ၊ ရှာရ၊ ဖွေရနဲ့ ဘယ်တော့မှ လုံလောက်တယ်လို့ကို မရှိဘူး ဖြစ်လာတယ်။

အဆိုးဆုံးက သူများနဲ့ နှိုင်းယှဉ်မိပြီး ကိုယ့်ကိုယ်ကိုယ် အားမရတာ၊ သိမ်ငယ်တာတွေ ရှိလာတာပဲ။

သူများလှသလို ငါမလှဘူး။ သူများတွေ သုံးသလို ငါမသုံးနိုင်ဘူး။ သူများတွေ ပျော်သလို ငါပျော်မနေရဘူး စသဖြင့် တွေးမိလာကြတယ်။ ကိုယ့်ဘဝကိုယ် မကျေနပ်တော့ဘူး။

ဒီခေတ်မိဘတွေလည်း အဲဒီပြဿနာကို ရင်ဆိုင်ကြရတယ်။

Parenting ဆိုတာကို ပိုနားလည်လာကြတယ်။ လေ့လာချင်ရင်လည်း အလွယ်လေး။ ကိုယ့်ကလေးအတွက်လည်း အကောင်းဆုံး ဆိုတဲ့အရာတွေ လုပ်ပေးလို့ရတယ်။ ပံ့ပိုးပေးလို့ရတယ်။

သို့သော် တစ်ဖက်ကကျ အဲဒီလို မလုပ်ပေးနိုင်တဲ့၊ တည့်တည့်ပြောရရင် လူလတ်တန်းစား၊ အခြေခံ လူတန်းစား မိဘတွေမှာ သိမ်ငယ်စိတ်တွေ ဖြစ်လာကြတယ်။ ကိုယ်တိုင်ထက် သားသမီးအတွက် ဆိုတော့ ပိုဆိုးတာပေါ့။ ငါ တခြားမိဘတွေလိုလည်း လုပ်မပေးနိုင်ဘူး၊ ကျောင်းကောင်းကောင်းမှာ မထားနိုင်ဘူး၊ ငါ့ရဲ့ ပျိုးထောင်မှုပုံစံက မှန်မှမှန်ရဲ့လား စသဖြင့် စသဖြင့် တွေးမိလာကြတယ်။

ဒါသည်လည်း Peer Pressure ပါပဲ။ ကျွန်တော်တို့ငယ်ငယ်က ၅ နှစ်မှ ကျောင်းပို့၊ ကျူရှင်လေး ထားပေး၊ ဒါဆို ရပြီ။ တခြားမိဘ တော်တော်များများလည်း အဲဒီအတိုင်းပဲ။ ခုခေတ်ကျ ကြည့်ပါဦး။ များလိုက်တဲ့ ကျောင်းတွေ၊ ကုန်လိုက်တဲ့ အဖိုးအခတွေ။ ကိုယ့်ပတ်ဝန်းကျင်က မိဘတိုင်းနီးနီးလောက်ကလည်း အဲဒီလိုတွေ ပို့ပေးနေကြတယ်။ ထားပေးနေကြတယ်။ ဒီတော့ ကိုယ်က အဲဒီလိုမှ လုပ်မပေးနိုင်ရင် မိဘတာဝန် မကျေသလို၊ လူတန်းစေ့ မထားနိုင်သလို၊ ကိုယ့်သားသမီးကပဲ နောက်ကျနေပြီလိုလို ခံစားလာရတယ်။

ဒီအတွက် အခြေခံကျတဲ့၊ သိပ်လည်း အရေးကြီးတဲ့၊ ငွေကုန်ကြေးကျလည်း မများတဲ့ နည်းလမ်းတချို့ကို ပြောပြချင်ပါတယ်။

၁။ ဆော့ကစားစေခြင်း

ကလေးတွေရဲ့ အစောပိုင်း ဖွံ့ဖြိုးမှုမှာ ကစားခြင်းဟာ အင်မတန် အကျိုးများစေတယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ ၃ လသားလောက်နဲ့ ကျောင်းတွေ ပို့နေမဲ့အစား ဒီအခြေခံအချက်ကလေးကို လုပ်ပေးရင်ပဲ ကလေးအတွက် သိပ်ကောင်းပါတယ်။

၂။ ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှု

ငယ်ငယ်ကတည်းက မိဘအုပ်ထိန်းသူရဲ့ ချစ်ခြင်းမေတ္တာကို ရဖို့ သိပ်ကြိုးစားခဲ့ရတဲ့ ကလေးဟာ ကြီးလာတဲ့အခါ တအားအချစ်ခံချင်တယ်၊ အချစ်ခံရဖို့ သူ့ဘက်ကပဲ အမြဲကြိုးစားနေမိတယ်၊ တစ်ယောက်ယောက် စွန့်ပစ်သွားမှာ၊ ထားသွားမှာ၊ မုန်းသွားမှာ ကြောက်တယ်၊ ဒီလိုပြဿနာတွေ ရှိလာတတ်ပါတယ်။ ဒါကြောင့် ချစ်ခြင်းမေတ္တာကို ပြသပါ။ ဂရုစိုက်ပါ။ အချိန်ပေးပါ။

၃။ စိတ်ချင်းဆက်နွယ်မှု (Emotional Attachment)

ချစ်တာနဲ့ မတူပါဘူး။ မိဘနဲ့ သားသမီး အပြန်အလှန်တော့ ချစ်ကြတာချည်းပဲ။ စိတ်ချင်းဆက်နွယ်မှု ဆိုတာကျ အဲဒီထက် ပိုပါတယ်။ သူတို့ဘဝမှာ အကောင်းပဲဖြစ်ဖြစ်၊ အဆိုးပဲဖြစ်ဖြစ် အရင်ဆုံး ပြောပြချင်တဲ့သူ၊ ပထမဆုံး သတိရတဲ့သူ၊ ဘာကိုမဆို ပြောပြဖို့ ဝန်လေးမနေရတဲ့သူ ဖြစ်ဖို့ လိုတယ်။

ဒီအတွက် အပြစ်မတင်တာ၊ ဘယ်တော့မဆို သူတို့ဘက်က ရပ်တည်တာ၊ ယုံကြည်မှုပေးတာ၊ အားပေးတာ၊ လေးစားမှုထားတာ၊ မျှဝေခံစားတာ၊ သားသမီးနေရာကနေ ကိုယ်ချင်းစာပေးတတ်တာ၊ ဝင်ကြည့်ပေးတတ်တာ၊ စိတ်ပိုင်းဆိုင်ရာကို နားလည်သဘောပေါက်တာ စသဖြင့် လိုအပ်ပါတယ်။

၄။ စာဖတ်တဲ့ အလေ့အကျင့်

အပေါ်မှာ ရေးခဲ့သလို ရုပ်ဝတ္ထုတွေက သိပ်ကို ခမ်းနားလာတဲ့ခေတ်မှာ သူများလို မသုံးနိုင်၊ မစွဲနိုင်၊ မဝတ်နိုင်၊ မစားနိုင်ရင် သိမ်ငယ်စိတ် ဖြစ်လေ့ရှိပါတယ်။ ကိုယ့်မိဘက သိပ်မတတ်နိုင်တဲ့အခါမှာလည်း ကလေးတွေမှာ အဲဒီလို ဖြစ်တတ်တယ်။

ဒါကို ကာကွယ်ပေးနိုင်တဲ့၊ အတိုင်းအတာတစ်ခုထိ လျှော့ချပေးနိုင်တဲ့ အရာက စာအုပ်စာပေတွေပဲ ဖြစ်ပါတယ်။

အသိအမြင် များလာစေတယ်။ ဒီလိုခေတ်ကြီးကြောင့် ငါတို့တွေမှာ ဒီလိုဖိအားတွေ ဖြစ်လာတာပါလား သဘောပေါက်လာမယ်။ ဝတ္ထုတွေကတဆင့် သူရဲကောင်းတွေ၊ Idol တွေ တွေ့လာမယ်။ ငွေကြေးထက် ပိုအရေးကြီးတဲ့အရာတွေ ရှိသေးတာ သိလာမယ်။ ရည်ရွယ်ချက်တွေ ပိုပေါ်လွင်လာမယ်။ တိုတိုပြောရရင် ပြည့်ဝတဲ့လူတွေ ဖြစ်လာပါလိမ့်မယ်။

၅။ ကလေးပေါ် ဖွင့်မထုတ်ဖို့

"Parenting ဟာ ကလေးမယူခင်ကတည်းက စတယ်" လို့ ကျွန်တော် ရေးဖူးပါတယ်။ ဆိုလိုတာက စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဆင်သင့်မဖြစ်သေးခင် ကလေးယူလိုက်မိရင်၊ ရသွားခဲ့ရင် ဘဝက ကြပ်တည်းနေတဲ့အတွက် ကလေးကို ကောင်းကောင်းစောင့်ရှောက်နိုင်ဖို့ ခက်သွားသလို၊ ကိုယ့်ရဲ့ အထွေထွေ အဆင်မပြေမှုတွေကြောင့် ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေကို ကလေးအပေါ် သွန်ချမိတတ်တယ်။ ဒီလိုနဲ့ မိဘနဲ့ သားသမီး ဝေးကွာလာပြီး သူတို့မှာ စိတ်ဒဏ်ရာတွေ ရသွားတတ်ပါတယ်။

ဒါကြောင့် အဆင်သင့်ဖြစ်မှ ကလေးယူပါ။ ရသွားပြီးရင်လည်း Emotional Management ကို သေချာလုပ်ပါ။ ကလေးဟာ နို့ဆာရင် ငိုမှာပဲ။ အလိုမကျရင် ငိုမှာပဲ။ ကိုယ်ဖြစ်နေတဲ့ ပြဿနာတွေကို သူတို့မသိပါဘူး။ နားလည်လောက်တဲ့အရွယ် ရောက်မှ ပြောပြထားလို့ ဖြစ်နိုင်လိမ့်မယ်။ ကလေးအရွယ်ကတော့ မလွယ်ဘူး။ ဒီတော့ ကလေးကို ကလေးလို့ မြင်ပေးပါ။ ငါဖြစ်နေတာတွေ သူမှမသိတာလို့ သတိရပေးပါ။

၆။ ကလေးရဲ့ ဖြစ်တည်မှုကို လက်ခံပေး

ကျွန်တော်တို့ရဲ့ ဝါသနာတို့၊ ဖြစ်ချင်စိတ်တို့ ဆိုတာ ပတ်ဝန်းကျင် အထိအတွေ့နဲ့ ဆက်စပ်တယ်။ ဥပမာ ဒီနိုင်ငံက လူငယ်တွေ ဘေ့စ်ဘောဝါသနာပါတယ် ဆိုတာ အတော်ရှားတယ်။ ဘာလို့လဲ။ ဘေ့စ်ဘောနဲ့ Exposure မရှိလို့။ ဘယ်လူကြီးကမှလည်း ဘေ့စ်ဘောပွဲ ကြည့်မနေဘူး။ နိုင်ငံအသင်းမှာလည်း ဘေ့စ်ဘောအသင်း မရှိဘူး။ ရပ်ကွက်ထဲလည်း ဘယ်သူကမှ ကစားမနေဘူး။

ဒါကြောင့် ထိတွေ့မှု မရှိရင် စိတ်ဝင်စားမှုဆိုတာ မရှိဘူး။ ဒီတော့ ကိုယ့်တာဝန်က ကလေးကို များများထိတွေ့ခွင့်ရအောင် လုပ်ပေး။ ဒီလိုဆို သူ ဘာကို စိတ်ဝင်စားတယ်၊ ဘာဝါသနာပါတယ်၊ ဘာဖြစ်ချင်တယ် တဖြည်းဖြည်း သိလာလိမ့်မယ်။

အဲဒီလိုမဟုတ်ဘဲ အိမ်နဲ့ကျောင်း၊ ကျောင်းနဲ့အိမ်၊ ကျောင်းစာကလွဲပြီး ကျန်တာ ပေးမလုပ်တာ၊ ပေးမဖတ်တာမျိုးတွေဆို ကလေးရဲ့ ကမ္ဘာက သိပ်ကျဉ်းသွားလိမ့်မယ်။ ရလဒ်အနေနဲ့ (ကျွန်တော်တို့တုန်းကလို) ကိုယ့်ဟာကိုယ် ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်း မသိတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။

ကိုယ် ဆရာဝန်ဖြစ်ချင်တာ မဖြစ်ခဲ့ရလို့ ကလေးကို ဆရာဝန်အတင်းလုပ်ခိုင်းတာ၊ ဒါမှမဟုတ် ကိုယ်က ဆရာဝန်မို့ ကလေးကို ဆရာဝန် ဖြစ်စေချင်တာ၊ ကိုယ့်တုန်းက ကျောင်းကောင်းကောင်း မတက်ခဲ့ရလို့ ကလေးအလှည့်ကျ ဖြည့်ဆည်းပေးချင်ဇောနဲ့ ကျောင်းတွေ အစောကြီး ပို့ပစ်တာ၊ သားသမီးရဲ့ ပြုပြင်လို့မရ၊ ရွေးချယ်ခဲ့တာလည်း မဟုတ်တဲ့ လိင်စိတ်တိမ်းညွှတ်မှုကို လက်မခံတာ၊ ဒါမျိုးတွေ မလုပ်ဘဲ ကလေးကို အပင်လေးတစ်ပင်လို သူ့သဘာဝအတိုင်း ကြီးထွားခွင့် ပေးလိုက်တာ အကောင်းဆုံးပါပဲ။

၇။ စံနမူနာပြ မိဘအုပ်ထိန်းမှု (Parenting by example)

နောက်ဆုံးမှ ရေးထားပေမဲ့ အရေးကြီးဆုံးအချက် ဖြစ်ပါတယ်။ ကလေးတွေဟာ သူထိစပ်တဲ့ ပတ်ဝန်းကျင်ကတဆင့် သင်ယူကြရတာပါ။ ဒါကြောင့် စကားလုံးတွေထက် သူတို့ မြင်တွေ့နေရတဲ့ မိဘရဲ့ အပြုအမူတွေက ပိုအရေးကြီးပါတယ်။

ကလေးကို စာဖတ်စေချင်သလား။ ကိုယ်တိုင်က စာဖတ်တဲ့သူ အရင်ဖြစ်ဖို့လိုတယ်။

ကလေးကို မဆုတ်မနစ် ကြိုးစားတတ်သူ ဖြစ်စေချင်သလား။ ကိုယ်တိုင်က ကိုယ့်အလုပ်မှာ မဆုတ်မနစ် ကြိုးစားသူ အရင်ဖြစ်ဖို့လိုတယ်။

ကလေးကို အများအကျိုးပြုသူ ဖြစ်စေချင်သလား။ နှလုံးသားလှသူ ဖြစ်လာစေချင်သလား။ ကိုယ်တိုင်က အများအကျိုးပြုသူ၊ ကူညီတတ်သူ၊ နှလုံးသားလှသူ အရင်ဖြစ်ဖို့လိုတယ်။

အပြောတစ်မျိုး အလုပ်တစ်မျိုး ဖြစ်နေလို့တော့ မရဘူး။ ကိုယ် ကလေးကို ပေးတဲ့ မက်ဆေ့တွေက Consistent (တသမတ်တည်း) ဖြစ်နေဖို့တော့ လိုမယ်။

ခုပြောခဲ့တဲ့ အချက် ၇ ချက်ထဲမှာ ငွေကုန်ကြေးကျများတာ တစ်ခုမှ မပါပါဘူး။ မိဘတိုင်း လုပ်နိုင်တဲ့ ကိစ္စတွေချည်းပါပဲ။

ကျွန်တော်သာ ခုချိန် ကလေးပြန်ဖြစ်ရမယ်ဆို အလိုချင်ဆုံးက ဘာတွေလဲ မေးရင် ဈေးကြီးတဲ့ ကျောင်းတွေ တက်ခွင့်ရဖို့ မဟုတ်ပါဘူး။ ခုပြောခဲ့တဲ့အချက်တွေပဲ လိုချင်တာပါ။ Parenting နဲ့ ပတ်သက်ပြီး ရေးခဲ့သမျှ ဆောင်းပါးတိုင်းကလည်း သားသမီးနေရာကနေ ကျွန်တော် တွေ့ကြုံခံစားခဲ့ရတာတွေကို အခြေခံပြီးပဲ ရေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကလေးတွေ လိုအပ်နေတာ၊ လိုချင်နေတာ ဘာလဲ သိပ်မစဉ်းစားပါနဲ့။ ကိုယ် ကလေးဘဝတုန်းက လိုအပ်ခဲ့တာ၊ လိုချင်ခဲ့တာတွေပဲ သူတို့လည်း လိုနေတာ ဖြစ်ပါတယ်။ သိပ်ကိုမှ ရိုးရှင်းလွန်းပါတယ်။ လွယ်တာကို ခက်အောင်လုပ်နေကြလို့သာ ခက်ကုန်တာပါ။

တကယ်တော့ ဒီပြဿနာတွေက ဈေးကွက်စီးပွားရေးရဲ့ ပုံသွင်းမှုတွေနဲ့လည်း ဆိုင်ပါတယ်။ ဒီဖုန်းမှ မကိုင်ရင် ကိုယ့်အနေနဲ့ ဘာအလုပ်မှ လုပ်မရတော့သလိုလို၊ လူတောမတိုးတော့သလိုလို ကြော်ငြာနေတော့ ကိုယ့်အနေနဲ့ မဖြစ်မနေ ဝယ်ရမယ် ထင်လာသလိုပဲ။ ဒီကျောင်းတွေမှ မထားရင် မိဘတာဝန် မကျေတော့သလိုတွေ ဖြစ်လာတယ်။ ဒါကြောင့် ကြော်ငြာတွေနောက်ကို သိပ်မလိုက်မိကြဖို့လည်း သတိပေးချင်ပါတယ်။

အလှမ်းကျယ် အလယ်လတ် ဖြစ်သွားမှာလည်း စိုးတယ်။ သဘောက ကောင်းပေ့ညွှန့်ပေ့ ဆိုတဲ့ ကျောင်းတွေထား။ ငယ်ငယ်ကလေးနဲ့ Left Brain, Right Brain တွေ လေ့ကျင့်ပေး။ ဒါပေမဲ့ တကယ်အရေးကြီးတဲ့ ချစ်ခြင်းမေတ္တာတွေ၊ ဂရုစိုက်မှုတွေ ပေးဖို့ ပျက်ကွက်နေလည်း အလကားပဲလို့ မြင်တယ်။ ဒါကြောင့် တတ်နိုင်တဲ့ မိဘများအနေနဲ့ အဲဒီအချက်ကို သတိထားပေးပါ။

အကြောင်းကြောင်းကြောင့် အဲဒီလိုတွေ လုပ်မပေးနိုင်ခဲ့ရင်လည်း ခုဆောင်းပါးမှာ ရေးထားတဲ့ အခြေခံအချက်ကလေးတွေ လုပ်ပေးရင်ပဲ အများကြီး အကျိုးရှိတယ် ဆိုတာ သိစေချင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂.၁.၂၀၂၄
Crd

24/11/2023
ပဲခူးဆေးရုံကြီးမှကုသရန် ခက် ခဲနေသောလူနာများအားပဲခူးမြို့ရှိ၁.သမာဓိအထူးကု ဆေးခန်း၂.လိပ်ပြာကန်အထူးကု ဆေးခန်း၃.အောင်ဆေးရုံ၄...
12/10/2023

ပဲခူးဆေးရုံကြီးမှ
ကုသရန် ခက် ခဲနေသောလူနာများအားပဲခူးမြို့ရှိ

၁.သမာဓိအထူးကု ဆေးခန်း
၂.လိပ်ပြာကန်အထူးကု ဆေးခန်း
၃.အောင်ဆေးရုံ
၄.ဒေါ်ခင်နုအထူးကုဆေးခန်း
၅.Zayer Dental and General Clinic
တို့တွင် ဝန်ဆောင်ခ အခမဲ့ဖြင့် ကုသပေးနေပါသည် ။

ခွဲစိတ်ရန် တကယ်လိုအပ်သော အရေးပေါ်လူနာများအား ခွဲစိတ်အထူးကုဆရာဝန်ကြီး ဆရာ မျိုးမြင့်စိုး မှ ခွဲစိတ်ခ အခမဲ့ ဖြင့် ခွဲစိတ်ပေးပါမည် ။

လက်ဆင့်ကမ်း ပြောကြားပေးကြပါဦးနော်။
အားလုံး အဆင်ပြေကြပါစေ။

Credit

ပေါ့ပါ့ပါးပါး  #ကလေးဝတ်_ဝမ်းဆက် ကလေးတို့အကြိုက် minnie ရုပ်လေး 😘🍀 S size - 5000 ကျပ် (6/8 လဝန်းကျင်)🍀 M size - 5500 ကျပ်...
11/10/2023

ပေါ့ပါ့ပါးပါး #ကလေးဝတ်_ဝမ်းဆက်
ကလေးတို့အကြိုက် minnie ရုပ်လေး 😘

🍀 S size - 5000 ကျပ် (6/8 လဝန်းကျင်)
🍀 M size - 5500 ကျပ် (1 နှစ်ဝန်းကျင်)
🍀 L size - 6000 ကျပ် (2 နှစ်ဝန်းကျင်)

🌈ကာလာ ၅ရောင်တတွဲ

🙏 🙏🙏 ရန်ကုန်မြို့တွင်း Cash On Delivery နဲ့ပို့ဆောင်ပေးပါတယ် နယ်ကcustomer များအတွက် royal express အိမ်အရောက်ပို့စနစ်/ စာတိုက်/ ကားဂိတ် တို့မှ ပို့ဆောင်ပေးပါတယ်ရှင့်💁🏻💁🏻‍♂️

မှာမယ်ဆိုရင် page messager or 09791390175/09976846310 သို့ မှာယူနိုင်ပါတယ်ရှင့်📲

ဂိတ်ပို့က စာတိုက်ပို့ခ ၁၅၀၀ ပါရှင့် 📬📬
ကားခတန်ဆာခ ဝယ်သူဘက်မှပေးချေပါမယ်ရှင့် 🚚🚚

#စပန့် ဝမ်းဆက်
# စျေးလဲသက်သာ Quality ကောင်း design လှတဲ့ အထည်မျိုးစုံ instock တွေအစုံတင်ပေးမှာဆိုတော့ page လေးကို like & follow လေး လုပ်ထားနော် သဲတို့ 💗💗

https://www.facebook.com/girlslightfashion1/

💥 ရေမရုန်း/အရောင်မကျ ဟာဝေယံကွာလတီအမြင့်လိုင်းထဲကလိုချင်ပါတယ်ဆို..အီတလီအဆင်‌ပုံဆန်းလေးတွေနဲ့ချုပ်ပေးထားသော 🌾ဝါးချည်သား ရှ...
11/10/2023

💥 ရေမရုန်း/အရောင်မကျ ဟာဝေယံကွာလတီအမြင့်လိုင်းထဲကလိုချင်ပါတယ်ဆို..
အီတလီအဆင်‌ပုံဆန်းလေးတွေနဲ့ချုပ်ပေးထားသော
🌾ဝါးချည်သား ရှိမယ်နော် 😍😍

✅ 40 size - 13,000 ကျပ် (ပေါင် 125 ထိဝတ်)
✅ 42 size - 14,000 ကျပ် (ပေါင် 135 ထိဝတ်)
✅ 44 size - 15,000 ကျပ် (ပေါင် 145 ထိဝတ်)

🌈ကာလာ ၅ရောင်ပါ


🙏 🙏🙏 ရန်ကုန်မြို့တွင်း Cash On Delivery နဲ့ပို့ဆောင်ပေးပါတယ် နယ်ကcustomer များအတွက် royal express အိမ်အရောက်ပို့စနစ်/ စာတိုက်/ ကားဂိတ် တို့မှ ပို့ဆောင်ပေးပါတယ်ရှင့်💁🏻💁🏻‍♂️

မှာမယ်ဆိုရင် page messager or 09791390175/09976846310 သို့ မှာယူနိုင်ပါတယ်ရှင့်📲

ဂိတ်ပို့က စာတိုက်ပို့ခ ၁၅၀၀ ပါရှင့် 📬📬
ကားခတန်ဆာခ ဝယ်သူဘက်မှပေးချေပါမယ်ရှင့် 🚚🚚

#ဝါး ချည် ဝမ်းဆက်
# စျေးလဲသက်သာ Quality ကောင်း design လှတဲ့ အထည်မျိုးစုံ instock တွေအစုံတင်ပေးမှာဆိုတော့ page လေးကို like & follow လေး လုပ်ထားနော် သဲတို့ 💗💗

https://www.facebook.com/girlslightfashion1/

မိသားစုဆိုတာ 💕မျှဝေခံစားခြင်း💕တစ်ယောက်လိုအပ်တာ တစ်ယောက်ကဖြည့်ဆည်းပေးခြင်း💕မိသားစုထဲမှာ အားလုံးက ကိုယ့်ဝန်ကိုယ်ကျေရင်အရမ်...
11/10/2023

မိသားစုဆိုတာ

💕မျှဝေခံစားခြင်း
💕တစ်ယောက်လိုအပ်တာ တစ်ယောက်ကဖြည့်ဆည်းပေးခြင်း
💕မိသားစုထဲမှာ အားလုံးက ကိုယ့်ဝန်ကိုယ်ကျေရင်အရမ်းတိုးတက်တာမြန်တယ်
💕တဦးတယောက်ဆီတိုင်း ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ နဲ့ ပျော်ရွှင်ဖို့ကောင်းတဲ့ မိသားစုလေးပိုင်ဆိုင်နိုင်ကြပါစေ

အစားအသာက်ဆို လာထား😁😁
10/10/2023

အစားအသာက်ဆို လာထား😁😁

ဝိုင်းဝိုင်းကိုလည်နေတာပဲ ☺️😁😁
10/10/2023

ဝိုင်းဝိုင်းကိုလည်နေတာပဲ ☺️😁😁

မီးလင်း လိပ်ပြာ စကပ်လေးတွေတင်ပေးမယ်နော်
09/10/2023

မီးလင်း လိပ်ပြာ စကပ်လေးတွေတင်ပေးမယ်နော်

ကလေးတွေကို စောင့်ရှောက်တဲ့အခါ သတိထားရမှာလေးတွေပါနော်Credit
09/10/2023

ကလေးတွေကို စောင့်ရှောက်တဲ့အခါ သတိထားရမှာလေးတွေပါနော်

Credit

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ရွှေနန်းစံ အမျိုးသမီး အဝတ်ထည်အမျိုးမျိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေနန်းစံ အမျိုးသမီး အဝတ်ထည်အမျိုးမျိုး:

Shortcuts

Share