15/02/2023
🤷🏼♀️ " " " ဝယ်သင့် မဝယ်သင့် " " " 💁🏻♀️
ဟယ်လို ••• မေမေတို့ရေ ပို့စ်မတင်တာလဲကြာပါပြီ။ မေမေတွေ ပြန်ပို့ပေးတဲ့ပုံတွေအများကြီးထဲမှ အနဲငယ် တင်လိုက်ပါတယ်။ Active မဖြစ်ပေမဲ့ လိုချင်လို့လာမေးတဲ့သူတိုင်းကို ဆက်တိုက်ရောင်းပေးနေတာပါ။
JoJoo ချီပိုးက အခြား Carrier တွေလိုမျိုး ခါးပတ် ထိုင်ခုန် ကျောဖတ် လက်ပတ်နဲ့ ဘာဂယ်တွေ မပါဘဲ၊ ကွင်း၂ကွင်းနဲ့ပိတ်စကိုဘဲ အခြေခံပြီးချုပ်ထားတဲ့ Ring Sling မို့ ရိုးရှင်းတဲ့ချီပိုးတစ်ခုဖြစ်ပေမဲ့ မြန်မာမေမေတွေကြားမှာ မသုံးဖူးကြတဲ့သူများတာကြောင့် ရရခြင်းမှာ လူတိုင်းနီးနီးခက်ခဲတာလေးတွေ ကြုံရပါတယ်။ ကျမ မက်ဆေ့ပေးချင်တာလေးရှိလို့ပါ။
နိုင်ငံအသီးအသီးမှာ Ring Sling ကို ဟိုးရှေးထဲက မိခင်အများစု traditional sling အဖြစ်သုံးလာကြပြီး brand အသီးအသီးနဲ့မိခင်များကြား၊ အဓိက newborn အပတ်သားလေးတွေကို ချီတဲ့နေရာမှာ သုံးကြပါတယ်။
အခု JoJoo Ring Sling ကို စမ်းသုံးကြည့်တဲ့မေမေတွေကြားမှာ အဆင်ပြေပြီးသုံးတတ်ကြလို့ ကလေးရောမေမေရော အရမ်းကိုအသုံးဝင်ပြီး မရှိမဖြစ်တဲ့ချီပိုးဆိုပြီးလဲ review တွေအများကြီးရထားတာပါ။
ကျမပေးချင်တဲ့ မက်ဆေ့ကတော့ ချီပိုးကို စိတ်ဝင်စားပြီဆိုတာနဲ့ ဘယ်လိုအသုံးပြုရလဲဆိုတာရယ် ဘယ်လိုလေးတဆင့်ပြီးတဆင့်လုပ်ကိုင်ပုံလေးတွေကို လေ့လာပေးပါလို့ မှာချင်တာပါ။ ကျမလဲ video လေးတွေ တင်ထားသလို YouTube မှာလဲ ရှာပြီးလေ့လာထားမယ်ဆိုရင် ချီပိုးလက်ထဲရောက် စသုံးမဲ့အခါ အရမ်းအကျိုးရှိစေမှာဖြစ်ပါတယ်။
ချီပိုးဟာ ကြည့်ရတာရိုးရှင်းသလောက် သဘောပေါက်ဖို့ အထာကျဖို့ အချိန်နဲနဲယူရပါတယ်။ တချို့မိခင်တွေက တန်းလွယ်တတ်သလို၊ တချို့တွေက တစ်ပတ်၊ တချို့မိခင်တွေဆို ၂ပတ်လောက်ထိ ကျင့်ယူကြရပါတယ်။
တစ်ကြိမ်နှစ်ကြိမ် ကြိုးစားပြီး မရဘူး၊ အဆင်မပြေဘူးဆိုပြီး ထပ်မtry ဘဲ ပစ်ထားတာမျိုး လက်မလွှတ်စေချင်ပါဘူးရှင်၊ ပေးရတဲ့ဈေးနဲ့ ကုန်ထားရတာမို့ useful ဖြစ်စေချင်တာ မှန်သောစေတနာပါ။
ကလေးအနေအထား၊ မိခင်လွယ်တဲ့အနေအထား၊ ကြိုးအလျော့အတင်းသာ ကျွမ်းသွားပြီဆိုရင် အရမ်းကိုလွယ်ကူမြန်ဆန်အသုံးတည့်တဲ့ပစ္စည်းဖြစ်ပြီဆိုတာ ယုံကြည်ပါတယ်။ တစ်ထည်မှာပြီး အဆင်ပြေလွန်းလို့ ကိုယ်သုံးဖို့ထပ်မှာတဲ့သူတွေရော လက်ဆောင်ပေးဖို့ ပြန်ရောင်းဖို့ဆိုတဲ့သူတွေရောအများကြီးပါ။
အဲ့တော့လေ review, recommend မြင်လို့ ချက်ချင်းလာဝယ်မဲ့အစား video လေးတွေကြည့် Google , YouTube မှာအရင်လေ့လာပြီးမှ ဝယ်ကြပါလို့ ••• JoJoo မှ old customer နဲ့ new customer များကို စေတနာမေတ္တာအရင်းခံပြီး အသိပေးချင်တာပါရှင့် 💓