Co-Active

Co-Active Stronger, Better YOU!

တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ 🌙✨တစ်နေ့တာလုံး အလုပ်တွေ၊ လူတွေကြားမှာ ရုန်းကန်ရင်း ပင်ပန်းခဲ့သမျှကို ဖြေဖျ...
19/04/2026

တစ်ညလုံး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ 🌙✨

တစ်နေ့တာလုံး အလုပ်တွေ၊ လူတွေကြားမှာ ရုန်းကန်ရင်း ပင်ပန်းခဲ့သမျှကို ဖြေဖျောက်ဖို့ အိပ်ရာဝင်လိုက်ပေမဲ့ မျက်စိကြောင်ပြီး အိပ်မပျော်ဘဲ ဖြစ်နေတတ်ကြလား❓

ဒါဟာ စိတ်ရောကိုယ်ပါ Stress တွေ များနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာမဝင်ခင် ၁၀ မိနစ်လောက် အချိန်ပေးပြီး Yoga ဆော့ကြည့်ဖို့ အကြံပြုပါရစေ👇

🧘‍♀️ Child’s Pose
ဒီ Pose က စိတ်ကို အေးချမ်းစေတဲ့အပြင် တစ်နေကုန် ထိုင်အလုပ်လုပ်ရလို့ တောင့်တင်းနေတဲ့ ခါးအောက်ပိုင်း ကြွက်သားတွေကို ပြေလျော့စေပါတယ်။ နဖူးကို ကြမ်းပြင်နဲ့ ထိကပ်ထားပြီး အသက်ကို ခပ်ဖြည်းဖြည်းချင်း ရှူသွင်း၊ ရှူထုတ်ပေးခြင်းက သင့်ဦးနှောက်ကို "အနားယူဖို့ အချိန်တန်ပြီ" ဆိုတဲ့ Signal ပေးလိုက်တာ ဖြစ်ပါတယ်။

🧘‍♀️ Legs-Up-The-Wall
ဒါကတော့ အိပ်ပျော်စေဖို့ အကောင်းဆုံး Pose တစ်ခုဖြစ်ပါတယ်။ ခြေထောက်ကို နံရံမှာ ကပ်တင်ထားခြင်းက သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ခြေထောက်ညောင်းညာတာတွေကို ချက်ချင်း သက်သာစေပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေကို လျော့ကျစေလို့ ညဘက်မှာ အိပ်မက်ဆိုးတွေ မရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့ အကူအညီပေးပါတယ်။

အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရမ်းအရေးကြီးတာမို့ Yoga ဆော့ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပြီးတော့ အိပ်မက်လှလှလေးတွေ မက်ကြပါစေရှင်။ ✨🤍

ခါတော်မီ ပိတောက်ရနံ့နဲ့အတူ အေးချမ်းသာယာတဲ့ မြန်မာ့သင်္ကြန်အခါ💦မြန်မာတို့ရဲ့ ရိုးရာသင်္ကြန်အခါသမယမှာ နှစ်ဟောင်းက အညစ်အကြေ...
13/04/2026

ခါတော်မီ ပိတောက်ရနံ့နဲ့အတူ အေးချမ်းသာယာတဲ့ မြန်မာ့သင်္ကြန်အခါ💦

မြန်မာတို့ရဲ့ ရိုးရာသင်္ကြန်အခါသမယမှာ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေနဲ့အတူ ဆေးကြောသန့်စင်ရင်း စိတ်သစ်၊ လူသစ်နဲ့ ပျော်ရွှင်စရာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Co-Active မိသားစုက ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🤍

အားလုံးပဲ ဘေးကင်းပျော်ရွှင်ပြီး အေးချမ်းတဲ့ သင်္ကြန်အခါသမယလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်🌊

Stuck between Losing Weight or Gaining Muscle❓အလုပ်တွေရှုပ်​နေလို့ ကိုယ့် Body အတွက် အချိန်မပေးဖြစ်တာ ကြာပြီလား🤔ဝိတ်ချဖိ...
07/04/2026

Stuck between Losing Weight or Gaining Muscle❓

အလုပ်တွေရှုပ်​နေလို့ ကိုယ့် Body အတွက် အချိန်မပေးဖြစ်တာ ကြာပြီလား🤔
ဝိတ်ချဖို့ ခက်ခဲနေသူတွေရော၊ ဘယ်လောက်စားစား ဝိတ်မတက်လို့ စိတ်ညစ်နေသူတွေပါ ဒီအချက်လေးတွေကို သိထားဖို့ လိုမယ်နော်👇

🔹 ဝိတ်ကျချင်တယ်ဆိုတာနဲ့ အစာ မစားဘဲ နေရမယ်လို့ မတွေးပါနဲ့။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ Protein ဓာတ်ကို ပြည့်ဝအောင် စားသုံးပေးပြီး တစ်နေ့တာရဲ့ မိနစ် ၂၀ လောက်ကို ပုံမှန်လှုပ်ရှားမှုလုပ်သင့်ပါတယ်။ Protein က အစာစားချင်စိတ်ကို ထိန်းညှိပေးပြီး နေ့စဉ် လှုပ်ရှားမှု လုပ်တာကလည်း အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။

🔹 ဝိတ်တက်ချင်သူတွေအနေနဲ့ များများစားရုံနဲ့ မလုံလောက်ပါဘူး။ အဆီတွေ စုမလာဘဲ ကိုယ်လိုချင်တဲ့ နေရာလေးတွေမှာ ကျန်းမာတဲ့ Curve လေးတွေ ပေါ်လာဖို့ဆိုရင် Strength Training က လိုအပ်ပါတယ်။ ဒါမှသာ ကြွက်သားတွေ ဖွံ့ဖြိုးလာပြီး အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။

ဒါကြောင့် အလုပ်တွေ ဘယ်လောက်ပဲရှုပ်ရှုပ် ကိုယ့်အတွက် အချိန်ခဏလောက် ပေးကြည့်ပါ။ ပြီးပြည့်စုံတဲ့ Transformation ဆိုတာ ချက်ချင်းဖြစ်လာတာမဟုတ်ဘဲ နေ့စဉ် လုပ်ဆောင်တဲ့ သေးငယ်တဲ့ အလေ့အထလေးတွေကနေ ဖြစ်လာတာဖြစ်ပါတယ်။

ဒီတော့ ယုံကြည်မှုအပြည့်နဲ့ ပိုကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ဖို့ အတူတူ ပုံဖော်ကြရအောင်နော်✨

Experience the ultimate body-sculpting comfort with our Comfyflex Collection. 💯✨👉Comfyflex Bra👉Comfyflex Leggings𝐒𝐨𝐮𝐥𝐢𝐟𝐭...
30/03/2026

Experience the ultimate body-sculpting comfort with our Comfyflex Collection. 💯✨

👉Comfyflex Bra
👉Comfyflex Leggings

𝐒𝐨𝐮𝐥𝐢𝐟𝐭- 𝐇𝐚𝐮𝐬 𝐨𝐟 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬
09 442 039 590
E14, University Yeik Mon Housing, Kant Kaw Street, Bahan Township, Yangon

𝐒𝐨 𝐂𝐥𝐨𝐭𝐡𝐢𝐧𝐠
အမှတ် 21 (A) သီရိလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

𝐌𝐢𝐝𝐚𝐬 𝐅𝐢𝐭𝐧𝐞𝐬𝐬
အမှတ် (၁၆)၊ မြေညီထပ်၊ ဗဟိုလမ်း၊ (ဗဟိုလမ်းမကြီး နှင့် ဝေဠုဝန်လမ်းသွယ်ထောင့်) စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
09 651 633 888

𝐋𝐢𝐭𝐭𝐥𝐞 𝐓𝐡𝐢𝐧𝐠𝐬 𝐒𝐡𝐞 𝐍𝐞𝐞𝐝𝐬
မန္တလေး : 66 st, between 42 x 43
09 7525 99991

Workout လုပ်ဖို့ Motivation မရှိတဲ့နေ့တွေဆို ဘယ်လိုကျော်ဖြတ်ကြလဲ❓တစ်ခါတလေ Gym သွားဖို့ကို အိမ်ကနေ ထွက်ဖို့တောင် အားယူနေရ...
18/03/2026

Workout လုပ်ဖို့ Motivation မရှိတဲ့နေ့တွေဆို ဘယ်လိုကျော်ဖြတ်ကြလဲ❓

တစ်ခါတလေ Gym သွားဖို့ကို အိမ်ကနေ ထွက်ဖို့တောင် အားယူနေရတဲ့နေ့ရက်မျိုး ရှိဖူးကြတယ်မို့လား။ အဲဒီလိုနေ့မျိုးမှာ "Beast Mode" ပြန်ဝင်အောင် သူငယ်ချင်းတို့ကို လှုံ့ဆော်ပေးတဲ့အရာက ဘာများဖြစ်မလဲ👀

👉နားကြပ်တပ်လိုက်တာနဲ့ စီးမျောသွားတဲ့ သီချင်းသံတွေလား🎶

👉ဒါမှမဟုတ် မှန်ထဲကြည့်လိုက်တိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေတဲ့ Gym ဝတ်စုံလေးလား👗

သူငယ်ချင်းတို့ရဲ့ Workout Vibe က ဘာလဲဆိုတာ Comment မှာ ပြောပြခဲ့ဦးနော်။

Morning Person vs Evening Person : ဘယ်အချိန်က ကိုယ့်အတွက် Workout လုပ်ဖို့ အသင့်တော်ဆုံးလဲ❓တစ်နေ့တာကို Energy အပြည့်နဲ့ ...
27/02/2026

Morning Person vs Evening Person : ဘယ်အချိန်က ကိုယ့်အတွက် Workout လုပ်ဖို့ အသင့်တော်ဆုံးလဲ❓

တစ်နေ့တာကို Energy အပြည့်နဲ့ စတင်ချင်တာလား။ ဒါမှမဟုတ် တစ်နေကုန်ပင်ပန်းထားသမျှကို ချွေးနဲ့အတူ ပြေပျောက်ပြီး လန်းဆန်းသွားချင်တာလား✨

ကိုယ့်ရဲ့ Lifestyle ပေါ်မူတည်ပြီး မနက်နဲ့ ညနေ ဘယ်အချိန်မှာ Workout လုပ်တာက အသင့်တော်ဆုံး ဖြစ်မလဲဆိုတာ အတူတူကြည့်ကြရအောင်။

☀️ Morning Workout

မနက်စောစော Workout လုပ်တာက တစ်နေ့တာလုံးအတွက် "Natural Energy Drink" တစ်ခု သောက်လိုက်သလိုပါပဲ။

📌မနက်ခင်း လေ့ကျင့်ခန်းလုပ်တာကနေ ထွက်လာတဲ့ Endorphins တွေက တစ်နေကုန် လန်းဆန်းတက်ကြွနေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

📌Workout လုပ်ပြီးတဲ့အခါ ဦးနှောက်က ပိုနိုးကြားသွားတာကြောင့် အလုပ်ခွင်မှာရော၊ တစ်နေ့တာ ဖြတ်သန်းမှုမှာပါ Focus ပိုကောင်းလာစေပါတယ်။

📌ဒါ့အပြင် တခြားအလုပ်တွေမရှုပ်ခင် အရင်ကစားလိုက်တာဖြစ်လို့ "အလုပ်များလို့ Gym မသွားတော့ဘူး" ဆိုတဲ့ အကြောင်းပြချက်တွေ ပေးစရာ မလိုတော့ပါဘူး။

🌙 Evening Workout

တစ်နေကုန် ပင်ပန်းထားသမျှတွေကို Workout လုပ်ပြီး ပြန်လည်လန်းဆန်းချင်သူတွေအတွက်ဖြစ်ပါတယ်။

✅အလုပ်ခွင်က စိတ်ရှုပ်စရာတွေနဲ့ တစ်နေကုန် ပင်ပန်းထားသမျှတွေကို ချွေးနဲ့အတူ ဖြေဖျောက်ပစ်လိုက်နိုင်တာက အကောင်းဆုံး စိတ်ထွက်ပေါက်ပါပဲ။

✅ညနေပိုင်းမှာ ခန္ဓာကိုယ်အပူချိန် ပိုမြင့်နေပြီး ကြွက်သားတွေက Warm-up ဖြစ်ပြီးသားမို့ အလေးမတာမျိုး ဒါမှမဟုတ် Intensity အပြင်းစား Workout တွေကို ပိုအားစိုက်လုပ်နိုင်ပါတယ်။

✅အလွန်အကျွံကြီး မဟုတ်ဘဲ အနေတော် Workout လုပ်တာက ညဘက်မှာ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။

💡 တကယ်တော့ " Workout လုပ်ဖို့ အကောင်းဆုံးအချိန်" ဆိုတာ "ကိုယ် အမြဲတမ်း ပုံမှန် လုပ်နိုင်မဲ့အချိန်" ဖြစ်ပါတယ်။

👉တစ်နေ့တာလုံး လန်းဆန်းပြီး Positive ဖြစ်ချင်ရင် Morning Workout ကို ရွေးပါ။
👉စိတ်ပင်ပန်းတာတွေ ပြေပျောက်ချင်ရင် Evening Workout ကို ရွေးပါ။

ဘယ်အချိန်မှာပဲ Workout လုပ်လုပ် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အထာကျနေဖို့ Co-Active ရဲ့ Activewear လေးတွေက အမြဲရှိနေမှာနော်။

ဒါနဲ့ သူငယ်ချင်းတို့ကရော Morning Person လား၊ Evening Person လားဆိုတာ Comment မှာ ပြောခဲ့ပါဦး👇

🏮 ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးကာလအခါသမယ 🏮တရုတ်နှစ်သစ်ကူး အခါသမယမှစ၍ ဘေးဘယာကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသ...
17/02/2026

🏮 ပျော်ရွှင်ဖွယ်ရာ တရုတ်နှစ်သစ်ကူးကာလအခါသမယ 🏮

တရုတ်နှစ်သစ်ကူး အခါသမယမှစ၍ ဘေးဘယာကင်းဝေးပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကာ စီးပွားလာဘ်လာဘများ တိုးတက်ပြည့်စုံကြပါစေကြောင်း ကျွန်မတို့ Co-Active မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်🧧✨

Celebrate Self-Love this Valentine's Day with 𝐅𝐋𝐎𝐖 ✨💖အချစ်တွေနဲ့ ပြည့်နှက်နေတဲ့နေ့မှာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဆိုသူတွေ...
13/02/2026

Celebrate Self-Love this Valentine's Day with 𝐅𝐋𝐎𝐖 ✨💖

အချစ်တွေနဲ့ ပြည့်နှက်နေတဲ့နေ့မှာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးဆိုသူတွေအတွက် ရွေးချယ်သင့်တာက FLOW Long-sleeved Top နဲ့ Strappy Bra လေးတွေပါ။

Flow Strappy Bra ရဲ့ ဆွဲဆောင်မှုရှိတဲ့ ကျောဘက်ဒီဇိုင်းနဲ့ Flow Long-sleeved Top ရဲ့ အထာကျတဲ့ Look က ပိုပြီး Smart ကျတဲ့ Look ကို ရစေမှာမို့ ဒီလိုနေ့မျိုးမှာ ကိုယ့်ကိုယ်ကိုယ် လက်ဆောင်ပြန်ပေးဖို့ အသင့်တော်ဆုံးပဲနော်။

𝐒𝐨𝐮𝐥𝐢𝐟𝐭- 𝐇𝐚𝐮𝐬 𝐨𝐟 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬
09 442 039 590
E14, University Yeik Mon Housing, Kant Kaw Street, Bahan Township, Yangon

𝐒𝐨 𝐂𝐥𝐨𝐭𝐡𝐢𝐧𝐠
အမှတ် 21 (A) သီရိလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

𝐌𝐢𝐝𝐚𝐬 𝐅𝐢𝐭𝐧𝐞𝐬𝐬
အမှတ် (၁၆)၊ မြေညီထပ်၊ ဗဟိုလမ်း၊ (ဗဟိုလမ်းမကြီး နှင့် ဝေဠုဝန်လမ်းသွယ်ထောင့်) စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
09 651 633 888

𝐋𝐢𝐭𝐭𝐥𝐞 𝐓𝐡𝐢𝐧𝐠𝐬 𝐒𝐡𝐞 𝐍𝐞𝐞𝐝𝐬
မန္တလေး : 66 st, between 42 x 43
09 7525 9999 1

Jet, Moss, Lily or Sky Blue💞 ဒီ highlight ပြထားတဲ့ colors လေးတွေထဲမှာ ဘယ်အရောင်ကို သဘောကျမိဆုံးလဲ?𝐒𝐨𝐮𝐥𝐢𝐟𝐭- 𝐇𝐚𝐮𝐬 𝐨𝐟 𝐖𝐞𝐥𝐥𝐧...
11/02/2026

Jet, Moss, Lily or Sky Blue💞

ဒီ highlight ပြထားတဲ့ colors လေးတွေထဲမှာ ဘယ်အရောင်ကို သဘောကျမိဆုံးလဲ?

𝐒𝐨𝐮𝐥𝐢𝐟𝐭- 𝐇𝐚𝐮𝐬 𝐨𝐟 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬
09 442 039 590
E14, University Yeik Mon Housing, Kant Kaw Street, Bahan Township, Yangon

𝐒𝐨 𝐂𝐥𝐨𝐭𝐡𝐢𝐧𝐠
အမှတ် 21 (A) သီရိလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

𝐌𝐢𝐝𝐚𝐬 𝐅𝐢𝐭𝐧𝐞𝐬𝐬
အမှတ် (၁၆)၊ မြေညီထပ်၊ ဗဟိုလမ်း၊ (ဗဟိုလမ်းမကြီး နှင့် ဝေဠုဝန်လမ်းသွယ်ထောင့်) စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
09 651 633 888

𝐋𝐢𝐭𝐭𝐥𝐞 𝐓𝐡𝐢𝐧𝐠𝐬 𝐒𝐡𝐞 𝐍𝐞𝐞𝐝𝐬
မန္တလေး : 66 st, between 42 x 43
09 7525 9999 1

Gym ပဲသွားသွား၊ အပြင်ပဲထွက်ထွက် အားကစားဝတ်စုံကို အမိုက်စား Outfit ဖြစ်အောင် ဘယ်လိုဖန်တီးမလဲ? 👟အားကစားဝတ်စုံဆိုတာ အရင်လို...
05/02/2026

Gym ပဲသွားသွား၊ အပြင်ပဲထွက်ထွက် အားကစားဝတ်စုံကို အမိုက်စား Outfit ဖြစ်အောင် ဘယ်လိုဖန်တီးမလဲ? 👟

အားကစားဝတ်စုံဆိုတာ အရင်လို Gym ဆော့တဲ့အချိန်ပဲ ဝတ်ရတဲ့အရာ မဟုတ်တော့ပါဘူး။သက်သောင့်သက်သာရှိမှုကို ဦးစားပေးလာကြသလို Style ကျဖို့လည်း လိုအပ်လာတဲ့အတွက် အားကစားဝတ်စုံတွေကို နေ့စဉ်သွားလာရင်း ဘယ်လို Fashionable ဖြစ်အောင် တွဲဝတ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။

💙 Sport Bra, Crop Top လေးတွေပေါ်ကနေ ကုတ်အင်္ကျီ ဒါမှမဟုတ် ဂျင်းအင်္ကျီလေးတွေ ထပ်ဝတ်လိုက်ပါ။ ဒါဆိုရင် Gym Look ကနေ အပြင်သွားမယ့် Fashion Look ကို ချက်ချင်းပြောင်းလဲသွားစေမှာပါ

💙 Leggings အပြင် Biker Shorts လေးတွေကို Oversized T-shirt ပွပွလေးတွေနဲ့ တွဲဝတ်တာက အခုနောက်ပိုင်း အရမ်း Trend ဖြစ်နေတဲ့အချက်ပါ။ ခန္ဓာကိုယ်အချိုးအစား ပိုပေါ်လွင်ချင်ရင်တော့ Crop Top အကြပ်လေးတွေနဲ့ တွဲဝတ်ဖို့ အကြံပေးချင်ပါတယ်

💙 အရောင်တွေ အများကြီး ရှုပ်နေတာထက်စာရင် Monochrome Look တွေက ပိုပြီး အထာကျစေလို့ Neutral Colors (အဖြူ၊ အနက်၊ အသားရောင်) တွေကို အခြေခံပြီး ဝတ်ဆင်တာက ပိုပြီး Style ကျစေပါတယ်။ Gym ဖိနပ်တင်မကပဲ White Sneakers လေးတွေ ဒါမှမဟုတ် အောက်ခြေထူတဲ့ Chunky Sneakers လေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ ဒါက သင့်ရဲ့ Look ကို ပိုပြီး လူငယ်ဆန်ပြီး ပေါ်လွင်စေပါတယ်

အားကစားဝတ်စုံက ပေးတဲ့ လွတ်လပ်ပေါ့ပါးမှုက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပိုတိုးစေတာမို့ နောက်တစ်ခါ အပြင်သွားရင် ဒီ Tips လေးတွေကို အသုံးချပြီး Style ထုတ်ကြည့်ကြဖို့ မမေ့နဲ့နော်💞

Thank you for your sweet review. You look so gorgeous in Co Active. 🥰💖✨
30/01/2026

Thank you for your sweet review. You look so gorgeous in Co Active. 🥰💖✨

Self-control နဲ့ စည်းကမ်းလေးလုပ်ထားလို့ Active wear တွေ အသစ်ထပ်မဝယ်ဖြစ်တာကြာပြီ

gym ဝတ်တွေဆို ဂျီးတအားများတာ ကျမ
ဖျင်ကြားမှာ ရှုံ့ကြိုးကြီးနဲ့ဆို မကြိုက်ဘူး
ခါးပြားက Elastic ဖြစ်မှ၊ ခါးမြင့်လွန်း နိမ့်လွန်းရင် မကြိုက်၊ အသက်ရှူမရရင် မကြိုက်
ချွေးပိတ်တဲ့အသားဆိုလဲ မကြိုက်
အရောင်ကလဲ ကိုယ်က Olive tone ဆိုတော့ နီယွန်လိုတွေ မကြိုက်
အရမ်းဖျော့တော့တာတွေကျ အကြမ်းပတမ်းမခံ

အဲ ဒီ Shorts တော့ ကိုယ်နဲ့ တော်တော်အဆင်ပြေနေတာ
ဝယ်ထားတာ Aug 2024 ထဲက
ခန္ဓာကိုယ် ဒီ့ထက်ပြည့်ကတည်းက ဝတ်လာတာ အရုန်းအဆွဲကို စဉ်းစားသာကြည့်
လျှော်စက်နဲ့ တောက်လျှောက်လျှော်သုံးလာ ရိရွဲ၊ ချုပ်ရိုးတွေ ဖွာမသွားသေးဘူး
တင်ကြားမှာ ရှုံးကြိုးပြားကြီး မပါတာရော..
အရောင်ရော..
body ကို အလိုက်သင့် အသင့်အတင့်ပဲ Enhancing ဖြစ်စေတာရောကို တော်တော်ကြိုက်တယ်
ထပ်ဝယ်ဖြစ်မယ့်အထဲ ပါတယ်

တစ်နှစ်ခွဲလောက်ဝတ်ပြီးမှ ပေးတဲ့ Review ပါ 😂

Co-Active က ဝယ်တာပါ


Group A or B or C? Which design steals your heart? 💖 အကြိုက်ဆုံး ဒီဇိုင်းကို Comment မှာပြောခဲ့ဖို့ မမေ့နဲ့နော်𝐒𝐨𝐮𝐥𝐢𝐟𝐭- ...
27/01/2026

Group A or B or C?
Which design steals your heart? 💖

အကြိုက်ဆုံး ဒီဇိုင်းကို Comment မှာပြောခဲ့ဖို့ မမေ့နဲ့နော်

𝐒𝐨𝐮𝐥𝐢𝐟𝐭- 𝐇𝐚𝐮𝐬 𝐨𝐟 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬
09 442 039 590
E14, University Yeik Mon Housing, Kant Kaw Street, Bahan Township, Yangon

𝐒𝐨 𝐂𝐥𝐨𝐭𝐡𝐢𝐧𝐠
အမှတ် 21 (A) သီရိလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

𝐌𝐢𝐝𝐚𝐬 𝐅𝐢𝐭𝐧𝐞𝐬𝐬
အမှတ် (၁၆)၊ မြေညီထပ်၊ ဗဟိုလမ်း၊ (ဗဟိုလမ်းမကြီး နှင့် ဝေဠုဝန်လမ်းသွယ်ထောင့်) စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
09 651 633 888

𝐋𝐢𝐭𝐭𝐥𝐞 𝐓𝐡𝐢𝐧𝐠𝐬 𝐒𝐡𝐞 𝐍𝐞𝐞𝐝𝐬
မန္တလေး : 66 st, between 42 x 43
09 7525 9999 1

Address

Yangon

Telephone

+959651633888

Website

Alerts

Be the first to know and let us send you an email when Co-Active posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share