Chaw Chaw fashion shop

Chaw Chaw fashion shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chaw Chaw fashion shop, Clothing (Brand), Yangon.

ဝါစိမ်းနီ
05/05/2025

ဝါစိမ်းနီ

08/12/2024

🚫 အိမ်သား တွေ နေမကောင်း ဖြစ်ရင်
ဒီအစားအစာ တွေ မကျွေးရဘူးနော် 🚫

နေမကောင်း ဖြစ်နေ တဲ့ အချိန် မှာ
ရှောင်ရမယ့် အစားအစာ တွေ ရှိပါတယ်။

အိမ်ရှင်မတွေသာမက
အိမ်သားအားလုံး သိထား မှ
တစ်ဦးနဲ့တစ်ဦး စောင့်ရှောက် နိုင် မှာပါ။

လူတစ်ယောက်နဲ့ တစ်ယောက်
ကိုယ်ခံအား ခံနိုင်စွမ်း မတူ ပေမယ့်
သတိထားရှောင်လိုက် တာ အကောင်းဆုံး ပါ။

#နှာစေးနေလျှင်_____

ငှက်ပျောသီး၊ လိမ္မော်သီး၊ ရေခဲ၊ ဆိတ်သား၊ မစားရ
ဆေးလိပ် နှင့် အရက်မသောက်ရ

#ချောင်းဆိုးနေလျှင်_____

ရေခဲမုန့်၊ လိမ္မော်သီး၊ ဆီကြော်စာ၊ အကင်၊ အစပ်၊
မြေပဲ၊ အရက် နှင့် ချိုသော အစားအစာ များ မစားရ

#ရုတ်တရက်အစာအိမ်ရောင်လျှင်___$
အကြော်အလှော်၊ အရက်၊ ငရုပ်သီးနှင့် ကောက်ညှင်း မစားရ

#နာတာရှည်အစာအိမ်ရောင်လျှင်_____

ကောက်ညှင်း၊ အသုတ်၊
အချဉ်ဖောက် ထား သော အစာများ မစားရ

#အူရောင်နေလျှင်_____

ငှက်ပျောသီး၊ မာလာကာသီး မစားရ

#အသည်းရောဂါဖြစ်နေလျှင်____

ငန်း (ကြက်၊ဘဲ) အရေခွံ၊ ဝက်သားဆီ၊
ဆေးလိပ် နှင့် အရက်ဖြစ်ပြီး
အရေးကြီးဆုံး က အိပ်ရေးပျက်ခံ လို့ မရပါ။ မစားရ

#နှလုံးရောဂါဖြစ်လျှင်____

ကယ်လိုရီများ သော အစာ နှင့်
ငန်သော အစားအစာ များ မစားရ

#ကျောက်ကပ်ရောဂါဖြစ်နေလျှင်____

ဘီယာ၊ အချိုရည်၊ ငါးခြောက် နှင့် မျှစ်ခြောက် မစားရ

#ဆီးချိုရောဂါဖြစ်လျှင်____

အချိုစာ၊ အရက်၊ အဆီများ သော အစာ၊
ဆီကြော်စာ နှင့် အကင် မစားရ

#သွေးအားနည်းနေလျှင်____

တရုတ်နံနံ မစားရ

#သွေးတိုးရောဂါဆိုရင်______

အငန်ဓာတ် များသော အစာ၊
ဥအနှစ်၊ တိရိစ္ဆာန် ကလီစာ မစားရ

#အစာအိမ်နာဖြစ်လျှင်_____

ပဲမျိုစုံ၊ ကညွတ်၊ ဆားစိမ်သော ဟင်း၊
ကောက်ညှင်း၊ အရက်၊ နာနတ်သီး၊
ငရုတ်သီး နှင့် မာလာကာသီး မစားရ

#အရိုးကာအမြှေးရောင်နာဖြစ်လျှင်____

ငှက်ပျောသီး၊ ကညွတ်၊ အရက်၊ ငရုတ်သီး မစားရ

#လိပ်ခေါင်းရောဂါဖြစ်လျှင်____

အရက်၊ ဆေးလိပ်၊ အစပ် နှင့် ဆီကြော်စာ များ မစားရ

#လေးဖက်နာရောဂါဖြစ်လျှင်____

ဘီယာ၊ ငှက်ပျောသီး နှင့် အသားများ
မစားရ

#အရေပြားAllergicဖြစ်လျှင်_____

ပင်လယ်စာ၊ ပိန်းဥ၊ ၊ ရေခဲ၊
လိုင်ချီးသီး နှင့် သရက်သီး မစားရ

#အာရုံကြောအားနည်းလျှင်_____

ငရုပ်သီး၊ အရက်၊ ကော်ဖီ၊
ကြက်သွန်နီ နှင့် ကြက်သွန်ဖြူ မစားရ

တချို့အစားသောက်တွေကဆေးဖြစ်ကြမဲ့
နေမကောင်းချိန် ရောဂါအခံနဲ့
မတည့်ကြတာမို့
ရှောင်ကျဉ်ကြရပါမယ်

Credit... Original Uploader

07/12/2024

နောင်တစ်ချိန် နောင်တမရချင်ရင် ဖတ်ကြည့်ပါ
+++++++++
ကျနော်တို့ရဲ့ လူ့ခန္ဓာကိုယ်ဟာ မော်တော်ကားနဲ့ တူပါတယ်။
ကားတစီးမှာ စက်တခုခု ချို့ယွင်းလာရင် ဒတ်ရှ်ဘုတ်မှာ မီးရောင်စုံလေးတွေ လင်းလာပြီး သတိပေးသလို
ခန္ဓာကိုယ်မှာ တခုခုပြသနာတက်ရင်လည်း
သတိပေးတတ်တဲ့ လက္ခဏာတွေ ရှိပါတယ်။

ဒီသတိပေးချက်တွေကို နားလည်ထားရင်
ဘယ်နားမှာနာတာက ဘယ်အင်္ဂါအစိတ်အပိုင်းကို
ညွှန်ပြနေလဲဆိုတာ ကောင်းကောင်းသဘောပေါက်ပါလိမ့်မယ်။

ကျောက်ကပ်မှာပြသနာရှိနေရင် ခါးနာတတ်ပါတယ်။
ကျောက်ကပ်နှစ်လုံးက တင်ပါးအပေါ် ခါးတဝိုက်မှာ
ဘယ်တလုံး ညာတလုံးရှိတာမို့ ကျောက်ကပ်မှာ
ပြသနာရှိနေရင် ခါးနာတာကနေတဆင့်
သိရှိနိုင်ပါတယ်။

နှလုံးနဲ့ပတ်သက်တဲ့ ပြသနာတွေကိုတော့
ဘယ်ဘက်လက်မောင်းအတွင်းဘက် နာတာ၊
ရင်ဘတ်အောင်တာတွေကနေတဆင့် သိနိုင်ပါတယ်။

လည်ပင်းနဲ့ပုခုံးတဝိုက်နာကျင်တာ က အဆုပ်နဲ့
ဝမ်းဗိုက်အတွင်းမှာရှိတဲ့ ကြွက်သားပြားမှာ ပြသနာရှိတာကို
ပြသနေတဲ့ လက္ခဏာတခုပါ။

ဘယ်ဘက်ပုခုံးထိပ်နာကျင်တာက သရက်ရွက်မှာ
ပြသနာရှိနေပြီးလို့ သတိပေးနေတာပါ။

ရင်ပူတာရင်ဝတဝိုက်နာကျင်နေပြီဆိုရင်
အစာအိမ်မှာ တခုခုဖြစ်နေပါပြီ။
အစာအိမ်နာတဲ့ဝေဒနာက ကျောဘက်မှာလည်း
ခံစားရနိုင်တာကို သတိထားရပါမယ်။

ဝမ်းဗိုက်ညာဘက်နံရိုးတွေအဆုံးမှာနာတာက
အသည်းက ပြသနာတွေကို သတိပေးနေတာပါ။
ဝမ်းဗိုက်ညာဘက်အပြင် ကျောညာဘက်ခြမ်းမှာလည်း
နာတတ်သေးလို့ မပေါ့ဆသင့်ပါဘူး။

အူအတက်ရောင်တဲ့ဝေဒနာက ဝမ်းဗိုက်ညာဘက်အောက်ပိုင်းမှာ အထိမခံနိုင်အောင် နာတာမျိုးဖြစ်တတ်လို့ အဲလိုနာနေရင်အမြန်ဆုံး ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ညဘက်ဆီးသွားများခြင်း၊​ရေငတ်ခြင်း၊နှုံးချိခြင်း များဖြစ်​နေပြီဆို ဆီးချိုစစ်ကြည့်သင့်ပါတယ်။

ဆီးတစက်စက်သွားခြင်း၊ဆီးညှစ်လိုက်ပြီဆို ဆီးသွားတာရပ်တန့်ပြီး စိတ်​လျှော့လိုက်ပါက ဆီးပုံမှန် ပြန်ထွက်တဲ့လက္ခဏာဆို ဆီးကျိတ်ကို စစ်သင့်ပါပြီ။

ခြေထောက်တဘက်တည်းနာတယ်
တံခေါက်ခွက်ထဲကနာတယ်ဆိုတာက ခြေထောက်မှာ
ပြသနာရှိနေတာမဟုတ်ပဲ ခါးမှာ တခုခုဖြစ်နေတာမျိုးပေါ့။
ခါးဆစ်ရိုးတွေကြီးလာလို့ အာရုံကြောမကြီးကို ဖိမိရင်
ဖြစ်တတ်တဲ့ ပြသနာပေါ့။

လက်ဖျားထုံကျဥ်မယ် ဇက်​ကြောတက်ခြင်း လက်ပြင်​အောင့်ခြင်း ချာချာလည်​အောင်မူး​ဝေးခြင်း အန်ခြင်း များ ဖြစ်​နေပါက လည်ဆစ်အာရုံ​ကြောညှပ်​နေခြင်းဖြစ်ပါတယ်။

သွေပျစ်ခြင်းလက္ခဏာက လက်ဖဝါးနီရဲမယ်၊အမြဲသန်း​ဝေပြီး ခန္ဓာကိုယ်​လေးလံခြင်း၊​အောက်စီဂျင်ကျခြင်း၊​မောခြင်း နှလုံးနှင့်ဦး​နှောက်အာရုံ​ကြောများကို ထိခိုက်​စေပါတယ်။

မိမိပြုသောကံမိမိထံပြန်လာမည်
မိမိကိုယ်ကိုယ် ချစ်သလို သင့်မိတ်ဆွေတွေကိုလဲချစ်ခင်တန်ဖိုးထားတယ်ဆိုရင် ဒီဆောင်းပါးကို မိတ်ဆွေများဆီ မျှဝေshareနိုင်ပါတယ်
နောက်ထပ် ဆရာကြီးများရဲ့တန်ဖိုးရှိလှတဲ့ဆေ:နည်းများကိုသိရှိလိုလျှင်တော့ကောမန့်မှာ YESလို့မန့်ပေးပါနော်.တစ်ဆင့်ပြပြန်လည်မျှဝေခြင်းဖြစ်ပါသည်

သမီးလေးကိုတော့ ၄၅ရက်လောက်ကနေစပြီး Trainပေးဖြစ်တာ ခုထိပဲ့ပေါ့💕 မွေးစတုန်းကတော့ သူ့ဆရာမကပဲ့လုပ်ပေးတယ်ကိုယ်ကမရဲလို့😁😍ဝမ်းလျ...
07/12/2024

သမီးလေးကိုတော့ ၄၅ရက်လောက်ကနေစပြီး Trainပေးဖြစ်တာ ခုထိပဲ့ပေါ့💕 မွေးစတုန်းကတော့ သူ့ဆရာမကပဲ့လုပ်ပေးတယ်ကိုယ်ကမရဲလို့😁😍

ဝမ်းလျားမှောက်လေ့ကျင့်မယ် (Tummy time)

Tummy time ဆိုတာကလေးနိုးနေတဲ့အချိန်မှာအချိန်အတိုင်းအတာတစ်ခုအထိဝမ်းလျားမှောက်ပေးထားတာကိုဆိုလိုပါတယ်။

အကျိုးကျေးဇူးများ

ဒီလိုလုပ်ပေးခြင်းအားဖြင့်ကလေးငယ်ရဲ့လည်ပင်း၊ ပခုံး၊ ကျောရိုးကြွက်သားတွေတောင့်တင်းပြီး ကြွက်သားပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေပိုပြီးတိုးတက်လာပါမယ်။ယုံကြည်မှုပိုရလာမယ်။ အမြင်နဲ့လှုပ်ရှားမှုပူးတွဲပြီးချောချောမွေ့မွေ့ပိုပြီးလှုပ်ရှားလာနိုင်မယ်။ သူ့ကိုယ်သူပိုပြီးထိန်းနိုင်လာပါမယ်။ ခေါင်းထောင်တာ၊ မှောက်တာ၊လှန်တာ၊ လေးဘက်သွားတာတွေကိုပိုပြီးဖွံ့ဖြိုးစေပါတယ်။

ဦးခေါင်းပုံစံကိုလည်းပုံမှန်ဖြစ်စေပါတယ်။ မွေးရာပါခေါင်း/လည်ပင်းစောင်းနေတဲ့ ကလေးအတွက် အရေးကြီးတဲ့လေ့ကျင့်ကုသမှုတစ်ခုလည်းဖြစ်ပါတယ်။ဒါအပြင်ကလေးငယ်ရဲ့ အမြင်အာရုံဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်စူးစမ်းလေ့လာမှုအတွက်လည်းအရေးကြီးပါတယ်။

ဘယ်အရွယ်စလုပ်မလဲ?

မွေးကင်းစကစပြီး နေ့စဉ်လုပ်သွားလို့ရပါတယ်။

ဘယ်လိုလုပ်ပေးမလဲ?

မွေးကင်းစမှာတော့ မိခင်ရင်ဘတ်ပေါ်မှာပဲဖြစ်ဖြစ်၊ ပေါင်ပေါ်မှာပဲဖြစ်ဖြစ် ရင်သွေးငယ်ကိုထားပြီးစတင်လေ့ကျင့်လို့ရပါတယ်။ အစောပိုင်းမှာ စောင်အခေါက်ကလေးဖြစ်ဖြစ်၊ ခေါင်းအုံးပါးပါးလေးဖြစ်ဖြစ် ကလေးရင်ဘတ်အောက်မှာထားပေးနိုင်ပါတယ်။
အစောပိုင်းမှာမိခင်က မှောက်ပေးဖို့လိုပေမဲ့ လေးလ၊ ငါးလလောက်ရောက်လာရင် သူ့ဘာသူမှောက်တတ်လာပါမယ်။တဖြည်းဖြည်းနဲ့ တံတောင်ဆစ်ကိုအားပြုထောက်လာမယ်၊ပတ်ချာလည်လှည့်လာနိုင်တယ်၊ လက်ဖဝါးကိုလည်းအားပြုထောက်လာနိုင်တယ်၊ နောက်ပိုင်းမှာ ဝမ်းလျားမှောက်သွားလာနိုင်ပါတယ်။

တစ်နေ့တာရဲ့ဘယ်အချိန်မှာပိုလုပ်သင့်သလဲ?

အကောင်းဆုံးလုပ်သင့်တဲ့အချိန်ကတော့ ကောင်းကောင်းနိုးနေပြီး လန်းလန်းဆန်းဆန်းဖြစ်နေတဲ့အချိန်မျိုးဖြစ်ပါတယ်။
နို့တိုက်ပြီးခါစ၊ အစာကျွေးပြီးခါစမျိုးမှာ မလုပ်ပါနဲ့။ အိပ်နေတဲ့ အချိန်လည်း မလုပ်ပါနဲ့။

အချိန်ဘယ်လောက်ကြာကြာလုပ်မလဲ ?

အစပိုင်းမှာအချိန်တို/အချိန်အနည်းငယ်ပဲလုပ်သင့်ပေမဲ့ အသက်သုံးလလောက်ရောက်ပြီဆိုရင် တစ်နေ့ကို စုစုပေါင်းအချိန်တစ်နာရီလောက်အထိလုပ်လို့ရပါတယ်။ မွေးကင်းစမှာတစ်ကြိမ်ကို မိနစ်အနည်းငယ် (၂မိနစ် ၃မိနစ်ခန့်) နဲ့ စတင်သင့်ပေမဲ့ နောက်ပိုင်းမှာ ဆယ်မိနစ်၊ ဆယ့်ငါးမိနစ်လောက်ကြာအောင်ထိ ထားလို့ရပါတယ်။ အနည်းဆုံးသုံးလေးကြိမ်လောက်လုပ်လို့ရပါတယ်။ကလေးတစ်ယောက်နဲ့တစ်ယောက်တူချင်မှတော့တူမှာပါ။

ဘာတွေတွဲပြီးလုပ်ပေးနိုင်သလဲ?

ကလေးကိုဒီလိုဝမ်းလျားမှောက်လေ့ကျင့်နေရင်းနဲ့ ကလေးနဲ့စကားပြောတာ၊ သီချင်းဆိုပြတာ၊ အရုပ်ကလေးတွေပြတာ စသည်တို့လည်းပူးတွဲလုပ်ပေးနိုင်ပါတယ်။

ဘာတွေဂရုစိုက်မလဲ?

ဒီလိုလေ့ကျင့်ပေးနေချိန်မှာ ကလေးဟာကုတင်ပေါ်တို့၊ အမြင့်အနေအထားတို့မှာမရှိသင့်ပါဘူး။ လိမ့်ကျမှာစိုးလို့ပါ။ အကောင်းဆုံးကတော့ သန့်ရှင်းတဲ့ ကြမ်းပြင်မှာ မွေ့ရာပေါ်မှာပဲဖြစ်ဖြစ်၊ စောင်ထူထူပေါ်မှာပဲဖြစ်ဖြစ်လေ့ကျင့်ပေးသင့်ပါတယ်။တခြားကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေရှိရင်သတိထားသင့်ပါတယ်။ ကလေးကိုတစ်ယောက်တည်းမထားသင့်ပါဘူး။ ကလေးအိပ်ငိုက်လာရင်ရပ်သင့်ပါတယ်။ အိပ်သွားပြီဆိုရင်တော့လုံးဝမလုပ်သင့်တော့ပါဘူး။

ဘယ်အရွယ်အထိလုပ်မလဲ?

ကလေးသူ့ဘာသူ တွားသွားတဲ့အရွယ် (အများစုဟာခုနစ်လကနေကိုးလအရွယ်) လောက်အထိလုပ်ပေးသင့်ပါတယ်။ အဲဒီအချိန်မှာလူကြီးက သီးသန့်လုပ်ပေးစရာမလိုတော့ပါဘူး။

ခြုံပြီးပြောရမယ်ဆိုရင် ဒီဝမ်းလျားမှောက်လေ့ကျင့်ခန်း (Tummy time) ဟာ ငွေကုန်ကြေးကျမရှိဘဲမိမိရင်သွေးဖွံ့ဖြိုးတိုးတက်မှုအတွက်အရေးကြီးတဲ့လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ မိခင်တွေအနေနဲ့ကလေးတစ်ယောက်ချင်းပေါ်မူတည်ပြီး အခြေအနေကြည့်ပြီးမွေးစကနေ ပုံမှန်စတင်လေ့ကျင့်ပေးသင့်ပါတယ်။

# credit

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား..❓ ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးက ညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခ...
27/11/2024

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား..❓

ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးက ညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက်တတ်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ် ခံနိုင်တာက တစ်ကြောင်း၊ ခြေအိတ်စွပ်လေ့မရှိတာက
တစ်ကြောင်း အထူးတလည်ရှောင်စရာ မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး ဆိုတဲ့သတိပေးစကားကို အမှတ် အသား ပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် ...

ဆောင်းရာသီ ရောက်လည်း အနွေးထည် ထူထူဝတ် စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ တစ်ယောက် ခြေကျင်းဝတ် ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့ ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့ ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ -

ခြေအိတ် စွပ်ခြင်းနဲ့ ပတ်သက်တဲ့ ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက် လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက် အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့ စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။

အင်တာနက်က ကျန်းမာရေး ဆိုက်တွေထဲ လိုက်ရှာကြည့်
တော့ တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ ကောင်းကျိုး တွေ ဖော်ပြတာပဲ တွေ့ရပါတယ်။

● မြန်မြန် အိပ်ပျော်စေတယ်

● လေ့လာမူများအရ ခြေအိတ်စွပ်လျှက် အိပ်ခြင်းက အိပ်ပျော်ဖို့ အထောက်အကူပြုတာ တွေ့ရပါတယ်။

●အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင် ပူလှောင် နေလိမ့်မည်ဟု ထင်စရာရှိပါသည်။

● အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို အထောက်အကူ ပြုတာ တွေ့ရပါသည်။

●၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် , အပူပေးထားတဲ့ခြေအိတ် စွပ်ထားသည်ဖြစ်စေ လျှင်မြန်စွာအိပ်ပျော်စေတာကိုတွေ့ရှိခဲ့ပါတယ်။

■ရှင်းပြချက် •••

●ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ ကျဆင်းသွားပါတယ်
မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံးကို ရောက်ရှိပါတယ်။

●ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက် ဖြစ်ပါတယ်
၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ အပြောင်းအလဲရှိပါတယ်။

●ခြေအိတ်စွပ်ထားလို့ ခြေထောက် နွေးလာခြင်းက သွေးကြော များ ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် - အရေပြား ပူနွေး လာပါတယ်။

● ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..
core body temperature ကျဆင်းစေပါတယ်

●အပူချိန် ကျဆင်းခြင်းက ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း ပို့ပါတယ်။
အရေပြား ပူနွေး လာခြင်းက မြန်မြန် အိပ်စေပါတယ်။

●လူ ခန္ဓာမှာ ဇီဝနာရီ biological clock ရှိပါတယ်

ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ လုပ်ဆောင်မူကို circadian rhythm လို့ခေါ်ပါတယ်။

circadian rhythm က အိပ်ချိန်ကို သတ်မှတ်ပါတယ်။
သူ့ကြောင့် လူဟာ ညရောက်လျှင် အိပ်ချင်ပြီး , မနက်ကျနိုးလာတာ ဖြစ်ပါတယ်။

● ကိုယ်အပူချိန်က မနက်ကစပြီး တဖြည့်ဖြည်းတက်လာတာနေ့လည် နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး ရောက်လာပါတယ် -

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး ဖျတ်လတ်နေပါတယ်။

● လူ အိပ်သွားပြီ ဆိုလျှင် ကိုယ်အပူချိန် ၁.၂ ဒီဂရီ လောက်ကျဆင်းသွားပါပြီ ..
ဒါဟာ ကိုယ်တွင်းအင်္ဂါတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

● ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ အပူ ထိန်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။

■ ရေးနော့လက္ခဏာ လျော့ပါးစေတယ်
( Reducing Raynaud's Symptoms )

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျားမှာ သွေးကြောတွေ ကျဉ်းကုန်ပြီး သွေးလျှောက် နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင် ဒီလို ရေနော လက္ခဏာ ခံစား ရမူ လျော့စေမှာ ဖြစ်ပါတယ်။

■ အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )

●သွေးဆုံးချိန်မှာအမျိုးသမီးများက ချွေးထွက်လွန်ခြင်း ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာ အပူတွေထွက်နေတတ်ပါတယ် ၊ ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

● လိင်အတွက်ကောင်းတယ်
better s*x popular news story from 2005 အရ အိပ်ချိန်မှာ ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း တွေ့ခဲ့ရပါတယ်။

ခြေအိတ်စွပ် အိပ်ခြင်းကြောင့် ခြေဖနောင့်ကွဲတာကို သက်သာစေတယ် ။

• ခြေအိတ်က ချောင်ချောင်လည်လည် ဖြစ်ဖို့ လိုပါတယ်။
ချောင်လည်တာ ရွေးချယ် ဝယ်သင့်ပါတယ်။

ခြေအိတ်က တင်းကျပ်နေရင် သွေးလျောက်ခြင်းကိုအနှောက်အရှက် ဖြစ်စေပါတယ်
ထူထဲ နွေးထွေးတဲ့ ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

credit - ဒေါက်တာမြင့်သိန်း

26/11/2024

"ကလေးတစ်ယောက်ကို အသက်ငါးနှစ်မပြည့်ခင် ဘာတွေသင်ပေးရမလဲ?
ကလေးတွေဟာ မွေးကင်းစအရွယ်ကနေ အသက်
ငါးနှစ်မပြည့်ခင်အထိ သူတို့ရဲ့ဦးနှောက်က အရမ်း flexible
ဖြစ်နေတဲ့အချိန်မို့ မိဘတွေအနေနဲ့ သွန်သင်ဆုံးမဖို့/Train
ပေးဖို့/စည်းကမ်းချမှတ်ပေးဖို့ အကောင်းဆုံး အချိန်ဖြစ်ပါ
တယ်။ဒါကြောင့် စိတ်ပညာရှင်တွေက ကလေးတစ်ယောက်
ကို အသက်ငါးနှစ်မပြည့်ခင်အထိပဲ သူ့ကို မိဘကဖြစ်စေချင်တဲ့ပုံစံအတိုင်း ပုံသွင်းလို့ရနိုင်တယ် လို့ဆိုထားပါတယ်။ဒီအရွယ်မှာ သူတို့ရဲ့ဦးနှောက်ကလည်း စက္ကန့်တိုင်းမှာ
Neuron သန်းပေါင်းများစွာ ချိတ်ဆက်လည်ပတ်နေတယ်လို့ ဆိုပါတယ်။ဒါကြောင့် ကလေးစိတ်ပညာရှင်တွေက ကလေးမွေးကင်းစအရွယ်ကနေ အသက်ငါးနှစ်ထိ ကြားကာလကို Discipline Year လို့သတ်မှတ်ထားကြပါတယ်။လသားအရွယ်မှာတော့ ပြုစုစောင့်ရှောက်နေတဲ့မိဘတွေက ကလေးရဲ့Routineမှန်ဖို့ စည်းကမ်းတွေကို လိုက်နာပေးရမှာဖြစ်ပြီး ကလေးက စကားလုံးတွေကို နားလည်နိုင်လာတဲ့အရွယ် အသက်၂နှစ်ကျော်လာတဲ့အခါ စည်းကမ်းတွေကို လိုက်နာတတ်ဖို့ သင်ပေးလို့ရလာပါတယ်။အဲဒီအခါ မိဘက ကောင်းတာသင်ရင်
သူတို့ သေချာသင်ယူနိုင်ကြပါပြီ။အသက်ငါးနှစ်ကျော်လာတဲ့အခါ ကျောင်းနေအရွယ်ရောက်လာပြီမို့
ကျောင်းကနေ ဒါမှမဟုတ် ပတ်ဝန်းကျင်ကနေ အတုယူစရာ
တွေ/အပြုအမူတွေက သူတို့ကို ပိုလွှမ်းမိုးလာကြပြီး
မိဘက ပြောရဆိုရ ခက်ခဲသွားတာမျိုးဖြစ်လာတတ်ပါ
တယ်။
ဒါကြောင့် ကလေးတစ်ယောက်ရဲ့ ဘဝအစဖြစ်တဲ့
New born-5 years (မွေကင်းစမှငါးနှစ်ကြား)ကာလတွေ
မှာ ကောင်းမွန်တဲ့အခြေခံအုတ်မြစ် ခိုင်နေဖို့ လိုအပ်ပါတယ်။မိဘတွေအနေနဲ့ ကလေး ငါးနှစ်မပြည့်ခင်မှာ
(၁)အရာရာကို သင်ယူချင်စိတ်ရှိအောင် လေ့ကျင့်ပေးပါ။(learning activities ပုံမှန် အချိန်တစ်ခုထားပေးတာမျိုး)
(၂)ကိုယ်တိုင် လုပ်ဆောင်ခွင့်/ကြိုးစားခွင့်ပေးပါ။(မိဘကလုပ်ပေးနိုင်နေတာပဲ ဆိုပြီးဘာမှမခိုင်းတာမျိုးမလုပ်ပါနဲ့)
(၃)တစ်ကိုယ်ရည်ဝေယျာဝစ္စတွေကို သူ့ဖာသူလုပ်ခိုင်းတာ
(အဝတ်အစားလဲတာ/အရောင်ရွေးတာမျိုးကအစ)
(၄)ကျေးဇူးတင်တတ်အောင် သွန်သင်ပေးပါ။
(၅)အမှားလုပ်မိရင် တောင်းပန်ပါတယ်(Sorry)ပြောတတ်တဲ့အကျင့် ရှိအောင် သင်ပေးပါ။
(၆)လိုချင်တာရှိရင် ဂျီကျတောင်းတာမျိုးမဟုတ်ဘဲ "ကျေးဇူးပြုပြီး"(Please)လို့ ပြောတတ်အောင်သင်ပေးပါ။
(၇)သည်းခံစိတ်နဲ့စောင့်ဆိုင်းတတ်အောင်သင်ပေးပါ။(Wait/
Not yet /ခဏစောင့်ရမယ်နော် ဆိုတာမျိုး)
(၈)သူတပါးနဲ့ပေါင်းသင်းဆက်ဆံတတ်အောင် လူတွေနဲ့
ပေါင်းဖော်စေပါ။(အနိုင်ကျင့်ခံရမှာစိုးလို့ မိဘကအနားမခွါ
နေစေတာမျိုးမလုပ်ပါနဲ့။)
(၉)သူတပါးအပေါ် ကိုယ်ချင်းစာနာတတ်အောင်/ကူညီလုပ်ကိုင်ပေးတတ်အောင် သင်ပေးပါ။
(၁၀)မကောင်းတဲ့စကားလုံးတွေ(Bad words)နဲ့ သာမန်မဟုတ်တဲ့အပြုအမူတွေကို မိသားစုအပေါ်/သူတပါးအပေါ်
လုံးဝ မသုံးရဘူးဆိုတာ နေ့တိုင်းပြောပြပေးပါ။
(၁၁)မိသားစုထဲမှာ မိဘကို ကူညီတတ်အောင်သူလုပ်နိုင်တာလေးတွေခိုင်းပါ။တာဝန်နှစ်ခုလောက် သူ့အတွက်သီးသန့်ပေးထားပါ။
(၁၂)သူ့ရဲ့တစ်နေ့တာ အိပ်ချိန်/စားချိန်/သွားတိုက်ချိန်/ကစားချိန် daily routine ပုံမှန်ဖြစ်နေအောင် ကြိုးစားပေးပါ။
မိဘတွေအနေနဲ့ ဒီအချက်တွေကို အခြေခံပိုင်နိုင်အောင်လုပ်နိုင်ပြီဆိုရင် သူတို့ရဲ့ပညာရေးအတွက် ABC/
1/2/3 တွေကို သင်ယူချင်စိတ်အပြည့်နဲ့ သင်ယူလွယ်တဲ့
/ပညာသင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကလေးတစ်ယောက်
ဖြစ်လာပါလိမ့်မယ်ရှင်။
ညနေမိုး(ကလေး)
-Kalay
Sang
&USA

26/11/2024

▪️နို့တိုက်နည်းလေး မျှလိုပါတယ်။

- မေမေအပေါင်းသူတော်ကောင်းတို့။ တရိပ်ရိပ်ကိုတက်လာတာတဲ့ နေစားရိတ်၊ စားစရိတ်တွေနှင့်အတူ နို့ဗူးစားရိတ်တွေတက်လာတာလည်း မေမေအပေါင်းအတွက်က မစားသာလှပါဘူး။

- ဒီတော့ ကျွန်တော်နဲ့ ဆရာKlean Cin အမြဲသုံးနေတဲ့နည်းလေးပြောပြထားပါမယ်။

(၁) စိတ်ကိုဖြေလျော့ကြပါ။

- မေမေတို့က ကလေးမမွေးခင် နို့ရည်ကြည်အနည်းငယ် ထွက်တတ်ကျပါတယ်။ ဒါပေမယ့် မေမေတိုင်း မထွက်ကျပါ။ ထွက်ခြင်း၊ မထွက်ခြင်းကလည်း ကလေးမွေးပြီးရင် နို့တွေသေချာပေါက်ထွက်မယ် အာမခံရတဲ့ သဘောမဟုတ်ပါ။ နို့ရည်ကြည်မထွက်သည့်တိုင် မွေးပြီးထွက်နိုင်တာဖြစ်လို့ စိတ်ကိုဖြေလျော့ထားပါ။

(၂) မွေးစအချိန် ၃ ရက်ခန့်။

- နို့ရည်ကြည်သာထွက်ပါမယ်။ သဘာဝကိုက နို့ရည်ကြည်ပဲထွက်မှာပါ။ ဒီအချိန်မှာ ကလေးအတွက် နို့ရည်တွေထွက်မနေတာကို လက်ခံပါ။ ပမာဏအားဖြင့်နည်းတယ်။ သို့ပေမယ့် ကလေးအတွက်လိုအပ်နေတဲ့ အာဟာရတွေ၊ ခုခံအားတွေအများကြီးပါနေလို့ ထွက်သလောက်ကိုရအောင်တိုက်ပါ။ စို့ပါများလာမှ နောင် ၄ ရက် ၅ ရက်မှာ ကလေးကိုတောက်လျောက်တိုက်မယ့် နို့ရည်ဖောဖောသီသီလိုက်လာမှာပါ။

‼️ ဒီအချိန်မှာဖြစ်တတ်တဲ့အမှားက ဗူးကို ကိုယ့်သဘောနဲ့ကိုယ် ကူတာပါ။ အချို့လုံးဝ မထွက်တဲ့မေမေတွေ၊ ကလေးဆရာဝန်ညွှန်တဲ့ မေမေတွေမှာ အကောင်းဆုံးကတော့ အရင်နို့ကိုစို့ခိုင်းပါ။ မထွက်သည့်တိုင် အမဲကွင်းဝင်အောင်စို့ခိုင်းပါ။ ဗူးကူတဲ့အခါ ဇွန်းနဲ့တိုက်ပါ။ မဟုတ်ရင် နောင်တချိန်ကလေးဟာ လွယ်လွယ်စို့လို့ရတဲ့ ဗူးကိုသာတွယ်တာသွားပြီး မေမေနို့မစို့တော့ပါ။ ဒီအခါ ဗူးပိုကူ၊ ဗူးပိုကူတော့ နို့ထွက်ပိုနည်းနဲလာပြီး သံသရာလည်ပါတယ်။

(၃) ၆ လထိ မိခင်နို့တိုက်ကျွေးခြင်း။

- မေမေတို့ အစားမရှောင်ဘူး၊ နို့လည်းဖောဖောသီသီထွက်တယ်၊ ကလေးနို့ဝတဲ့ လက္ခဏာတွေရှိနေတဲ့အခါ ကလေးအသက် ၆လထိ ကလေးပါးစပ်ထဲ မိခင်နို့မှအပ ဘာဆိုဘာမှထည့်စရာမလိုပါ။

(၄) ကျွန်တော်တို့ မွေးပြီးတိုင်းမှာနေကျစကားများ။

- မွေးစမှာ နို့မထွက်ပါဘူး။ နို့ရည်ကြည်သာထွက်ပါမယ်။ ရအောင်သာတိုက်ပါ။ ၅ ရက်လောက်နေမှ နို့လိုက်လာပါမယ်။

- ဗူးကို ကလေးဆရာဝန်မညွှန်သ၍ မကူပါနဲ့။ နို့မဝင်တာကြောင့် ကလေးဝါတတ်ပေမယ့် အများစုက မစိုးရိမ်ရပါ။ ရေတိုပြသနာကို ဖြစ်သလိုဖြေရှင်းရင် ရေရှည်ပြသနာက ပိုဆိုးတတ်တာကို သတိချပ်ပါ။

- အာဟာရပြည့်ပြည့်စုံစုံစားရမယ်။ ကြည့်လိုက်လို့ ဟင်းခါး၊ ငါးကြော်ဆို ဆူတဲ့ဆရာတွေထဲမှာပါတယ်။

(၅) မိခင်နို့တိုက်ကျွေးခြင်း။

🔺မိခင်နှင့် ကလေးအနေအထား (Position)

- မိခင်နို့တိုက်ကျွေးစဉ် အမေက သက်တောင့်သက်သာရှိမယ့် အနေအထားမှာ တိုက်ရမယ်။ ကလေးက တဖြောင့်တည်းရှိရမယ်။ ကလေးက မေမေ့ဖက် မျက်နှာမူရမယ်။ ကလေးရင်ဘတ်နဲ့ မေမေ့ရဲ့ ဝမ်းဗိုက်ထိနေရမယ်။ အကယ်၍ မေမေကသက်တောင့်သက်သာမရှိရင် နို့ကြာကြာတိုက်ဖို့ရာ ခက်ခဲနိုင်သလို ကလေးက ဇက်လန်၊ ခါးကုန်းပြီး နို့စို့နေရရင် ကြာကြာမစို့နိုင်တဲ့အတွက် မိခင်နို့ကို အောင်မြင်စွာတိုက်ကျွေးနိုင်မှာ မဟုတ်ပါဘူး။

🔺နို့ငုံကောင်းခြင်း (Attachment)

- ကလေးပါးစပ်က ကျယ်ကျယ်ဟပြီး နို့သီးခေါင်းဘေးက အမည်းကွင်းတစ်ခုလုံးနီးပါးကို ငုံထားရပါမယ်။ ကလေးမေးစေ့က မေမေ့ရင်သားနဲ့ ထိကပ်နေရပါမယ်။ အကယ်၍ နို့ငုံမကောင်းရင် ကလေးက နို့သီးခေါင်းပဲ ဖိစို့တဲ့အခါ
နို့ထွက်နည်းတဲ့အတွက် အားပိုသုံးရပြီး ပင်ပန်းပါတယ်။ မေမေ့မှာလည်း နို့သီးခေါင်းကွဲအက်ခြင်းပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။

🔺စုပ်ယူခြင်းနှင့်မြိုချခြင်း (Sucking and swallowing)

-ကလေးက နို့ကို ၄-၅ချက်စုပ်ယူ တစ်ခါမြိုချလိုက်နှင့် စည်းချက်ကျကျ စုပ်ယူနိုင်ရပါမယ်။ ကလေးအလွန်နေမကောင်းတဲ့အခါ သို့မဟုတ် သန္ဓေပါတ်မစေ့ ကိုယ်အလေးချိန်မပြည့်တဲ့အခါ နို့ကောင်းစွာ စုပ်ယူမမြိုချနိုင်တဲ့အတွက် သင့်တော်သော အခြားနည်းဖြင့် နို့တိုက်ကျွေးရန် တတ်ကျွမ်းသော ဆရာဝန်၊ ဆရာမ တစ်ဦးဦးနဲ့ တိုင်ပင်ကုသသင့်ပါတယ်။
crd
#ဒေါက်တာထူး

18/11/2024
Bkkချည်သားတီရှပ်SizeS.M,L,XL,XXL(လူကြီး)Price_5500.6000.6500.7000.7500Ks5ထည်က​နေအစလက်ကား​စျေးcb💕
19/01/2024

Bkkချည်သားတီရှပ်
SizeS.M,L,XL,XXL(လူကြီး)
Price_5500.6000.6500.7000.7500Ks
5ထည်က​နေအစလက်ကား​စျေးcb💕

Bkkချည်သားတီရှပ်Size(L.4,5နှစ်)Price_4400Ks5ထည်က​နေအစလက်ကား​စျေးcb💕
19/01/2024

Bkkချည်သားတီရှပ်
Size(L.4,5နှစ်)
Price_4400Ks
5ထည်က​နေအစလက်ကား​စျေးcb💕

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Chaw Chaw fashion shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share