24/10/2026
💁♀️ နွေရာသီရောက်လာပြီဆိုတော့ မျက်နှာအသားအရေကို ထိန်းသိမ်းပေးဖို့ Sunscreen လေးတစ်မျိုးတော့ မရှိမဖြစ်လိုလာပြီနော်။ ဘာသုံးရမလဲ စဥ်းစားနေရင်တော့ ပေးရတဲ့စျေးနဲ့တန်အောင် ကောင်းတဲ့ Kose Suncut UV Protect Gel လေးကိုသာ သတိရလိုက်ပါ။ Review ကောင်းတွေ အများကြီးရထားပြီးသား Sunscreen လေးပါနော်။ ဒါလေးကတော့ Soundness from Lynne ရဲ့ Review လေးပါ။ ဖတ်ကြည့်ပြီး သုံးကြည့်ချင်တယ်ဆိုရင်တော့ မင်မင်တို့မှာ ဂျပန်တိုက်ရိုက် 🏆INSTOCK ရှိပါတယ်ရှင့်။ ❣️❣️❣️
Kose Suncut UV Protect Gel🌞🌞🌞
100 g --- 48,000
🇯🇵 Japan --- Myanmar 🇲🇲
☎️09-795010955
လက်လီလက်ကားစျေးနှုန်း အပြောင်းအလဲရှိပါတယ်ရှင့်။
မူးပြီးလမ်းမှာ လွင့်ပစ်ခဲ့တဲ့ Sunscreen review လေးလာပါပြီ။ အသည်းတွေလည်းကွဲပါတယ်။ [ Kose Suncut UV Protect gel ]
ဒါလေးကိုဆောင်းတွင်းတစ်တွင်းလုံးလည်းသုံးလာခဲ့တာပါ။ ဝယ်တဲ့အချိန်မှာ ဆိုက်ကိုတစ်ခုဝင်နေတာရှိတယ်။ ပထမဝယ်မယ်လုပ်ထားတဲ့ Brand တစ်ခုက အရမ်းပေါက်နေပေမဲ့ SPF Testမရှိနေတဲ့ကိစ္စဂယက်ထနေတာ။ ၂ သောင်းလည်းမကျော်ချင်ဘူး SPF လည်းစိတ်ချရမယ်။ အဲ့လိုရှာရင်းဖွေရင်းနဲ့ ဒါလေးကိုတွေ့တာ။ ဂျပန်မှာ 2016 လောက်က နေရောင်အောက်မှာ Outdoor test လုပ်တော့ ဒါလေးက Top 6 သွားချိတ်တယ်။ High protection ပေးနိုင်လို့ မင်မင် Trust ဖြစ်သွားတယ်။ ပြီးတော့ Super waterproof performance ပါတယ်။ အဲ့တာကို တစ်ခြား sunscreen တွေနဲ့ယှဉ်ပြီး အသားပေါ်မှာ test လုပ်ထားတာရှိတယ်။ Rub resistance လက်နဲ့ဖျက်ရင် သို့မဟုတ် ရေထဲမှာဆို နေရာရွေ့ မရွေ့ပေါ့။ ယှဉ်ပြီးစမ်းတဲ့ brand တွေထက်ကို Kose က အသားမှာသေချာ adhere လုပ်နိုင်တာတွေ့ရတယ်။ အဲ့တာကြောင့် ရေကူးဖို့အတွက် ရွေးလို့ရလားဆို ရတယ်။ မင်မင့် မျက်နှာက ၂ မျိုးလုံးနဲ့အဆင်ပြေတာမို့ Physical တွေ Chemical တွေသိပ်ထည့်မတွက်ဘူး။ သူ့ Performance ကောင်းရင်ရပြီ။ ပြီးတော့ ဘာအမျိုးအစားပဲလိမ်းလိမ်း မင်မင်က အပြင်ကိုချက်ချင်းမထွက်ဘူး။ သူတို့သေချာ setting ဖြစ်လောက်ပြီဆိုမှထွက်တယ်။ ရေထဲဆင်းပြီးပြီဆို ပြန်လိမ်းတယ်။
နောက်သဘောကျမိတဲ့တစ်ချက်က Allergic minimizing ဖြစ်တယ်။ တစ်ချို့က ပန်းဝတ်မှုန်တို့ ဖုန်တို့နဲ့ Allergic ဖြစ်တတ်တယ်။ အဲ့တာကို လျှော့ချပေးနိုင်တာပါ။ ဒီအချက်က တော်တော်လေး Impress ဖြစ်စရာလို့ခံစားရတယ်။
Personal feeling
သူက Water base ကိုမှ Alcohol ပါပါတယ်နော်။ Texture ကတော့ ပူတင်းတုံးလို အိအိလေးပဲ။ လိမ်းကာစမှာ ချက်ချင်းစိမ့်ဝင်သွားတာမျိုးမဟုတ်ဘဲ moisture ပေးနိုင်သလိုခံစားရပြီး နောက်ပိုင်းကျ အသားမှာ သိပ်သိပ်ကလေးဖြစ်နေတာ။ မိတ်ကပ်လိုဆို မိတ်ကပ်သားစွဲတယ်ပေါ့။ Sweat & Sebum proof ဆိုတဲ့အတိုင်းပဲ ချွေးထွက်လာရင် Sunscreen တွေနဲ့ရောပြီး ကပ်စေးစေးကြီးဖြစ်မနေဘူး။ ချွေးတို့အဆီတို့က မထွက်ဘူးမရှိဘူး ထွက်မှာပဲ အနည်းနဲ့အများ သဘာဝအလျှောက် greasy ဖြစ်တာတော့ရှိနေမှာပါ။ Oily skin တွေနဲ့လည်းအဆင်ပြေနိုင်ပါတယ်။ Alcohol နဲ့မရတဲ့သူတွေကတော့ recommend မပေးပါဘူး။ Soap နဲ့တင်အလွယ်တကူဖျက်နိုင်တယ်ဆိုပေမဲ့ Double cleansing မလုပ်ရင်တော့ မင်မင့်နှဖူးမှာ အဆီဖုလေးတွေထွက်ချင်တယ်။ ကျန်တာအကုန်အဆင်ပြေတယ်။ ပြန်ဝယ်ရမယ်ဆို ဒါလေးလဲကြိုက်တာပဲ။ စမ်းလည်းစမ်းချင်လို့ Kose sunscreen ထဲကပဲ တစ်ခြား line ထဲက ပြန်ဝယ်ဖြစ်မယ်။ မင်မင်ဝယ်တုန်းက 17000 ks ပေးရတယ် ပါတာကလည်း 100 ml မို့ ဘယ်လိုပဲတွက်တွက် တန်ကိုတန်တယ်။
ဝယ်နေကျ Onigiri - အိုနီဂီရိ ကနေပဲဝယ်ပါတယ်။
Japan brand လေးတွေကိုလည်းသဘောကျပါတယ်။ Quality ကောင်းကောင်းနဲ့ လူတိုင်းလက်လှမ်းမှီတာမျိုးလေးတွေ Focus ထားပြီးထုတ်ပေးလို့။ နောက်လည်း Try အုံးမှာပါ။
ကဲ Review လေးက ဒီလောက်ပါပဲရှင်။ အားလုံး အဆင်ပြေကြပါစေရှင့်။