ကောင်းကောင်း

ကောင်းကောင်း လူကြီးမင်း၏ ဆက်သွယ်ရမည့် ဖုန်းနံပါ?

"ကိုကို""ဟင်""ဒီမှာ ကျန်း""ဘာကြီးလည်း ... ငင် ဓား ဘာလုပ်မို့လည်းငင်""ဘာမှဟုတ်ပါဘူး လိုရမယ်ရ ""အွန် "ငတိမ ဘာစိတ်ကူးပေါက်...
27/09/2019

"ကိုကို"

"ဟင်"

"ဒီမှာ ကျန်း"

"ဘာကြီးလည်း ... ငင် ဓား ဘာလုပ်မို့လည်းငင်"

"ဘာမှဟုတ်ပါဘူး လိုရမယ်ရ "

"အွန် "

ငတိမ ဘာစိတ်ကူးပေါက်မှန်းမသိပါဘူး ... ချိန်းတွေ့တုန်း ဖွဘုတ်က မိုးကုတ်သူလေး သူ့ဘဲကို ဓားနဲ့ထိုးတဲ့ Video ကြည့်ပြီး နောက်နေ့ကျ သူ့အမေ ကြက်သွန်လှီးတဲ့ဓား ပိုက်ဆံအိတ်ထဲထည့်ပြီး အာ့လိုလာချိန်းခြောက်နေတာ ... လူများ မကြောက်ဘူးထင်နေလားမသိဘူး ...

ပြီးတော့ ထထပြောသေးတယ် ...

"ကိုကို သဲကိုချစ်လားဟင်"

"ချစ်တာပေါ့ "

"မချစ်တော့ရင်ပြောနော် သိတယ်မို့လား သဲက မိုးကုတ်သွေးနဲနဲပါတယ် အဟင်း "

"အန် ရန်ကုန်က မဟုတ်ဘူးလား "

"အဖိုးရဲ့ အဖွားတို့က အရင်က မိုးကုတ်မှာ နေဖူးတယ်တဲ့ အာ့တော့ မိုးကုတ်သွေးပါတယ်လေ အဟင်းဟင်း " နဲ့ အတင်းကို အမျိုးစပ်ပစ်တာ

"အာ့တော့ဘာဖြစ်လည်း "

"ဘာမှမဟုတ်ပါဘူး ပြောပြတာ လိုရမယ်ရ " တဲ့

အာ့လိုတစ်နေ့တစ်မျိုးကို ကြက်သွန်လှီးတဲ့ ဓားတပြပြနဲ့ ... ကျုပ်ကိုချိန်းခြောက်တာ

တစ်ခါတစ်လေကျ

"နောက်တစ်ယောက်ရှိနေရင်ပြောနော် သိလား "

"မရှိပါဘူးကွာ ဘာလို့လည်းငင် "

"အော် မေးကြည့်တာပါ လိုရမယ်ရ နောက်တစ်ယောက်ထားချင်လည်း ပြောနော် သိတယ်မို့လား အဖိုးရဲ့အဖွားက မိုးကုတ်ကရေသောက်ဖူးတယ် ... "

"အင်းပါကွာ မထားပါဘူး .. "

အာ့လိုနဲ့ကျုပ်မှာ ချိန်းတွေ့တိုင်း ဓားတပြပြနဲ့ တခါတစ်လေကျ ပန်းခြံမှာ ဘေးချင်းကပ်ထိုင်ပြီး တရုတ်သိုင်းကားထိုင်ကြည့်နေတာ ... သူ့မေးတော့လည်း ထုံးစံတိုင်း

ဘာရယ်မဟုတ်ပါဘူး ဓားခုတ်တာကြည့်နေတာ လိုရမယ်ရတဲ့ ... ကျုပ်မှာတော့ ချွင်းချွမ်နဲ့ ဓားခုတ်သံကို မျက်ရည်တ၀ိုင်းဝိုင်းနဲ့ ထိုင်နားထောင်နေရတယ် ... နားကျပ်တပ်ပြီးလည်းမကြည့်ဘူး ...

ဖုန်းဆက်လို့ ဘာလုပ်နေလည်းမေးရင် ဓားခုတ်ကျင့်နေတယ်ဆိုတာချည်းပဲ ...
ခုလည်း သိုင်းသင်တန်းစုံစမ်းနေတယ်တဲ့ ....

"ဘာလုပ်ဖို့လည်းဆိုတော့ "

"ဘာရယ်မဟုတ်ပါဘူး လိုရမယ်ရတဲ့ "

ကျုပ်လည်း သတင်းကြားတည်းက လိုရမယ်ရ

လမ်းသွားတိုင်း ဘေးဘယ်ညာကြည့်တယ် ... သူခေါ်ရင် ချက်ချင်းသွားတယ် ... ခိုင်းတာလေးလုပ်ပေးတယ် ... နောက်တစ်ယောက်ထားဖို့မပြောနဲ့ ယောင်လို့တောင်မကြည့်ဘူး ... ကြက်သွန်လှီးတဲ့ဓားကြောက်လို့ ...

ခုဆို ဘာသာတရားလည်းကိုင်းရှိုင်းလာပြီ.. လမ်းသွားတိုင်း ဂုဏ်တော်ကိုးပါးရော သရဏဂုံရောရွတ်တယ် ဘာရယ်မဟုတ်ပါဘူး သူ့အတိုင်းလိုရမယ်ရ ...

ခင်ညားတို့လည်း သတိထား ချစ်သူက သိုင်းကားတို့ဘာတို့ကြည့်နေပြီဆို အပြေးလည်းကျင့်ထား ဘာရယ်မဟုတ်ဘူး လိုရမယ်ရပေါ့

18/09/2019
18/09/2019
18/09/2019
21/01/2018

Address

Yangon

Alerts

Be the first to know and let us send you an email when ကောင်းကောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကောင်းကောင်း:

Shortcuts

Share