Htoo Htoo

Htoo Htoo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htoo Htoo, Design & Fashion, Mayangone, Yangon.

22/08/2024

#ဆံညှပ်လှလှလေးတွေထူးရွှေရည်ဆိုင်မှာရမယ်ရှင့်🥰
အိမ်ရောက်ငွေချေရ
ဆိုင်မှာစိတ်ကြိုက်လာရွေးလို့လည်းရပါတယ်နော်

ဆိုင်လိပ်စာ
ဌ‌စျေး
ခေမာကျောင်းလမ်း
မြောက်ဥက္ကလာ

ဖုန်း09421551601

22/08/2024

#ဆံညှပ်လှလှလေးတွေထူးရွှေရည်ဆိုင်မှာရမယ်ရှင့်🥰
အိမ်ရောက်ငွေချေရ
ဆိုင်မှာစိတ်ကြိုက်လာရွေးလို့လည်းရပါတယ်နော်

ဆိုင်လိပ်စာ
ဌ‌စျေး
ခေမာကျောင်းလမ်း
မြောက်ဥက္ကလာ

ဖုန်း09421551601

05/03/2024

နေ့စဉ်သုံးစကားပြောလေးတေ လေ့လာကြရအောင် 😍

1.あいてる? - အားလား?
2.あきちゃった。- ရိုးသွားပြီ!
3.あけましておめでとう。- နှစ်သစ်ပျော်ရွင်ပါစေ။
4.あげる。- ရော့!
5.あせらないで。- မလောနဲ့/မပြာယာနဲ့။
6.あたった。- ရပြီ /မှန်ပြီ /ထိသွားပြီ
7.あたりまえのことだ。- ဖြစ်သင့်ပါတယ်။
8.あっ。- အ!
9.あった。- ရပြီ / သိပြီ
10.あつかましい。- ခုခေတ်စကားနဲ.ပြောမယ်ဆို "သောက်ကြောတင်းတယ်ပေါ့"
11.あとでまたおでんわします。- နောက်မှဖုန်းပြန်ဆက်မယ်။
12.あなたとかんけいない。- မင်းနဲ.မဆိုင်ဘူး။
13.あなたとかんけいあるの。- မင်းနဲ.ဆိုင်လို.လား။
14.あなたね。မင်း.. တကယ်ပဲကွာ!
15.あなたもね。- မင်းရောပဲ။
16.あのう。- ဟို.../ တဆိတ်လောက်..
17.あほう。- သောက်ရူး
18.あほくさい。- ငထုံ
19.あまりとつぜんのことでびっくりしちゃった。- ရုတ်တရက်မို.လန်.သွားတယ်/ အံ့အားသင့်သွားတယ်
20.あやしいやつだな。- အဲ့ကောင်တစ်မျိုးပဲ..
21.あら。- အမလေး.../ ဘုရား..ဘုရား..
22.ありがとう。- ကျေးဇူးတင်ပါတယ်။
23.ありそうなことだね。- ဒါဖြစ်နေကျပါ..
24.あるよ。- ရှိတယ်လေ။
25.あれ。- ဟေ?
26.あんのじょうだ。- ထင်တဲ့တိုင်းပဲ။
27.いいにおい。- မွှေးလိုက်တာ...
28.いいえ、けっこうです。- တော်ပြီ.../ရပြီ../ လုံလောက်ပြီ..
29.いいがいがない。- ပြောလဲအပိုပဲ..
30.いいがたいね。- ဒါပြောရခက်တယ်....
31.いいかげんにしろ。- ထားလိုက်တော့ / ဆင်ဆင်ခြင်ခြင်လုပ်စမ်း..
32.よいごりょこうを。- ခရီးပျော်ရွင်ပါစေ။/bon voyage!
33.いいじゃないか。- မကောင်းဘူးလား?
34.いいわけばかりだね。- ဆင်ခြေတွေချည်းပဲ။
35.いいわけだけだ。- အဲ့ဒါဆင်ခြေတွေ
36.いいのか。- ရလား../ ရလို.လား..
37.いいな。- ကောင်းလိုက်တာ..
38.いいきかいだ。- ဒါ chance ပဲ..
39.いいてんきだね。- ရာသီဥတုကောင်းလိုက်တာ..
40.いけんはない。- ထင်မြင်ချက်မရှိဘူး..

まいにちかいわနေစဉ်သုံးစကားပြော
Part III
41.いくじなし。- မင်းသတ္တိနည်းလိုက်တာ.../ မင်းကတွန်.ဆုတ်တတ်လိုက်တာကွာ...
42.いけない。- မရဘူး!! /မဖြစ်သင့်ဘူး!
43.いそいでるところだ。- ခုအချိန်လောနေတယ်..(i'm in hurry! က ဆိုလိုရင်းပိုပေါ်တယ်။😅)
44.いた (いたい)。- နာတယ်..
45.いったいどういうこと。- ဘာ..ဘယ်လို!
46.いっしょにいこう。- တူတူသွားမယ်!
47.いってらっしゃい。- ဖြည်းဖြည်းသွားပါ..(အိမ်ကသူကအပြင်သွားမဲ့သူကိုပြောတာ)
48.いってきます。- သွားပြီ..(အပြင်သွားမဲ့သူက အိမ်မှာကျန်ခဲ့တဲ့သူကိုပြောတာ)
49.いつはじまるの。- ဘယ်အချိန်စမှာလဲ..
50.いつでも たちよってください。- ဘယ်ချိန်မဆို လမ်းကြုံရင်အိမ်၀င်ခဲ့လေ..
51.いつ。 - ဘယ်တော့လဲ?
52.いつのこと。- ဘယ်တုန်းကကိစ္စလဲ?
53.いつまで。- ဘယ်ချိန်ထိ?
54.いつまでも おしあわせにね。- အမြဲတမ်းပျော်ရွင်ချမ်းမြေ့ပါစေ။
55.いつもおせわになっています。- အမြဲတမ်းဂရုစိုက်မှု/စောင့်ရှောက်မှု ကိုရရှိခဲ့ပါတယ်။
56.いまいましい。- စိတ်တိုစရာကောင်းလိုက်တာ။
57.いま、なんじ。- ခု၊ ဘယ်နနာရီလဲ?
58.いや、けっこうだよ。- ရပြီ။ / တော်ပြီ။
59.いや。- မဟုတ်ဘူး။
60.いやだ。- မုန်းစရာကောင်းရီတာ။

まいにちかいわနေစဉ်သုံးစကားပြော
Part IV,
61.いやしいやつだ。မုန်းစရာကောင်းလိုက်တဲ့ကောင်ကွာ။
62.いやらしいな。- မနှစ်မြို.လိုက်တာ..
63.いらっしゃい。- Welcome!
64.いらっしゃいませ。- Welcome~
65.いらない。- မလိုဘူး။
66.いらないおせわで。。- မလိုအပ်တဲ့အပိုအလုပ်တွေ......
余計なお世話で。。。 polite form.
67.うそ。- လျှောက်ပြော!!
68.うそつき。 - နင်လိမ်တယ်!! ငလိမ်!
69.おちこんでいる。- စိတ်အိုက်လိုက်တာ../feeling down.
70.うちまでおくる。- အိမ်ထိလိုက်ပို.မယ်။
71.うまいね。- ကောင်းလိုက်တာ../ကျွမ်းလိုက်တာ../တော်လိုက်တာ..
72.うまくいっている。- အဆင်ပြေနေပါတယ်..
73.うらやましい。 - အားကျလိုက်တာ..
74.うるさい。- နားငြီးတယ်! / ပွမ်တယ်ဟာ!
75.うれしいな。- ပျော်လိုက်တာ..
76.うれしくてならない。- ပျော်လို.သေတော့မယ်။
77.ええ。- အင်း...
78.えっ。 - အဲ..ဟုတ်လား
79.おあいにくさま。 - မတိုက်ဆိုင်လိုက်တာ.../ကံမကောင်းစွာ
80.おい。- ဟေ့!
81.おい。- ဟေ့!
82.おいくら? - ဘယ်လောက်လဲ?
83.おいしそう。- စားလို.ကောင်းမဲ့ပုံပဲ..
84.おかえり。- ပြန်လာပြီလား။
85.あなたのせいだ。- အဲဒါနင့်ကြောင့်လေ။
86.おかげさまでうまくいきました。- ပို.သပေးတဲ့မေတ္တာကြောင့် အဆင်ပြေခဲ့ပါတယ်။
87.おかしい。- ရယ်ရတယ်။/ထူးဆန်းတယိ။
88.おかまいなく。- အလုပ်မရှုပ်ပါနဲ.တော့။
89.おこらないで。- စိတ်မဆိုးပါနဲ.။
90.おごるよ。- ငါကျွေးမယ်။ / ငါရှင်းမယ်။ (စားသောက်ဆိုင်တွင်ပိုက်ဆံရှင်းချိန်)
91.おさきにどうぞ。- အရင်(သွား/လုပ်/စား/verb)ပါ။
92.おしまいだ。- ပြီးပြီ။
93.おじゃまします。 - နှောင့်ယှက်ပါတော့မယ်../excuse me. (သူများတနေရာရာ ၀င်ရောက်ခါနီး အသံပေး တောင်းပန်စကားပြောနည်းမျိုးပါ။ じゃま- အနှောက်အယှက်)
94.おっしゃるとおりです。- ပြောတဲ့အတိုင်းပါပဲ။
95.おどろかさないで。 - မခြောက်ပါနဲ.။
96.おねがい。- please.../တောင်းပန်ပါတယ်၊ ကျေးဇူးပြု၍..
97.おねがいします。- တောင်းဆိုပါတယ်..။/တောင်းပန်ပါတယ်..။ (တောင်းဆိုစရာရှိလို့ တောင်းပန်တာပါ။ အမှားလုပ်ထားလို့ တောင်းပန်တာမဟုတ်ပါ။)
98.おはよう。- good morning!
99.おひさしぶりです。- မတွေ.ရတာကြာပြီ။
100.おぼえてる。- မှတ်မိသေးလား

30/09/2023

မိတ်ဆွေတို့ ကြိုတင် ကာကွယ် သတိပြုနိုင်ဖို့ပါ

ဒီရက်ပိုင်း ကူးစက်ပျံ့နှံ့‌နေတဲ့ မျက်စိနာရောဂါက Adenovial Conjunctivitis ပါ။ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အလွန်ကူးစက်မြန်ပါတယ်။

🔺ဘာတွေ ခံစားရမလဲ

မျက်စိတစ်ဖက်က ရုတ်တရက် နီလာမယ်၊ မျက်ခွံဖောင်းလာမယ်၊ မျက်ရည်ကျမယ်၊ မျက်ချေးတွေ ထွက်မယ်၊ အထူးသဖြင့် မနက်အိပ်ရာနိုးချိန် မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အမှိုက်ဝင်သလို ခံစားရမယ်။ အလင်းရောင် မကြည့်နိုင်ဘူး။ နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီဆိုရင် Adenovial Conjunctivitis သေချာဖို့က အများဆုံးပါ။

တချို့က ‌မျက်မြှေးပါးက သွေးကြောလေးတွေ ပေါက်ပြီး ‌အနီရောင်အကွက်ပုံစံ ဖြစ်နေတတ်ပါတယ်။ တချို့က နောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။..

🔺ဘယ်လို ကုသရမလဲ

ဆောင်ရန် ရှောင်ရန် ၂ ခု ရှိပါတယ်။

ဆောင်ရွက်ရန် ✔️

၁။ ရေအေးဝတ် အုပ်ရပါမယ်။ တစ်ခါအုပ်ရင် ၁၀ - ၁၅ မိနစ်၊ လိုအပ်သလို ၂ နာရီခြား အုပ်သင့်ပါတယ်။

ရေခဲသေတ္တာရှိရင် ...
- အဝတ်စတစ်ခုကို ရေဆေးပါ။
- လေးထောင့် ခေါက်ပါ။
- ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ထားပါ။
- ပလတ်စတစ်အိပ်ထဲက ထုတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
- ရေခဲတွေကို ပလပ်စတစ်အိပ်ထဲမှာ ထည့်ပါ။
- ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။
- ရေခဲအိပ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပါ။
- မျက်စိကို အုပ်နိုင်ပါပြီ။

ဘာမှမရှိရင် ...
- ရေစိမ်ထားတဲ့ အဝတ်နဲ့ အုပ်ပါ။

၂။ မျက်ရည်တုမျက်စဉ်း ၂-၃ နာရီခြား တစ်စက် ခတ်ပါ။ example. Cool Eyes, Protear, Neotear, Tears Naturale, Hameron, Systane

၃။ မျက်ချေးမျက်ဝတ်တွေကို သန့်ရှင်းရေးလုပ်ပါ။ မျက်ချေး အဝါရောင်၊ အစိမ်းရောင်တွေ ထွက်နေရင်တော့ ဘက်တီးရီးယားပိုးသတ်တဲ့ မျက်စဉ်းခတ်ဖို့ လိုပါတယ်။ Chloramphenicol Eye drop တစ်ခါခတ် တစ်စက် တစ်နေ့ ၄ ကြိမ် တစ်ပတ်ပြည့်အောင် ခတ်ပါ။..

ရှောင်ရန် ❌

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ လူအချင်းချင်းကြည့်လို့ မကူးစက်ပါဘူး။ မျက်မှန်တပ်ပြီး ကာကွယ်လို့ မရပါဘူး။ နေကာမျက်မှန်တပ်ရင် အလင်းရောင်မခံနိုင်တာကိုပဲဲ သက်သာစေပါတယ်။

• မျက်စိကို မကြာခဏ မကိုင်ပါနဲ့။
• မျက်စိကို မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ။
• မျက်နှာသုတ်ပုဝါ သီးသန့်ခွဲသုံးပါ။
• လက်ဆွဲနှုတ်ဆက်တာတွေ မလုပ်ပါနဲ့။
• တခြားသူတွေကို မကူးစက်ရန် လူစုလူဝေးနေရာတွေကို မသွားပါနဲ့။

မျက်စိနာကူးစက်မှုက လက်ကနေတစ်ဆင့် ကူးစက်ပါတယ်။ မျက်စိနာရောဂါ မကူးစက်ဖို့ ကာကွယ်နိုင်ကြပါစေ.....။
Crd
#တယ်လီကျန်းမာ

13/08/2023

`ဘုန်းရှိန်ကံရှိန် မြှင့်နည်း(၃၃)မျိုး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
(ပြန်လည်မျှဝေခြင်းဖြင့် ကုသိုလ်ယူပါ)

(၁) မိဘအဝတ်အစားလျှော်ဖွပ်ပါ
(၂) မိဘကို ပြုစုပါ
(၃) မိဘကို နေ့စဉ် ကန်တော့ပါ

(၄)မိမိအိမ်ကို သန့်ရှင်းပါ
(၅)မိမိအိမ်မျက်နှာစာကို သန့်ရှင်းပါ
(၆)ဘုရားကျောင်းဆောင် သန့်ရှင်းပါ

(၇)ဘုရားရောင်တော် ဖွင့်ပါ
(၈)ဆွမ်း ပန်း ရေချမ်း ဆီမီး နေ့စဉ်ကပ်ပါ
(၉)ဘုရား တရား သံဃာ ဂုဏ်တော်ပွားပါ

(၁၀)လမ်းပေါ်ရှိ အမှိုက်သရိုက်
ဆူးများမရှိအောင် လှည်းကျင်းပါ
(၁၁)စေတီပရဝဏ် တံမြက်လှည်းကုသိုလ်ယူပါ
(၁၂)ဘုန်းကြီးကျောင်း ကုဋီသန့်ရှင်းရေးလုပ်ပါ

(၁၃)အများသုံးအိမ်သာ သန့်ရှင်းရေးလုပ်ပါ
(၁၄) မြောင်းဆယ် မြောင်းဖော် မြောင်းတူးပါ
(၁၅)ရေကန်ဆယ်ပါ

(၁၆)ရေတွင်း ရေကန် ရေ အလှူပြုလုပ်ပါ
(၁၇)လမ်းမှာ အမှတ်တမဲ့တွေ့ရတဲ့
ဆာလောင်နေသူ လူ/တိရိစ္ဆာန်ကို ဒါနပြုပါ
(၁၈)ပံ့သကူ ပစ်ပါ

(၁၉)ကုသိုလ်ပြုစာရင်းမှတ်ပြီး ပြန်လည်ပီတိပွားပါ
(၂၀)သစ်ပင်စိုက်ပါ
(၂၁)အရိပ် အာဝါသလှူပါ

(၂၂)ညောင်ထောက်ပါ
(၂၃) လေလွင့်တိရိစ္ဆာန်များကို ဒါနပြုပါ
(၂၄)အရူးများကို စားစရာကျွေးပါ

(၂၅)တံတားထိုးပါ တံတားလှူပါ
(၂၆)ခေါင်းဆေးမင်္ဂလာပြုပါ
(၂၇)ရဟန်းဒကာ ခံယူပါ

(၂၈)ရေနစ်တိရိစ္ဆာန်လေးများ ဆယ်ပါ
(၂၉)ကံငါးပါး လုံအောင်ထိန်းပါ
(၃ဝ)စိတ်ကောင်းမွေးပါ

(၃၁)ဝစီဒုစရိုက် ရှောင်ပါ
(၃၂)သူတစ်ပါးကျေးဇူးကို သိတတ်ပါ
(၃၃)သူတော်ကောင်းတရား(၇)ပါးကို ကျင့်သုံးပါ

အထက်ပါအလုပ်တွေကို ဘာပဲလုပ်လုပ် ပြီးပြီးရော မလုပ်ပါနဲ့

သဒ်ဓါပီတိလေးပှားပွီး
ပုဗ္ဗ မုဉ္ဇ ပရစေတနာ
သုံးတန်ရအောင်လုပ်ပါ

မုချ ကံမြင့်လာမှာပါ။

🙏

20/06/2023

ぎおんご 🕵️‍♀️ぎたいご
မြည်သံစွဲစကားလုံး/အမူရာပြစကားလုံး
ぎりぎりကပ်သီလေး
どきどきရင်တုန်ပန်းတုန်
ばらばらတကွဲတပြား
びしょびしょစိုစိုရွှဲရွှဲ
からからခြောက်ခြောင်ကပ်ကပ်
いらいらဒေါသဖြစ်ခြင်း
すらすらချောချောမွေ့မွေ့
ふらふらဒယိမ်းဒယိုင်/ဘာရယ်မဟုတ်
ペらペらကျွမ်းကျွမ်းကျင်ကျင်
ぴかぴかပြောင်လက်ခြင်း
わくわくစိတ်လှုပ်ရှားခြင်း
にこにこပြုံးစိပြုံးစိ
うっかりအမှုမဲ့အမှတ်မဲ့
ぐっすりနှစ်နှစ်ခြိုက်ခြိုက်
じっくりစေ့စေ့စပ်စပ်/သေသေချာချာ
そっくりချွတ်စွပ်တူ
すっきりလန်းလန်းဆန်းဆန်း
ぴったりကွတ်တိ/တင်းတင်းကြပ်ကြပ်
のんびりအေးအေးဆေးဆေး
そっとတိတ်တိတ်လေး
じっとငြိမ်ငြိမ်လေး/ စိုက်ကြည့်ခြင်း

✨ရောလွန်းလို့ ခဏခဏရေးကျက်ရတယ် ✨🥲

Address

Mayangone
Yangon
554528

Telephone

+95 9 42155 1601

Website

Alerts

Be the first to know and let us send you an email when Htoo Htoo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share