Htoke Lann

Htoke Lann အားပေးမှုအတွက် အထူးကျေးဇူးတင်ပါတယ်

29/03/2026

100% Handmade ချည်သားစစ်စစ် လက်ယက်ကန်းအထည်လေးတွေပါ ကျား/မ Unisex ဝတ်လို့ရပါတယ် ❤️
ခေတ်နဲ့အညီ ထုတ်လုပ်ထားတဲ့ ကရင်ရိုးရာ အထည်လေးတွေကို ခုပဲအော်ဒါမှာလိုက်တော့နော်❤️

Karen Jorts Outfits  🎠
03/01/2026

Karen Jorts Outfits 🎠



How Beautiful GirlUnisex Crop Shirt
13/12/2025

How Beautiful Girl

Unisex Crop Shirt

11/12/2025

Karen Happy New Year အမှီ

ဂေါ်ချင်တဲ့ ကညောခွါ/မူ တွေအတွက်

Unisex Crop Shirt

10/12/2025

Htoke Lan Karen Outfit

Now Available stock
04/12/2025

Now Available stock

03/12/2025

Brand Model အတွက်

Talents M/F (2)
Male 's High -5'10"
Female 's High -5'5"

contact to dm../ 09988895933

02/12/2025

ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံ
********************************

Happy Karen New Year!!!

ကရင်အမျိုးသား နှစ်သစ်ကူးနေ့နှင့် ကရင့်သက္ကရာဇ်

ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်၀င် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတဝှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။

ပြည်သူလူထုအားလုံး ၀မ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ၀မ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။

ကရင်နှစ်သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့သြဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။

အကြောင်းစုံဆိုရသော် …
ရက်များမကြာမီအတွင်းက မိတ်ဆွေများ၊ ခင်မင် ရင်းနှီးသူများ ရောက်လာကြသည်။ လာရသည့် အကြောင်းရင်းကား နှစ်သစ်ကူးနေ့နှင့် သက္ကရာဇ်အကြောင်းကို ဘယ်လိုလဲ၊ အံ့သြစရာပဲ၊ တယ်ဆန်းကျယ်ပါလား၊ ရှင်းပြပါဦး ဆို၍ အသီးသီးမေးလာကြသည်။ သို့သော် နှုတ်မေး၊ နှုတ်ဖြေမျှသာ ဖြစ်ခဲ့သည်။ ကျေနပ်မှု ရှိသောကြောင့် ထူးထူးထွေထွေ ပြဿနာ မပေါ်ခဲ့ပေ။

ကရင်လူငယ်တသိုက်လည်း အားရ၀မ်းသာရှိလှသည်။ နှစ်သစ်ကူးနေ့ပွဲ စည်ကားရန်နှင့် နှစ်စဉ်ပိုမိုစည်ကား သိုက်မြိုက်စွာ ပြုလုပ်ရန် ကြိုးပမ်းကြသည်ကို တွေ့မြင်နေရသည်မှာ ၀မ်းမသာဘဲ မရှိနိုင်ပေ။ နှစ်စဉ် ပိုမိုစည်ကားစေရန် ကြိုးစားလျက်ပင်၊ ထို့ကြောင့်လည်း မိုမိုစည်ကားလျက်ပင်တည်း။

သို့သော်ယခုအခါ ကရင်နှစ်သစ်ကူးနေ့ ပိုမိုစည်ကားရန် ပိုမိုထွန်းတောက် လာမည့်အစား မှေးမှိန်စေသော အကြောင်းအရာတချို့ ပေါ်ပေါက်နေသည်။ ဗဟုသုတရှင်အချို့သည် ကရင်စာအုပ်စာတမ်းများကို ရှာဖွေဖတ်ရှုရာမှ ကရင်နှစ်သစ်ကူးနေ့သည် ရှေးယခင်ကတည်းက ရှိခဲ့သလား။ ကရင်သက္ကရာဇ်ဟာ ယုံမှားစရာ ဝီစိကိစ္ဆာ ရှိစရာပဲလို့ မြည်လာပေသည်။ ထိုသို့ မြည်သံကား မကျယ်သေး။ ပို၍ မကျယ်မီ ယုံမှားသံသယ ကင်းစင်အောင် ဖြေရှင်းပေးရန် အလွန့်အလွန် အရေးကြီးလှပေသည်။

ကရင်နှစ်သစ်ကူးနေ့ ရွေးချယ်ခြင်းဆိုသည့် ကဏ္ဍမှာ ဇန်နဝါရီလ (၁)ရက်နေ့ ရွေးရမလား၊ ဆရာယုဒသန် ရောက်သောနေ့ကို ရွေးရမလား။ ပြဿနာပေါ်ပေါက်သည်ဟု ဆိုထားပေသည်။ ရှေးကသာ ကရင်နှစ်သစ်ကူးနေ့ ရှိခဲ့ပါမူ ဤပြဿနာ မပေါ်နိုင်ပေ။ မရှိခဲ့၍သာ ဤပြဿနာ ပေါ်သည်ဟု ဗဟုသုတ ပညာရှင်တို့က ယူဆကြသည်။

ဤကဲ့သို့ တွေးထင်ကြသူများအား အပြစ်ဆိုစရာ မရှိပေ။ ဤပြဿနာ ရှိသမျှ ကာလပတ်လုံး ကရင်နှစ်သစ်ကူး ပွဲတော်နေ့၏ အရောင်အဝါသည် ပိုမိုထွန်းလင်း တောက်ပမှု မရှိနိုင်ပေ။ မှေးမှိန်မှုဖက်သို့သာယိုင်အံ့။ ကျေနပ်လောက်အောင် သံသယ မရှိလောက်အောင် ရှင်းလင်းဖို့ လိုပေသည်။

၁။ ပဲခူးနယ်၊ ဟင်္သာတနယ်၊ တောင်ငူနယ်များတွင် သလေး၊ ထိုင်ခုတ်ဖို၊ ပြာသိုလဆန်း (၁)ရက်နေ့၌ ရှေးအစဉ်အလာအရ ကရင်လယ်သမားများ နှစ်သစ်ကူးပွဲတော် ကျင်းပကြ၏ မစည်ကားလှပေ။ ကျင်းပသူများ အလွန်နည်းပါးကြသည်။ သို့သော် မကွယ်ပျောက်သေး။

၂။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြုရေး ၁၉၃၇-ခု ဥပဒေကြမ်းတွင် ကရင်နှစ်သစ်ကူးနေ့မှာ သလေးထိုင်ခုတ်ဖို လဆန်း ၁ ရက်နေ့၊ ၂ ရက်နေ့သည် ပြာသိုလဆန်း(၁)ရက်နဲ့ (၂)ရက်တွင် ကျရောက်သည် ဟု ဆိုထားပေသည်။ (ွှ့The Karen New Year Days fall on the 1st and 2nd days of Thalay Htaik Koppho according to Karen calendar corresponding with the 1st and 2nd waxing days of Pyatho) ဟုပါရှိသဖြင့် Bill ဘီလ် ဥပဒေကြမ်းကို ဖတ်မိလျှင် မည်သည့်နေ့ကို ရွေးချယ်ရမည့်ပြဿနာ မပေါ်နိုင်ပေ။

-သတိ- ကရင်နှစ်သစ်ကူးနေ့ ၂-ရက်တောင်း၏။ သို့သော် (၁)ရက်သာ ရ၏။
(က) မြေပြန့်ကရင် ပြာသိုလဆန်း(၁)ရက်၊ သလေး၊ ထိုင်ခုတ်ဖို (၁)ရက်နေ့တွင်ကျင်းပ၏။
(ခ) ဖာပွန်နှင့် အချို့တောင်ပေါ်ကရင်များ တပို့တွဲ လဆန်း (၁)ရက်နေ့တွင်ကျင်းပ၏။
(ဂ) ဖားအံမြို့နှင့် အခြားကျေးရွာ လဲကယ်ဘာသာ၀င် ကရင်များ နယုန်လအတွင်း စနေနေ့ကျသော နေ့တနေ့တွင် ကျင်းပ၏။
(ဃ) ဒုံရင်းနယ် လဲကယ်ဘာသာ၀င် ကရင်များသည် တန်ဆောင်မုန်း လဆန်း ပထမစနေနေ့မှာ ကျင်းပ၏။

(ကိုးကားချက် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ရိုးရာဓလေ့ထုံးစံများ၊ (ကရင်) စာမျက်နှာ ၃၅၃-၃၅၄၊ စာပိုဒ် ၁-၂က၊ ခ၊ဂ၊ဃ၊) အရ ကရင်နှစ်သစ်ကူးနေ့ ရှေးက ရှိခဲ့ဖူးကြောင်း ထင်ရှားလှ၏။ သံသယကင်းရှင်းစေရန် တင်ပြအပ်ပါသည်။ ကရင်နှစ်သစ်ကူးနေ့ ရောင်ဝါနေသို့ ထွန်းစေသောဝ်။

ကရင်နှစ်သစ်ကူးပွဲတော်နေ့ အသက်၀င်လာပုံ

သေကံမရောက် သက်မပျောက်ဆိုဘိသကဲ့သို့ ပျောက်ကွယ်လု သေလုဆဲဆဲတွင် ကရင်နှစ်သစ်ကူးပွဲတော် သည် တဖန်ပြန်လည်၍ အသက်၀င်လာ၏။ ဟင်္သာတနယ်၊ တောင်ငူနယ်၊ ပဲခူးနယ်တို့မှ နှစ်သစ်ကူးပွဲတော်ကို မပျောက်မပျက်အောင် ထိန်းသိမ်းထားသော ကရင်လယ်သမားကြီးတို့ အားနည်းချည့်နဲ့နေသော ကရင်နှစ်သစ်ကူးနေ့ ပွဲတော်ကို ရှေးကကဲ့သို့ စည်ကားလှအောင် ဖော်ထုတ်လိုကြ၏။ သူတခွန်း၊ ကိုယ်တခွန်း တစတစနှင့် နိုင်ငံတော်ရက်အားဖြစ်ပြီး တနိုင်ငံလုံးရှိ၊ ရုံးများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော နိုင်ငံတော်ရက်အားဖြစ်စေလို၏။

ကရင်နှစ်သစ်ကူးပွဲတော်သည် ရှေးပသဏီ နှစ်ပေါင်းများစွာက နှစ်ပေါင်း ၂၇၀၀ ကျော်လောက်ကပင် ကျင်းပခဲ့ ကြ၏။ တခါတရံ မှေးမှိန်၍ တခါတရံ စည်ကားလှ၏။ အင်္ဂလိပ်ခေတ်တွင် ကံခေ၍ ကွယ်ပျောက်လုနီး ဆင်းရဲလှ၏။ စတိမျှသာ ကျင်းပသော ဘ၀နှင့်ကြုံခဲ့ရ၏။ ဟင်္သာတ၊ ပဲခူး၊ တောင်ငူတွင် အလွန်နည်းလှသော အချို့ကရင် လယ်သမား တို့သည် ပြာသိုလဆန်း (၁)ရက်နေ့ နံနက် နေထွက်တပြူ၌ ကောက်ဦးစားပွဲကျင်းပကြ၏။ ပဲခူးဘုရင်မ ရှင်စောပု လက်ထက်က နှစ်သစ်ကူးပွဲ အလွန်စည်ကားကြောင်း နံနက်လက်ဖက်ရည်ကြမ်းဝိုင်းတွင် လူကြီးများ ပြောကြဆိုကြသည်ကို ငယ်စဉ်ကတည်းက ကြားသိခဲ့ ရသည်။

ကရင်နှစ်သစ်ကူးပွဲတော် ပြန်လည်ပေါ်ထွက်ရန်စတင်လာပုံ

နယ်များမှ ကရင်နှစ်သစ်ကူးပွဲတော်ကို ဖော်ထုတ်လိုသော အမျိုးသား၊ အမျိုးသမီးတို့သည် မိမိတို့ ကိုယ်စားလှယ် မင်းတိုင်ပင် အမတ်များကို ဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံကြ၏။ တစ်ယောက်ကစ တရာဆိုဘိ အလားပြန့်နှံ့သွား၏။ မင်းတိုင်အမတ်၊ ကိုယ်စားလှယ်များမှာ နှစ်သစ်ကူး ပွဲတော်ကို ဖော်ထုတ်ပေးရန်တာ၀န်ယူကြရ၏။

အမျိုးသားထု၏ ဆန္ဒနှင့်ကရင်အမတ် ၁၂ ဦးတို့၏ ကြိုးပမ်းချက်

ဒေသအသီးသီးရှိ ကရင်လူထုတို့က မိမိတို့နှစ်စဉ် ကျင်းပမြဲဖြစ်သော နှစ်သစ်ကူးပွဲတော်ကို သင်္ကြန်ပွဲတော်၊ ခရစ္စမတ်ပွဲတော်တို့ကဲ့သို့ အစိုးရ အသိအမှတ်ပြု ပြည်ထောင်စု တဝှမ်းလုံးရှိ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများ ပိတ်စေသော အများပြည်သူ အားလပ်ရက် နိုင်ငံတော်ရက်အားဖြစ်စေလိုကြသည်။ ၎င်းကို ဆောင်ရွက်ပေးပါရန် တောင်းဆိုလာကြရာ ကရင်အမျိုးသား ခေါင်းဆောင်များကလည်း မိမိတို့၏ သမိုင်း၀င်နေ့ ရရှိရန်အတွက် တာ၀န်ယူ ကြိုးပမ်းလေတော့သည်။

အမတ် ၁၂ ဦးတို့၏ ဆွေးနွေးချက်

လွှတ်တော်အတွင်းရှိ ကရင်အမတ် ၁၂ ဦးသည် အမှတ်(၂၅၃)၊ မောင်ဂိုမာရီလမ်း (ယခုအခါဗိုလ်ချုပ်အောင်ဆန်းလမ်း) စောမြတ်သိန်း၏ တိုက်ခန်းတွင် နှစ်သစ်ကူးနေ့ကိစ္စကို တိုင်ပင်ဆွေးနွေးကြ၏။ အချို့အမတ်များသည် စိတ်မ၀င်စားကြပေ။

အကြောင်းမှာ ကရင်နှစ်သစ်ကူးပွဲတော်သည် ခေတ်မမှီဟု ယူဆကြသည်။ လာမည့် ၁၉၃၈ ခုနှစ် သလေးထိုင်ခုတ်ဖို ပြာသိုလဆန်း(၁)ရက်သည် ဇန်နဝါရီလ(၁)ရက်နေ့တွင်သာကျ၏။ ၎င်းအပြင် နောင်လာမည့် နှစ်များတွင်လည်း ကရင်နှစ်သစ်ကူးနေ့သည် ခရစ္စမတ် ဒီဇင်ဘာ (၂၅) ရက်နေ့နှင့် ဇန်နဝါရီ (၁) ရက် ကမ္ဘာ့နှစ်သစ်ကူးနေ့ရက် ပတ်၀န်းကျင်တွင်သာ လှုပ်ရှားနေ၍ ကရင်တို့ ပိုက်ဆံကုန်ပြီး လူပင်ပန်းမည်ဟုဆို၏။

၎င်းအပြင် သင်္ကြန်သည် ကရင်ဗုဒ္ဓဘာသာများ၏ နှစ်ကူးရက် ဖြစ်သည်။ ခရစ်စမတ်နေ့လည်းရှိသည်။ နယူးရီးယား မလိုပါဟု ဆိုလာကြသည်။

ပထမအကြိမ် ဆုံးဖြတ်ချက်မကျ၊ ဒုတိယအကြိမ်တွင် ဂျွန်ဆင် နှင့် စောမြတ်သိန်း တို့ လိုသလိုလုပ်ကြ ဟူ၍ ဆုံးဖြတ်ချက် ကျလာခဲ့သည်။

ဆောင်ရွက်ပုံ

ဂျွန်ဆင်နှင့် မြတ်သိန်းတို့သည် လွှတ်တော်အတွင်း၀န်ကြီး မွန်၀တ်လုံ ဦးဘဒွန်း (B.A. Bar at law) နှင့် ဆွေးနွေး၏။ လွှတ်တော်လုပ်ငန်းတွင် အကျွမ်းအကျင်ဆုံး ပုဂ္ဂိုလ်ကြီးဖြစ်၏။ မင်းတို့ ကိစ္စက မလွယ်ဘူး။ အမတ်တဦးက ကန့်ကွက်လျှင် ခက်သွားမည်။ လွှတ်တော်အမတ် ၁၃၂ ယောက်ရှိ၍ မင်းတို့ ၁၂ ယောက်ရှုံးမှာပဲ ဟု အားပေးပြောကြား လိုက်သည်။

ထိုအခါ ဂျွန်ဆင်က ဖြစ်နိုင်တဲ့လမ်းကိုရှာပြီး အကြံပေးပါ။ အကူအညီပေးပါ။ ဉာဏ်ထုတ်ပါ လို့ တိုက်တွန်း၏။ ဦးဘဒွန်းက ငါတတ်နိုင်သလောက်ကူညီမယ်၊ နက်ဖြန်လာပါ ဟုဆို၏။ ချိန်းဆိုရက်တွင် ဦးဘဒွန်းက လမ်းတော့ရှိတယ်၊ ဒါလဲ မလွယ်ဘူး ဟုဆိုပြီး အောက်ပါအတိုင်း ရှင်းပြ၏။

ဥပဒေကြမ်း Bill သွားရိုးလမ်းစဉ်
၁။ Bill ရေး၊ မဲဖောက်၊ လွှတ်တော်တွင် တင်သွင်းသည်။
၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူများလျှင် Bill သေ၏။
၃။ တင်သွင်း၍ရသော်လည်း အမတ်တဦးက ရွေးချယ်ကော်မတီသို့ပို့ရန် အကြံပေးနိုင်၏။ ပို့သော် တနှစ်လောက် ကြာ၏။
၄။ ၎င်းမှ ပြန်လာသော် ဆွေးနွေးနိုင်သည်။ မဲရှုံးလျှင် Bill သေ၏။
၅။ အမတ်တဦးက ပြည်သူ့ထင်မြင်ချက် တောင်းဖို့ အကြံပေးနိုင်၏။ တောင်းက ၂-နှစ်လောက် ကြာနိုင်သည်။ ၎င်းမှပြန်လာလျှင် လွတ်တော်တွင် ဆွေးနွေးရ၏။ မဲရှုံးလျှင် Bill သေ၏။

မဲနိုင်လျှင် -
၆။ အထက်လွတ်တော်သို့ တက်ပြီး၎င်းမှ -
၇။ ဘုရင်ခံထံသို့ ရောက်၏။ အင်္ဂလိပ်စီးပွားရေးကို မထိခိုက်လျှင် လက်မှတ်ထိုး၏။ Bill သည် ACT ဖြစ်လာ၏။

ဥပဒေကြမ်း Bill ဖြတ်လမ်း
၁။ Bill ရေးမဲဖောက်တင်သွင်းသည်။
၂။ တင်သွင်းသည့်အခါ ကန့်ကွက်သူမရှိအောင် မလွယ်ပါ။
၃။ ကန့်ကွက်သူမရှိသော် ၃၊၄၊၅၊၆ အဆင့်ကို ကျော်လွှား၍ Governor in council ဘုရင်ခံနှင့် ၀န်ကြီးစုံညီ အစည်းအဝေးတွင် ၀န်ကြီးများအားလုံး သဘောတူ၊ မေတ္တာရပ်ကာ လွတ်တော်တွင် ကန့်ကွက်သူမရှိသော် Bill ကို လက်မှတ် ထိုး၍ ACT ပြုနိုင်၏။ ACT ဖြစ်လျှင် ကရင်နှစ်သစ်ကူးနေ့သည် ဂေဇက်၀င် နေ့တနေ့ဖြစ်လာသည်။

သွားရိုးသွားစဉ် လမ်းနှင့်မအောင်နိုင်၊ ကန့်ကွက်သူ မရှိအောင် စွမ်းနိုင်သလား ဟုမေး၏။ ကြိုးစားမယ် ဆိုပြီး Canteen စားသောက်ခန်းမသို့ သွားကြ၏။ ဆွေးနွေး၏။ အကြံရ၏။

အကြံကောင်းလျှင်တချက်

ထိုစဉ်က လွှတ်တော်အမတ်များ လစာမရှိသေး။ လိုချင်ကြ၏။ မည်သူတဦးတယောက်မှ လစာဥပဒေကြမ်းကို မတင်ရဲကြ။ ခဲပေါက်ခံရမှာကြောက်ကြသည်။ အကြံမှာ ဒို့ ကရင်နှစ်သစ်ကူးပွဲ ဥပဒေကြမ်းကို တင်မည်။ မကန့်ကွက်လျှင် အမတ်လစာ ဥပဒေကြမ်းကို တင်မည်ဟု လက်တို့မည်။ ဒီလိုဆို ကန့်ကွက်သူ မရှိဖြစ်ပြီး ဒို့-ကရင်နှစ်သစ်ကူးပွဲ အောင်ရမယ် လို့ တိုင်ပင်တယ်။
(၂)ဦး သဘောတူ လစာဥပဒေကြမ်းကို တင်မည်ဟု ခဲကိုအရဲစွန့်ပြီး Challenge (စိန်ခေါ်)လိုက်တယ်။

စိန်ခေါ်ပြီးနောက် လွှတ်တော်စားပွဲခန်းတွင် မြတ်သိန်း နှင့် ဂျွန်ဆင် မျက်နှာပွင့်၏။ စားပွဲခန်းမထဲ၀င်လျှင် စားပွဲတိုင်းက ဂျွန်ဆင်၊ မြတ်သိန်း၊ လာပါ၊ထိုင်ပါ၊ ကြိုက်တာ အော်ဒါ လုပ်ပါ ဟု ဖိတ်ခေါ်ခဲ့သည်။ စားသောက်ပြီးက Members salary bill ကို တင်ပါ။ မကြောက်ပါနဲ့ လို့ တိုးတိုးအားပေးကြ၏။ Karens’ New Year Day Bill ကို ဦးဘဒွန်းက ရေးပြီး ဂျွန်ဆင်က တင်၏။

သခင်အောင်ဆန်းနှင့်တွေ့ဆုံပုံ
ဂျွန်ဆင်နှင့် မြတ်သိန်းတို့ Members salary bill တင်မယ်လို့ သတင်းပြန့်ပွားတယ်။ နှစ်ရက်ကြာမှ ဖေဗီယမ် ဦးဘခိုင်၊ ဒီးဒုတ်ဦးဘချိုတို့ ဖေဗီယမ်ပါတီ အတွင်းရေးမှူးတို့ ရောက်လာသည်။ ဦးဘခိုင်၊ စောမြတ်သိန်းတို့ အလွန်ရင်းနှီး၏။ စောမြတ်သိန်းလာပါ ဟု မိမိတိုက်ခန်းသို့ ခေါ်သွား၏။ ရောက်သော် သခင်အောင်ဆန်းနှင့် သခင်လှရွှေတို့ကို တွေ့၏။ တဦးနှင့်တဦး နှုတ်ဆက်ကြသည်။

ပြီးတော့ သခင်အောင်ဆန်းက စောမြတ်သိန်း Members salary bill တင်မယ်ဆို၊ ဟုတ်ရဲ့လား ဟု မေး၏။
သိန်း … ဟုတ်တယ်တင်မယ်
ဆန်း … မတင်ပါနဲ့ဗျာ
သိန်း … ဘာဖြစ်လို့လဲ
ဆန်း … ဗမာ့လွှတ်တော်ကြီး သိက္ခာကျမယ်
သိန်း … သိက္ခာမကျပါဘူး၊ လွှတ်တော်တိုင်းမှာ အမတ်တွေ လစာနဲ့ပဲ
ဆန်း … သူတို့ယူတာ ယူပေါ့။ ကျွန်တော်တို့အမတ်တွေ လစာမ ယူရင်ကောင်းမယ်
သိန်း … မယူရင် မကောင်းဘူး၊ တိုင်းပြည်နာမယ်
ဆန်း … ဘာဖြစ်လို့လဲဗျာ
သိန်း … ဘတ်ဂျက်ငွေပို ရှိနေတယ်၊ လခမယူရင် ဒီငွေတွေကို အလကားမထားဘူး၊ Queen’s Own Highlander စကော့တလန် တောင်ပေါ် စစ်သားတွေ ခေါ်ယူမယ်၊ ဘုရင်ခံလည်း စကောလောက် မျက်နှာရှိသွားမယ်၊ ခုလည်း King’s Own Highlander ရှိနေပြီ
ဆန်း … ဟုတ်ရဲ့လားဗျာ
သိန်း … စဉ်းစားကြည့်လေ
ဆန်း … (ခေါင်းကုတ်လျှက်) ခက်တာဘဲ၊ We are between the deep sea and the devil ဟု ပြော၏။
သိန်း … We are between the deep sea and the devil on one side and the green field on the either
ဆန်း … ခင်ဗျားကတော့ လုပ်တော့မယ်၊ သခင်ကိုယ်တော်မှိုင်း ဟောပေးလို့ရတဲ့ မဲတွေ အလွဲသုံးစား မလုပ်ပါနဲ့
သိန်း … စိတ်ချပါ၊ မလုပ်ပါဘူး
ဆန်း … ဗျာ … ခင်ဗျား Good တယ်ထင်ရင် Do သာ Do ပါ ဆို၏။

၎င်းနောက် ဦးဘခိုင်က လက်ဖက်ရည်နှင့် တည်ခင်း ကျွေးမွေး၏။ ပြီးတော့ နှုတ်ဆက်၍ လူချင်းခွဲကြတော့၏။ ကရင်နှစ်သစ်ကူးနေ့ အသိအမှတ်ပြု ဥပဒေကြမ်းကို လွှတ်တော်သို့ ၂၃-၇-၃၇ နေ့တွင် ဂျွန်ဆင် တင်၏။ ဦးဖိုးမျှင်က ထောက်ခံ၏။ စောမြတ်သိန်းက ကန့်ကွက်သူမရှိအောင် ကြိုတင်၍ လှည့်လည်ကာ လက်တို့၏။

ဒါတောင်မှပဲ Mr.Leach (European Leader) က စကားပြောသေး၏။ Amendment ပြင်ဆင်ချက်ပါသည်။ စည်းကမ်းမကျ ဟု ဆို၏။ ဥက္ကဋ္ဌကြီးက မင်း Bill ကို ကန့်ကွက်တာလား၊ ပြင်ဆင်ချက်ကို ကန့်ကွက်တာလား ဟု မေးရာ ဂျွန်ဆင်က You are right လို့ ပြောလိုက်ရာ Laughter ဖြစ်သွား၏။ ထိုအခါ Leach က Bill ကို မကန့်ကွက်ပါ။ မည်သူ Bill ကို ကန့်ကွက်မလဲ ဟု ဥက္ကဋ္ဌကြီးက မေးရာ လွှတ်တော်တခုလုံး ငြိမ်နေ၏။ ဤကား Victory အောင်ပွဲပေတည်း။

အဆင့် ၃၊ ၄၊ ၅၊ ၆၊ တို့ကို ကျော်လွှား၍ စောဖေသာ(အခွန်၀န်ကြီး)က အနည်းငယ် လှုပ်ရှားရသည်မှာ ဘုရင်ခံနှင့် ၀န်ကြီးများစုံညီ အစည်းအဝေးတွင် ကရင်နှစ်သစ်ကူး Bill ကို လွှတ်တော်တွင် ကန့်ကွက်သူမရှိ။ ၀န်ကြီးများ အားလုံးလည်း သဘောတူသောကြောင့် Bill မှ ACT ဖြစ်ဖို့ လက်မှတ်ထိုးရန် မေတ္တာရပ်ခံ၏။ အသင့်ပင် ဘုရင်ခံလက်မှတ်ထိုး၍ ဥပဒေကြမ်းများ ဥပဒေဖြစ်သွား၏

၁၉၃၇ ဒီဇင်ဘာလတွင် တာ၀န်အရ ပြည်ထဲရေးဌာနက သလေး ထိုင်ခုတ်ဖို ပြာသိုလဆန်း ၁-ရက်သည် ဂေဇက်၀င် နိုင်ငံတော်ရက်အား ဖြစ်သည်ဟု ကြေညာ၍ ရုံးများ၊ ကျောင်းများ၊ အလုပ်ရုံကြီးများ၊ ဘဏ်တိုက်ကြီးများကို နိုင်ငံတော်တဝှမ်းလုံးတွင် ပိတ်စေ၏။ သေလုဆဲဆဲ ဖြစ်နေသော ကရင်နှစ်သစ်ကူးပွဲနေ့သည် လှလှပပကြီး ထည်ဝါစွာ ပြန်လည် ထွက်ပေါ်လာ၏။ ၂၈-၇-၃၇ နေ့တွင် အမတ်လစာ ဥပဒေကြမ်း Members salary bill ကို ဂျွန်ဆင်တင်၏။ ကန့်ကွက်သူမရှိ။ Bill သည် ACT အဖြစ် အလွယ်တကူ ဖြစ်သွားတော့သည်။ သူ့အကျိုးဆောင်၍ ကိုယ့်အကျိုးအောင်သော သာဓကတခုတည်း။

ကရင်နှစ်သစ်ကူးပွဲတော်နေ့ ရရှိခြင်း အဖြစ်မှန်ကို တင်ပြရခြင်း အကြောင်းမှာ တောင်းယူရသော နှစ်သစ်ကူးနေ့ မဟုတ်။ အခွင့်ကောင်း ရသော၊ ညဏ်ထုတ်၍ ခဲကိုစိန်ခေါ်ပြီး လွှတ်တော်တွင် မကြန့်ကြာ၊ သောင်မတင်၊ မကြာသော ရက်ပိုင်းကလေးနဲ့ ထိုက်ထိုက်တန်တန် ရရှိခဲ့ကြောင်းကို နောင်လာနောက်သားများ သိထိုက်လှသည်ဟု ယူဆ၍ တင်ပြအပ်ပါသည်။

ကရင့်သက္ကရာဇ် (၃)မျိုး

ရှေးက သရေခေတ္တရာပြည်ကြီးတွင် ပျူ၊ ကမ်းယံ၊ သက်တို့ နေထိုင်ကြသည်။ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန် စံယူသောအခါ ထိုနှစ်မှစ၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ သက္ကရာဇ်ကို စတင်ရေတွက်ကြ၏။ နောင်သက္ကရာဇ် ၁၀၁ သို့ရောက်သော် ဒွတ်တဘောင်မင်းကြီးက ဦးဆောင်၍ ပျူ၊ ကမ်းယံ၊ သက်တို့၏ အလွန်ကြီးမားခမ်းနားလှသော သရေခေတ္တရာ နေပြည်တော်ကြီးကို တည်ထောင်ဖန်ဆင်းကြ၏။ အစဉ်အတိုင်း သက္ကရာဇ်ကို ရေတွက်လာရာ ၆၂၄-ခုသို့ ရောက်လာသောအခါ သမုန္ဒရီမင်းက ဒေါဒေါရသကိန်းအရ ၆၂၂-နှစ်ကိုဖြို၍ အကြွင်း ၂-ခုထားပြီးရေတွက်စေ၏။

သက္ကရာဇ်ဖြိုရာတွင် ကမ်းယံတို့ သဘောမတူ၊ မဖြိုဘဲ ဆက်လက်၍ ရေတွက်ကြ၏။ နှစ်များမကြာမီ သရေခေတ္တရာပြည်ကြီးအတွင်းသို့ စကောတချပ် လေကြမ်းတိုက်ပြီးလွင့်ကာရောက်လာသည်ကို ထိတ်လန့်တကြား ဖြစ်ပြီး အုပ်မရ၊ ထိန်းမရဖြစ်ကာ သရေခေတ္တရာ ပြည်ကြီး ပျက်စီးလေတော့သည်။ လူထုသည်လည်း ဤတွင် အုပ်စုသုံးစု ကွဲသွားတော့သည်။

ပျူတို့မှာ အထက်အညာသို့ပြောင်းရွေ့၍ ယုန်လွှတ်၊ ပုဂံပြည် စသည်တို့ကို တည်ထောင်ကြ၏။ ဖြိုသက္ကရာဇ်ကို ပျူတို့ယူဆောင်သွား ကြသည်။ သက်တို့မှာ အရှေ့အရပ်သို့ ရွှေ့ပြောင်းသွားကြ၏။ ကမ်းယံတို့မှာ နေမြဲဖြစ်သော သရေခေတ္တရာတွင် ဆက်လက်၍ နေထိုင်ကြ၏။ မရွှေ့ပြောင်း ကြချေ။

ပုဂံပြည်တွင် ဖြိုသက္ကရာဇ် ၅၆၄-သို့ ရောက်သောအခါ ပုပ္ပါးစောရဟန်းမင်းလက်ထက် ခဆပဉ္စကိန်းအရ ၅၆၂-နှစ်ကိုဖြို၏။ အကြွင်း ၂-ကိုထားကာ ရေတွက်ပြန်၏။ ကမ်းယံတို့ကား ပုဂံတွင် ဒုတိယအကြိမ် သက္ကရာဇ်ဖြိုသော်လည်း ဆက်လက်၍သာ ရေတွက်၏။ ယခုအခါ ကောဇာ သက္ကရာဇ်မှာ နှစ်ကြိမ်ဖြိုပြီးသော သက္ကရာဇ် ၁၃၂၄ ဖြစ်၏။ ကမ်းယံသက္ကရာဇ်နှင့် ယခုရေတွက်နေသော ကောဇာသက္ကရာဇ် မှာ ရှင်တော်ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူတော်မူသည့် နှစ်မှ စ၍ ရေတွက်သောကြောင့် မူရင်းမှာမခြား၊ အတူတူပင်ဖြစ်သည်။ ခြားနားသည်မှာ ကမ်းယံသက္ကရာဇ်က မဖြို၊ ကောဇာသက္ကရာဇ်က ပထမအကြိမ် ၆၂၂-နှစ်၊ ဒုတိယအကြိမ် ၅၆၂-နှစ်၊ နှစ်ပေါင်း ၁၁၈၄-နှစ်ဖြိုသော သက္ကရာဇ်သာဖြစ်သည်။ ပိုမိုရှင်းလင်းသွားစေရန် ဇယားဖြင့် အောက်တွင် ဖေါ်ပြထားသည်။

ကမ်းယံသက္ကရာဇ်
၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်စံယူသည့်နှစ်ကစ၏။
၂။ သက္ကရာဇ် ၁၀၁ ခုတွင် သရေခေတ္တရာပြည်ကြီး တည်ထောင်၏။
၃။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။
၄။ ကမ်းယံတို့ မဖြို ဆက်လက်ရေတွက်၏။
၅။ ယခု ကမ်းယံသက္ကရာဇ် ၁၃၄၂+၆၂၂+၅၆၂-၄=၂၅၂၂ခု

ကောဇာသက္ကရာဇ်
၁။ ဗုဒ္ဓဂေါတမ ပရိနိဗ္ဗာန်ယူသည့်နှစ်ကစ၏။
၂။ သက္ကရာဇ် ၁၀၁ ခုနှစ်တွင်၊ သရေခေတ္တရာပြည်တည်၏
၃။ သက္ကရာဇ် ၆၂၄ ခုတွင် သုမုန္ဒရီမင်း၊ ၆၂၂ ခုဖြို၏။ ၂ ကြွင်းထား၏။
၄။ ဖြို သက္ကရာဇ် ၅၆၄ ပုဂံတွင် ပုပ္ပါးစော ရဟန်း ၅၆၂ ဖြို၏။ ၂ ခု အကြွင်းထား၏။
၅။ ယခု ကောဇာသက္ကရာဖ် ဖြိုသက္ကရာဇ် ၁၃၄၂ ခုဖြစ်၏။

ထူးကြီးဝေဠု၀န်၊ ဆရာတော်ကြီး ဦးတေရိန္ဒမှာ ပရိယတ္တိ၊ ဘာသန္တရ၊ ဒေသန္တရ ပြောင်မြောက်အောင်တတ်တဲ့ ကရင်ဆရာတော်ကြီး ဖြစ်၏။ ယမ်းကံဟာကရင်ဘဲကွ။ ကရင်အစ အင်းမကတဲ့။ ရှေးကမ်းယံလို့ခေါ်တဲ့ လူမျိုးကို အင်းမအရပ်က (ပြည်မြို့ တောင်ဘက်မှာ ရှိ၏) စတင်ပြီး ကရင်လို့ ပြောင်းလဲခေါ်ဝေါ်တယ်။ ကမ်းယံသက္ကရာဇ်ဟာ ကရင်သက္ကရာဇ်ပဲ။ မှတ်ထားပါ ဟု မိန့်ကြား၏။

ထိုအခါ ဆရာတော်ကြီးသည် ကရင်ဖြစ်၍ တော်ပေသေးသည်ဟု မိတ်ဆွေအချို့နှင့်တကွ အထင်မှားမိ၏။ ယခုမှာ မူကား ကမ်းယံတို့ ကရင်ဖြစ်ကြောင်း သံသယမရှိ။ အကြောင်းမူကား ရှေးအခါက မြန်မာနိုင်ငံတွင် နေထိုင်ကြသော ပျူ၊ ကမ်းယံ၊ သက် ဟူသော လူမျိုးသုံးမျိုးအနက် ကမ်းယံဟု ခေါ်သော လူမျိုးအမည်မှ ကရင်ဟူသော အမည်သို့ပြောင်းလဲ ခေါ်ဆိုလာသော အမည်ဖြစ်သည် ဟု ဆာအာသာဖယ်ရာက တင်ပြခဲ့သည်။ (စာမျက်နှာ ၁၀ ပြည်ထောင်စု မြန်မာနိုင်ငံ ရိုးရာယဉ်ကျေးမှု – ကရင်) (Sir Arthur Phayer. Translations of Ethnological Society vol:V)

၁၉၁၆ ခုနှစ် မြန်မာနိုင်ငံရှေးဟောင်း ကမ္ဗည်းကျောက်စာ သုတေသန အစီရင်ခံစာတွင် ကရင်လူမျိုးများအား မြန်မာ့သမိုင်းများ၌ ဖော်ပြခဲ့ကြသော ကမ်းယံလူမျိုးများနှင့်လည်းကောင်း ယူနန်နယ်ရှိ ယောင်နှင့် မြောင်လူမျိုးများနှင့်လည်းကောင်း၊ မျိုးနွယ် ဆက်သွယ်ကြောင်း ဖော်ပြပါရှိသည်။ (စာမျက်နှာ ၁၆ ပြည်ထောင်စုမြန်မာနိုင်ငံ ရိုးရာဓလေ့ ထုံးစံများ – ကရင်)

၁၉၃၇-နှစ် ကရင်သက္ကရာဇ် အကြောင်း ဆွေးနွေးစဉ်အခါက စာမျက်နှာ ၁၀၊ ၁၆ အကိုးအကားကို မသိရသေးသဖြင့် ကရင်ဆရာတော်ကြီး ဦးတေရိန္ဒ အား ထင်မြင်မှု ပေါ့ခဲ့သည်။ ထိုYအတွက် လက်ဆယ်ဖြာ ဦးထိပ်တင်၍ ကန်တော့ပါ၏။

ထိုစဉ်က အထက်ပါ အကိုးအကားနှစ်ခုကို သိခဲ့ပါမူ မိတ်ဆွေအမတ် ၁၂ ယောက်တို့ ကမ်းယံသက္ကရာဇ်ဟု ဆုံးဖြတ်မည်ဟု သံသယရှိစရာ မလိုပါ။ ဤကားရှေးက ကရင်သက္ကရာဇ် ရှိခဲ့ကြောင်းပါ။

တရုတ်ပြည် အနောက်ပိုင်းရှိ ကြီးမားသော တောင်ကြီးများ ၀န်းရံလျှက်ရှိသည့် ကုန်းပြင်မြင့်၊ ငွေတောင်ပြည်မှ ကရင်တို့ ရွှေ့ပြောင်းလာခဲ့ ကြ၏။ ထီဆဲမဲ့ယွား ခေါ်သည့် သဲမြစ်ကြီးကို ဖြတ်ကူးပြီး တဖြည်းဖြည်း ယူနန်ပြည်သို့ ဆိုက်ရောက်လာကြ ၏။ ထိုယူနန်ပြည်တွင် နှစ်ပေါင်းများစွာ နေထိုင်ကြသည်။ ပထမအသုတ်၊ အချို့ကရင်များ ယူနန်ပြည်မှ ဘီစီ ခမ ၁၁၂၈ တွင် ရွှေ့ပြောင်းလာ၏။ တပိန်၊ မြစ်ငယ်၊ ဧရာ၀တီ အတိုင်း စုံဆင်း၏။ အချို့သံလွင်မြစ် အတိုင်းစုံဆင်း၏။ ဗမာပြည်သို့ ဘီစီ ခမ ၁၁၂၅ တွင် ရောက်၏။ ဒုတိယအသုတ် ဘီစီ ခမ ၇၄၁ တွင် ယူနန်ပြည်မှ ထွက်ခဲ့၏။ ဘီစီ ခမ ၇၃၉ တွင် ဗမာပြည်သို့ ဆိုက်ရောက်ကြ ၏။ (သုတေသီဆရာ ဦးအောင်လှ၊ ပါဠိဆရာကြီး ဦးစော၊ ဦးကျော်ဇံ – ကသာ၊ ဦးဖိုးတုတ် – ပညာအုပ်)

ပထမအသုတ် ကရင်များ၊ ဗမာပြည် ရောက်သောအခါ လယ်ယာ စိုက်ပျိုးကြ၏ နှစ်အတော်ကြာသော် မှန်မှန် စိုက်ပျိုးနိုင်၏။ အခြေနေကောင်းမွန်လာ၏။ ထိုအခါ ၀မ်းသာအားရ ကောက်ဦး စားပွဲကို ကျင်းပကြ၏။ ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယ အကြိမ်၊ စသည်ဖြင့် ရေတွက်ရာမှ ကောက်ဦးစားပွဲ သက္ကရာဇ် ပေါ်လာ၏။ ဒုတိယအသုတ် ထိုနည်းတူ လယ်ယာစိုက်ပျိုး၏။ ကောက်ဦးစားပွဲကျင်းပပြီး သက္ကရာဇ်ပေါ်လာ၏။ ပထမအသုတ်မှာ ရှေ့ကဖြစ်၍ ပင်လယ်နှင့်နီးသော အရပ်သို့တိုင်အောင် ချီတက်ကြ၏။ ဒုတိယအသုတ်မှာ နောက်မှဖြစ်၍ ပင်လယ်နှင့် အနည်းငယ်လှမ်းသော နေရာများတွင် နေထိုင်ကြ၏။ ထိုခေတ်က ကူးလူးဆက်ဆံ သွားလာရေး မလွယ်ကူသော ကာလဖြစ်၍ သက္ကရာဇ် မတူကြ။ နှစ်မျိုးဖြစ်နေ၏။

ငယ်စဉ်က ပဲခူးနယ် တောင်ပိုင်း ကရင်လယ်သမားကြီးများက ပြာသိုလဆန်း ၁ ရက် နေ့တွင် ကောက်ဦးစားပွဲပြုလုပ်ကြ၏။ နံနက် စောစောတွင် အဘိုးတို့ ဘကြီးတို့ သူတို့၏ မိတ်ဆွေ ရွှေကျင်မှ ပြောင်းလာသူ ရွှေပွင့်ဝါ (ထူးဖောပါ) တို့နှင့် နှစ်သစ်ကူးအကြောင်း ပြောဆိုဆွေးနွေးကြ၏။ အားပါးတရ စိတ်အားထက်သန်စွာ ပြောကြ၏။ သက္ကရာဇ် အကြောင်းလဲ ပါ၏။ ပဲခူး တောင်ပိုင်းသက္ကရာဇ်မှာ ရွှေကျင်ကပါလာသော သက္ကရာဇ်ထက် နှစ် (၃၁၀) ကြီးတယ်လို့ ပြောသံကြားဖူးသည်။ ၁၉၃၇ ခု ကရင်ပြည်ပြဿနာ ပေါ်ပေါက် လာသောအခါ ဘကြီးများ၏ သက္ကရာဇ်မှာ (၂၇၉၉)ခုရှိနေ၏။ (၂၈၀၀) ပြည့်ရန် တနှစ် လိုသောကြောင့် မှတ်မိ၏။ ရွှေကျင်သက္ကရာဇ် က (၃၁၀) နှစ်ငယ်နေသည်။ ၎င်းကို ဂျွန်ဆင်အားပြရာ ဟုတ်တယ် ဒို့ တောင်ငူသက္ကရာဇ်နဲ့တူတယ် ဟုဆို၏။

သက္ကရာဇ်အတွက် ကရင်အမတ် (၁၂)ယောက် စည်းဝေးပွဲလုပ်ရာတွင် ဘယ်လိုလုပ်ကြမလဲ၊ (၂)မျိုးဖြစ်နေ သည်။ ဤအတွက် ဖြေရှင်းဖို့ လိုလေသည်။

သာဓကမှာ Pritured Encyclopedia ခရစ်တော်လွန်ပြီး နောက် အနှစ် (၂၀၀) အတွင်း ခရစ်တော်မွေးနေ့ မေလ၊ ဧပြီလ၊ ဇန်နဝါရီလ ဟူ၍ ကွဲပြားနေသည်။ အေဒီ (၃၀) လောက် မှာ ဒီဇင်ဘာလ (၂၅)ရက်အတွင်း ကျင်းပ၏။ အများသဘောတူညီချက်အရ ဒီဇင်ဘာလ (၂၅)ရက်နေ့ မဖြစ်နိုင်ကြောင်း အကြောင်းပြ၏။ သို့သော် အကြီးအကဲများ သဘောတူဆုံးဖြတ်၍ အားလုံး ရိုသေလေးစားစွာ လိုက်နာ၍ ကျင်းပကြ၏။ Pritured Encyclopedia; We know that this could hardly have happened in December because it rams almost containously at the time of the year in Palestine and shepherds would no keep their flocks out in the hills at night in such weather.

ခရစ္စမတ် ကမ္ဘာ့သာဓကကိုယူ၍ တောင်ပိုင်းကရင် သက္ကရာဇ်နှင့် မြောက်ပိုင်းကရင်သက္ကရာဇ်ကို ဖြေရှင်းကြ၏။ တောင်ပိုင်း သက္ကရာဇ်မှာ ဘီစီ(၇၃၉)မတိုင်မီ ကစ၍ ကရင် သက္ကရာဇ်ကို ရေတွက်ဖို့ စဉ်းစား၏။ ကရင်အမတ်တဦးက ဒို့သက္ကရာဇ်ကို ပြင်နိုင်သလားဟုဆို၏။

သမုန္ဒရီမင်း၊ ပုပ္ပါးစောရဟန်းမင်း၊ ခရစ္စမတ်လူကြီးများ အများကောင်းကျိုးအတွက် ဖြူစင်သော စိတ်ထားဖြင့် ပြုပြင်ခဲ့၏။ ဒို့အမတ် (၁၂)ဦးလည်း ကရင်လူမျိုးများကို ကိုယ်စားပြုသူများဖြစ်၍ ဤသက္ကရာဇ်(၂)ခုကို ကြားချနိုင်သည်ဟု တညီတညွတ်တည်း ယူဆကာ အားလုံး Veto ဗီတို အာဏာသုံးမှုကြောင့် ယခုကရင်သက္ကရာဇ်ကို ဘီစီ (၇၃၉)မှစ၍ ရေတွက်ကြသည်။

ထို့ကြောင့် ရှင်းပြချက်မပါလျှင် ဗဟုသုတရှိသူများက ဘီစီ (၇၃၉)ကို ကရင်သမိုင်းမှတ်တိုင်တခု ဟူ၍သာ လက်ခံနိုင်၏။ ကရင်သက္ကရာဇ် စသည့်နှစ်ဟု လက်မခံနိုင်ချေ။ သက္ကရာဇ်၏ ဂုဏ်အင်္ဂါလက္ခဏာလည်းမရှိ၊ ဗဟုသုတရှင်များ၏ ယူဆချက်ကိုလည်း အပြစ်မဆိုနိုင်ပေ။ ကမ်းယံသက္ကရာဇ်၊ ကရင်သက္ကရာဇ် ၂၅၂၂၊ ကောက်ဦးစားပွဲ ကရင်သက္ကရာဇ် ၂၇၂၀ ဖြစ်ကြောင်း ဗဟုသုတရှင်များ သံသယမရှိစေရန် ကျေကျေနပ်နပ်နှင့် လက်ခံရန် တင်ပြအပ်ပါသည်။

ကရင်သက္ကရာဇ်၊ ရောင်ဝါနေသို့ ထွန်းစေသောဝ်။ (ယုတ္တာ၊ ယုတ္တိဆင်ခြင်ညှိသော် ဝီစိကိစ္ဆာ၊ မရှိရာတည့် (ရှိဘွယ်မတည့်) ထုံးရာဇ၀င် သက်သေတင်၍)

ဆရာကြီးစောမြတ်သိန်း
လွှတ်တော်အမတ်

(Cradit - Ko Nyan Myint Tun)

01/12/2025

100% Handmade

You can order now!

We are Invite to  you all🙆ဆန်းသစ်တဲ့ ကရင် handmade လက်ရက်ထည်တွေကို လာရောက် try on ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 😍
28/11/2025

We are Invite to you all🙆

ဆန်းသစ်တဲ့ ကရင် handmade လက်ရက်ထည်တွေကို လာရောက် try on ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ် 😍

Address

Yangon

Telephone

+959988895933

Website

Alerts

Be the first to know and let us send you an email when Htoke Lann posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Htoke Lann:

Share

Category