LIBERAL TAILOR

LIBERAL TAILOR Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from LIBERAL TAILOR, Clothing Store, Liberal Tailor, Bogyoke Aung San Market, Yangon.

လောကကြီး ပိုမိုလှပပြီး တိုးတက်မြင့်မားလာစေဖို့အတွက် နောက်ကွယ်ကနေ ကိုယ်စီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နေကြတဲ့ အလွှာပေါ...
01/05/2026

လောကကြီး ပိုမိုလှပပြီး တိုးတက်မြင့်မားလာစေဖို့အတွက် နောက်ကွယ်ကနေ ကိုယ်စီတာဝန်တွေကို ကျေပွန်စွာ
ထမ်းဆောင်နေကြတဲ့ အလွှာပေါင်းစုံက အားလုံးသော အလုပ်သမားထုကြီးတစ်ရပ်လုံးကို ဒီနေ့ ကျရောက်တဲ့
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ Liberal Tailor က အထူးပဲ ဂုဏ်ပြုလိုက်ပါတယ်။
အားလုံးပဲ ပိုမိုတောက်ပတဲ့ အနာဂတ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။
Happy International Workers' Day! 🛠️✨"

#အလုပ်သမားနေ့

"ကဆုန်လပြည့် ဗုဒ္ဓ​​နေ့"မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါ​စေ 🙏🙏🙏 #ကဆုန်လပြည့်    #လပြည့်ဆု​တောင်း
30/04/2026

"ကဆုန်လပြည့် ဗုဒ္ဓ​​နေ့"မှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါ​စေ 🙏🙏🙏

#ကဆုန်လပြည့် #လပြည့်ဆု​တောင်း

📣 ဆိုင်ပိတ်ရက်အသိပေးခြင်း 📣 #အများပြည်သူရုံးပိတ်ရက်  #ကဆုန်လပြည့်  #အလုပ်သမား​နေ့
28/04/2026

📣 ဆိုင်ပိတ်ရက်အသိပေးခြင်း 📣

#အများပြည်သူရုံးပိတ်ရက် #ကဆုန်လပြည့် #အလုပ်သမား​နေ့

နှစ်သစ်ကစလို့ မြန်မာပြည်သူပြည်သားအားလုံး​ရေလို​အေးလို့ ပန်းလို​မွှေးကြပါ​စေ။ 🙏🙏🙏    #မြန်မာနှစ်သစ်  #ဆုတောင်း
17/04/2026

နှစ်သစ်ကစလို့ မြန်မာပြည်သူပြည်သားအားလုံး
​ရေလို​အေးလို့ ပန်းလို​မွှေးကြပါ​စေ။ 🙏🙏🙏

#မြန်မာနှစ်သစ် #ဆုတောင်း

📣 သင်္ကြန်ကာလ ဆိုင်ပိတ်ရက်အသိပေးခြင်း 📣 Liberal Tailor ၏ ✅ဗိုလ်ချုပ်​အောင်ဆန်းဈေးဆိုင်ကို (၁၁.၄.၂၀၂၆) ​စ​နေနေ့မှ (၁၇.၄.၂...
08/04/2026

📣 သင်္ကြန်ကာလ ဆိုင်ပိတ်ရက်အသိပေးခြင်း 📣

Liberal Tailor ၏

✅ဗိုလ်ချုပ်​အောင်ဆန်းဈေးဆိုင်ကို (၁၁.၄.၂၀၂၆) ​စ​နေနေ့မှ (၁၇.၄.၂၀၂၆) ​သောကြာနေ့ အထိ

✅ဗိုလ်အောင်ကျော်လမ်းဆိုင်ခွဲကို (၁၁.၄.၂၀၂၆) စနေနေ့မှ (၁၉.၄.၂၀၂၆) တနင်္ဂ​နွေ​နေ့အထိ

ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ ကြိုတင်အသိပေးအပ်ပါသည်။ 🙏🙏🙏

#ဆိုင်ပိတ်ရက် #အတာသင်္ကြန် #နှစ်သစ်ကူး #သင်္ကြန်ရုံးပိတ်ရက်

ဆိုင်ပိတ်ရက်အသိပေးခြင်း 📢📢📢 #ရုံးပိတ်ရက်    #တပ်မတော်နေ့
26/03/2026

ဆိုင်ပိတ်ရက်အသိပေးခြင်း 📢📢📢

#ရုံးပိတ်ရက် #တပ်မတော်နေ့

Customer တစ်ယောက်က မိတ်ဆွေရဲ့ ကုမ္ပဏီ၊ ရုံးခန်း၊ ဆိုင်ခန်းထဲကို စဝင်လာချိန်မှာ သူ့စိတ်ထဲ ပထမဆုံး ဖြစ်ပေါ်လာမယ့်အတွေးက… 🤔...
09/03/2026

Customer တစ်ယောက်က မိတ်ဆွေရဲ့ ကုမ္ပဏီ၊ ရုံးခန်း၊ ဆိုင်ခန်းထဲကို စဝင်လာချိန်မှာ သူ့စိတ်ထဲ ပထမဆုံး ဖြစ်ပေါ်လာမယ့်အတွေးက… 🤔💭

“ဒီလုပ်ငန်းကို ငါ ယုံလို့ ရပါ့မလား” ဆိုတာပါပဲ။ အဲဒီအတွေးအတွက် စကားလုံးတွေက အဖြေ ပြန်ပေးနေမှာ မဟုတ်ဘဲ ကိုယ့်ဝန်ထမ်းတွေ ဝတ်ဆင်ထားတဲ့ 👉 Uniform ဝတ်စုံကသာ အဖြေ ပေးသွားမှာဖြစ်ပါတယ်..။ ✅ 👔

🔹 သန်ရှင်းသပ်ရပ်တဲ့ ယူနီဖောင်းက Professional ဆန်မှုကို ပြသပါတယ်။
🔹 တူညီဝတ်စုံ Uniform ဆိုတာ စည်းလုံးညီညွတ်မှု Team Spirit ကို ပြသပါတယ်။
🔹 လုပ်ငန်း Logo ပါတဲ့ ဝတ်စုံတွေက ကိုယ့်ရဲ့ Brand ကို မှတ်မိစေပါတယ်။

ဒါကြောင့်မို့လို့ … ယူနီဖောင်းဆိုတာ ဝတ်စုံတစ်စုံထက် ပိုပါတယ်။ ✅ သုံးတတ်ရင် Marketing Tool တစ်ခုလည်း ဖြစ်သလို လုပ်ငန်းတစ်ခုရဲ့အရေးအကြီးဆုံး ပုံရိပ်လည်း ဖြစ်ပါတယ်။ 🎯

မြန်မာပြည်ရဲ့ Tailor လောကမှာ ဆယ်စုနှစ်ပေါင်းများစွာ နာမည်ကောင်းတစ်လုံးကို ထိန်းထားနိုင်တဲ့ 𝐋𝐢𝐛𝐞𝐫𝐚𝐥 𝐓𝐚𝐢𝐥𝐨𝐫 မှာဆိုရင် အတွေ့အကြုံရှိ ၊ ဝါရင့် 𝗧𝗮𝗶𝗹𝗼𝗿 တွေ ကိုယ်တိုင်က ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ကိုယ်တိုင်းနဲ့ စနစ်တကျ တိုင်းယူချုပ်လုပ်ပေးနေပါတယ်။ 🧵🪡🧶✂️

စမတ်ကျပြီး သပ်ရပ်လှပတဲ့ Uniform တွေကို Liberal Tailor မှာ အပ်နှံမယ်ဆိုရင် ...
✅ အရည်အသွေးပြည့်မီတဲ့ ပိတ်စအသားကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။
✅ သေသပ်ခိုင်ခံ့တဲ့ ချုပ်ရိုးချုပ်သားနဲ့ တာရှည်ခံအောင် ချုပ်လုပ်ပေးပါတယ်။
✅ နေ့စဉ် ဝတ်ဆင်ရမှာ ဖြစ်လို့ သက်တောင့်သက်သာ ရှိရေးကို ဦးစားပေးထားပါတယ်။
✅ ယူနီဖောင်းမှာ မိမိလုပ်ငန်းအမှတ်တံဆိပ်ကို ချည်ထိုး (သို့) ဆေးရိုက်ပေးပါတယ်။
✅ အချိန်ကုန်လူပန်း မဖြစ်စေဖို့ လုပ်ငန်းခွင်အထိ ကိုယ်တိုင်း ရယူပေးပါတယ်။

မိတ်ဆွေတို့ရဲ့ ကုမ္ပဏီ၊ လုပ်ငန်းပုံရိပ်ကို ကိုယ်စားပြုတဲ့ အရည်အသွေးကောင်း ယူနီဖောင်းတွေ လိုအပ်လာမယ်ဆိုရင် လုပ်ငန်းစုံ၊ နယ်ပယ်စုံက ယုံကြည်စိတ်ချစွာ အပ်နှံနေကျ 𝐋𝐢𝐛𝐞𝐫𝐚𝐥 𝐓𝐚𝐢𝐥𝐨𝐫 ကို အခုပဲ စုံစမ်း၊ ဆက်သွယ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 🤙 📞

ကိုယ့်လုပ်ငန်းရဲ့ Team ကို နောက်တစ်ဆင့် မြှင့်တင်ချင်ရင်…
Brand Image တက်စေမယ့် Uniform ဝတ်စုံကို အရင် မြှင့်တင်လိုက်ပါ..။

#နွေရာသီ_ဖက်ရှင် #ဖက်ရှင်

၂/၃/၂၀၂၆(တနင်္လာ​နေ့)သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သော​ကြောင့် Liberal Tailor ဆိုင်ခွဲအားလုံးပိတ်ထားမည်ဖြစ်​ကြောင်း ​လေး...
02/03/2026

၂/၃/၂၀၂၆(တနင်္လာ​နေ့)သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သော​ကြောင့် Liberal Tailor ဆိုင်ခွဲအားလုံးပိတ်ထားမည်ဖြစ်​ကြောင်း ​လေးစားစွာ အသိ​ပေးအပ်ပါသည်။ 🙏🙏🙏

စားရတဲ့ ထမင်းစေ့တိုင်းမှာ နေပူကြီးထဲ၊ မိုးရေစိုရွှဲပြီး ရွှံ့တွေ ရောထွေးနေတဲ့တောင်သူလယ်သမားတွေရဲ့ ချွေးစက်တွေ ပါဝင်နေပါတ...
02/03/2026

စားရတဲ့ ထမင်းစေ့တိုင်းမှာ
နေပူကြီးထဲ၊ မိုးရေစိုရွှဲပြီး ရွှံ့တွေ ရောထွေးနေတဲ့
တောင်သူလယ်သမားတွေရဲ့ ချွေးစက်တွေ ပါဝင်နေပါတယ်။ 👨‍🌾
တောင်သူလယ်သမားတွေ ရှိနေလို့သာ
ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာတွေ ပုံမှန် ရရှိနေတာပါ။ 🌾🍚

ဒီနေ့ မတ်လ (၂) ရက်နေ့မှာ ကျရောက်တဲ့
မြန်မာနိုင်ငံ “တောင်သူလယ်သမားနေ့” မှာ
တစ်နိုင်ငံလုံးက တောင်သူလယ်သမားအားလုံးကို
ကျေးဇူး အထူးတင်ရှိပါတယ်။ 🙏

#တောင်သူလယ်သမားနေ့ #ဆန်စပါး

တပေါင်းလပြည့်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကုသိုလ်တရား ပွားများအားထုတ်နိုင်ပါစေလို့ Liberal Tailor မိသား...
02/03/2026

တပေါင်းလပြည့်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကုသိုလ်တရား ပွားများအားထုတ်နိုင်ပါစေလို့ Liberal Tailor မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်။
🙏🙏🙏

#တ​ပေါင်းလပြည့်

☀️အပူရှိန်ပြင်းတဲ့ ရာသီဥတုမှာ Coat အင်္ကျီဝတ်ရမှာကို စိုးရိမ်နေပါသလား? နွေရာသီရဲ့ အပူဒဏ်ကို အံတုဖို့ ပေါ့ပါးပြီး​ သက်​တေ...
27/02/2026

☀️အပူရှိန်ပြင်းတဲ့ ရာသီဥတုမှာ Coat အင်္ကျီဝတ်ရမှာကို စိုးရိမ်နေပါသလား?

နွေရာသီရဲ့ အပူဒဏ်ကို အံတုဖို့ ပေါ့ပါးပြီး​ သက်​တောင့်သက်သာရှိတဲ့ Summer Half-Lining Jacket လေး​တွေကို Liberal Tailor မှာစိတ်ကြိုက်ချုပ်လုပ်နိုင်ပါပြီ 👔❄️

✨ ဘာကြောင့် Liberal မှာ Summer Jacket ကို ချုပ်သင့်တာလဲ?

Premium Linen Fabric: လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်ယူမှု အားကောင်းတဲ့ အရည်အသွေးမြင့် Linen ပိတ်သားများကို အသုံးပြုချုပ်လုပ်​​ပေးမှာဖြပါတယ်။

• Half-Lining Construction: အင်္ကျီအတွင်းသားကို အပေါ်ပိုင်းတစ်ဝက်သာ Lining ထည့်သွင်းချုပ်လုပ်​ပေးမှာဖြစ်လို့ ဝတ်ဆင်ထားချိန်မှာ လေးလံမှုမရှိဘဲ အလွန်ပေါ့ပါး​နေမှာပါ။

• Business Casual: ရုံးတက်တဲ့အခါမျိုးမှာ ပေါ့ပေါ့ပါးပါးနဲ့ Smart ဖြစ်နေစေပြီး အေးမြမှုကို အပြည့်အဝ ပေးစွမ်းနိုင်ပါတယ်။

• Summer Weddings: နွေရာသီ မင်္ဂလာဆောင်နဲ့ ပွဲလမ်းသဘင်တွေမှာ အပူဒဏ်မစိုးရိမ်ရဘဲ ခန့်ညားနေစေမှာပါ။

• ​Holiday Look: ခရီးသွားတဲ့အခါမျိုးမှာ T-shirt တစ်ထည်ပေါ်က ထပ်ဝတ်လိုက်ရုံနဲ့ အထာကျစေဖို့

📍 Liberal Tailor သို့ အခုပဲ လာရောက်ပြီး လူကြီးမင်းနဲ့ လိုက်ဖက်မယ့် အရောင်၊ ပိတ်သားနဲ့ ဒီဇိုင်းတွေကို ရွေးချယ်လိုက်ပါ။

#နွေရာသီ_ဖက်ရှင်

Address

Liberal Tailor, Bogyoke Aung San Market
Yangon

Telephone

+959963870797

Website

Alerts

Be the first to know and let us send you an email when LIBERAL TAILOR posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category