18/05/2022
👶မွေးကင်းစကလေးလေးတွေကို ရေချိုးပေးလျှင် သတိထားရမည့်အချက်များ⬇️⬇️
ပထမဆုံးကလေးယူတဲ့ မိဘတွေအတွက်တော့ ကလေးမွေးပြီး ပထမဆုံးရေချိုးပေးရတာ တော်တော်ခက်ခဲတဲ့ အလုပ်တခုပါ။ ကလေးကို ချက်ကြွေပြီးတဲ့အချိန် မွေးပြီး ၁ ပတ် ကနေ ၂ ပတ် လောက်မှ ရေစချိုးပေးသင့်ပါတယ်။ ချက်မကြွေခင်အချိန် မှာတော့ ရေပတ်တိုက်ပေးလို့ရပါတယ်။ ရေပတ်တိုက်တာကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ မွေးပြီး ၂၄ နာရီကြာမှ ရေပတ် စတိုက်ပေးတာ ကောင်းတယ်လို့ အကြံပြုထားပါတယ်။ မွေးကင်းစ ကလေးလေးတွေ အတွက် ၁ပတ်ကို ၂ကြိမ် ၃ ကြိမ်ပဲ ရေချိုးပေးလို့ရပါတယ်၊ နေ့တိုင်းရေချိုး ပေးဖို့မလိုပါဘူး။ ကလေးလေးကို ရေစချိုးပေးမယ်ဆို ဘာတွေ ပြုလုပ်သင့်လဲ၊ ဘယ်လိုတွေ ပြင်ဆင်ထားသင့်လဲ၊ ဘယ်အချက်တွေ သတိထားသင့်လဲဆိုတာ မျှဝေပေးချင်ပါတယ်🤗🤗
🛀ရေမချိုးခင် ပြင်ဆင်ခြင်း
ဘေဘီလေးကို ရေချိုးပေးဖို့ လိုမယ့် ပစ္စည်းတွေဖြစ်တဲ့ ရေဇလား၊ ရေခွက်၊ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာ၊ခေါင်းလျှော်ရည်၊ မျက်နှာသုတ်စောင် ၂ခု၊ နားကျပ်တံ သို့မဟုတ် ဂွမ်းလုံးတို့ လိုအပ်နိုင်ပါတယ်။ ကလေးရေချိုးရင်း ကစားဖို့ အရုပ်ကတော့ သုံးချင်ရင်သုံးလို့ရပါတယ်။ ကလေးရေချိုးပြီးလျှင် တင်ဖို့ ပြန့်ပြူးညီညာတဲ့ စားပွဲ၊ မျက်နှာသုတ်စောင်၊ ဘီး၊ Lotion or baby oil၊ ဒိုင်ဘာ၊ ကလေးဝတ်ဖို့ အင်္ကျီတွေ အဆင်သင့်ပြုလုပ် ထားသင့်ပါတယ်။
🛀ရေအပူချိန် နဲ့ ရေထည့်ခြင်း
ကလေးကို ရေနွေးနွေးလေးနဲ့ ချိုးပေးသင့်ပြီး ရေအပူချိန် အထူးဂရုပြုရပါမယ်။ ကလေးအသားရေး အရမ်းနုညံ့တဲ့အတွက် ပူလွန်း အေးလွန်းလို့မရပါဘူး။ ရေအပူချိန်ကို လက်ဖျားနဲ့တင်မဟုတ်ပဲ တံတောင်စစ်၊ လက်ကောက်ဝတ် နှင့် အပူချိန်ကို စမ်းကြည့်သင့်ပါတယ်။ စမ်းကြည့်လို့ အဆင်ပြေတဲ့ အနေအထားရောက်မှသာ ရေစချိုးပေးသင့်ပါတယ်။ ရေဇလားထဲကို နှစ်လက်မ ကျော်ကျော်ခန့်သာ ရေထည့်သင့်ပြီး ကလေးကိုယ်လုံး လုံးဝမြုပ်တဲ့ အထိ ရေမထည့်ရပါဘူး။
🛀ရေချိုးပေးခြင်း
ကလေးကို ခြေထောက်ကို ရေထဲ အရင်ချပေးပြီး နောက်ကျောနဲ့ ဦးခေါင်းကို သေချာထိန်းပေးထားပါ။ ပြီးမှ ကလေးကို လက်တဖက်နဲ့ ထိန်းထားပေးပြီး တဖြည်းဖြည်းချင်းရေထဲချပြီး ရေချိုးပေးလို့ရပါတယ်။ အဲဒိလိုအချိန်မှာ ကလေးက ရေစိုလာပြီဆိုလျှင် အရမ်းလှုပ်တာခါတာ မျိုးတွေ ပြုလုပ်နိုင်ပြီး သတိထားဖို့လိုပါတယ်။လက်တဖက်က ကလေးကိုထိန်းပြီး ကျန်ဖက်က ရေခွက်နဲ့ ရေချိုးပေးတာ၊ ရေစိုအဝတ်နဲ့ သုတ်ပေးတာ၊ ဆပ်ပြာတိုက်ပေးတာ တွေ ပြုလုပ်ပေးလို့ရပါတယ်။ တကယ်လို့ ခေါင်းလျှော်ပေးမယ်ဆို ကလေးမျက်လုံးထဲ အမြုပ်တွေ မဝင်စေရန် ဂရုစိုက်ပေးပါ။ မွေးကင်းစမှာ ဆပ်ပြာ၊ ခေါင်းလျှော်ရည်တွေ မသုံးလည်းရပါတယ်။ အဲဒါတွေကို ကလေးအသားအရေကို ရေဓာတ်ခမ်းခြောက် စေနိုင်လို့ပါ။
👶ရေချိုးပြီး ခြောက်သွေ့အောင်လုပ်ပေးခြင်း
ကလေးရေချိုးပြီးလျှင် မျက်နှာသုတ်စောင်နှင့် ခြောက်သွေ့အောင်သုတ်ပေးပါ။ ခန္ဓကိုယ်ကို အရင်ခြောက်အောင်လုပ်ပေးပြီး နားနောက်၊ ချိုင်းကြား၊ ပေါင်ကြားတွေကို သေချာသုတ်ပေးပါ။ ဆံပင်ကို လည်း သေချာစွာ သုတ်ပေးပါ။ hair dryer တော့မသုံးသင့်ပါဘူး။ baby oil သို့မဟုတ် lotion လိမ်းပေးလို့ရပါတယ်။ ပြီလျှင် ကလေး ဒိုင်ဘာ၊ အင်္ကျီတွေ ဝတ်ပေးလို့ရပါတယ်။
❌❌ကလေး ရေချိုးပေးစဉ် ဘယ်တော့မှ ပစ္စည်းတခုခု သွားယူတာဖြစ်ဖြစ် ဖုန်းလာလို့ပဲ ဖြစ်ဖြစ် ကလေးကို တယောက်တည်း မထားမိပါစေနဲ့။ ရေ ၁လက်မပဲရှိရင်တောင် ကလေး ရေနစ်နိုင်ပြီး အသက်အန္တရာယ်ရှိပါတယ်❌❌
ကဲ...ဒါဆိုရင်တော့ နောက်အပတ်မှာလည်း သင့်အတွက် အကျိုးရှိစေမယ့် ဗဟုသုတရဖွယ်ရာများကို Chit Chit က မေတ္တာဖြင့် တင်ဆက်ပေးသွားဦးမှာ ဖြစ်လို့ page ကို like&Follow လုပ်ပြီး စောင့်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်... 😉😉
Yangon Office :
📲 09 406667853, 09 975266467
📧 [email protected]
🏠 No.(85), Ohn Pin Street, Ground Floor, Kyee Myin Daing Township, Yangon.
🌎 Website :naturallightmyanmar.com