Baby Shwe Lone

Baby Shwe Lone Baby Books & Accessories

28/12/2025

မေမေက Salmon နဲ့ သီးစုံထမင်းကြော်ကြော်ကျွေးပါတယ်ခင်မျာ🥰

Post မတင်ဖြစ်တာကြာလို့လာတင်တာပါ🤩

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!
14/10/2025

🎉 Just completed level 3 and am so excited to continue growing as a creator on Facebook!

 #အကြီးနဲ့အငယ်ကြားကဖြစ်လာမဲ့နာလိုမှုကိုတားဆီးနိုင်သူကအမေပါပဲကလေးအကြီးကလည်း အရမ်းငယ်သေးတယ် အငယ်လေးကို မွေးလာတဲ့အခါ သားဦး...
13/10/2025

#အကြီးနဲ့အငယ်ကြားကဖြစ်လာမဲ့နာလိုမှုကိုတားဆီးနိုင်သူကအမေပါပဲ

ကလေးအကြီးကလည်း အရမ်းငယ်သေးတယ် အငယ်လေးကို မွေးလာတဲ့အခါ သားဦးသမီးဦးက မိခင်ကို ဆုံးရှုံးမှာကြောက်တဲ့ စိတ်ခံစားမှု ကို ကလေးတိုင်းက ခံစားရမှာ သေခြာပါတယ်

အမြဲရနေတဲ့ ကြင်နာမှု ဂရုစိုက်မှုတွေကို ခွဲပေးလိုက်ရတာမျိုး မဖြစ်အောင် အကြီးရဲ့ယုံကြည်မှုမပျက်ဆီးအောင်
အငယ်လေးကို နို့တိုက်နေချိန် အကြီးကို လည်း ချီထားလို့ရတယ်

အငယ်ကို ချီပြီး အကြီးကို စာဖတ်ပြတာမျိုး အတူကစားပြီး အရေးပေး တာမျိုး လုပ်လို့ရပါတယ် အကြီးရဲ့ အရေးပါမှုကို လျော့ချတာမျိုး မလုပ်ပါနဲ့ အကြီးကို အချိန်မပေးနိုင်ဘူးဆိုတာ အမေရဲ့ ကြိုးစားမှု မလုံလောက်လို့ပါ

ဒါကြောင့် မေမေတွေအတွက် အချိန်ကို စီမံခန့်ခွဲတတ်အောင် အရင်ဆုံး အကြံပြုချင်ပါတယ်

အငယ်လေးတွေကို တစ်ချိန်လုံး ချီထားဖို့ မလိုအပ်ပါဘူး အငယ်ကအိပ်နေတဲ့အခါ အကြီးကို ရေချိုးပေးတာ အကြီးနဲ့အတူ မနက်စာစားတာ စကားပြောပေးတာမျိုး ကို ပုံမှန်လုပ်ပေးလို့ရပါတယ်

ကလေးငယ်လေးကို မွေးပြီး အငယ်ကို အရေးပေးသလို အကြီး ကိုလည်း စိတ်ဒဏ်ရာမရအောင် အမေက ကာကွယ်ရပါမယ်

အနားက ပတ်ဝန်းကျင်ကလူကြီးတွေ အကြီးက
အချစ်မခံရတော့ဘူး ဆိုတဲ့ စနှောက်တတ်တဲ့လူမျိုးကို အထူးသတ်ိပေးထားရမှာပါ လုံးဝ မစနောက်မိအောင် ကြိုတင်တားဆီးထားရမှာ အမေတွေရဲ့ အဓိက တာဝန်ပါ အလကားနေရင်း စနှောက်တတ်တဲ့ လူမျိုး ဆိုတော့ ပိုပြီး သတိထားရမှာပါ

အကြီးကို အရေးပေးလေ အကြီးနဲ့ အငယ်ကြားက မနာလိုစိတ်တွေ မရှိအောင် လုပ်ဆောင်ဖို့ အောင်မြင်လေပါပဲ

အကြီးကို အော်တာ ငေါက်တာ လုံးဝ ရှောင်ပါ

အကြီးကိုကြင်နာမှုပေးလေ အကြီးရဲ့ ကြင်နာမှု စာနာမှုတွေက အငယ်ဆီကို အလို အလျောက် စီးဆင်းသွားမှာ အသေခြာပါပဲ

အကြီးက အရင်မွေးလာတာ အငယ်ကို အနစ်နာခံပေးဖို့ မလိုအပ်ပါဘူး အကြီးလည်း ကလေးပဲ ဆိုတာ လုံးဝ မမေ့သင့်တဲ့အချက်ပါ

မောင်နှစ်မတွေ အချင်းချင်း ချစ်တတ်အောင် အတင်းလုပ်ယူဖို့မလိုအပ်ပါဘူး

မိခင်ဆီက မျှတတဲ့ ကြင်နာမှုတွေကို ကိုယ်စီရတဲ့ မောင်နှစ်မ တွေက အလိုလို ချစ်ကြပါတယ်
အချင်းချင်း လေးစားကြပါတယ်

ကလေးတွေ အတူကြီးလာပြီး လုကြ ထုကြတာက သဘာဝပါပဲ 😅😂
မျှတတဲ့ ချစ်ခြင်းမေတ္တာတရားကို အတူတူရပြီး ကြီးပျင်းလာအောင် မိခင်တွေ လုပ်ယူနိုင်ပါတယ်လို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်ရှင့်


🙏 သီတင်းကျွတ် လပြည့်နေ့🙏ယနေ့ကျရောက်တဲ့သာကီနွယ်ဖွား ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ … (အဘိဓမ္မာနေ့ ...
06/10/2025

🙏 သီတင်းကျွတ် လပြည့်နေ့🙏

ယနေ့ကျရောက်တဲ့
သာကီနွယ်ဖွား ဗုဒ္ဓဘာသာဝင်များ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်လပြည့်နေ့ …
(အဘိဓမ္မာနေ့ ) အချိန်အခါသမယဖြစ်ပါတယ်…

သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ မိတ်ဆွေမိတ်ဟောင်းများ အားလုံး စိတ်ချမ်းသာခြင်း ၊ ကိုယ်ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်းးး

Baby Shwe Lone မှဆုမွန်ကောင်းပို့သလိုက်ရပါသည်ခင်မျာ...🙏🙏🙏

#သီတင်းကျွတ်လပြည့်နေ့

02/10/2025

🌧️🌧️🌧️💛

11/06/2025

ကိုက်လန်ခရုဆီ ပုဇွန်နဲ့ကြော်ပေးတာ အရမ်းကြိုက်သောလေး🥰

* သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့ *~~~~~~~~~~~~~~~~~~~~~~     မြတ်ဗုဒ္ဓဒေသနာအရ သီတင်းကျ...
16/10/2024

* သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့ *
~~~~~~~~~~~~~~~~~~~~~~

မြတ်ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။ အကြောင်းက နတ်ပြည်၌ နတ်ပရိတ်များ အဘိဓမ္မာဒေသနာ အကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာ အကျဉ်း ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။

မြတ်ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ ဝါဆိုလပြည့် ညနေချမ်း၌ သာ၀တ္ထိပြည်အနီး ကောသလမင်း၏ ဥယျာဉ်မှူး ``ကဏ္ဍ´´သည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နှိပ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။

ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်း နှစ်လှမ်းဖြင့်သာ တာဝတိ ံသာ နတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကို မမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါ မထေရ်အား မေးမြန်းရာ မထေရ်မြတ်ရှင်းပြမှ အကြောင်းစုံသိကြရသည်။ ပရိသတ်ကြီးက ဘုရားရှင်ကို မဖူးရဘဲ မပြန်ဟု တိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီတဲနန်းထိုးကာ နေကြလေသည်။

သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှ တစ်ဆင့် ဘုရားရှင် သင်္ကဿနဂိုရ်မြို့သို့ ကြွဆင်းတော်မူမည့်အကြောင်း သိရသဖြင့် သင်္ကဿနဂိုရ်မြို့ကနေ သွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာ၀တိ ံသာပြည် မဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လက်ျာဘက်ရွှေစောင်းတန်းက နတ်များအဖို့ ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးက မြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေက သင်္ကဿနဂိုရ်မြို့ တံခါး၀မှာ ရှိသည်။

မြတ်ဘုရားရှင်သည် လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက် ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။ အောက်ကိုကြည့်သောအခါ အဝီစိငရဲတိုင်အောင် အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။
ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

တာ၀တိ ံသာ နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့လွှတ်တင် ပူဇော်ကြသည်။ ထိုကဲ့သို့ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ခေတ်အခါတိုင်အောင် မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည်။

ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ဝိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာ၀တ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ် စသော တရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း" ဟု ခေါ်သည်။

ခန္ဓာ စသော တရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာ အကျယ် ဝေဖန်ဟောကြားသော ကျမ်းကို "ဝိဘင်း ကျမ်း" ဟု ခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ်မှတ် အမည်တပ်၍ ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟု ခေါ်သည်။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏ တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့် ပြည့်စုံသောကျမ်းကို "ကထာ၀တ္ထု" ဟု ခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံစုံပြု၍ ဟောကြားတော်မူသော ကျမ်းကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ် စသောတရားတို့ကို နှစ်ဆယ်လေးပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဥာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း" ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ် တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊ သုံးလကြာမျှဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်း ဟု ထူးခြားချက် လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဠိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဥာဏ်တော်၏ နက်နဲခြင်း စသော ဂမ္ဘီရလေးမျိုးနှင့် ပြည့်စုံသော တရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သား ရဟန်း ငါးရာကဲ့သို့ နမရူပပရိစ္ဆေဒ ဥာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ကောင်း ဖြစ်ခြင်း၊ ဘေးဥပါဒ်အန္တရယ် ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်း ဟူသော အကျိုးထူး တရားများ ရရှိနိုင်သည်။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမဝါမှ ထမြောက်ကြသော သံဃာတော် အရှင်မြတ်များသည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပဝါရဏာ ပြုကြပါသည်။

ထို့ကြောင့် သီတင်းကျွတ် လပြည့်နေ့ကို ပဝါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ဤသို့ ထူးခြားသော၊ ဗုဒ္ဓဘာသာ၀င်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ ဥပုသ်နေ့မှာ ဒါန၊ သီလ၊ ဘာ၀နာ ကုသိုလ်ကောင်းမှုများ အထူးပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့ အကြောင်း သိကောင်းစရာ အဖြာဖြာကို ဝေမျှရင်း ကုသိုလ်ယူပါသည်။

ဒီ Page လေးကလည်း ရွှေလုံးလေး မေမေရဲ့ Page လေးပါ 🥰✈️ 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧🎉 👉👉 Waihin Star Travel and Tours ☎ 0979...
01/10/2024

ဒီ Page လေးကလည်း ရွှေလုံးလေး မေမေရဲ့ Page လေးပါ 🥰

✈️ 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧🎉

👉👉 Waihin Star Travel and Tours

☎ 09795951447 , 09799922207,

📱Viber: +959795951447 , 09799922207
💌Email:[email protected]



✨🪔🕯️

https://www.facebook.com/waihinstartravelagent?mibextid=ZbWKwL

✈️ 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧🎉

Take advantage of Myanmar National Airlines' special offer with flights from Yangon to Singapore starting at just MMK 580,000 for one-way, or MMK 1,200,000 for round trip! 🛫 This exclusive deal is available only for Tuesday flights, starting from 24th September 2024.

Whether it's a getaway or a business trip, enjoy affordable travel with MNA. Seats are limited, so book early and secure your spot! ✨​

*Valid till 31 October 2024

𝗙𝘂𝗹𝗹 𝗦𝗲𝗿𝘃𝗶𝗰𝗲
✅ Baggage Allowance
✅ 7Kg Hand Carry Allowance
✅ Meal (or) Snack Box

✈ ပြည်တွင်း ပြည်ပ လေယာဉ်လက်မှတ်များကို AYA bank, CB bank, KBZ bank, Yoma bank, KBZ pay, Wave money တို့မှ #အပိုကြေးပေးစရာမလို
ငွေလွှဲ၍ ဝယ်ယူနိုင်ပါတယ်ရှင်... 😊🙏

👉👉 Waihin Star Travel and Tours ✅

ကုမ္ပဏီလိုင်စင်အမှတ် - ၁၀၅၉၇၈၆၁၈
ခရီးစးသွားလုပ်ငန်းလိုင်စင်အမှတ် - T/I(YGN)- 2824

☎ 09795951447 , 09799922207, 09776425146 , 09964485517

📱Viber: +959795951447 , 09799922207
💌Email:[email protected]


✨🪔🕯️

သားသား ခန့်ဘုန်းလင်္ကာ @ ရွှေလုံး လေး တို့မိသားစုမှ ရေဘေးသင့်မိသားစုများ အတွက် နိုင်သလောက်အလှူလေး လှူဒါန်းပါတယ်ရှင်🙏🙏🙏( ...
18/09/2024

သားသား ခန့်ဘုန်းလင်္ကာ @ ရွှေလုံး လေး တို့မိသားစုမှ ရေဘေးသင့်မိသားစုများ အတွက် နိုင်သလောက်အလှူလေး လှူဒါန်းပါတယ်ရှင်🙏🙏🙏

( အဝတ်အစား အသုံးအဆောင်များ
အားလုံး အသစ်နီးပါးများသာ လှူဒါန်းပါတယ်ရှင် 🥰)

ကလေးဆိုတာ ဝ မှ ကျန်းမာတာလား? 🚫🚫🚫 ကလေးတွေ ဝတိုင်း မကောင်းဘူးဆိုတာ မိဘတိုင်း သတိထားစရာပါ။ ❌❌❌ ကလေးကို ဝိတ်ချတဲ့ ဆေးတွေ လုံ...
30/08/2024

ကလေးဆိုတာ ဝ မှ ကျန်းမာတာလား?
🚫🚫🚫 ကလေးတွေ ဝတိုင်း မကောင်းဘူးဆိုတာ မိဘတိုင်း သတိထားစရာပါ။

❌❌❌ ကလေးကို ဝိတ်ချတဲ့ ဆေးတွေ လုံးဝ မတိုက်ရပါ ❌❌❌

❌❌❌ ကလေးတွေကို အစားတရားလွန်ရှောင်စေတာမျိုး မလုပ်သင့်ပါ ❌❌❌

ဝဝတုတ်တုတ် ဖြစ်တာထက် ကလေးဟာ အသက်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းရှိဖို့ အရေးကြီးပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် ကျန်းကျန်းမာမာ ကြီးထွားဖို့ လိုအပ်ပါတယ်။

⏩⏩⏩ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဝိတ် ယှဉ်စရာ မလိုပါဘူး။ ကြီးထွားမှု ဟာ တပ်အပ် မတူနိုင်ပါ။

ငယ်ဘဝမှ အဝလွန်ခဲ့ရင် နောင်တစ်ချိန်မှာ ရောဂါတွေ တိုးနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေ ကာကွယ်ပြီးသားဖြစ်အောင် ကျန်းမာတဲ့ ကိုယ်အလေးချိန်အတွင်းဝင် ဖို့ပဲ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဝစေချင်လို့ မတရား ကျွေးတာဟာ ကလေးအတွက် အန္တရာယ်ရှိစေပါတယ်။

‼️‼️‼️ ငယ်ဘဝ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲများ

ဆီးချိုအမျိုးအစား ၂ (စောစောဖြစ်နိုင်ခြင်း)
သွေးတိုးခြင်း
သွေးတွင်းအဆီဓာတ်များခြင်း
အသည်းရောဂါ
အရိုးနှင့် အဆစ်အမြစ် ပြဿနာများ
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ
အိပ်လျှင် ဟောက်ခြင်း၊ အိပ်ရင်း အသက်ရှုရပ်တပ်သည်
အပျိုဖော် ဝင်တာ စောခြင်း
စားသောက်မှု မမှန်သည့် ရောဂါ (အလွန်အကျွံရှောင်ခြင်း၊ အလွန်အကျွံစားခြင်း)
အရေပြားရောဂါများ
နှုံနယ်ခြင်း၊ မတက်ကြွခြင်း

🧠 စိတ်ပိုင်းဆိုင်ရာ တွင်လည်း-
အနိုင်ကျင့် ခံရခြင်း
စခံရခြင်း၊ လှောင်ပြောင်ခံရခြင်း
မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးခြင်း
လူမှုဆက်ဆံရေး ချို့တဲ့လာခြင်း
စိတ်ဖိစီးမှုများခြင်း
အမူအကျင့်များ ပုံမမှန်ဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။

‼️ ငယ်ငယ်က အဝလွန်သည့် ကလေးများ ကြီးလာလျှင် -

သွေးတိုးရောဂါ
နှလုံးရောဂါ
လေဖြတ်ခြင်း
အသည်းရောဂါ
ဆီးချိုအမျိုးအစား ၂
အတိတ်မေ့ရောဂါ
ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

✅ ဒါကြောင့် ကလေးတွေကို ပုံမှန် ဝိတ်ချိန်ပေးပါ။ အာဟာရမျှတအောင် ကျွေးပါ။ ဆော့ကစားစေပါ။

❌ အချိုရည်၊ သွားရေစာ လျှော့ပါ။ အချိုလျှော့ပါ။
ဆား အငန်များတာ လျှော့ပါ။
သတိနဲ့ ကျွေးမွေးကြဖို့ အကြံပြုချင်ပါတယ်။

ကလေး အဝလွန်နေပါက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်အလေးချိန်ကို ထိန်းဖို့လိုပါတယ်။

မေတ္တာဖြင့်

Dr ကြယ်စင်ယုမွန်



#ကလေးကျန်းမာရေး
#အဝလွန်ခြင်း

ကလေးဆိုတာ ဝ မှ ကျန်းမာတာလား?
🚫🚫🚫 ကလေးတွေ ဝတိုင်း မကောင်းဘူးဆိုတာ မိဘတိုင်း သတိထားစရာပါ။

❌❌❌ ကလေးကို ဝိတ်ချတဲ့ ဆေးတွေ လုံးဝ မတိုက်ရပါ ❌❌❌

❌❌❌ ကလေးတွေကို အစားတရားလွန်ရှောင်စေတာမျိုး မလုပ်သင့်ပါ ❌❌❌

ဝဝတုတ်တုတ် ဖြစ်တာထက် ကလေးဟာ အသက်အလိုက် ရှိသင့်တဲ့ ကိုယ်အလေးချိန်နဲ့ အရပ်အမောင်းရှိဖို့ အရေးကြီးပါတယ်။ ကလေးရဲ့ အသက်အရွယ်အလိုက် ကျန်းကျန်းမာမာ ကြီးထွားဖို့ လိုအပ်ပါတယ်။

⏩⏩⏩ ကလေးတစ်ယောက်နဲ့ တစ်ယောက် ဝိတ် ယှဉ်စရာ မလိုပါဘူး။ ကြီးထွားမှု ဟာ တပ်အပ် မတူနိုင်ပါ။

ငယ်ဘဝမှ အဝလွန်ခဲ့ရင် နောင်တစ်ချိန်မှာ ရောဂါတွေ တိုးနိုင်ပါတယ်။ ဒါကြောင့် ဒီရောဂါတွေ ကာကွယ်ပြီးသားဖြစ်အောင် ကျန်းမာတဲ့ ကိုယ်အလေးချိန်အတွင်းဝင် ဖို့ပဲ ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။ ဝစေချင်လို့ မတရား ကျွေးတာဟာ ကလေးအတွက် အန္တရာယ်ရှိစေပါတယ်။

‼️‼️‼️ ငယ်ဘဝ အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲများ

ဆီးချိုအမျိုးအစား ၂ (စောစောဖြစ်နိုင်ခြင်း)
သွေးတိုးခြင်း
သွေးတွင်းအဆီဓာတ်များခြင်း
အသည်းရောဂါ
အရိုးနှင့် အဆစ်အမြစ် ပြဿနာများ
အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြဿနာများ
အိပ်လျှင် ဟောက်ခြင်း၊ အိပ်ရင်း အသက်ရှုရပ်တပ်သည်
အပျိုဖော် ဝင်တာ စောခြင်း
စားသောက်မှု မမှန်သည့် ရောဂါ (အလွန်အကျွံရှောင်ခြင်း၊ အလွန်အကျွံစားခြင်း)
အရေပြားရောဂါများ
နှုံနယ်ခြင်း၊ မတက်ကြွခြင်း

🧠 စိတ်ပိုင်းဆိုင်ရာ တွင်လည်း-
အနိုင်ကျင့် ခံရခြင်း
စခံရခြင်း၊ လှောင်ပြောင်ခံရခြင်း
မိမိကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးခြင်း
လူမှုဆက်ဆံရေး ချို့တဲ့လာခြင်း
စိတ်ဖိစီးမှုများခြင်း
အမူအကျင့်များ ပုံမမှန်ဖြစ်ခြင်း တို့ ဖြစ်နိုင်ပါတယ်။

‼️ ငယ်ငယ်က အဝလွန်သည့် ကလေးများ ကြီးလာလျှင် -

သွေးတိုးရောဂါ
နှလုံးရောဂါ
လေဖြတ်ခြင်း
အသည်းရောဂါ
ဆီးချိုအမျိုးအစား ၂
အတိတ်မေ့ရောဂါ
ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

✅ ဒါကြောင့် ကလေးတွေကို ပုံမှန် ဝိတ်ချိန်ပေးပါ။ အာဟာရမျှတအောင် ကျွေးပါ။ ဆော့ကစားစေပါ။

❌ အချိုရည်၊ သွားရေစာ လျှော့ပါ။ အချိုလျှော့ပါ။
ဆား အငန်များတာ လျှော့ပါ။
သတိနဲ့ ကျွေးမွေးကြဖို့ အကြံပြုချင်ပါတယ်။

ကလေး အဝလွန်နေပါက ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ်အလေးချိန်ကို ထိန်းဖို့လိုပါတယ်။

မေတ္တာဖြင့်

Dr ကြယ်စင်ယုမွန်

✳️✳️✳️ ကျန်းမာရေး စာစောင်များ ဖတ်ရှုရန်

Join Dr Kyal Sin Yu Mon on Viber https://invite.viber.com/?g2=AQBmDWUwvAlHbE4BGtnSw5Fj8U5RlIhccpHG8MpGF86%2BxDLF1hbV5pOIN%2B4PC8Zz

#ကလေးကျန်းမာရေး #အဝလွန်ခြင်း

12/08/2024

🥰 Puzzle ဆက်ခြင်းက‌ပေးတဲ့
အကျိုးကျေးဇူးများ🌟🌟🌟
1.ဆက်စပ်တွေးခေါ်နိုင်ခြင်းတိုးတက်စေမယ်။
2.ပြသနာများကိုအဖြေရှာနိုင်စွမ်းတိုးတက်စေမယ်။
3.အမှားအမှန်ဝေဖန်ပိုင်းခြားတတ်စေမယ်။
4.စိတ်ရှည်ပြီး အာရုံစူးစိုက်မှုအားကောင်းစေမယ်။
5.Hand Eyes Coordinations ရရှိစေမယ်။
6.ကစားရင်း‌ဝေါဟာရတွေ သင်ယူနိုင်မယ်။
💯💯💯💯💯💯💯💯💯💯

👶👧🏼သားသားမီးမီး တို့က ခုမှPuzzleစဆက်မယ်ဆိုရင် 2ပိုင်းဆက်တာလေးတွေကစသင့်ပါတယ်မေ‌မေတို့ရေ ...
ထူခြားချက်ကတော့ 😲😲😲
1.ဆိုဒ်အကြီးကြီးတွေမို့ ခုမှ စဆက်မယ့် ကလေးတွေအတွက် ကိုင်ရတာ အရမ်းအဆင်ပြေတယ်
2.မြန်မာ အင်္ဂလိပ်နှစ်ဘာသာဖြင့် နာမည်လေးတွေဖော်ပြထားတယ်
3.Proudly Made In Myanmar ဖြစ်တယ်😲

ရွေးချယ်စရာDesign (6)မျိုး

1.Fruits & Vegetables Puzzle🍎🍓🍋🧄
2.Body Parts Puzzle🫀👄👅👃👂🦶👁️
3.Occupation Puzzle🧑‍🚒🧑‍🏫👷👮🧑‍🔧🧑‍⚕️
4.Animal Kingdom Puzzle🐅🐊🐒🦛🦒
5.Sea Animals Puzzle🐧🐋🦈🦀🦐🐡🐠
6.Transportation Puzzle🚲🚀✈️🛶🛳️🚞

✅ပြုလုပ်အသား- ကတ်ထူစက္ကူ
✅ဘူးဆိုဒ် - 7in x 7in
✅တစ်ဘူးတွင် puzzle 12ခုပါဝင်သည်
✅ဈေးနှုန်း1ဘူး၁၀၀၀၀ကျပ်

📢 Royal Express ​ရောက်တဲ့မြို့တိုင်း Cash on Delivery 🤗

Page Messenger မှာလည်း မှာယူအားပေးလို့ရပါတယ်ရှင် 😍

☎️ 09795951447

Viber 📲 09795951447 မှာယူနိုင်ပါတယ်ရှင်










03/08/2024

Page မှာ Post လေးတွေမတင်ဖြစ်တာကြာလို့ အလွမ်းပြေလေးလာတင်တာပါ 🥰

Address

Htu Par Yon 23rd Street, Thaketa Township
Yangon

Website

Alerts

Be the first to know and let us send you an email when Baby Shwe Lone posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share