28/01/2021
ဂျုံနယ်စက်ဝယ်ပြီး မုန့်လုပ်နည်းလေးတွေပါ သင်ကြရအောင်နော် 😉
ဒီစက်ကို အသုံးပြုပြီး ပေါင်မုန့်လုပ်နည်းအမျိုးပေါင်း ၁၅မျိုး သင်ခွင့်ရပါမည်... အထူးonline class group ထဲ ထည့်ပေးပါမည်.. ( pizza, milk bread, pizza, ကျန်းမာရေး ပေါင်မုန့်ကြမ်း wholemeal bread, custard bun, sweet potato milk bun, rainbow bread, maple strawberry milk bread, Basque burnt cheese cake and many more)
စက်ရောင်းရုံပဲ မဟုတ်ပဲ စက်ကို တကယ်အသုံးပြုတတ်တဲ့အထိ တာဝန်ယူပါတယ်.. ကိုယ်တကယ်စိတ်ဝင်စားပြီး သေချာလိုက်လုပ်ရင် အိမ်မှာနေရင်း အသေးစားမုန့်လုပ်ငန်းပါ လုပ်နိုင်မှာပါ...
🍞🍞🍞ပေါင်မုန့်ဂျုံနယ်စက်🍞🍞🍞
ပေါင်မုန့် နံပြား ပလာတာ ဖက်ထုတ်ရွက် ပေါက်ဆီ စတာတွေအတွက် ဂျုံနယ်တဲ့ အခါမှာ လက်နဲ့ နယ်လို့ ရသလို စက်နဲ့လည်း နယ်လို့ရပါတယ်.. လက်နဲ့ နယ်တဲ့အခါမှာတော့ လူအတော်ပင်ပန်းပါတယ်.. အချိန်ပိုလိုပါတယ်.. အမြဲလုပ်နိုင်ဖို့က သိပ်မလွယ်ကူပါဘူး.. လိုချင်တဲ့ ဂျုံသားရဖို့အတွက်လည်း ပိုခက်ပါတယ်..ဒီအခါ စက်ဝယ်ဖို့ စဥ်းစားရပါတော့မယ်.. စက်ဝယ်တဲ့အခါ အများဆုံးသုံးကြတာ stand mixer ပါ.. stand mixer မှာလည်း hand mixer or stand mixer အသေးတွေ ဝယ်လို့မရပါဘူး..သူတို့က ကိတ်မုန့်အတွက်ပဲ အဆင်ပြေပါတယ်.. ပေါင်မုန့်ဂျုံနယ်ဖို့ အားမလုံလောက်တဲ့ အတွက် 4.5L or 5L size လောက်ရှိတဲ့ stand mixer ဝယ်မှ သာ အဆင်ပြေပါတယ်..ဒီ size အကြီး stand mixer ဝယ်တဲ့အခါမှာ kitchenAid တို့လို နာမည်ကြီး brand တွေက quality ကောင်းသလို စျေးလည်း ခေါင်ခိုက်ပါတယ်.. အိမ်မှာ leisure အနေနဲ့ ပေါင်မုန့်လုပ်စားချင်သူတွေအတွက်ကျတော့လည်း အဲ့အတွက် ၅သိန်း ၁၀သိန်း သုံးရမှာ နှမြောမိပြန်တယ်.. ဒီအခါ နောက် choice က တရုတ် stand mixer တွေပါ.. တချို့ကောင်းတာ ရှိသလို တချို့ဟာကျတော့လည်း size ကြီးပေမဲ့ ဘယ်လိုနယ်နယ် window pane မရပါဘူး.. window pane ဟာ ပေါင်မုန့်ကောင်းတလုံးအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ မုန့်လုပ်သူတိုင်း သိကြပါတယ်.. ကျွန်မကိုယ်တိုင်လည်း ပေါင်မုန့်ကို အိမ်မှာ လုပ်ကြည့်ချင်တဲ့အတွက် လက်နဲ့စမ်းပါတယ်..၂ခါလောက်စမ်းပြီး စားမကောင်း လက်ညောင်းလက်နာတာနဲ့ အရှုံးပေးပီး စက်ဝယ်ဖို့ သေချာ ရှာဖွေပါတယ်.. နောက်ဆုံးမှာ ဒီစက်လေးတွေ့ ပါတယ်..စျေးနှုန်းကလည်းsizeပေါ်မူတည်ပြီး 149000/169000/199000ပဲရှိပြီးလွယ်လွယ်ကူကူနဲ့ window pane ရအောင် ဂျုံနယ်နိုင်ရုံမက အပွလည်းခံလို့ရပါတယ်.မှာယူလိုရင်Chat box ကို Hi လိုက်နော်😊