Laxi fashion

Laxi fashion Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Laxi fashion, Clothing Store, Yangon.

11/12/2021
11/12/2021

မင်မင်တို့ Careerconyat ကိုစတင်ခဲ့တာ ဒီနေ့ဆိုရင်တော့ ၈လတိတိပြည့်သွားခဲ့ပါပြီ။🎉🎉🎉

မင်မင် တို့ Careerconyat pageလေး စတင်ထဲကနေပြီး ယနေ့ဒီချိန်ထိ like & follow လုပ်ပေးပြီး ကူညီပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ဒီစာလေးနဲ့ကျေးဇူးတင်စကားပြောချင်ပါတယ်။ 🧡 (ဒီနေ့ Give Away တွေပေးဖို့လည်းစီစဉ်ထားတာမို့နောက်postတစ်ခုမှာကြော်ငြာပေးမယ်နော်🤭 Edit: post linkလေးကို အောက်ဆုံးမှာထည့်ပေးထားပါတယ်။😉)

ဒီလူတွေကြောင့်သာ မင်မင် တို့ pageလေးက အခုလိုခက်ခဲနေကြတဲ့ကာလမှာ အတိုင်းအတာတစ်ခုထိအောင်မြင်ခဲ့တာပါ။😍

မင်မင်တို့ Careerconyat ကိုလည်ပတ်နိူင်ဖို့ ရင်းနှီးစိုက်ထုတ်ကြရတဲ့ resources valueတွေကလည်းမနည်းပါဘူး အခုဆို မင်မင် တို့ပြန်တွက်ကြည့်ကြတာ သိန်းရာနဲ့ကိုချီနေပါပြီ😂😂 (Details amountတော့မချပြတော့ပါဘူးနော်🤣)

မင်မင် တို့တွေကတော့ ဒီကာလအတွင်းမှာ အလုပ်ရှာဖွေနေတဲ့သူတွေနဲ့ အလုပ်ခေါ်နေတဲ့သူတွေကို တစ်ဖက်တစ်လမ်းကနေပြီး အဆင်ပြေအောင်ကူညီပေးလိုက်နိူင်တယ်ဆိုရင်ကိုပဲကျေနပ်နေပါပြီ။🥰

မင်မင် တို့ Careerconyatကိုစလုပ်ဖြစ်ခဲ့တုန်းကရည်ရွယ်ချက်က
🔷အချက်အလက်အပြည့်အစုံမဖော်ပြထားတဲ့ အလုပ်ခေါ်စာတွေလျှောက်ပြီး လူကုန်ကူးတာတွေမခံကြရအောင်ရယ်၊
🔷Job Groupတွေထဲမှာ ဝင်ကြည့်တိုင်း တိုက်ရိုက်အလုပ်ခေါ်စာတွေရှားပြီး အလိမ်အညာpostတွေများနေတာရယ်၊
🔷တိုက်ရိုက်တင်ပေးတဲ့platforms တွေကိုအသုံးပြုမှုအလှမ်းဝေးတာတွေရယ်
🔷မလိုအပ်ပဲအလုပ်လျှောက်တဲ့နေရာမှငွေကြေးအကုန်အကျခံပြီး အလိမ်အညာမခံရဖို့ ဒီလိုကိစ္စတွေ တတ်နိူင်သမျှလျော့အောင် ကူညီပေးနိူင်ရင်ကောင်းမယ်ဆိုပြီး မင်မင်တို့သူငယ်ချင်းတွေ ၅ယောက်စုပြီး စလုပ်ဖြစ်ခဲ့ကြတာပါ။

ပြီးတော့ မင်မင် တို့အခုချိန်ထိ လုပ်ငန်းရှင်တွေဘက်ကပို့ပေးလာတဲ့ အလုပ်ခေါ်စာတွေကြော်ငြာပေးနေတာက FOCပါနော်🤣 (မင်မင် တို့ကိုငွေဘယ်ကနေရလို့ ဒီလိုတွေလုပ်ပေးနေရတာလဲဆိုပြီးအတင်းတွေ လာမေး၊ ရန်တွေ့ခဲ့တဲ့သူတွေရှိလို့ တွေ့ရင် သိရအောင်ဖြေပေးထားပါတယ်နော်😏)

နောက် မင်မင် တို့ Careerconyatမှာ အလုပ်လျှောက်တဲ့သူတွေ CVတွေ Cover Letterတွေအဆင်သင့်မရှိခဲ့ရင် အဆင်ပြေအောင်လို့ Digital Resume/CV, Cover Letter ပြင်ပေး၊ ရေးပေးတဲ့ serviceတွေပေးနေတာတွေလည်းရှိပါတယ်။ (Customize လိုချင်လည်း Designerတွေနဲ့ပါပြင်ဆင်ပေးပါသေးတယ်။) ကြော်ငြာလေးကတစ်ဖြတ်🤪🤪

🆓အစောပိုင်းကာလတွေတုန်းကတော့ မင်မင် တို့ CV/Resumeတွေအကုန် လူဦးရေအကန့်အသတ်မရှိ FOC ပြင်ဆင်ပေးခဲ့ကြပေမယ့် အခုတော့ တစ်ပတ်ဘယ်နှယောက်တော့ FOCပေးမယ်ဆိုပြီး အလှူတစ်ခုအနေနဲ့ပြင်ဆင်ပေးနေကြတုန်းပါ။ (🙏မင်မင် တို့ကိုငွေမှားလွှဲသလိုလိုလုပ်ပြီး ငွေပြန်အမ်းပေးဖို့ နံပါတ်တောင်းတဲ့အခါ ပြန်မလွဲပေးပါနဲ့တော့နော်ဆိုပြီး မင်မင် တို့ကိုတစ်ဖက်ကနေ ပြန်supportပေးနေတဲ့ အစ်ကို၊အစ်မတွေအားလုံးကိုလည်းကျေးဇူးအထူးပါနော် ဒါကလည်းအစ်ကို အစ်မတွေအားလုံးရဲ့ ကုသိုလ်ပါ။)

♦️နောက်ပြီး အားလုံးအဆင်ပြေအောင် CV/Resume Formatတွေကိုလည်း Careerconyat websiteမှာ free downloadလုပ်လို့ရအောင်တင်ပေးထားပါတယ်နော်။

♦️Job Alert တွေလည်းပို့ပေးနေပါတယ်။ အခကြေးငွေပေးဖို့မလိုဘူးနော် Just need to say Hello! to usပါ🧡🧡

♦️မင်မင် တို့ဘက်က မေတ္တာရပ်ခံချင်တာလေးက 🙏 Careerconyat Pageကနေတင်ပေးလိုက်တဲ့အလုပ်ခေါ်စာလေးတွေကိုလျှောက်ရင်း အလုပ်ရသွားခဲ့ရင် မင်မင်တို့ကို လာပြောပြပေးဖို့ပါ မင်မင် တို့ကပြောရရင် ဘယ်သူကတော့ဘယ်လိုအဆင်ပြေသွားတယ်ဆိုတဲ့ အပျော်နဲ့ပီတီအားလေးတွေနဲ့ ရှေ့ဆက်နေကြရတာမို့ပါ။😢 (HRတွေဘက်ကကြတော့ မင်မင်တို့ကို ဘယ်position အတွက်တော့ သူတို့အတွက် အဆင်ပြေပြီးကိုက်ညီတဲ့လူကိုရသွားတယ် အဆင်ပြေလို့ကျေးဇူးတင်ပါတယ်လေးပဲ ပို့ပေးတာမို့ ဖြစ်နိူင်မယ်ဆိုယူတို့ကိုယ်တိုင်အပျော်လေးတွေလာပေးပေးပါနော်။)🙄

ဒီလောက်နဲ့ပဲ မင်မင် တို့ဘက်ကရှေ့ဆက်ပြီးအကောင်းဆုံးကြိုးစားပေးသွားပါမယ်ပြောရင်းနိဂုံးချုပ်ပြီး ဒီနေ့ Give Away Post တင်ရင်ကြည့်ဖို့လည်းမမေ့ကြပါနဲ့အုံးနော်။😜

"Let's help to create your career network to become more more wide"

🤝Your likes and shares are supporting for our community.🤝

Be still safe and take care all of you guys ဒီကာလကို အတူတူကျော်ဖြတ်ကြမယ်✊✊

Give Away Post Link: https://www.facebook.com/102477742024957/posts/231383292467734/




#11.12.2021

Address

Yangon

Opening Hours

Monday 09:00 - 23:00
Tuesday 09:00 - 23:00
Wednesday 09:00 - 23:00
Thursday 09:00 - 23:00
Friday 09:00 - 23:00
Saturday 09:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Laxi fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category