Ideal Mart Branded Online Shop - UK, Australia, Singapore,etc.

Ideal Mart Branded Online Shop - UK, Australia, Singapore,etc. We sell branded products from UK, Australia, Singapore, etc. and provide other services to buy some needed things from UK.

❤️ မိတ်ဆွေတို့  .... ကျန်းမာခြင်းသည် လဘ်ကြီးတပါးမို့ 👨‍👩‍👧‍👦 မိတ်ဆွေတို့ ကျန်းမာဖို့   က ကူညီပေးပါရစေ 🥰⚠️ ရောဂါ အားလုံးရ...
20/05/2023

❤️ မိတ်ဆွေတို့ .... ကျန်းမာခြင်းသည် လဘ်ကြီးတပါးမို့ 👨‍👩‍👧‍👦 မိတ်ဆွေတို့ ကျန်းမာဖို့ က ကူညီပေးပါရစေ 🥰

⚠️ ရောဂါ အားလုံးရဲ့ အစက အစာလမ်းကြောင်းပါ စားလိုက်တဲ့ အစာ ဝမ်းဗိုက်ထဲ ရောက်သွားတဲ့ အစာ မှန်သမျှ ဓာတုကင်းစင်ပြီး အာဟာရပြည့်ဝမှ သက်ရှည်ကျန်းမာ စိတ်ချမ်းသာမှာပါ

⚠️ ယနေ့ခေတ် စားဆီအရည်အသွေးတွေဟာ ဓာတုဆေးတွေနဲ့ လိုချင်တဲ့ အနံ့တွေ ရအောင်လုပ်မယ် စားအုံးဆီတွေနဲ့ရောမယ် တရုတ်က ပြန်ချက်တဲ့ ဆီအတုတွေရောင်းမယ် စသဖြင့် နည်းလမ်း ပေါင်းစုံသုံးပြီ စားသုံးသူကို လှည့်စားနေကြတာ စားသုံးသူတွေအနေနဲ့ ဗဟုသုတ သတိဝိရိယရှိရှိနဲ့ ရွေးချယ်စားသုံးမှသာ မိသားစု 👨‍👩‍👧‍👧 ကျန်းမာရေးကို စောင့်ရှောက်ရာ ရောက်မှာပါ

😨 အိမ်တစ်အိမ်မှာ သူခိုးခိုးတာထက် ပိုဆိုးတဲ့ ဆုံးရှုံးမှုက အိမ်သူ အိမ်သား တစ်ယောက် မကျန်းမာရင် ရှာထားသမျှ ကုန်တော့တာပါဘဲ ဒါကြောင့်မို့ မီးဖိုချောင်က အိမ်တစ်အိမ်ရဲ့ ကျန်းမာပျော်ရွှင်ခြင်းတွေ ပေးမယ့် အရေးကြီးဆုံး နေရာလေးပါ 🏝️

👩‍🍳ဗဟုသုတ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ မိတ်ဆွေတို့အတွက် National က ကျန်းမာပျော်ရွှင်ခြင်းတွေပေးမယ့် မြေပဲ ဆုံဆီ စစ်စစ်ဆိုတာ တစ်ခါသုံးကြည့်တာနဲ့ National ကို ထာဝရ သုံးဖြစ်မှာ အသေချာပါ 💯

ရဲ့ မိတ်ဆွေတို့အပေါ်ထားတဲ့ #စေတနာတွေကတော့

✔️ မြေပဲဆံ အလုံးကောင်း အလုံးသန့်ကိုသာ အသုံးပြုထားခြင်းကြောင့် သဘာဝမြေပဲ 🥜 အနံ့လေး မွေးပျံ့ခြင်း။

✔️ Dryer အခြောက်ခံစက်ဖြင့် မြေပဲရဲ့ moisture ကို ထိန်းထားခြင်းကြောင့် မှိုကင်းစင်ခြင်း။

✔️ ဆီဘူးထဲသို့ ဆီဖြည့်စက်ဖြင့် ဖြည့်ပေးခြင်းကြောင့် bacteria ပိုးမွှားများ ကင်းစင်ခြင်း။

✔️ အရောအနှောကင်း(ဓာတုကင်း) ခြင်းဖြင့် စားသုံးသူအကျိုးစီးပွားကို အလေးထားပေးခြင်း။

✔️ အရည်အသွေးကို အဓိက အာမခံပေးခြင်း။ Good Quality - Fair Price

💙 ရဲ့ အရည်အသွေး 💙 ရဲ့ စေတနာကို 👨‍👩‍👦‍👦မိတ်ဆွေတို့ ခံစားသိရှိနိုင်ဖို့ ယခုကာလမှာ အရည်အသွေးမှန် ✔️ ဈေးတန် တန် နဲ့ ရောင်းပေးနေပါတယ် ဗျ

1️⃣ ပိဿာ - 15,500
3️⃣ ပိဿာ - 45,000
5️⃣ ပိဿာ - 74,000
🔟 ပိဿာ - 145,000

(မြေပဲစျေးနှုံး အပြောင်းအလဲများကြောင့် ဆီစျေးနှုန်း အပြောင်းအလဲရှိလျှင် ကြိုတင်အသိပေးပါမယ် ဗျ)

➡️ကျွန်တော်တို့ရဲ့ ဆီကြိတ်တဲ့နေရာကို ကိုယ်တိုင် မြေပဲနဲ့ လာရောက် ကြိတ်ခွဲနိုင်ပါတယ်ဗျ
ကြိတ်ခ မယူ ထွက်ရှိ ပဲဖတ်ဘဲ ယူပါတယ်ဗျ

🏠အမှတ် ၅၁၄၊ ဝိဟာရလမ်း၊ ရှမ်းကုန်းကျေးရွာ၊ မှော်ဘီမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
☎️09946149919

https://www.facebook.com/profile.php?id=100091363251657

နေရှင်နယ် မြေပဲဆုံဆီ

Doctor's best D3 5000iu180 softgels - MMK 15,000360 softgels - MMK 24,000
21/11/2021

Doctor's best D3 5000iu
180 softgels - MMK 15,000
360 softgels - MMK 24,000

💥 ကိုဗစ်၊ အောက်စီဂျင်ကျ၊ အသက်ရှုမဝ၊ မော၊ ပြင်းထန် အဆုပ်ရောင်ခြင်း နှင့် အဆုပ်ဆရာကြီး NAC 💥 ‼️ ရေးစရာတွေ ပြောပြချင်တာတွေ ...
12/09/2021

💥 ကိုဗစ်၊ အောက်စီဂျင်ကျ၊ အသက်ရှုမဝ၊ မော၊ ပြင်းထန် အဆုပ်ရောင်ခြင်း နှင့် အဆုပ်ဆရာကြီး NAC 💥

‼️ ရေးစရာတွေ ပြောပြချင်တာတွေ အရမ်းများနေတဲ့အထဲက လက်ရှိအခြေအနေမှာ အရေးကြီးဆုံး နဲ့ လူနာတွေရင်ဆိုင်နေရတဲ့ ဒုက္ခ အကြီးကြီးတခု ဖြစ်တဲ့ ဖျားနာ၊ ချောင်းဆိုး က စပြီး (တချို့လဲ ဒီအဆင့်မရောက်ဘဲ ကျော်ပြီးမှ) နမိုးနီးယား ခေါ်တဲ့ အဆုပ်ရောင်ခြငိးကနေ အဆုပ်ထဲ ရေဝင်၊ နောက်ဆုံး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးပြီးသေဆုံးရတဲ့အထိ မရောက်ရအောင် ကယ်တင်နိုင်တဲ့ "အဆုပ်ဆရာကြီး NAC" အကြောင်းပြောပြချင်ပါတယ်၊

👉 ကျမတို့ကူညီနေတဲ့ လူနာတွေထဲမှာ အောက်က ဇယားပါ အဆင့်ထဲက ဆိုးရွားလာတဲ့အဆင့် (၃-၄) အထိ ရောက်နေသူတွေ ကို အခြားအရေးကြီး ဖြည့်စွက်ဆေးတွေနဲ့အတူ အရေးကြီးဆုံး NAC ကို အများဆုံး အားအထိ (very high dose) သောက်ခိုင်းပြီး မသေဆုံးအောင် ဆွဲတင်ကယ်တင်နိုင်ခဲ့ပါတယ်၊

🌹 2nd wave တုန်းက ဆေးရုံကြီးက အရေးပေါ်မှာ ရောက်နေတဲ့ အဆုပ်ဓါတ်မှန်မှာ အခြေအနေဆိုးနေတဲ့ လူနာကိုတောင် NAC တနေ့ ၃ လုံးလောက်ဘဲ အများဆုံးပေးပြီး ပြန်နေကောင်းလာဘူးပါတယ်၊

🦠🤯 အခု 3rd wave ပိုးက အရမ်းပြင်းထန်တာမို့ O2 ကျပြီး မောလာတဲ့သူကို NAC ကို အရင်သိထားတဲ့ dose မျိုး နဲ့ ပေးလို့မရတော့ပါဘူး၊ ဒါကိုလဲ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကမှ စနားလည် လာရတာပါ၊

မိတ်ဆွေတဦးရဲ့ကျေးဇူးနဲ့ အောက်က ဇယား template ကို စဖတ်ရချိန် အဝလွန်ပြီး obesity ဖြစ်နေတဲ့ တူမလေးက O2 70 ထိကျပြီး မောလာတော့မှ ညီမတယောက်နဲ့ တိုင်ပင်၊ ဒီဇယားအတိုင်းဆို သူ့ပေါင်ချိန်နဲ့ NAC က 9000 mg လောက်တိုက်ရမှာပါ၊ အမေရိကား မှာတော့ ဒီအဆင့်ဆို အားအများကြီး ကို အကြောဆေးအနေနဲ့သွင်းပါတယ်၊ ဒါပေမဲ့ ဒီမှာက ထိုးဆေး လဲမရှိသလို ထိုးပေးမဲ့ နေရာလဲ မရှိပါ၊ ဒါကြောင့် ပါးစပ်ကနေဘဲ ဝင်အောင်တိုက်ရမှာမို့ ဆေးကြောက်တဲ့တူမအတွက် NAC 500 mg ၁၀ လုံး ဖြစ်တဲ့ 5,000 mg ကို တိုက်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်၊

😖 ဆေးတမျိုးထဲ ၁၀ လုံးအပါအဝင် တခြား supplements တွေပါ ထည့်ရင် တူမလေးက ဆေး ၅ လုံးတောင် မနဲမျိုနေရတော့ သူ့အမေပါ ခေါင်းကိုက်ရပါတယ်၊ ဒါနဲ့ ညီမတယောက်ကသူ့မှာ NAC 1000 mg ရှိတယ်ဆိုလို့ တနေ့ ၅ လုံး အမှုန့်ကြိတ်ပြီး ပျားရည်တွေနဲ့လုံးပြီး သူ့အမေက ဝင်အောင်တိုက်ရပါတယ်၊ သူက ဆေးလုံးလဲ မမျိုချင်၊ အရည်ထဲထည့်တိုက်တော့လဲ အန်ချင်လို့ဆိုပြီး ဂျီးများနေတာမို့ ရတဲ့နည်းနဲ့ ကိုယ်ထဲရောက်ပြီးရောဆိုပြီး တိုက်ရပါတယ်၊ ဒါ ပထမဆုံး NAC ကို အားအများဆုံးတိုက်လိုက်တာပါ၊ (တခြား supplements တွေလဲ တိုးပါတယ်)

😏 ၂-၃ ရက်အတွင်းမှာဘဲ သူ့ O2 ရော မောတာပါ သိသိသာသာ ကောင်းလာပါတယ်၊ ကျမတို့ pool ထဲက အလွန်တော်တဲ့ ဆရာဝန်ကသင်ပေးတဲ့ အသက်ရှုလေ့ကျင့်ခန်းလဲ လုပ်ပါတယ်၊ နောက် ညီမဆရာဝန်တယောက်က obesity မို့ စိတ်ပူပြီး အင်္ဂလိပ်ဆေးတွေ စတိုက်ခိုင်းပါတယ်၊ ဒါပေမဲ့ မတိုက်သေးဘဲ အခြေအနေကြည့်ပြီး supplements တွေ ချည်းဘဲ သေချာ ဝင်အောင်တိုက်လိုက်လို့ ဒီတောင်ကြီးကို ကျော်နိုင်ခဲ့ပါတယ်၊

✅ အဲ့ဒီနောက် pool က ဆရာဝန်ကလဲ နမိုးနီးယား အဆင့် သူ့လူနာတွေကို NAC အဲ့လို တိုးတိုက်တာ သိသိသာသာ ပြန်ကောင်းလာကြပါတယ်၊ ကျမတို့အဖွဲ့လဲ ယုံကြည်မှုပိုတိုးလာပြီး နောက် ပြင်းထန်အခြေအနေရှိတဲ့ လူနာတွေကို အဲ့ဒီ dose အတိုင်း ဆက်တိုက်ကြပါတယ်၊

❗ ပြန်နေကောင်းလာကြသူ၊ အခြေအနေတော်တော် တိုးတက်လာကြသူ တွေထဲမှာ

👉 ဒက်ဆာ၊ စတီးရွိုက်နဲ့ သွေးကျဲဆေးတွေ အလွန်အမင်းပေးလိုက်လို့ အင်္ဂလိပ်ဆေးတွေဒါဏ်ပိပြီး supplements တွေ ရပ်လိုက်တဲ့ အောက်စီဂျင် ၂ ထပ်ကို 10 L နဲ့ ၂၄ နာရီ မပြတ်ရှုနေရသူ ..

👉 အိပ်ရာပေါ်က လုံးဝမထနိုင်ဘဲ O2 ရှုနေရပြီး စကားတောင် ကောင်းကောင်းမပြောနိုင်တဲ့ မောနေသူ ..

👉 အဖျားကြီးပြီး ဝမ်းလျှော ရေဓါတ်ကုန်ဆုံးတာများသွားလို့ ရှော့ ရသွားတဲ့ သတိလစ်ချင်တဲ့အထိ ဖြစ်သွားရတဲ့ စတီးရွိုက်ဆေးတွေ ပေးလိုက်ရတဲ့သူ

👉 အဆုပ်တခြမ်းမရှိတော့ဘဲ COPD အဆုပ်တီဘီ ဖြစ်ထားတဲ့ စတီးရွိုက်တွေ နှစ်ရှည်လများ သောက်နေရသူ

တွေ ပါပါတယ်၊

အခု post က ပြင်းထန်အဆုပ်ရောင် ရောဂါ အဆင့်အဆိုးရွားဆုံး သူတွေကို တောင် မရဏတွင်းဝ ကနေ ပြန်ဆွဲတင်နိုင်ခဲ့တဲ့ အသည်းနဲ့ အဆုပ်ဘုရင် Top antioxidant NAC အကြောင်းကို ဆွဲထုတ်ပြောပြတာပါ၊ ဒီလိုပြောတာက NAC တခုထဲနဲ့ ကယ်လို့ရတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူးနော်၊

Supplements တိုင်းဟာ ခန္ဓာကိုယ်က လိုနေတဲ့ သူ့နေရာနဲ့ သူအရေးပါတဲ့ ကုန်ကြမ်းတွေပါ၊ ဒီအထဲကမှ NAC က ကိုဗစ်ရဲ့ အဓိက ဖျက်ဆီးခြင်းခံရတဲ့ အဆုပ်အတွက် အလွန်အရေးပါတဲ့ supplements တခုဖြစ်တာကို မီးမောင်းထိုးပြတာပါ၊

📌 ဒီနေရာမှာ သေချာသဘောပေါက်နားလည်စေချင်တာက NAC က ကိုဗစ်ကို နိုင်တဲ့ဆေး မဟုတ်ဘဲ NAC ဆိုတဲ့ ကုန်ကြမ်းကို လုံလောက်အောင်ရလိုက်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံအားစံနစ်က သူ့အဆုပ်ကို မပျက်စီးအောင် ကာကွယ်လိုက်နိုင်တာမို့ အောက်စီဂျင်ကျပြီး အဆုပ်ခဲပြီး ပျက်စီးပြီး မသေဆုံးကြရတာပါ၊

‼️ တကယ် မသေအောင် အလုပ်လုပ်သွားတဲ့ ဇာတ်ဆောင်အစစ်က "ခုခံအား စံနစ်ကြီးပါ" ၊ NAC က သူ့အတွက် အကူအညီပေးတဲ့ လက်နက်ပါ၊

✅ ဒါကိုရှင်းပြရတာက ကျမတို့ကို Supplements နဲ့ Treatment မကွဲဘူးလို့ စွပ်စွဲနေကြသူတွေအတွက်လဲ သဘောပေါက်စေချင်တာပါ၊

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱
ဇယား (ဘာသာပြန်)

N-A-C (ချောင်းဆိုး၊ ရင်ကြပ်၊ အဆုပ်အအေးမိ၊ ပြင်းထန် အဆုပ်ရောင် ခြင်းအတွက်)

(ပုံမှန်အချိန် အစာမရှိချိန် ရေများများနှင့်သောက်ပါ)

1.ဖျားနာ ချောင်းဆိုး အဆင့်- 1200 mg တနေ့ 2 ကြိမ်ခွဲသောက်ရန်။

2.ပြင်းထန် အဆုပ်ရောင်ရောဂါ နမိုးနီးယား အဆင့်- 2400 mg တနေ့ 2 ကြိမ်ခွဲသောက်ရန်။

3.ARDS (အဆုပ်လေအိတ်ထဲတွင် အရည်များပြည့်၀င်လာခြင်း ကြောင့် အသက်ရှုမ၀ခြင်း၊ အောက်စီဂျင်ကျခြင်း - 100mg/kg/day (eg. 170-180 lb => 8,000 mg per day)

4.အခြားကိုယ်အဂါအစိတ်အပိုင်းများ ပျက်ဆီးလာခြင်း - 150mg/kg/day (eg. 170-180 lb => 12,000 mg per day)

ဆေးအလုံးရေများသဖြင့် မသောက်နိုင်ပါက ရေတဘူးထဲ အခြားဖြည့်စွက်ဆေးများနှင့် အတူရောဖျော်ထည့်ပြီး တနေကုန် ဖြည်းဖြည်းခြင်း သောက်ပါ၊


Credit : မျှဝေခြင်း

  Brandဝါးစားလို့ရတဲ့ Vitamin C 500mgပစ္စည်းမှန် ဈေးတန် တစ်ဗူး 24,00010 ဗူး ယူလျှင် တစ်ဗူး 20000
18/08/2021

Brand

ဝါးစားလို့ရတဲ့ Vitamin C 500mg

ပစ္စည်းမှန် ဈေးတန် တစ်ဗူး 24,000
10 ဗူး ယူလျှင် တစ်ဗူး 20000

လက်ကျန်ရှင်းမှာမို့  ရှိတဲ့ size လေးတွေ အုပ်စုခွဲ တင်ပေးထားပါတယ် စိတ်ဝင်စားပါက အသက်သာဆုံးဈေးနဲ့ ရောင်းပေးပါမည်Chat box တ...
25/05/2021

လက်ကျန်ရှင်းမှာမို့ ရှိတဲ့ size လေးတွေ အုပ်စုခွဲ တင်ပေးထားပါတယ်

စိတ်ဝင်စားပါက အသက်သာဆုံးဈေးနဲ့ ရောင်းပေးပါမည်

Chat box တွင် မေးနိုင်ပါတယ်

👍 အဓိကအချက်က ascorbic acid နဲ့အတူ bioflavonoid ပါတွဲပြီးပါဝင်တဲ့ Vitamin C ကိုသောက်ရမှာဖြစ်ပါတယ်..အဲသလိုသောက်ရင်ဘာဆိုးကျ...
25/05/2021

👍 အဓိကအချက်က ascorbic acid နဲ့အတူ bioflavonoid ပါတွဲပြီးပါဝင်တဲ့ Vitamin C ကိုသောက်ရမှာဖြစ်ပါတယ်..အဲသလိုသောက်ရင်ဘာဆိုးကျိုးမှမဖြစ်နိုင်ပါ..

Bioflavonoid Vitamin C 1000mg အား ယခင်ဈေးဟောင်းနဲ့ ရောင်းပေးမည့်အကြောင်း သတင်းကောင်း ပါးအပ်ပါသည်။

ဗိုက်တာမင်စီနှင့်ပတ်သက်သောသိကောင်းစရာများ

ဗိုက်တာမင်စီသောက်ရင်ကျောက်ကပ်ကျောက်တည်မယ်..
ဗိုက်တာမင်စီသောက်ရင်အက်စစ်မို့လို့အစာအိမ်
ထိမယ်၊ အနာဖြစ်မယ်၊ ဗိုက်အောင့်မယ်..
non acid ဗိုက်တာမင်စီကပိုမကောင်းဘူးလား..

ဗိုက်တာမင်စီ acid form ကိုကင်ဆာသမားတွေမသောက်သင့်ဘူး....စသည်ဖြင့် ပြောဆိုနေတာတွေအများကြီးပါ..

ဗိုက်တာမင်စီသောက်လို့ကျောက်ကပ်ကျောက်မတည်နိုင်တဲ့အကြောင်းကိုဆောင်းပါး(၂)ပုဒ်နဲ့ရှင်းပြပီးပါပြီ..အခုဒီဆောင်းပါးမှာကျန်တာတွေကိုရေးပါမယ်..

ဗိုက်တာမင်စီဟာလူသားတွေအတွက်အလွန်အရေးပါတဲ့ဗိုက်တာမင်ဖြစ်ပါတယ်..
လူသားများ၊ guinea pig လို့ခေါ်တဲ့ ပူး နဲ့ အချို့သောprimate ဖြစ်တဲ့ အဆင့်မြင့်နို့တိုက်သတ္တဝါများမှအပ ကျန်တဲ့တိရစ ္ဆာန်များအားလုံးဟာဗိုက်တာမင်စီကိုခန္ဓာကိုယ်ထဲမှာနေ့စဉ်ထုတ်လုပ်ပါတယ်..
ရှေးယခင်ကဗိုက်တာမင်စီချို့တဲ့ခြင်းကြောင့်သွားဖုံးမှသွေးယိုစီး၍သွေးကြောများပေါက်ထွက်ပြီးသေဆုံးစေတဲ့ scurvy သွေးရောဂါကိုကုသရာမှာဗိုက်တာမင်စီကိုအသုံးပြုခဲ့ကြပါတယ်..
1932 ခုနှစ်မှာ citrus fruit (လိမ္မော်၊ရှောက်သီးစသည့်အသီး) မှာပါဝင်တဲ့သွေးယိုစိမ့်ခြင်းကိုတွန်းလှန်တိုက်ဖျက်နိုင်တဲ့ factor ကို water soluble vitamin c (ရေတွင်ပျော်ဝင်သောဗိုက်
တာမင်စီ) သို့မဟုတ် ascorbic acid လို့သတ်မှတ်ခဲ့ပါတယ်..ဗိုက်တာမင်စီရဲ့ဓာတုဖွဲ့စည်းပုံကိုကြည့်ရင်သူ့ရဲ့မော်လီကျူးတစ်လုံးဟာ ကာဗွန်အက်တမ်(၆)လုံး၊ ဟိုက်ဒြိုဂျင်အက်တမ်(၈)လုံး၊ အောက်ဆီဂျင်အက်တမ်(၆)လုံးတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပါတယ်..သင်္ကေတအနေနဲ့ C6H8O6 ပါ..

မိခင်သဘာဝကြီးကပေးထားတဲ့သဘာဝဗိုက်တာမင်စီဟာ L-Ascorbic acid ဖြစ်ပြီး သူကိုယ်တိုင်က antioxidant ဖြစ်တဲ့အတွက်သူ့မှာသူများကိုပေးဖို့ အီလက်ထရွန်တစ်လုံးအပိုပါပါတယ်..free radical တွေကို electron ပေးနိုင်လို့ oxidise
ဖြစ်ဖို့လွယ်ကူပါတယ်..Oxidised form ကတော့
L-Dehydro Ascorbic acid ဖြစ်ပါတယ်..
Ascorbic acid ဟာအားပျော့တဲ့အက်စစ်ဖြစ်ပြီးglucose မော်လီကျူးများနဲ့တည်ဆောက်ပုံအတော်လေးတူပါတယ်..မော်လီကျူးအရဖွဲ့စည်းပုံဖော်မြူလာတူသော်လည်းအက်တမ်များ၏အစီအစဉ်ကွဲပြားမှုကြောင့် ascorbic acid ဟာဒြပ်ပေါင်း ၄မျိုး ကွဲပြားပါတယ်.. L-Ascorbic acid, D-Ascorbic acid, D-Iso Ascorbic acid နဲ့ L-Iso Ascorbic acid တို့ဖြစ်ပြီး
L-Ascorbic acid တစ်မျိုးတည်းသာဇီဝဗေဒနည်းအားဖြင့်အစွမ်းသတ္တိရှိတာဖြစ်ပါတယ်..
ထူးခြားတာကတော့သဘာဝ ဗိုက်တာမင်စီဟာascorbic acid တမျိုးတည်းမဟုတ်ဘဲတခြား bioflavonoids တစ်မျိုးမျိုးနဲ့အတူတွဲပြီးတွေ့ရတတ်ခြင်းပါဘဲ..

အစားအစာမှတဆင့်ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာတဲ့ Vitamin C ကိုအစာအိမ်အောက်ဖက်မှာရှိတဲ့duodenum (အူသိမ်ဦးပိုင်း)နဲ့ proximal jejunum (အူသိမ်နဲ့အူနုများအကြားရှိအူများ)က
စုတ်ယူပါတယ်..Supplement အနေနဲ့ဖြည့်စွက်တဲ့ Vitamin C ပမာဏများကိုတော့ပါးစပ်အတွင်းမှာရှိတဲ့ mucous membrane နဲ့ အစာခြေစံနစ်မှတဆင့်လည်းစုတ်ယူနိုင်ပါတယ်..

Vitamin C ကိုအူမှစုတ်ယူနိုင်စွမ်းဟာ 1000mg ပမာဏကျော်ရင်စုတ်ယူမှုစွမ်းအားလျော့နည်းလာတာကြောင့် အော်သိုမော်လီကျူးဆရာဝန်များကတခါသောက်ရင် 1000mg နှုန်းနဲ့ အချိန်
များခြားပြီးတနေ့တာလုံး(အိပ်ချိန်မှလွဲ၍)သောက်ခိုင်းခြင်းဖြစ်ပါတယ်..များသောအားဖြင့် high dose ပမာဏဖြစ်တဲ့ 10g(10000mg) မှာ side effect အနေနဲ့ intestinal diarrheaလို့ခေါ်တဲ့ဝမ်းလျှောခြင်းကိုဖြစ်စေပါတယ်..

Vitamin C ချို့တဲ့သောလက္ခဏာများ

lethargy (ထိုင်းမှိုင်းလေးလံခြင်း)
fatigue (မောပန်းနွမ်းနယ်ခြင်း)
rheumatic pain in the leg
(ခြေထောက်ရှိအဆစ်များနာကျင်ခြင်း)
muscular atrophy(ကြွက်သားများချည့်ပြီးအားနဲခြင်း)
အူအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းများမှသွေးယိုစီးခြင်း
cataracts (မျက်စိတိမ်စွဲခြင်း)
age-related macular degeneration
(အသက်ကြီး၍မျက်စိမှုန်ခြင်း)

Vitamin C ချို့တဲ့ခြင်းကြောင့်ဖြစ်သောရောဂါများ

scurvy, anemia, bleeding from mucous membranes, formation of liver spots on the skin, open wounds,
loss of appetite and teeth, fatigue,
hemorrhages, depression, impaired wound healing, easy to get colds, easily fractured bones, loss of poor digestion, death.

Vit-C intake levels: Recommended Dietary Allowance (RDA) and Optimal recommendation

US Institute of Medicine (IOM) ကထုတ်ပြန်ထားတဲ့တနေ့တာလိုအပ်ချက်ဗိုက်တာမင်စီပမာဏဟာ အမျိုးသားအတွက် 90mg နဲ့ အမျိုးသမီးအတွက် 75mg ဖြစ်ပါတယ်..ဒီပမာဏဟာဗိုက်တာမင်စီချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ scurvy သွေးရောဂါကိုကာကွယ်ဖို့လောက်ပဲရှိတာပါ..Dr. LinusPauling တို့၊ Dr. Matthias Rath တို့recommend လုပ်ထားတဲ့ပမာဏထက်အများကြီးနဲပါတယ်..နေ့စဉ်သောက်ရမဲ့ဗိုက်တာမင်စီပမာဏ ကွာခြားချက်များကိုအောက်မှာကြည့်ပါ..

60~95mg (US RDI)
200mg (NIH)
6000~18000mg (Dr. Linus Pauling)

Dr. Rath Research Institute မှထုတ်ပြန်
သောတနေ့တာလိုအပ်ချက်

1000~4000mg (healthy individual)
4000~10000mg (heart disease)
10000~80000 g(oral + i.v) (cancer)

စျေးကွက်ထဲတွင်တွေ့ရသောဗိုက်တာမင်စီ
အမျိုးအစားပုံစံများ

Ascorbic acid - သဘာဝပုံစံဖြစ်တဲ့ L-Ascorbic acid နဲ့ synthetic (ဓာတ်ခွဲခန်းထုတ်) L-Ascorbic acid ဆိုပြီး (၂)မျိုးရှိပါတယ်..ဓာတုဖွဲ့စည်းပုံချင်းရော၊ ဇီဝဗေဒနည်းအားဖြင့်
အစွမ်းထက်ပုံချင်းရောတူညီပါတယ်..လူသားများအပေါ်စမ်းသပ်ချက် (၂)ခုအရ၊ natural နဲ့synthetic (၂)မျိုးစလုံးလက်တွေ့ ဆေးပညာရှုထောင့်အရထူးခြားတဲ့ခြားနားမှုမျိုးမရှိဘူးလို့ဆိုပါတယ်
ဒါကြောင့်မို့ သဘာဝ Vit-C နဲ့ synthetic Vit-C၂မျိုးစလုံးကြိုက်ရာကိုသောက်သုံးနိုင်ပါတယ်..

Mineral ascorbate - နောက်တစ်မျိုးကascorbic acid ရဲ့အက်စစ်ဓာတ်ကိုလျော့နဲစေဖို့mineral များနဲ့ရောစပ်ထားတဲ့ mineral ascorbate အမျိုးအစားဖြစ်ပါတယ်..ascorbic
acid ကိုထိန်းပေးတဲ့အတွက်သူတိုကို buffered c သို့မဟုတ် non acid vitamin c လို့လဲခေါ်ပါတယ်..ascorbic acid ကြောင့်အစာအိမ်နဲ့အူလမ်းကြောင်းအနှောက်အယှက်ဖြစ်သူများကို
mineral ascorbate သောက်ဖို့အကြံပေးချက်တွေရှိပါတယ်..non acid များကိုသောက်တဲ့အခါသတိပြုရမှာက ascorbic acid နဲ့အတူ ရောစပ်ထားတဲ့ mineral တွေကိုပါခန္ဓာကိုယ်ကစုတ်ယူတယ်ဆိုတဲ့အချက်ပါ..အထူးသဖြင့် high dose ပမာဏသောက်ရမဲ့အခါမျိုးမှာဒီအချက်ဟာသတိထားရမဲ့အချက်ဖြစ်ပါတယ်

Mineral ascorbate များကိုပုံစံအမျိုးမျိုးနဲ့တွေ့
နိုင်ပါတယ်..

Sodium ascorbate - ascorbic acid ကို
sodium နဲ့ရောစပ်ထားတဲ့ဗိုက်တာမင်စီဖြစ်ပါတယ်..1000mg ပမာဏရှိတဲ့ sodium ascorbate ထဲမှာယေဘုယျအားဖြင့် ဆိုဒီယမ်ပမာဏ 111mg ပါဝင်ပါတယ်.. သွေးတိုးရောဂါရှိသူများအတွက် sodium ascorbate ကိုသောက်ရင်၊ တနေ့ကို ဆိုဒီယမ်ပမာဏ 2500mg ထက်ကျော်လွန်ပြီးမသောက်သုံးသင့်ပါ..ဒါကြောင့်မို့ သွေးတိုးသမားများဟာ sodium ascorbate ကို
megadose မသောက်သင့်ပါ..

Calcium ascorbate - ယေဘုယျအားဖြင့်calcium ascorbate 1000mg ပမာဏမှာကယ်စီယမ်ပမာဏ 90 မှ 110mg အထိပါဝင်ပြီး ascorbic acid ပမာဏ 890 မှ 910mg အထိပါဝင်ပါတယ်..calcium ascorbate ကိုခန္ဓာကိုယ်မှကောင်းမွန်စွာစုတ်ယူနိုင်ပါတယ်..
နေ့စဉ်သောက်သင့်တဲ့ကယ်စီယမ်ပမာဏဟာ100 မှ 1200mg ဖြစ်တယ်လို့ဆိုပါတယ်..

Magnesium ascorbate - ယေဘုယျအားဖြင့် 1000mg ပမာဏရှိတဲ့ mag ascorbateထဲမှာ magnesium ပမာဏ 77mg ပါဝင်ပါတယ်.. တနေ့တာလိုအပ်ချက်ဟာ အမျိုးသားအတွက် 400 မှ 420mg နဲ့ အမျိုးသမီးအတွက် 310 မှ 320mg ဖြစ်ပါတယ်..

Ester C - အဓိကအားဖြင့် calcium ascorbate ပါဝင်ပြီး ပမာဏနဲသော dehydro-ascorbic acid နဲ့ calcium threonate တို့ပါဝင်ပါတယ်.. ထုတ်လုပ်သူများကတော့ threonate ဟာ Ester C ရဲ့အစွမ်းက်ိုပိုမိုထက်မြက်စေတယ်လို့အတည်ပြုပြောဆိုပါတယ်..သို့သော်လဲအမျိုးသမီး(၈)ဦးနဲ့အမျိုးသား(၁)ဦးအပေါ် စမ်းသပ်ချက်တွေအရ- ခန္ဓာကိုယ်ကစုတ်ယူနိုင်မှုနဲ့ဆီးထဲကိုစွန့်ထုတ်မှုအပိုင်းတွေမှာ Ester C နဲ့ Ascorbic acid ဟာဘာမှမထူးခြားဘဲအတူတူဖြစ်တယ်လို့သိရပါတယ်..

Ascorbyl palmitate - နောက်ထပ်တွေ့ရှိရတဲ့ ascorbic acid ပုံစံတစ်မျိုးဖြစ်ပါတယ်..
ascorbic acid ထက်ပိုပြီးသာလွန်ကောင်းမွန်တဲ့အချက်က red cell membrane နဲ့ အဆီမှာပျော်ဝင်တဲ့ antioxidant ဖြစ်တဲ့ alpha tocopherol တို့ကို free radicals များကြောင့် oxidation ဖြစ်ခြင်းကိုသက်သာစေနိုင်တဲ့အချက်ပါ..ဒါ့အပြင် channel blockers ဆိုတဲ့ဓာတုဆေးဝါးများကြေ့ာင့်collagen ဖြစ်တည်မှုကိုဟန့်တားခြင်း ဆိုတဲ့ side effect ကိုလဲလျော့ပါးစေပါတယ်..

Liposomal Vitamin C - Phospholipid ကနေထုတ်လုပ်ထားတဲ့အရည်များနဲ့ပြည့်နေတဲ့ပူဖောင်းသဏ္ဍာန် အလွှာ(၂)ထပ်ရှိတဲ့ liposomes များနဲ့ရောစပ်ထားတဲ့ ascorbic acid ဖြစ်ပါတယ်..ခန္ဓာကိုယ်ရှိ စုတ်ယူမှုကိုတားဆီးနိုင်တဲ့အတားအဆီး (barrier) မှန်သမျှကိုဖြတ်သန်းနိုင်ပြီးspecific cell တွေထဲအထိ၊ ရောက်စေနိုင်တဲ့သတ္တိရှိပါတယ်..Liposomal Vitamin C ကိုအသဲမှစုတ်ယူမှုမပြုလုပ်ဘဲ အူအတွင်းရှိ lymphatic system (ပြန်ရေကြောစံနစ်) မှအဓိကစုတ်ယူတာဖြစ်ပါတယ်..

ဒီလောက်ဆိုရင်သိသင့်သိထိုက်တဲ့ဗိုက်တာမင်စီအမျိုးအစားတွေအကြောင်း အတော်လေးစုံလင်ပြီလို့ထင်ပါတယ်..အငြင်းပွားနေကြတဲ့ acid သောက်မလား၊ non acid သောက်မလား..အစာအိမ်ရောဂါရှိသူတွေ Vitamin C အများကြီးသောက်လို့ရပါ့မလား..Vitamin C ကြောင့်အစာအိမ်မထိခိုက်ဘူးလား..ကင်ဆာသမားတွေအတွက် acid form ထက် non acid form ကပိုမသင့်တော်ဘူးလား..ဆိုတာတွေနဲ့ပတ်သက်လို့ သိသလောက်ပြောပါမယ်..

မိခင်သဘာဝကြီးကပေးထားတဲ့သဘာဝဗိုက်တာမင်စီဟာ ascorbic acid ဖြစ်ပြီးတော့ သူ့အပြင်နောက်ထပ် bioflavonoids တစ်မျိုးမျိုးနဲ့အမြဲတွဲပြီးတွေရလေ့ရှိပါတယ်..တိရစ္ဆာန် တွေရဲ့ခန္ဓာကိုယ်ထဲမှာထုတ်လုပ်တဲ့ဗိုက်တာမင်စီဟာလဲ ascorbic acid ပုံစံဘဲဖြစ်ပါတယ်..ရောဂါဖြစ်တဲ့အချိန်မှာပိုပြီး
တော့ထုတ်လုပ်ပါတယ်..အပေါ် မှာပြောခဲ့သလိုဘဲအပင်ကနေထုတ်ယူလို့ရတဲ့သဘာဝ Vit-C ဖြစ်ဖြစ်၊ဓာတ်ခွဲခန်းမှာထုတ်တဲ့ synthetic Vit-C ဘဲဖြစ်ဖြစ်အာနိသင်အတူတူရှိတာမို့ဘယ်အမျိုးအစားဖြစ်ဖြစ်သောက်လို့ရပါတယ်..ဒါကြောင့်မို့လဲ အော်သိုမော်လီကျူးဆေးပညာနဲ့ကုသတဲ့ဆရာဝန်များဟာ ascorbic acid ကိုဘဲညွှန်ကြတာဖြစ်ပါတယ်..
အဓိကအချက်က ascorbic acid နဲ့အတူ bioflavonoid ပါတွဲပြီးပါဝင်တဲ့ Vitamin C ကိုသောက်ရမှာဖြစ်ပါတယ်..အဲသလိုသောက်ရင်ဘာဆိုးကျိုးမှမဖြစ်နိုင်ပါ..

Non acid ဖြစ်တဲ့ Vitamin C ကတော့ ascorbic acid ကို ဆိုဒီယမ်၊ ကယ်စီယမ်၊ မဂ္ဂနီစီယမ် စတဲ့ mineral တမျိုးမျိုူးနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်..ဒီနေရာမှာသိထားရမှာကမိခင်သ
ဘာဝကလာတဲ့ ascorbic acid ဟာ သူကိုယ်တိုင်ကိုက antioxidant (reduced form) ဖြစ်တဲ့အတွက် တခြား minerals တွေနဲ့ပေါင်းလိုက်ရင် oxidized form ဖြစ်သွားပါတယ်..
Reduced form ဆိုတာ သဘာဝ ascorbic acid ရဲ့မော်လီကျူးတိုင်းမှာ အဆင်သင့်ပေးကမ်းနိုင်တဲ့ donor electron တစ်လုံးစီအပိုရှိနေတာဖြစ်တဲ့အတွက်အီလက်ထရွန်ငတ်နေတဲ့ free radical တွေကိုအချိန်မရွေးအီလက်ထရွန်ပေးဝေပြီး oxidation မဖြစ်အောင်ကာကွယ်နိုင်ပါတယ်..
ဒါကို oxidation - reduction reaction
(redox reaction) လို့ခေါ်ပါတယ်..

တခြား oxidized form ဖြစ်တဲ့ mineral ascorbate တွေအဖို့မှာတော့ သူတို့ကိုယ်တိုင်က oxidize ဖြစ်ပြီးသားမို့လို့ free radical တွေကိုချက်ခြင်းမချေဖျက်နိုင်ပါ..သူတို့ကိုယ်တိုင် အီလက်ထရွန် အပိုရှိတဲ့ reduced form ဖြစ်အောင် လုပ်ယူပြီးမှအသုံးပြုနိုင်တာဖြစ်ပါတယ်..
ကျန်းမာရေးချို့တဲ့လို့ရောဂါဖြစ်နေသူတွေဟာ အီလက်ထရွန်အများကြီးလိုအပ်နေလို့ဗိုက်တာမင်စီသောက်တဲ့အခါကိုယ်သောက်တဲ့ဆေးက non acid vitamin C ဆိုတဲ့ oxidized form ကြီးဖြစ်နေတော့ ရေရှည်မှာ အကျိုး များ/မများ စဉ်းစားသာကြည့်ကြပါ..

Chemical structure (ဓာတုဖွဲ့စည်းမှု) ပုံစံနဲ့ကြည့်ရင် non acid form တွေဟာ ascorbic acid နဲ့ mineral တမျိုးမျိုး ပေါင်းစပ်ထားတာဖြစ်တဲ့အတွက် ဒြပ်ပေါင်း (၂)မျိုးဟာအပြင်ဖက်ဆုံးပတ်လမ်းမှာရှိတဲ့အီလက်ထရွန်တစ်လုံးထဲကိုမျှဝေပြီးသုံးစွဲရတာဖြစ်ပါတယ်..ခန္ဓာကိုယ်ထဲကိုရောက်လို့တမျိုးစီပြန်ခွဲထုတ်ခြင်းဆိုတဲ့ oxidation - reduction reaction (redox reaction)ဖြစ်ပေါ်တဲ့အခါမှာ ကွဲထွက်လာတဲ့ ascorbic acid နဲ့ mineral မော်လီကျူး ၂မျိုးထဲက တခုခုဟာအမြဲတန်းအီလက်ထရွန်လိုနေတဲ့အတွက်free radical တခုဖြစ်သွားပါတယ်..ဒါဟာအန္တရာယ်ရှိတဲ့အခြေအနေပါ..
ဥပမာအားဖြင့် - အီလက်ထရွန်ဟာ ascorbic acid ဘက်ကိုပါသွားရင်ကျန်တဲ့ mineral ဖြစ်တဲ့sodium (or) calcium (or) magnesium ဟာ free radical ဖြစ်သွားပါတယ်.. အဲဒီ free radical တွေမှာလိုအပ်နေတဲ့အီလက်ထရွန်ကိုချက်ခြင်းမဖြည့်ပေးနိုင်ခဲ့ရင်ခန္ဓာကိုယ်ထဲကနေရာအနှံ့မှာဝင်ရောက်တွယ်ကပ်ပြီးဖျက်ဆီးပစ်နိုင်လို့ကြာလာရင်ဒုက္ခပေးနိုင်တယ်ဆိုတာသတိပြုပါ..
အခုလောက်ဆိုရင် မိခင်သဘာဝကပေးတဲ့ Vitamin C နဲ့ Non acid Vitamin C ဘယ်အမျိုးအစားကိုရွေးချယ်ရမယ်ဆိုတာသိလောက်ပြီလို့ထင်ပါတယ်..

ဆက်ပါဦးမည် ။

မေတ္တာဖြင့်
Ko Nay Oo

ဤပို့စ်ကိုမည်သူမဆိုလွတ်လပ်စွာကူးယူ၍မျှဝေနိုင်ပါသည်

Reference :
Vitamin C Indispensable Nutrient in Our Health and Its Therapeutic Potential in Cancer: From Cellular Mechanisms to Clinical Applications

By M.Waheed Roomi Ph.D.,
Aleksandra Niedzwiecki Ph.D.,
Matthias Rath M.D

ကင်ဆာ မဖြစ် အောင် ကာကွယ် ကြ ရ အောင် ————-ကင်ဆာ မဖြစ် အောင် ကာကွယ် လို့ ရ ပါ သလား ဆို ရင် အဖြေ က တော့ ရ ပါ တယ် လို့ ဖြေ ရ...
10/01/2021

ကင်ဆာ မဖြစ် အောင် ကာကွယ် ကြ ရ အောင် ————-

ကင်ဆာ မဖြစ် အောင် ကာကွယ် လို့ ရ ပါ သလား ဆို ရင် အဖြေ က တော့ ရ ပါ တယ် လို့ ဖြေ ရ မှာ ပါ ပဲ။

သဘာဝ အကျ ဆုံး ဖြစ် ပြီး၊ ဥပါဒ် လည်း မရှိ တဲ့ နည်း က တော့ ဘဝနေ
နည်း ကို ပြုပြင် လိုက် ရ မှာ ဖြစ် ပါ တယ်။

American Cancer Society က ထုတ် ဆို ထား ပါ တယ်.

ဘဝ နေ နည်း ကို ပြုပြင် လိုက် မယ် ဆို ရင် ကင်ဆာ ဖြစ် နိုင် တဲ့ အလားအလာ 62% လောက် လျော့ ကျ သွား နိုင် ပါ တယ် တဲ့။

သူ တို့ ပြောတဲ့ 62% နဲ့ ပဲ ကျေနပ် နေ ကြ တော့ မှာ လား မိတ်ဆွေ တို့ —-

သေသေချာချာ လိုက် နာ မယ် ဆို ရင် ၆၂% ထက် မက ဖြစ် နိုင် စရာ
အကြောင်း အများကြီး ရှိ ပါ တယ်။

သုတေသန တွေ နဲ့ သက်သေ မပြ နိုင် ပေ မဲ့ ၊ ဖြစ် နိုင် စရာ အ ကြောင်း
အများကြီး ရှိ တယ် လို့ ထင် ပါ တယ်။

ကျွန်မ တို့ တွေ ဖက် က အလွန် ကြိုးစား သင့် ပါ တယ်။

ဘာ ကြောင့် လဲ ဆို တော့ ကင်ဆာဖြစ် လာ ပြီ ဆို ရင် ———-

၁. မချိမဆန့် ခံ ရ တတ် ပါ တယ်
ရောဂါ ကြောင့် ဖြစ် စေ၊ ဆေး ကုသ မှု ကြောင့် ဖြစ် စေ၊ ကုသမှု တွေ ရဲ့
ဘေးတွက် ဆိုးကျိုး တွေကြာင့် ဖြစ် စေ၊ အဘိဓမ္မာ စကား နဲ့ ပြော ရ မယ်
ဆို ရင် အကုသလဝိပါက်၊ ဒုက္ခသဟဂုတ်၊ ကာယ ဝိဥာဏ် စိတ် ဖြစ်
ပါ တယ်။

၂. ပိုက်ဆံ အလွန် ကုန် စေ တဲ့ ရောဂါ ဖြစ် ပါ တယ်။

၃. ဆွေ မျိုး သား ချင်း တွေ လဲ စိတ် ညစ် ရ၊ ကိုယ့် ကို ပြု စု ရ၊ မအား မလပ် တွေ ဖြစ် ပြီး၊ ခြေကုန် လက်ပမ်းကျ၊ စိတ် မချမ်း သာ ဖြစ် ရ တတ် ပါ တယ်။

၄. ကံ ကောင်း ရင် Remission လို့ ခေါ် တဲ့ ကင်ဆာ ကလာပ် စည်း တွေ
ခေတ္တ ခဏ ငြိမ် သွား တတ် ပါ တယ်။

ကံ မ ကောင်း ရင် တော့ ဆေးကုရင်း နဲ့ပဲ ဆုံးပါး သွား ကြ တာ တွေ လဲ ရှိ ကြ ပါ တယ်။

၅. ကု ပြီး ပြန် တော့ လဲ ကင်ဆာ ဘယ် တော့ ပြန် လာ မ လဲ ဆို တာ တွေး ပူ နေ ရ ပြန် ပါ တယ်။

၆. ကင်ဆာ ဆေး တွေ၊ ဓာတ် ကင် တာ တွေ နဲ့ ကု ပြီး ပြန် ရင် လည်း၊ PET scan, CT scan, MRI
စ သည် ဖြင့် ၃လ တန် သည် ဖြစ် စေ၊ ၆ လ တန် သည် ဖြစ် စေ ၊ ရိုက် ရ ပြန် ပါ တယ်။

ရိုက် ဖန် များ ပြန် တော့ လဲ မလို လား အပ် တဲ့ ၊ ဓာတ် ရောင်ခြည် တွေ ထပ် ရ ပြန် ပါ တယ်။

ပို ဆိုး တာ က အဖြေ ကို သိ ရ မှာ တုန် လှုပ် ကြောက် လန့် နေ တတ် ကြ ပါ တယ်။

အကုန် ပြော ရ မယ် ဆို ရင် ကင်ဆာ ဖြစ် လာ ပြီ ဆို တဲ့ သတင်း ကို ကြား က တည်း က ၊ ကိုယ့် ဘဝ ကြီး ဟာ မှောက် ထိုး မိုး မြော် ဖြစ် ရ တတ် ပါ တယ်။

အခု လို အ ကြောင်း တွေ ကြောင့် ကင်ဆာ ရောဂါ မဖြစ် ရ အောင်
ကာ ကွယ် ရ မှာ ဝန် မ လေးသင့် ဖူး လို့ ထင် ပါ တယ်။

မဖြစ်ခင် မှာ ဆို အမှန် တကယ် ကြောက် သူ နည်း လှ ပါ တယ်။

လုပ် ရ မှာ လည်း ခက်ခက် ခဲခဲ တော့ လည်း မဟုတ် လောက် ဖူး လို့
ထင် ပါ တယ်။

သေသေချာချာ လိုက် နာ ရဲ့ သား နဲ့ မှ ဖြစ် မယ် ဆို ရင် တော့ လည်း
ကံ အကြောင်း တရား အတိုင်း ပဲ ဖြစ် ပါ တယ်။

လိုက်နာသင့် သော အချက် များ မှာ ————

၁. သကြား မျိုးစုံ နဲ့ ပြုပြင် ပြီး အစာ ( processed foods ) တွေ ကို
ရှောင် ရ မှာ ဖြစ် ပါ တယ်။
ဒီ လို ရှောင် လိုက် ခြင်း အား ဖြင့် insulin hormone ကို ထိန်းထား
နိုင် ပါ တယ်။
ပြုပြင် ပြီး အစာ တွေ ထဲ မှာ အချို မှုံ့၊ သကြားတု တစ် မျိုး ဖြစ် တဲ့ aspartame တွေ ပါ နေ တတ် ပါ တယ်။

၂. Omega3 အဆီ များ စား သုံးသင့် ပါ တယ်။
ဥပမာ. —- Cod liver oil

၃. လေ့ကျင့် ခန်း မှန် မှန် လုပ် ပါ။
လမ်း လျောက် တာ လူ အများ အတွက် အသင့် တော် ဆုံး ဖြစ် တယ်
လို့ ကျွန်မ ထင် ပါ တယ်။

လေ့ ကျင့် ခန်း လုပ် ခြင်း ဖြင့် Insulin level ကို ကျ လာ စေ နိုင် ပါ တယ်။
ကင်ဆာ ကာ ကွယ် ရေး မှာ အရေးကြီး တဲ့ အကြောင်း တစ် ခု ဖြစ် ပါ တယ်။

ဆီးချို ရှိ တဲ့ လူ တွေ မှာ ( type 2 diabetes )insulin ဓာတ် ဟာ များ နေ လေ့ ရှိ ပါ တယ်။ ဒါ ဟာ လည်း ဆီးချို ရောဂါ ရှင် တွေ မှာကင်ဆာ
ဖြစ် နှုံး များ နေ ရ ခြင်း ရဲ့ အကြောင်း တစ် ပါး ဖြစ် ပါ တယ်။

၄. Vitamin D level အကောင်း ဆုံး အနေ အထား ဖြစ် နေ သင့် ပါ တယ်။

နေပူ ခံ ရ မှာ ဖြစ် သ လို ၊ D3 မှီ ဝဲ လို့ လဲ ရ ပါ တယ်။
ဖြစ် နိုင် မယ် ဆို ရင် ကိုယ့် ရဲ့ D3 အတိုင်း အတာ ကို သွေး ဖောက် စစ်
ကြည့် သင့် ပါ တယ်။
အိုကေ အဆင့် နဲ့ အကောင်း ဆုံး အဆင့် ဟာ လည်း မတူ ကြ ပါ။
100 ng/ml ထက် တော့ မကျော် သွား စေ ချင် ပါ။

၅. အစာစား တဲ့ အခါ မှာ လည်း ကဆီဓာတ် ကို လျော့ နိုင် သမျှ လျော့၊
ပရို တင်း ဓာတ် အနည်း ငယ်စား ပြီးအဆီ များ များ စား ပေး ရ မှာ ဖြစ် ပါ တယ်။
အုန်းဆီ၊ ထောပတ် သီး ၊ organic grass fed butter ၊ ကြက်ဥ စ သည် ဖြင့် ဖြစ် ပါ တယ်။

၆. စိတ် ဖိစီး မှု ကို ယောနိသော မနသိကာရ နဲ့ လျော့ ရ မှာ ဖြစ် ပါ တယ်။

Stress လို့ ခေါ် တဲ့ စိတ် ဖိစီး မှု ဟာ ကင်ဆာ ဗီဇ တွေ ကို နိုးကြား ထကြွ စေ ပါ သ တဲ့။

၇. Organic ဟင်းရွက် များများ စား ပေး ရ မှာ ဖြစ် ပါ တယ်။
တတ် နိုင် ရင် ကြိတ် ပြီး သောက် သင့် ပါ တယ်။

၈. ကိုယ် အလေး ချိန် ကို လည်း ထိန်း ထား ရ မှာ ဖြစ် ပါ တယ်။

၉ ။ အိပ် ရေး ဝ အောင် အိပ် ပါ။

၁၀. ပတ်ဝန်းကျင် အဆိပ် များ နှင့် ထိ တွေ့ မှု တွေ ကို လည်း နည်း နိုင်
သမျှ နည်း ရ အောင် သတိထား ပြီး ဆင် ချင် ရ မှာ ဖြစ် ပါတယ်။

အိမ် မှာ သန့်ရှင်း ရေး လုပ်ရင် သုံး တဲ့ ဓာတု ဆေး များ၊ အိမ် တွင်း အနံ့အသက် ဆိုး များ ပျောက် အောင် သုံး လေ့ ရှိ ကြ တဲ့ air fresheners များ စ သည် ဖြင့် ဖြစ် ပါ တယ်။

၁၁. အကြော် အလှော် ၊ မီးကင် ခြင်း စ သည် တို့ ကို တတ် နိုင် သ လောက် ရှောင် ပြီး၊ အပြုပ်၊
ရေနွေး ငွေ့ နဲ့ ကျက် စေ ခြင်း စ သည် တို့ ကို ဦးစား ပေး စေ ချင် ပါ တယ်။

၁၂. နွားနို့ လဲ ရှောင် နိုင် ရင် ကောင်းပါ တယ်။
နွား နို့ မှာ ပါ တဲ့ ပရိုတင်း ဓာတ် ဟာ ခန္ဓာကိုယ် က foreign substance ထင် ပြီး ၊ တိုက် ခိုက် လေ့ ရှိ ပါ တယ်။

ကင်ဆာ ဖြစ် တဲ့အခါ ကိုယ့် immune system ( ခုခံအား တွေ ကို ) ကင်ဆာ ကလာပ်စည်း တွေ ကို သာ နှိမ် နင်း စေ လို ပါ တယ်။

အခြား အပို အလုပ် တွေ နဲ့ မရှုပ် စေ ချင် ပါ။

နောက် တစ် ချက် က တော့ နွား နို့ တွေ မှာ Virus ပိုး များ ပါ လေ့ ရှိ ပါ တယ်။ ( lukemia and lymphoma viruses )
Pasteurization လုပ် ပေ မဲ့ အကုန် မ သေ ကြ ပါ။ ဒါကြောင့် လဲ နွားနို့ ကို ရေခဲသေတ္တာ ထဲ မှာ ထား ရင်း နဲ့ အချဉ် ဖောက် သွား တတ် တာ ဖြစ် ပါ တယ်။

အထူး သဖြင့် ကင်ဆာ ဖြစ် စေ တတ် တဲ့ virus ပိုး တွေ ရှိ တတ် ပါ တယ်။

ဒါ ဆို ရင် ဘာ သောက် သင့် သ လဲ လို့ မေး လေ့ ရှိ ကြ ပါ တယ်။

ဆိုင် မှာ ရောင်း တဲ့ almond milk, rice milk တွေ ဟာ သကြား တွေ အများကြီး ပါ လေ့ ရှိ ပါတယ်။

Soy milk ကြ ပြန် တော့ လဲ သဘာဝ glutamate ( အချို မှုံ့ ဓာတ် တွေ အများ ကြီး ပါ တတ် တာ မို့ မသင့် တော် ဖူး လို့ ထင် ပါ တယ်။ )

ဒီ အချက် တွေ ကို သေသေချာချာ လိုက် နာ နိုင် မယ် ဆို ရင် ကင်ဆာ ရောဂါ ဆိုးကြီး မှ လွတ် မြောက်နိုင် လိမ့် မယ် လို့ ယုံကြည် ပါ တယ်။

ကင်ဆာ ရောဂါ ဆို တာ နှစ် နဲ့ ချီ ပြီး တဖြေးဖြေး ဖြစ် ပေါ် လာ တဲ့ ရောဂါ ဖြစ် ပါ တယ်။

နေ့ ချင်း၊ ညချင်း ရုတ်ချည်း ပေါ် လာ တာ မျိုး မဟုတ် ပါ။

မိတ်ဆွေ များ အား လုံး ကင်ဆာ ရောဂါ ဘေးဆိုး ကြီး မှ လွတ် ကင်း နိုင် ကြ ပါ စေ။

Credit - To A Better Health

  : to a better healthကျောက်ကပ်မကောင်းသူတွေ Vitamin D သောက်သင့်သလားဆိုတဲ့ မေးခွန်းကို မကြာခဏ တွေ့နေရပါတယ်။Michael F Holi...
02/01/2021

: to a better health

ကျောက်ကပ်မကောင်းသူတွေ Vitamin D သောက်သင့်သလားဆိုတဲ့ မေးခွန်းကို မကြာခဏ တွေ့နေရပါတယ်။

Michael F Holick Ph.D M.D ဆိုတာ Vitamin D ပညာရှင်တစ်ဦးဖြစ်ပါတယ်။
The Vitamin D solution စာအုပ် ကိုရေးသားတဲ့ ကလောင်ရှင်လဲ ဖြစ်ပါတယ်။

ဘာသာပြန်ပေးရမယ်ဆိုရင် ——
The National Kidney Foundation နဲ့အတူ ကျွန်ပ်ရဲ့ ထောက်ခံချက်ကတော့
ကျောက်ကပ်ပျက်နေသူများဟာ vitamin D level 30-100ng/mL မှာရှိနေရအောင် ထိန်းထားပေးဖို့လိုပါတယ်တဲ့။
ဆိုလိုချင်တာက သောက်သင့်တယ်ပေါ့။

Ref:
The Vitamin D solution
Q&A segment
Michael F Holick Ph.D M.D

  : to a better healthVitamin D ကောင်းကျိုးသက်ရောက်မှုသတင်းတွေကလဲ နေ့စဉ်လိုလို ဖတ်နေရတာ ဖြစ်ပါတယ်။Vitamin D ကို ပုံမှန်သ...
25/12/2020

: to a better health

Vitamin D ကောင်းကျိုးသက်ရောက်မှုသတင်းတွေကလဲ နေ့စဉ်လိုလို ဖတ်နေရတာ ဖြစ်ပါတယ်။

Vitamin D ကို ပုံမှန်သောက်လာသူများ/ အထူးသဖြင့် vitamin D ပမာဏကို အသင့်တော်ဆုံးအနေအထားမှာရှိနေသူများအတွက် သတင်းကောင်းဖြစ်ပါတယ်။
နောက်ပိုင်းတင်ပြလာတဲ့ သုတေသနအတော်များများမှာ ကင်ဆာကို ကာကွယ်နိုင်/
ကုစားနိုင်ရာမှာ အကျိုးရှိတယ်ဆိုတာပါပဲ။

အမျိုးသမီးတွေမှာ vitamin D level 60ng/ mL အထက်မှာရှိမယ်ဆိုရင် 20ng/mL အောက်မှာရှိနေတဲ့ အမျိုးသမီးတွေထက် ရင်သားကင်ဆာ ဖြစ်နိုင်ချေနှုံး ၈၂% ကျဆင်းသွားတယ်တဲ့။

အူမကြီးကင်ဆာကြောင့် သေဆုံးခြင်း/ တစ်ကိုယ်လုံးကင်ဆာတွေပျံ့နှံ့ကုန်ခြင်း ဟာလည်း 30% ကျဆင်းသွားပါသတဲ့။

အထူးသဖြင့် ကိုယ်အလေးချိန်ကိုထိန်းထားပေးနိုင်ရင် vitamin Dရဲ့အာနိသင်ဟာ
ပိုပြီးထိရောက်ပါသတဲ့။

#ဖြည့်စွက်စာ များ ဝယ်ယူလိုပါက Chat Box တွင် မေးမြန်းနိုင်ပါသည်။

ပစ္စည်းမှန် ✔️ ဈေးတန် တဲ့ Ideal Mart 👍

 :  : Ko Nay Ooဗိုက်တာမင်စီနှင့်ပတ်သက်သောသိကောင်းစရာများ (၂)ဗိုက်တာမင်စီကိုသောက်ရင်အက်စစ်မို့လို့အစာအိမ်ရောဂါဖြစ်မယ်..ဆိ...
04/12/2020

: : Ko Nay Oo
ဗိုက်တာမင်စီနှင့်ပတ်သက်သောသိကောင်းစရာများ (၂)

ဗိုက်တာမင်စီကိုသောက်ရင်အက်စစ်မို့လို့အစာအိမ်ရောဂါဖြစ်မယ်..ဆိုပြီး ပြောဆိုနေကြတာတွေလဲရှိပါတယ်..ဒါဟာတကယ်ဘဲလား..တဲ့.
အမှန်တော့မဟုတ်ပါဘူး..ဗိုက်တာမင်စီကိုသောက်မှာစိုးရိမ်တဲ့အတွက်မသောက်ဖြစ်အောင်လို့လူတွေကိုခြောက်လှန့်ထားတာပါ..မသောက်ဖြစ်တော့မှသူတို့ထုတ်လုပ်ထားတဲ့အက်စစ်ဓာတ်ပြယ်စေတဲ့ဆေး (anti-acid) တွေ၊ PPI (Proton Pump Inhibitor) လို့ခေါ်တဲ့ အစာအိမ်အက်စစ်ထုတ်လုပ်မှုကိုဖိနှိပ်ဟန့်တားတဲ့ omeprazole, lansoprazole စတဲ့ ဆေးတွေရောင်းကောင်းမှာလေ..
အဲဒီဆေးတွေသောက်တော့မှအစာအိမ်ထဲမှာအက်စစ်ဓာတ်တွေတဖြည်းဖြည်းနဲလာပြီး Helicobacter Pylori (h.pylori) လို့ခေါ်တဲ့ပိုးတွေပေါက်ပွားလာပြီးအစာအိမ်မှာအနာဖြစ်မှာ..
အဲဒီကတဆင့်ကြာလာတော့ ဆဲလ်တွေရဲ့ဗီဇ
ပြောင်းလဲမှုတွေဖြစ်ပြီးအစာအိမ်ကင်ဆာပါထပ်ဖြစ်မှာ..ဗိုက်တာမင်စီကိုသောက်လို့သွေးထဲမှာ/အစာချေရည်ထဲမှာ ascorbic acid level မြင့်လာတော့မှ h.pylori ပိုးတွေက်ိုသုတ်သင်နိုင်တယ်လို့သုတေသနတွေကဆိုထားတော့၊ သိထားတာတွေကလွဲမနေဘူးလား.. ကိုယ်သိထား၊ ယုံကြည်ထားတာက ascorbic acid သောက်ရင်အစာအိမ်ရောဂါဖြစ်မယ်..အခုတကယ့်လက်တွေ့မှာက ascorbic acid ကြောင့် h.pylori ပိုးတွေသေကုန်လို့အစာအိမ်ရောဂါပျောက်တယ်..
အားလုံးပြောင်းပြန်တွေဖြစ်မနေဘူးလား..

ကင်ဆာရောဂါကုထုံးတွေမှာဆိုရင်လဲဒီအတိုင်းဘဲလေ..လက်ရှိကုထုံး(ခွဲစိတ်၊ကီမို၊ဓာတ်ကင်) တွေဟာလုံးဝကင်ဆာကိုပျောက်အောင်ကုသနိုင်တယ်လို့ယုံကြည်ထားကြတယ်..ကင်ဆာကိုကုသနိုင်တဲ့ကုထုံးဟာလဲဒီ ၃မျိုးဘဲရှိတယ်လို့ယုံကြည်ထားကြပြန်တယ်..ယုံကြည်တဲ့အတိုင်းလဲအသဲအသန်ကိုကုနေကြတာတွေ့ရတယ်..နောက်ဆုံးပေါ်စမ်းသပ်ချက်တွေအရကုထုံးကြောင့်ဘဲနောက်ထပ်ကင်ဆာအသစ်တွေထပ်ထပ်ဖြစ်လာတာကိုတွေ့ရပြန်တယ်..ပြောင်းပြန်တွေကိုဖြစ်လို့..

ကျွန်တော်တို့သိထားတဲ့အကြောင်းအရာတော်တော်များများဟာလွဲနေတာမှ ပြောင်းပြန်တွေချည်းဖြစ်ဖြစ်နေတာနဲနဲထူးဆန်းမနေဘူးလား..တိုက်ဆိုင်တယ်လို့များထင်နေပါသလား..လုံးဝမဟုတ်ပါ.. တမင်တကာအစီအစဉ်တကျစီစဉ်ပြီးတော့အသိမှားတွေကိုပေးသိထားတာပါ..ဘာကြောင့်အခုလိုဖြစ်နေတာလဲဆိုတာတော့ကိုယ့်ဖာကိုယ်ဘဲစဉ်းစားကြည့်လိုက်ကြပါ..

H.pylori လို့အတိုကောက်ခေါ်တဲ့ Helicobacter Pylori ပိုးအကြောင်းကို 1982 ခုနှစ်ကတည်းက ဒေါက်တာ Robin Warren နဲ့ ဒေါက်တာ Barry Marshall တို့က
ဖော်ထုတ်ခဲ့ပြီး gastritis နဲ့ peptic ulcer ဟာ
ကူးစက်သောရောဂါပိုးကြောင့်ဖြစ်ရတယ်ဆိုပြီးစမ်းသပ်ခဲ့ကြတာဖြစ်ပါတယ်..ဒါကြောင့်မို့လည်းသူတို့ဟာ 2005 ခုနှစ်မှာ physiology နဲ့ပတ်သက်တဲ့နိုဘယ်ဆုကိုရရှိခဲ့တာဖြစ်ပါတယ်..ဒီတွေ့ရှိချက်အရအစာအိမ်ရောဂါဟာဗိုက်ထဲမှာအက်စစ်ဓာတ်များလို့ဖြစ်ရတာမဟုတ်ဘဲအဓိကလက်သည်ဖြစ်တဲ့
h.pylori ဆိုတဲ့ပိုးကြောင့်ဖြစ်တာအသေအချာပါ..

ဒီအကြောင်းကိုသိချင်ရင်အောက်က link မှာဖတ်ကြည့်ပါ..
https://www.ncbi.nlm.nih.gov/pmc/articles/PMC2661189/

Vitamin C (ascorbic acid) နဲ့ပတ်သက်လို့နောက်ထပ်သုတေသနတစ်ခုကဘာပြောထားသလဲဆိုတော့ H.pylori ပိုးကူးစက်မှုကြောင့်အစာအိမ်နဲ့ဆိုင်တဲ့ gastritis, peptic ulcer နဲ့ stomach cancer တို့ဖြစ်ပွားပါတယ်တဲ့..များပြားလှတဲ့ဆေးဝါးကုသမှုလက်တွေ့မှတ်တမ်းတွေအရ၊ အစာအိမ်ရောဂါဟာ ascorbic acid ချို့တဲ့ခြင်းနဲ့ဆက်စပ်နေပါတယ်တဲ့..h.pylori ပိုးကြောင့်ဖြစ်လာတဲ့ gastritis နဲ့ peptic ulcer လူနာတွေရဲ့သွေးထဲမှာရှိတဲ့ Vitamin C level နဲ့ အစာချေရည်ထဲမှာရှိတဲ့ Vitamin C level ဟာမူလရှိရမဲ့ level ထက်နဲနေတာကိုတသမတ်ထဲခိုင်ခိုင်မာမာအတည်ပြုထားပါတယ်.. Vitamin C level
ကိုတိုးမြှင့်ပေးခြင်းဖြင့် H.pylori ပိုးကိုသုတ်သင်ရှင်းလင်းနိုင်ကြောင်းလဲတွေ့ရှိရပါတယ်တဲ့..

အသေးစိတ်သိချင်ရင်အောက်က link မှာဖတ်ကြည့်ပါ..
https://www.ncbi.nlm.nih.gov/pmc/articles/PMC6102328/

နောက်သုတေသနတစ်ခုကလဲ -

"low gastric juice total vitamin c
concentration in the presence of
helicobacter pylori infection probably
plays a role in gastric carcinogenesis" လို့ပြောပါတယ်..

အဓိပ္ပါယ်က -
"H.P ပိုးကူးစက်ခံနေရသူရဲ့အစာချေရည်ထဲမှာရှိတဲ့ Vit-C ပမာဏနဲပါးခြင်းဟာအစာအိမ်ကင်ဆာကိုဖြစ်စေနိုင်ပါတယ်" တဲ့..

စမ်းသပ်မှုတခုမှာလဲ လူနာအယောက် (၆၀) ကိုအုပ်စု ၂စုခွဲပြီး တစ်စုကို ကုရိုးကုစဉ်ကုထုံးအတိုင်းantacids ဆေးတွေပေးပြီး နောက်တစ်စုကိုတော့Vitamin C 5g (5000mg) ကိုနေ့စဉ်ပေးကာတစ်လတိတိစမ်းသပ်တဲ့အခါ antacids ပေးတဲ့အုပ်စုကရောဂါအခြေအနေဟာမူလအတိုင်းရှိနေပြီးVitamin C ပေးတဲ့အုပ်စုက စမ်းသပ်မှုအားလုံးပြီးဆုံးအောင်လုပ်ခဲ့တဲ့ (၈)ယောက်ဟာ လုံးဝရောဂါပိုးမရှိတော့တာကိုတွေ့ရှိရပါတယ်..အသေးစိတ်ကိုအောက်က link မှာဖတ်ပါ..
https://www.ncbi.nlm.nih.gov/m/pubmed/9926292/

comment မှာ H.pylori ကုထုံးအကြောင်းမေး
ထားလို့ CM နဲ့ FM ကုထုံးတွေကိုဖော်ပြလိုက်ပါတယ်..

Conventional Medicine ကုထုံး

omeprazole 20mg BID (or)
lansoprazole 30mg BID (or)
pantoprazole 40mg QID

amoxicillin 1000mg BID
clarithromycin 500mg BID

Functional Medicine ကုထုံး

high potency multivitamin daily
Vit-C 500mg 3 times per day
Vit-E (mixed tocopherol) 100iu / day
Zinc 20 to 30 mg per day
Vit-D3 5000iu per day
Fish oil 1000mg(epa + dha) per day
Glutamine 1000mg 3 times per day
Aloe vera juice 2 to 4 cups per day
(ရှားစောင်းလက်ပတ်ဖျော်ရည်)

အခုလောက်ဆိုရင် Vit-C (ascorbic acid)
ကြောင့်အစာအိမ်ထိခိုက်ခြင်းမရှိဘူးဆိုတာသိလောက်ပြီလို့ထင်ပါတယ်..Vit-C ပမာဏများလေ၊ H.P ပိုးကိုသတ်နိုင်လေဆိုတာလဲသုတေသနစမ်းသပ်ချက်တွေအရထင်ရှားပါတယ်..
ကဲ..ဒီတခါလည်းအရင်ကသိထားတာတွေနဲ့ပြောင်းပြန်ဖြစ်နေပြန်ပီနော်..

နောက်ဆုံးပြောစရာတခုဘဲကျန်ပါတယ်.."ကင်ဆာသမားဟာဗိုက်တာမင်စီကို acid form မသောက်သင့်ဘူး" ဆိုတာနဲ့ပတ်သက်လို့ပါ..

ပြီးခဲ့တဲ့လကုန်ကဂရုတစ်ခုမှာဗိုက်တာမင်စီနဲ့ပတ်သက်တဲ့ပို့စ်တခုတင်တဲ့အခါထုံးစံအတိုင်း comment တွေအများကြီးတက်လာပါတယ်..

comment တစ်ခုမှာပြောတာက -
" ascorbic မသုံးနဲ့..ascorbate သုံး၊
အက်စစ်က ကင်ဆာအားပေး၊
အယ်လ်ကာလိုင်းကကင်ဆာကာကွယ်"..တဲ့

နောက် comment တခုက -
" ကင်ဆာဖြစ်နေသူတွေကတော့ acid form မသင့်တော်ပါ..
မဖြစ်သေးရင်လဲမသောက်စေချင်ပါဘူး..စေတနာနဲ့ပြောတာပါ..
တဲ့..
အဲဒီ comment တွေကြောင့်အခုလို ဗိုက်တာမင်စီအကြောင်းကိုသေသေချာချာထပ်ပြီးလေ့လာခဲ့တာဖြစ်ပါတယ်..
(အဲဒီအချိန်တုံးကကျောက်ကပ်ကျောက်မတည်နိုင်ဘူးဆိုတဲ့ပို့စ်တောင်ပြီးအောင်မရေးနိုင်သေးပါ)

အခုလိုမျိုးလေ့လာဖြစ်အောင်၊ အမှန်တရားတွေကိုရှာတွေ့အောင်လို့ comment နဲ့ တွန်းအားပေးခဲ့တဲ့သူတွေကိုလည်းကျေးဇူးတင်ပါတယ်..မဟုတ်ရင်ဒီလိုတွေလေ့လာဖြစ်မှာမဟုတ်လို့ပါ..

ဗိုက်တာမင်စီဟာ ascorbic acid ဖြစ်ပါတယ်..
အဲဒီအက်စစ်ဆိုတာကြီးကကျွန်တော်တို့ကိုအမြဲခြိမ်းချောက်နေတာပါ..တကယ်တော့ ascorbic acid ဟာအားပျော့တဲ့အက်စစ်ပါ..pH တန်ဘိုး 3.0 လောက်ဘဲရှိပါတယ်..သူဟာရှလကာရည်ထက်နဲနဲပိုအားကောင်းရုံဘဲရှိတာပါ..အစာခြေဖို့အတွက်အစာအိမ်ထဲမှာပုံမှန်တွေ့ရတဲ့ဟိုက်ဒြိုကလိုရစ်အက်စစ်ဟာအလွန်အားပြင်းပါတယ်..pH တန်ဘိုး1.0 နဲ့ 1.5 လောက်ရှိတဲ့အတွက်မော်တော်ကားဘက်ထရီမှာအသုံးပြုတဲ့ဆာဖျူရစ်အက်စစ်ရဲ့ပြင်းအားနီးပါးရှိပါတယ်..ascorbic acid ရဲ့ pHက 3.0 လောက်ဘဲရှိလို့ အစာအိမ်အက်စစ်ဟာascorbic acid ထက် အဆ ၁၀၀ လောက် ပို
ုပြီးပြင်းပါတယ်..ဒီလောက်ပြင်းတဲ့အစာအိမ်အက်စစ်နဲ့တောင်မှခန္ဓာကိုယ်ကဘာမှမဖြစ်တာသူ့ထက်အဆ ၁၀၀ လောက်အားပျော့တဲ့ ascorbic acid ကဘယ်လိုလုပ်ပြီးဒုက္ခဖြစ်စေနိုင်မှာလဲ..
Vitamin C acid form ကိုအစာနဲ့အတူသောက်ပါ..ရေများများနဲ့သောက်ပါ..ဒါဆိုရင်အဆင်ပြေပါတယ်လို့ orthomolecular medicine ဒေါက်တာ Andrew Saul
ကပြောပါတယ်..

လူ့ခန္ဓာကိုယ်ကလဲအင်မတန်အံ့သြစရာကောင်းပါတယ်..blood stream ထဲမှာရှိတဲ့ pH တန်ဖိုး (အက်စစ်ဟန်ချက်) ကိုအမြဲတမ်းထိန်းညှိပေးနေတာဖြစ်ပါတယ်..

အက်စစ်ပမာဏအများကြီးခန္ဓာကိုယ်ထဲကိုဝင်လာရင် (သို့မဟုတ်)အားပျော့သောအက်စစ်ဖြစ်သည့် ascorbic acid အများကြီးခန္ဓာကိုယ်ထဲက်ိုဝင်လာရင်ကျန်းမာရေးအတွက်ပြဿနာဖြစ်နိင်လား
ဆိုပြီးမေးကြပါတယ်တဲ့..
အဖြေက " မဖြစ်နိုင်ပါ"..
ဘာကြောင့်လဲဆိုတော့ခန္ဓာကိုယ်ကြီးကသွေးထဲမှာ
မြင့်တက်လာတဲ့အက်စစ်ဓာတ်ကိုဟန်ချက်ညီအောင်ထိန်းညှိပေးနေလို့ပါဘဲ..ဘယ်လိုထိန်းညှိပေးသလဲဆိုတော့၊ များနေတဲ့အက်စစ်ဓာတ်တွေကိုကျောက်ကပ်ကဆီးထဲကနေတဆင့်စွန့်ထုတ်ခြင်းဖြင့်သွေးထဲရှိအက်စစ်ပမာဏကိုလျှော့ချပေးပါတယ်..နောက်တနည်းက autonomic nervous system(အလိုအလျောက်တုန့်ပြန်သောအာရုံကြောစံနစ်) ကလဲခန္ဓာကိုယ်ရဲ့အသက်ရှူနှုန်းကိုမြင့်တက်စေခြင်းအားဖြင့်သွေးထဲမှကာဗွန်ဒိုင်အောက်ဆိုဒ်များကိုဖယ်ရှားပြီးအက်စစ်ပမာဏကိုလျော့နဲစေပါတယ်..အက်စစ်ဓာတ်ကိုထိန်းညှိပေးတဲ့နေရာမှာကျောက်ကပ်နဲ့အဆုတ်ရဲ့ကွာခြားချက်ကကျောက်ကပ်ဟာအက်စစ်ကိုထိန်းညှိဖို့အချိန်ကြာမြင့်ပြီးအဆုတ်ကတော့ပိုမြန်ပါတယ်..(ပုံမှာကြည့်ပါ)

ကင်ဆာဆဲလ်တွေကိုအထိရောက်ဆုံးတိုက်ဖျက်နိုင်တဲ့ anti-carcinogenic agent တွေထဲမှာVitamin C (ascorbic acid) ဟာတစ်ခုအပါအဝင်ဖြစ်ပါတယ်..ဓာတ်ခွဲခန်း နဲ့ သက်ရှိတွေအပေါ်မှာစမ်းသပ်ချက်များအရ- ကင်ဆာအပေါ်မှာဗိုက်တာမင်စီရဲ့ထိရောက်စွာလုပ်ဆောင်နိုင်စွမ်းများကတော့ -

cell growth (ကင်ဆာဆဲလ်များကြီးထွားခြင်း)
invasion (ကင်ဆာဆဲလ်များကျူးကျော်ခြင်း)
metastasic (ကင်ဆာဆဲလ်များပျံ့နှံ့ခြင်း)
apoptosis (ကင်ဆာဆဲလ်များအလိုအလျောက်
သေဆုံးခြင်း)
angiogenesis (ကင်ဆာအကြိတ်၏သွေးကြော
များဖြစ်ပေါ်မှုဖြစ်စဉ်) နှင့်
anti-inflammatory (ရောင်ကိုင်းမှုကိုဆန့်ကျင်
နိုင်စွမ်းရှိခြင်း) တို့ဘဲဖြစ်ပါတယ်..
Dr. Linus Pauling နဲ့ Dr. Ewan Cameron တို့ရဲ့ 1978 စမ်းသပ်ချက်များအရကင်ဆာလူနာများကို Vitamin C (ascorbic acid) တနေ့လျှင် 10g (10000mg) ပေးခြင်း
ဖြင့်တခြားကင်ဆာလူနာများထက်သက်တမ်းပိုမိုကြာရှည်စွာနေထိုင်နိုင်ကြောင်းသိရှိရပါတယ်..

စမ်းသပ်ချက်များအရ သေလုမြောပါးကင်ဆာလူနာ(terminal patient) (၃၉)ယောက်ကို Vitamin C intravenous 10g ကို ၃ရက်ခြား၂ကြိမ်ပေးပြီး oral dose 4g ကိုနေ့စဉ်ပေးတဲ့အ
ခါမှာလူနာများရဲ့အခြေအနေဟာသိသိသာသာတိုးတက်ကောင်းမွန်လာတာကိုတွေ့ရှိရပါတယ်..
နောက်စမ်းသပ်ချက်တစ်ခုမှာတော့လူနာရဲ့ကိုယ်အလေးချိန် 1 kg ကို ascorbic acid 1.5g(1500mg) နှုန်းနဲ့ တစ်ပါတ်ကို ၃ကြိမ် I.V ပေးတဲ့အခါမှာလည်း side effect မရှိသလောက်နဲတာကိ်ုတွေ့ရှိရပါတယ်..

မကြာသေးခင်ကပို့စ်တင်ခဲ့တဲ့အဆုတ်ကင်ဆာလူနာရဲ့ကိုယ်တွေ့ဖြစ်ရပ်ကိုကြည့်ရင်လဲ Vitamin C ကြောင့်လူနာပြန်ပြီးနာလံထူလာတာကိုတွေ့ရမှာဖြစ်ပါတယ်..

ဒါကြောင့်မို့ကင်ဆာနဲ့ပတ်သက်လို့အက်စစ်မသောက်သင့်ဘူးလို့ဆိုတဲ့သူနဲ့ ascorbic ကအက်စစ်မို့ကင်ဆာအားပေးတယ်လို့ပြောတဲ့သူတွေအနေနဲ့ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆို
တာသိလောက်ပြီထင်ပါတယ်..မဟုတ်မမှန်တဲ့စကားတွေနဲ့လူတွေကိုရှုပ်ထွေးအောင်မလုပ်ကြပါနဲ့.
နဂ်ိုကတည်းကမှကျွန်တော်တို့လူမျိုးဟာဗဟုသုတအသ်ိဥာဏ်အားနဲလို့အမှားတွေကိုအမှန်လို့လွဲမှားစွာသိနေကြတာပါ..ရေနစ်သူကိုဝါးကူမထိုးပါနဲ့..လောကမှာကိုယ်မသိသေးတာတွေအများကြီးရှိတယ်ဆိုတာသတိရကြပါ..သေသေချာချာသိမှပြောပါ..
ဒီကိစ္စဟာကျန်းမာရေးမို့လို့အသက်နဲ့ဆိုင်ပါတယ်..

မေတ္တာဖြင့်
Ko Nay Oo

ဤပို့စ်ကိုမည်သူမဆိုလွတ်လပ်စွာကူးယူ၍မျှဝေနိုင်ပါသည်

Reference:
Vitamin C Indispensable Nutrient in Our Health and Its Therapeutic Potential in Cancer: From Cellular Mechanisms to Clinical Applications

By M.Waheed Roomi Ph.D.,
Aleksandra Niedzwiecki Ph.D., Matthias Rath M.D.

Address

South Oakkalapa Township, (Near Women Hospital(S/Oaklar)) Yangon
Yangon
11101

Website

Alerts

Be the first to know and let us send you an email when Ideal Mart Branded Online Shop - UK, Australia, Singapore,etc. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ideal Mart Branded Online Shop - UK, Australia, Singapore,etc.:

Shortcuts

Share