YK Delivery Service

YK Delivery Service အထည်လှလှလေးတွေကို ဆိုင်မှာလက်လီလက်ကား အားပေးနိုင်ပါပြီနော်

🪔𝗛𝗮𝗽𝗽𝘆 𝗗𝗶𝘄𝗮𝗹𝗶🪔 ယနေ့ကျရောက်သော ဒီပါဝလီ (ဒီဝါလီ) နေ့လေးမှာ ဟိန္ဒူဘာသာဝင်များနှင့်အတူ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ...
31/10/2024

🪔𝗛𝗮𝗽𝗽𝘆 𝗗𝗶𝘄𝗮𝗹𝗶🪔

ယနေ့ကျရောက်သော ဒီပါဝလီ (ဒီဝါလီ) နေ့လေးမှာ ဟိန္ဒူဘာသာဝင်များနှင့်အတူ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာ၍ ပျော်ရွှင်စရာနေ့ရက်လေးဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် 🙏


သီတင်းကျွတ်လပြည့်နေ့      ( သို့မဟုတ် )အဘိဓမ္မာအခါတော်နေ့ သမိုင်း***********************သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ...
17/10/2024

သီတင်းကျွတ်လပြည့်နေ့
( သို့မဟုတ် )
အဘိဓမ္မာအခါတော်နေ့ သမိုင်း
***********************

သီတင်းကျွတ်လပြည့်နေ့ကို နေ့ထူးနေ့
မြတ်အဖြစ်အဘိဓမ္မာအခါတော်နေ့ဟု
သတ်မှတ်ကြသည်။

ထိုနေ့တွင် နယ်တိုင်း မြို့တိုင်း၌ ဆီမီးများ
ထွန်းညှိကာမြတ်စွာဘုရားရှင်အား ပူဇော်
ကွ၏။

ထိုအစဉ်အလာကား မြတ်စွာဘုရားရှင်
တာဝတိံသာနတ်ပြည်မှ
မယ်တော်မိနတ်သားအား ကျေးဇူးဆပ်
သောအားဖြင့်အဘိဓမ္မာမြတ်ဒေသနာ
တော်ကို ဟောကြားတော်မူပြီး
သင်္ကဿနဂိုရ်ပြည်တောင်တံခါးသို့ ဆင်း
သက်တော်မူရာအခါ၌
နတ်ဗြဟ္မာအပေါင်းမှ ကြိုဆိုခဲ့သည့် အ
စဉ်အလာကိုဆက်လက်ထိန်းသိမ်းကာဖြင့်
ယနေ့အခါတွင် ဆီမီးများ ထွန်းညှိခြင်းဖြင့်
ပူဇော်ခြင်းဖြစ်၏။

ဘိုးဘွား မိဘ ဆရာသမားများအား…
ကာယကံ ဝစီကံ မနောကံများဖြင့် ပြစ်မှား
မိခဲ့သည်ရှိသော်…
အပြစ်ခပ်သိမ်း ပပျောက်ငြိမ်းဖို့ ကန်တော့
ကြသည့် မိဘဆရာ ပူဇော်ပွဲများ၊
ဝါတွင်းသုံးလ ဝါဆို ဝါကပ်တော်မူကြသည့်
သံဃာတော်များဝါကျွတ်သည့်အခါ
အပြစ်ရှိက အချင်းချင်း တောင်းပန် ပြော
ကြားကြသောပဝါရဏာနေ့ အခမ်းအနာ
များ၊မီးထွန်းပွဲအခမ်းအနား စသည်ဖြင့်
ကြည်ညိုဖွယ်ရာများစွာ ပြည့်နှက်နေ့သည့်
နေထူးနေ့မြတ်ပင် ဖြစ်သည်။

မဟာသက္ကရာဇ်(၁ဝ၉)ခုနှစ်၊ဝါဆိုလပြည့်
သာဝတ္ထိပြည် ကောသလမင်းကြီး၏ ကဏ္ဍ
ဥယျာဉ်မှူးသည်မြတ်စွာဘုရားရှင်၏
ညွှန်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော
ကဏ္ဍမ္ဗသရက်ဖြူပင်အနီးမှာ တိတ္ထိတို့ကို
နှိမ်နှင်းတော်မူရန်ရေမီးအစုံစုံ တန်ခိုးပြာ
ဋိဟာကို ပြတော်မူသည်။

ဤသို့ ယမိုက်(ရေးမီးအစုံ) ပြာဋိဟာကို
ပြတော်မူပြီး၍ဝါဆိုလပြည့် ညနေဆည်း
ဆာချိန်တွင်ရှေးမြတ်စွာဘုရားရှင်တို့နည်း
တူ တာဝတိံသာနတ်ပြည်၌ ဝါကပ်တော်
မူ၍မယ်တော်မိနတ်သားအား အဘိဓမ္မာ
တရား ဟောကြားတော်မူရန်
တာဝတိံသာနတ်ပြည်သို့ ခြေနှစ်လှမ်း
(သုံးဖဝါး)ဖြင့်ကြွသွားတော်မူ၏။

မြတ်စွာဘုရားရှင်သည် တာဝတိံသာနတ်
ပြည်၌ဝါတွင်းသုံးလပတ်လုံး ဝါကပ်သီတင်း
သုံးရန်ပယ်လယ်ကသစ်ပင်ရင်းရှိ
သိကြားမင်း၏ ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာ
ကြီးပေါ်၌ သီတင်းသုံးတော်မူ၏။

ဤသို့ တာဝတိံသာ နတ်ပြည်သို့ မြတ်စွာ
ဘုရားရှင် ကြွတော်မူလျှင်
လူ့ပြည်၌ တန်ခိုးပြာဋိဟာကိုပြပွဲသို့ စုဝေး
ရောက်ရှိကြကုန်သော လူအပေါင်းတို့က
ကောင်းကင်သို့ မျှော်ကြည့်၍ ဘုရားရှင်
အဘယ်သို့ကြွတော်မူပါသနည်းဟု မေး
လျှောက်သဖြင့်…

ဒိဗ္ဗစက္ခုဧတဒဂ်ရ အရှင်အနုရုဒ္ဓါမထေရ်က

ဘုရားရှင်သည် တာဝတိံသာနတ်ပြည်ဝယ်
သိကြားမင်း၏ပဏ္ဍုကမ္ဗလာ ကျောက်ဖျာ
ထက်၌ ဝါကပ်တော်မူလျှင်
မယ်တော်မိနတ်သားအမှူးပြုသော နတ်
ုဗြဟ္မာအပေါင်းအားအဘိဓမ္မာတရားကို
ဟောကြားရန် တာဝတိံသာ နတ်ပြည်
သို့ ကြွတော်မူ၏ဟု ဖြေကြား၏။

လူတို့သည် မြတ်စွာဘုရားရှင်ကို မဖူးမြင်
ရသမျှဤအရပ်မှ မပြန်အံ့ဟု ကြံပြီးလျှင်
သာဝတ္ထိပြည်အနီးဝယ် အသီးသီး သစ်
ခက်တဲမဏ္ဍပ်ကိုပြု၍ နေကြကုန်၏။

မြတ်စွာဘုရားရှင်သည် ရှေးဦးကပင်လျှင်
အရှင်မောဂ္ဂလာန်အား…သင်ချစ်သားသည်

ဤပရိတ်သတ်အား တရားဟောရစ်ရ
မည်ဟု မိန့်တော်မူခဲ့ပြီး ဖြစ်၏။

မြတ်စွာဘုရားရှင်သည် ပဏ္ဍုကမ္ဗလာမြ
ကျောက်ဖျာပေါ်၌( ၇ )ဝါမြောက် ဝါကပ်
တော်မူ၍ဝါတွင်းသုံးလပတ်လုံး အဘိဓမ္မ
ာဒေသနာတော်ကိုဟောကြားတော်မူခဲ့၏။

တစ်ဖန် အရှင်သာရိပုတ္တရာအား အဘိဓမ္မာ
တရား အကျဉ်း ဟောတော်မူ၏။

အရှင်သာရိပုတ္တရာမှလည်း မိမိ၏ တပည့်
ရဟန်းငါးရာအားမြတ်စွာဘုရားရှင်
ဟောကြားတော်မူသော အဘိဓမ္မာ
အကျဉ်းကိုမိမိဉာဏ်ဖြင့် ချဲ့ကာ မကျဉ်း
မကျယ် အလယ်အလတ်အားဖြင့်
ပြန်လည်ဟောကြားတော်မူပါတယ်။

မြတ်စွာဘုရားရှင် တာဝတိံသာ၌
အဘိဓမ္မာတရား ဟောကြားခြင်းပြီးဆုံး
သည်နှင့်တပြိုင်နက်အရှင်သာရိပုတ္တရာက
တပည့် ရဟန်းငါးရာကိုအဘိဓမ်မာတရား
သင်ပြပို့ချပေးမှုလည်း ပြီးဆုံးလေတော့၏။

ထိုနေ့ကား…သီတင်းကျွတ်လပြည့်နေ့
ပင်တည်း။

အဘိဓမ္မာဒေသနာတော်ကို ဟောကြား
တော်မူပြီးသော်သိကြားမင်းအား…
မြတ်စွာဘုရားရှင်က သင်သိကြားမင်း၏
နတ်ပြည်၌ငါဘုရား ပြုဖွယ်ကိစ္စကို ပြုပြီးပြီ။

လူ့ပြည်ရှိ သင်္ကဿနဂိုရ်ပြည်သို့ ငါဘုရား
ဆင်းသက်တော် မူအံ့ဟု မိန့်တော်မူ၏။

သီတင်းကျွတ်လဆန်း( ၈ )ရက်နေ့တွင်
အရှင်မောဂ္ဂလာန်မှ တာဝတိံသာနတ်ပြည်
သို့ တက်တော်မူပြီးမြတ်စွာဘုရားရှင်
အဘယ်အရပ်၌ ဆင်းသက်မည်နည်း
ဟု မေးလျှောက်သဖြင့်

မြတ်စွာဘုရားရှင်က…
ချစ်သား သင်၏ နောင်တော်ကြီး သာရိ
ပုတ္တရာ ဝါကပ်ရာသင်္ကဿနဂိုရ်ပြည် တောင်
တံခါး၌သီတင်းကျွတ်လပြည့်နေ့ ပဝါရဏာ
နေ့တွင် ဆင်းသက်တော်မူမည်ဟု မ
မိန့်တော်မူပါတယ်။

လူအပေါင်းတို့ဟာ ထိုအကြောင်းကို အ
ရှင်မောဂ္ဂလာန်မှတဆင့် ကြားသိရဖြင့်
သီတင်းကျွတ်လဆန်း( ၉ )ရက်နေ့၌ပင်
သင်္ကဿနဂိုရ်ပြည်တောင်တံခါးသို့ ရှေးရှုသွား
ကြကုန်၏။

သီတင်းကျွတ်လပြည့်နေ့ရောက်သော်…
သိကြားမင်းသည် တာဝတိံသာနတ်ပြည်
သုဒဿနမြို့မှသည်
သင်္ကဿနဂိုရ်ပြည်တောင်တံခါးဝထိ
ရွှေစောင်းတန်း၊ပတ္တမြားစောင်းတန်း၊ငွေ
စောင်းတန်းဟူသောစောင်းတန်းလှေကား
သုံးသွယ်ကို တင့်တယ်စွာ စီရင်၏။

မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်
ခြောက်သွယ်တပြိုင်နက် ထွန်းလင်းစေ
လျက်အတုမရှိသော အသရေတော်ကို ပြ
တော်မူ၍ပတ္တမြားစောင်းတန်းဖြင့် ဆင်း
သက်ကြွတော်မူပါတယ်။

ဗြဟ္မာကြီးတို့က ဘုရားရှင်အား
ရွှေထီး ငွေထီး၊သန္တာထီး တို့ဖြင့် အသီးသီး
မိုးလျှက်လက်ျာဘက်ရှိ ရွှေစောင်းတန်းဖြင့်၊
သိကြားမင်းအမှူးရှိသော နတ်အပေါင်းတို့မှ
ရွှေတံခွန်၊ ငွေတံခွန်၊ ပုလဲတံခွန်တို့ကို
ကိုင်လျှက်မြတ်စွာဘုရားရှင်အား ပူဇော်
ကာလက်ဝဲဘက်ရှိ ငွေစောင်းတန်းဖြင့်
ဆင်းသက်လာကုန်၏။

ဤသို့အတုမရှိသော
မြတ်စွာဘုရားရှင်၏ အသရေတော်ကို
ဖူးမြင်ရသော လူပရိတ်သတ်အပေါင်းတို့
သည်အားရဝမ်းသာဖြစ်၍
ဘုရားအဖြစ်ကို မတောင်းတသူ တစ်ဦးမျှ
ပင် မရှိပေ။

အရှင်သာရိပုတ္တရာက တပည့်ရဟန်းငါးရာ
နှင့်တကွမြတ်စွာဘုရားရှင်၏ ခြေတော်စုံ၌
ဦးခိုက်ရှိခိုးကြ၏။

အရှင်သာရိပုတ္တရာက…
မြတ်စွာဘုရား ယနေ့ ခပ်သိမ်းသော လူ
နတ်ဗြဟ္မာတို့သည်အတုမရှိသော မြတ်စွာ
ဘုရားရှင်၏ အသရေတော်ကိုဖူးမြင်ကြရ၍
လွန်စွာ မြတ်နိုးကြကုန်လျက် ဘုရားဆုကို
တောင့်တ ကြကုန်၏။

မြတ်စွာဘုရားရှင်က…
အရှင်သာရိပုတ္တရာအား…ချစ်သား
ကိလေသာမီးတို့၏ငြိမ်းရာ
အေးမြသည့် နိဗ္ဗာန်ချမ်းသာ၌ မွေ့လျော်ကြ
ကုန်သောသဗ္ဗညုတဘုရားရှင်တို့အား
ဗြဟ္မာ နတ် လူအပေါင်းတို့က ဤသို့
ချစ်မြတ်နိုးကြကုန်သည်သာတည်းဟု
မေးကာ ဖြေကာဖြင့်တရားတော်ကို
ဟောကြားတော်မူခဲ့ပါတယ်။

ထိုတရားကိုနာကြားကြရ၍ အရှင်သာရိ
ပုတ္တရာ၏တပည့်ငါးရာသည်
ရဟန္တာအဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။

ထိုနေ့သည်ကား သီတင်းကျွတ်လပြည့်နေ့
့ပေတည်း။

အချုပ်အားဖြင့်…
သီတင်းကျွတ်လပြည့်နေ့ကို
မြတ်စွာဘုရားရှင် တာဝတိံသာနတ်ပြည်၌
မယ်တော် သန္တုဿိတနတ်သားအမှူးရှိသော
နတ်ဗြဟ္မာအပေါင်းအားအဘိဓမ္မာတရား
ဟောကြားတော်မူပြီးခဲ့သည့်နေ့။

အရှင်သာရိပုတ္တရာအား အဘိဓမ္မတရား
အကျဉ်းဟောတော်မူပြီးခဲ့သည့်နေ့။

အရှင်သာရိပုတ္တရာမှ တပည့်ရဟန်းငါးရာ
အားမကျဉ်းမကျယ် အဘိဓမ္မာတရားကို
ဟောတော်မူပြီး ခဲ့သည့်နေ့။

အဘိဓမ္မာဒေသနာတော် ဟောတော်မူပြီး
နောက်တာဝတိံသာ နတ်ပြည်မှ
သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူခဲ့
သည့်နေ့။

ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်
များအပြစ်ရှိကအချင်းချင်း ပြောကြားကြ
ရသော ပဝါရဏာနေ့။

မြတ်စွာဘုရားရှင် သင်္ကဿနဂိုရ်ပြည်သို့ ဆင်း
းးသက်တော်မူရာအခါ၌
ကြိုဆိုပူဇော်ကြသော နတ်ဗြဟ္မာနှင့်လူ
အပေါင်းတို့ဘုရားဆုပန်ကြသောနေ့များ
သည်သီတင်းကျွတ်လပြည့်နေ့ဖြစ်ခြင်း
စသည်ဖြင့်နေ့ထူး နေ့မြတ်ပေါင်းများစွာမှ
ရှေးဘုရားရှင်တို့၏ ထုံးစံအတိုင်း
မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား
အား ကျေးဇူးဆပ်သောအားဖြင့်
အဘိဓမ္မာဒေသနာတော်ကို ဟောကြား
တော်မူပြီးသည့်နေ့ကို
အဘိဓမ္မာအခါတော်နေ့ဟု
မှတ်တမ်းတင်တော်မူခဲ့ခြင်း ဖြစ်လေသည်။

မူရင်း-Credit

ကဆုန်လပြည့် - ဗုဒ္ဓနေ့ကဆုန်လပြည့်နေ့အကြောင်း🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ🙏🙏🙏🙏🙏🙏🙏🙏...
22/05/2024

ကဆုန်လပြည့် - ဗုဒ္ဓနေ့

ကဆုန်လပြည့်နေ့အကြောင်း
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။

#ကဆုန်လပြည့်နေ့၏
ထူးခြားချက်များမှာ !

(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်
အညီ သုံးလောက ထွဋ်ထား
သဗ္ဗညု မြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့

#ဖွားမြင်တော်မူသောနေ့

#ဘုရားဖြစ်တော်မူသောနေ့

#ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့်၊

#ဤကဆုန်လပြည့်နေ့ ကို -

#ကဆုန်လပြည့်ဗုဒ္ဓနေ့ ! ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ ဤရက်ကို
ကဆုန်လပြည့် မာရ်အောင်နေ့
အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်
အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို
အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂ စေတီ ထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်း
လေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး
ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်း
အစဉ်လာကို ခေတ်အဆက်ဆက်
ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ လ ရာသီ
ပွဲတော်များအနက်၊
ကဆုန်လ ၌ ညောင်ရေသွန်းပွဲ
တော်ကို ရိုးရာပွဲတော်အဖြစ်
အစဉ်အလာ သတ်မှတ်ခဲ့ကြ
ပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိ ဿဘုရားရှင်
၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရ
သော ကုသိုလ်ကြောင့် နတ်ပြည်၌
ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်း
အကျိုးများကို ခံစားရကြောင်း
(ထေရာပဒါန်) ကျမ်းဂန်၌
ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိ ဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရား
ရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါ
မရှိခြင်း၊ သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရ
ပါသည်။

၉။ အထက်ပါအကြောင်းအရာများ
ကို နှလုံးသွင်း၍ ဗုဒ္ဓဘာသာဝင်
သူတော်စင်များအနေဖြင့် နှစ်စဉ်
နှစ်စဉ် ကဆုန်လပြည့်နေ့ ရောက်
တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိ ဿစေတီ
တော်များကို အနေကဇာတင်
ဗုဒ္ဓအဘိသေက မင်္ဂလာသဘင်
ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူး
ကို ဆည်းပူးလေ့ ရှိကြပါသည်။

ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမှုများကို
ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို
အမှတ်တရ ဆင်နွှဲကြပါသည်။
======================================

မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]
တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်။

၁၃၈၆ ခုနှစ် မြန်မာ ​​​နှစ်သစ်မှစ၍ ကံကောင်းခြင်း မင်္ဂလာတွေနဲ့ ပြည့်စုံကြပါစေလို့  " YK Premium Thrift Shop "မှ ဆုမွန်ကော...
17/04/2024

၁၃၈၆ ခုနှစ် မြန်မာ ​​​နှစ်သစ်မှစ၍ ကံကောင်းခြင်း မင်္ဂလာတွေနဲ့ ပြည့်စုံကြပါစေလို့ " YK Premium Thrift Shop "မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင် 🙏🏻🙏🏻🙏🏻

🚨🚨 သေတတ်သည်! သတိထားပါ! 🚨🚨ညနေကတောင်ဖြစ်သေးတယ်။ ** တံတွေးခမ်းပြီး လူက မိုက်ကနဲပဲ**ရေပြေးသောက်လိုက်မှ သက်သာတယ်။*** အယ်နီညို...
09/04/2024

🚨🚨 သေတတ်သည်! သတိထားပါ! 🚨🚨

ညနေကတောင်ဖြစ်သေးတယ်။
** တံတွေးခမ်းပြီး လူက မိုက်ကနဲပဲ**
ရေပြေးသောက်လိုက်မှ သက်သာတယ်။

*** အယ်နီညိုမှာ ဒီရောဂါကြောင့်အများကြီးသေနိုင်ပါတယ်။****

***Heat Stroke အပူလျှပ်တဲ့ရောဂါ***

ကျွန်တော် ဖြစ်ဖူးပါတယ်။ ကားစီးနေရင်း
ခန္ဓာကိုယ်တခုလုံးပူလာပြီး ပါးစပ်နှာခေါင်း
မျက်စိတွေကအစပေါ့။ ပြီးတော့ ဒီလောက်ပူနေတာ ချွေးမထွက်ဘူး ခေါင်းတွေမူးခြေတွေလက်တွေတုန်တယ်။

ဖြစ်တာက ဥက္ကံမြို့အကျော်ဖလုံရွာနား
Express ကား ပေါ်မှာ နာရီတွက်ကြည့်မိတော့ နောက်မိနစ်၂၀မှတိုက်ကြီးရောက်တော့မယ်။ ရေသန့်ဗူးကိုသောက်ပါတယ် ...
သို့ပေမဲ့ မရ။ သောက်ပြီးတာနဲ့ ပါးစပ်ထဲမှာ
တံတွေးမရှိတော့ဘူး... ခြောက်ကပ်သွားပါတယ်။

ရေလဲကုန်ပြီမို့ ကားစပါယ်ယာကို ခေါ်ပြီး
ဓာတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုပြီး
အကူအညီတောင်းတော့ ဓာတ်ဆားနှစ်ထုပ်ရပါတယ်။

သောက်လိုက်တော့မှ ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်...
မူးတာမပျောက်ဘူး။ နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ် ...

မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပဲ...
တိုက်ကြီး မှာဆင်းပြီး အနီးဆုံးဆေးခန်းကို
ကျွန်တော်ပြေးပါတယ်။

ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပြီးသွေးချိန်တော့ "၅၀/၄၀" ကိုကျသွားပါပြီ။

ဆရာဝန် မလေးကချက်ချင်း ဒရစ်ချိတ်ပေးပါတယ်။
ရှင့်ဆုံးဖြတ်ချက်မှန်တယ် ... မဟုတ်ရင်
အသက်အန္တရာယ်နီးတယ်တဲ့။

ဒရစ်ချိတ်ပြီးတော့ "၆၀/၇၀" ပြန်တက်လာတယ်။
သတိရှိလို့ပါ မဟုတ်ရင် သေပါတယ်။

ဒါကြောင့် ချွေးမထွက်ပဲ တကိုယ်လုံး
ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားကြပါ ...

ရှက်စရာမဟုတ်ပါ။ ရေ၊ ဖျော်ရည်၊ သကြားလုံး၊ဓာတ်ဆား ရရာသောက်လိုက်ပါ။

အချိန်မဆွဲပါနဲ့ ရောက်တဲ့နေရာမှာ ဓာတ်ဆား ကတော့ နေရာတိုင်း ရှိပါတယ်။
ချက်ချင်းသောက်ပါ...

အယ်နီညိုမှာ ကိုယ့်ဟာကိုယ် "Heat Stroke" ဖြစ်တာမသိရင် ဒုက္ခလှလှတွေ့မှာပါ။
သတိထားပေးကြပါ။ ပေါ့လို့မရပါ။

၁၅ မိနစ်အတောအတွင်း "Body heat" ကို "၄၀" အောက်ပြန်မချနိင်ရင် ဆိုးရွားသွားနိင်ပါတယ်။

ရေ/ဖျော်ရည် "ဓာတ်ဆား"အဓိကပါ...
မဟုတ်တဲ့ ဆေးတွေ လျှောက်တိုက်ရင် ...
***အဖျားဆေးတွေသောက်မိရင်*** အဆင်းဘီးတပ်သလို ထိန်းရတော့မှ မဟုတ် ပါ။

ဒါကြောင့် "အပူလျှပ်တာ"ကို "ဖျားတာ" နဲ့ရောမှာစိုးလို့ပါ။
ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။ နီးစပ်ရာလည်းသတိပေးပါ။

*** လာမှာနော်အယ်နီညိုနဲ့ အတူ "Heat Stroke" တဲ့ ***

# Credit to rightful owner

Address

Yangon

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Website

Alerts

Be the first to know and let us send you an email when YK Delivery Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category