16/11/2025
အောက်ချင်းသံသာ ချင်းတို့ရိုးရာ
Miss International Myanmar 2025
Nan Inzali
National Costume ရည်ရွယ်ချယ်ကတော့ " ချင်းရိုးရာဝတ်စားဆင်ယင်မှု နှင့် အမျိုးသမီးစွမ်းဆောင်ရည်ကို ယဉ်ကျေးမှုအနုပညာတစ်ခုနဲ့တင်စားဖော်ကျူးရန်"ဖြစ်ပါတယ်။
ဒါကြောင့် ယဉ်ကျေးမှုအနှစ်သာရပြည့်ဝပြီး ကျော့ရှင်း လှပတဲ့ " ချင်းရိုးရာ ဝတ်စုံလေး " တစ်ခုကိုဖန်တီးခဲ့ပါတယ်။ ချင်းလူမျိုးတို့၏ ရိုးရာဝတ်စုံနှင့် အောက်ချင်းငှက် နှင့် တောင်ဇလပ်ပန်းတို့ သည် ချင်းလူမျိုးတို့၏ ခိုင်းနှိုင်းမရသော ယဉ်ကျေးမှုအမွေအနှစ်များထဲက တန်ဖိုးထားရာတွေပဲဖြစ်ပါတယ်။
ထို့အပြင် ချင်းရိုးရာ အောက်ချင်းငှက် အက သည် မြန်မာနိုင်ငံအနောက်ဘက်ရှိ ချင်းပြည်နယ်မှ ချင်းလူမျိုးများ၏ ဂုဏ်ယူဝံ့ကြွားစရာ ရိုးရာယဉ်ကျေးမှု အမွေအနှစ် တစ်ရပ်ဖြစ်ပါတယ်။ အောက်ချင်းငှက် အကဟာ ချင်းလူမျိုးတို့၏ သဘာဝအလှနှင့် သက်ရှိသတ္တဝါများအပေါ် ကျေးဇူးတင်မှုနှင့် လေးစားမှုကို ဖော်ကျူးထားသော အကတစ်ခုလည်းဖြစ်ပါတယ်။
ချင်းလူမျိုးတို့၏ ရိုးရာဝတ်စုံများကတော့ အရောင်သွေးစုံလင်ခြင်း၊ ဒီဇိုင်းထူးခြားခြင်းနှင့် အနက်ရောင်ပေါ် အနီ၊ အစိမ်း၊ အဖြူ စသည့် အရောင်များဖြင့် ပေါင်းစပ် ရက်လုပ်ထားသော ပန်းပုံစံ၊ ဂျီဩမက်တရိပ်စည်းပုံစံများ ရက်လုပ်လေ့ရှိကြပါတယ်။
ချင်းယဉ်ကျေးမှု၏ ထူးခြားသော အမှတ်လက္ခဏာတစ်ရပ်ဖြစ်သည့် ခေါင်းပေါင်းအရောင်များ၊ ခါးပတ်ပြား၊ လက်ကောက် အဆင်တန်ဆာ၊ ပုတီးလည်ဆွဲနှင့် နားတောင်းများကလည်း အလွန်လှပထူးခြားပြီး လက်မှုပညာအဆင့်အတန်းမြင့်မားခြင်းတို့ပေါ်လွင်လှပါတယ်။
ချင်းလူမျိုးတို့၏ ရိုးရာဝတ်စုံတွင် အောက်ချင်းငှက်၏ ပုံရိပ်များ ကို ရက်လုပ် ထည့်သွင်းထားသည်ကိုလည်း တွေ့ရှိနိုင်ပါတယ်။ ထိုသို့ ရက်လုပ်မှုက ဝတ်စုံအပေါ် သဘာဝအလှအပေါ် ချစ်မြတ်နိုးခြင်းနှင့် ချင်းလူမျိုးတို့၏ ယဉ်ကျေးမှုသည် သဘာဝပတ်ဝန်းကျင်အကြား အလှတရားများနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေမှုကို ဖော်ကျူးပြနေခြင်းဖြစ်ပါတယ်။
ဒီဖန်တီးမှုဟာ ကြည့်ရူသူတို့အတွက် ရိုးရှင်းသောလက်ရာဖြစ်သော်ငြားလည်း ဖန်တီးသူတို့အတွက် ဖန်တီးမှုမှာ ယဉ်ကျေးမှုအနှစ်သာမပျက်စေရန် နှင့် အချက်လက်အမှားများ မပေးမိစေရန် တတ်သိနားလည်းသူများပေါ်ချဉ်းကပ်၍ ခေတ် နှင့်အညီ စနစ်တကျဖန်တီးထားသော" ချင်းရိုးရာ " ဝတ်စုံလေးတစ်ခုဖြစ်ပါတယ်။
ဒီလို လှပကျော့ရှင်းသော " ချင်းရိုးရာ " ဝတ်စုံအား ရွှေ၊ ငွေ၊ ကြေး၊ ဒန် ၊ ပုလဲ အစရှိသည်တို့နှင့် ဖန်တီးထားသော လက်ဝတ်တန်ဆာများ နှင့် Design concept ပြုလုပ်ထားပြီး၊ color အားဖြင့်လည်း အနီ၊ အနက်ကိုအဓိကထားပြီး အရောင်ကိုရွေးချယ်ပြီးဖန်တီးပုံဖော်ထားသော အနုပညာလက်ရာအား ကျွန်တော်တို့ရဲ့ Miss International Myanmar 2025 ကိုယ်စားပြု Na Na အတွက် ကျွန်တော် Designer အဖွဲ့ TK Team တို့မှ အသိပညာရှင်၊ အတတ်ပညာရှင်းများနှင့်ပူးပေါင်းပြီး ဂုဏ်ယူစွာဖြင့် ဖန်တီးပုံဖော်ထားသော National Costume တစ်ခုပင် ဖြစ်ပါတယ်။
𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐬𝐭𝐮𝐦𝐞 𝐛𝐲 TK Team
TK ( Team Leader )
Designer Than Htaik
Designer Van Bawi Liam
Designer Khin Yadana Lin Lae
Designer Hnin Lwin Htay
Designer Pan Myat Chel
Designer Ei Ei Aung
Designer Sagar Pwint
𝐌𝐚𝐤𝐞𝐮𝐩 - Sora Teams
PHOTOGRAPHY/ Mie mie lay
Special thanks to SHALOM Chin Collection🙏🏻