GG Car Rental - BKK

GG Car Rental - BKK Easy, Bright, and Ready To Ride!

Weekend ရောက်ပြီဆိုရင် "ဘန်ကောက်နားမှာ ပင်လယ်သွားချင်တယ်... ဒါပေမယ့် အဝေးကြီးတော့ မဖြစ်ချင်ဘူး" လို့ တွေးဖူးတယ်မလား? 🌊✨အ...
15/07/2026

Weekend ရောက်ပြီဆိုရင် "ဘန်ကောက်နားမှာ ပင်လယ်သွားချင်တယ်... ဒါပေမယ့် အဝေးကြီးတော့ မဖြစ်ချင်ဘူး" လို့ တွေးဖူးတယ်မလား? 🌊✨

အဲ့လိုဆိုရင် 𝐑𝐚𝐲𝐨𝐧𝐠 က Perfect Destination ပါပဲ။

Bangkok ကနေ ကားမောင်းပြီး **၂ နာရီခွဲဝန်းကျင်**ပဲ သွားရုံနဲ့
အပြာရောင်ပင်လယ်ကြီး၊ လေပြေအေးအေးလေးနဲ့ မြို့ရဲ့ အလုပ်ပင်ပန်းမှုတွေကို ခဏမေ့သွားစေမယ့် Atmosphere ကို ခံစားနိုင်ပါတယ်။ 💙

━━━━━━━━━━━━━━━

📸 Rayong ရောက်ရင် မလွတ်သင့်တဲ့ နေရာတွေကတော့...

🌷 𝐌𝐢𝐫𝐚𝐜𝐥𝐞 𝐎𝐟 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐑𝐚𝐲𝐨𝐧𝐠
Tulip ပန်းခင်းလှလှတွေကြားမှာ ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့သူတွေအတွက် Must Visit Spot လေးပါ။

🌿 𝐊𝐡𝐚𝐨 𝐋𝐚𝐞𝐦 𝐘𝐚–𝐌𝐮 𝐊𝐨 𝐒𝐚𝐦𝐞𝐭 𝐍𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐏𝐚𝐫𝐤
ပင်လယ်ကို အမြင့်ကနေ ကြည့်ရတဲ့ View Point လေးက Rayong ရောက်ရင် မဖြစ်မနေ သွားသင့်တဲ့ နေရာတစ်ခုပါ။
လေပြေအေးအေးလေးနဲ့ သဘာဝအလှကို အပြည့်အဝ ခံစားနိုင်ပါတယ်။

🙏 𝐖𝐚𝐭 𝐏𝐚 𝐏𝐫𝐚𝐝𝐚 𝐏𝐡𝐫𝐚 𝐀𝐫𝐚𝐦 𝐋𝐮𝐚𝐧𝐠
Rayong ရဲ့ နာမည်ကြီး ဘုန်းတော်ကြီးကျောင်းမှာလည်း ဝင်ရောက်ဖူးမြော်ပြီး စိတ်အေးချမ်းမှုကို ရယူနိုင်ပါတယ်။

🌊 𝐒𝐚𝐞𝐧𝐠 𝐂𝐡𝐚𝐧 𝐁𝐞𝐚𝐜𝐡
တခြားကမ်းခြေတွေနဲ့ မတူတဲ့ ထူးခြားတဲ့ Shoreline Design ကြောင့် ဓာတ်ပုံရိုက်ဖို့လည်း လှသလို နေဝင်ချိန် View ကလည်း အရမ်းလှပါတယ်။

🏖️ 𝐌𝐚𝐞 𝐑𝐚𝐦 𝐏𝐡𝐮𝐞𝐧𝐠 𝐁𝐞𝐚𝐜𝐡
ရှည်လျားတဲ့ သဲသောင်ပြင်တစ်လျှောက် လမ်းလျှောက်ရင်း
ပင်လယ်လေရှူပြီး Relax လုပ်ချင်သူတွေအတွက် အကောင်းဆုံးနေရာလေးပါ။

━━━━━━━━━━━━━━━

⛵ အချိန်ရသေးရင်တော့ အဲ့နားက နောက်ထပ်ကျွန်းတွေကို ဆက်သွားပြီး တစ်ညတာ အပန်းဖြေလိုက်မယ်ဆိုရင် Trip က ပိုပြီး ပြည့်စုံသွားမှာပါ။ 💙

━━━━━━━━━━━━━━━

📍 Rayong
🚗 Bangkok မှ ၂ နာရီခွဲခန့်
🌊 Day Trip လည်း သွားလို့ကောင်းသလို Overnight Trip အနေနဲ့လည်း အရမ်းတန်တဲ့ Destination လေးပါ။

━━━━━━━━━━━━━━━

🚗 ဒီလို Day Trip တွေ၊ Beach Trip တွေ ထွက်တဲ့အခါ...

ကားဂိတ်အချိန်အတိုင်းအမှီသွားရတာ...
Public Transport ပြောင်းစီးရတာ...
Taxi ရှာရတာ...

ထက်စာရင် ကိုယ်သွားချင်တဲ့အချိန် ထွက်...
တွေ့တဲ့ View Point မှာ ရပ်...
လှတဲ့ Café တွေ့ရင် ဝင်...
ကြိုက်တဲ့ Beach မှာ အချိန်ကြာကြာ နား...

လုပ်နိုင်တာက ပိုပြီး လွတ်လပ်တယ် မဟုတ်လား? 😎

GG Car Rental ရဲ့ Self-Drive ကားလေးနဲ့ဆိုရင်

🌊 Beach Trip
📸 Photo Trip
☕ Café Hopping
🌿 Weekend Getaway

အားလုံးကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် စိတ်ကြိုက် သွားနိုင်ပါတယ်။ ✨

⭐ Grade ကောင်းတဲ့ ကားများသာ ငှားရမ်းပေးခြင်း
⭐ First Class Insurance ပါဝင်ခြင်း
⭐ Well Maintained Vehicles

💰 **၃ ရက်နှင့်အထက် ငှားရမ်းသူများအတွက် Special Price** လည်းရှိတာမို့ Trip Plan ရှိရင် အခုပဲ Booking လုပ်ထားလိုက်တော့နော်။ 🤩

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်။









#ထိုင်းကားအငှား
#ဘန်ကောက်ကားအငှား

🚗 ထိုင်းနိုင်ငံကို လာလည်တဲ့အချိန်လေးမှာ ကြိုက်တဲ့နေရာ အချိန်မရွေးလည်ပတ်နိုင်ဖို့ဆိုရင် ကားလေးတစီး ရှိမှ အဆင်ပြေမှာနော်.....
10/07/2026

🚗 ထိုင်းနိုင်ငံကို လာလည်တဲ့အချိန်လေးမှာ ကြိုက်တဲ့နေရာ အချိန်မရွေးလည်ပတ်နိုင်ဖို့ဆိုရင် ကားလေးတစီး ရှိမှ အဆင်ပြေမှာနော်...

🚙 Family Trip လား / Business Trip လား / သူငယ်ချင်းတွေနဲ့ Chill ဖို့လား.. ကိုယ်ပိုင်ကားလေးလို စိတ်ကြိုက်မောင်းလို့ရမယ့် Self-Drive ကားတွေကို GG Car Rental - Bangkok မှာ အလွယ်တကူ ငှားလို့ရနေပီနော်

⭐️ GG မှာ စီးရတာတန်စေမယ့် Grade ကောင်းတဲ့ကားများကိုသာ ငှားရမ်းပေးတာဖြစ်ပီး၊ ကားတိုင်းက Premium Insurance နဲ့ Well Maintained လုပ်ထားတာဖြစ်လို့ ထိုင်းနိုင်ငံအနှံ သက်တောင့်သက်သာနဲ့ စိတ်ချယုံကြည်စွာသွားလာနိုင်ပါတယ်....

⛰️ ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ တခြားသော Services များနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Page Messenger ကို အခုပဲဆက်သွယ်လိုက်တော့နော်

☎️ ဆက်သွယ်ရန်

Mobile : 06 6120 5996
Whatsapp : +95 9 966491991
Viber : +95 9 966491991





#ဘန်ကောက်ကားအငှားဝန်ဆောင်မှု
#ဘန်ကောက်ကားအငှား
#ထိုင်းကားအငှား

🎨 ပတ္တရားရောက်ရင် Art in Paradise ကို ဘာကြောင့် မဖြစ်မနေ သွားလည်သင့်တာလဲ?​Art in Paradise က ရိုးရိုးပန်းချီကားတွေကို ငေး...
09/07/2026

🎨 ပတ္တရားရောက်ရင် Art in Paradise ကို ဘာကြောင့် မဖြစ်မနေ သွားလည်သင့်တာလဲ?

​Art in Paradise က ရိုးရိုးပန်းချီကားတွေကို ငေးကြည့်ရုံတင်မဟုတ်ဘဲ ကိုယ်တိုင်ပုံထဲ ဝင်ရောက်စီးမျောပြီး အံ့ဩစရာ 3D အလှပြင်ကွက်တွေနဲ့ ဓာတ်ပုံရိုက်လို့ရတဲ့ Interactive Art Museum တစ်ခုပါ။ 📸✨
​ပြတိုက်ထဲ ရောက်သွားတာနဲ့ အပြင်ကမ္ဘာကို ခဏမေ့သွားပြီး...

🐋 ဝေလငါးကြီးကို အစာကျွေးနေသလို၊
🌊 သမုဒ္ဒရာလှိုင်းကြီးထဲမှာ ရပ်နေသလို၊
🪽 နတ်သမီးလေးလို အတောင်ပံပေါက်နေသလိုမျိုး...

​တကယ့်အစစ်အတိုင်း ခံစားရမယ့် အမိုက်စား 3D အလှဓာတ်ပုံတွေ ရရှိမှာပါ။ မိုးရွာရွာ၊ နေပူပူ စိတ်ပူစရာမလိုတဲ့ အမိုက်စား Indoor အပန်းဖြေနေရာတစ်ခုဖြစ်လို့ မိသားစု၊ သူငယ်ချင်း၊ ဒါမှမဟုတ် ချစ်ရတဲ့သူတွေနဲ့အတူ ပျော်စရာ Moment လေးတွေ ဖန်တီးဖို့ ပတ္တရားခရီးစဉ်ထဲမှာ မဖြစ်မနေ ထည့်သွင်းသင့်တဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်နော်။ 😉💙

​🚗 ဒါပေမဲ့... ဘန်ကောက်ကနေ ပတ္တရားအထိ ခရီးစဉ်တစ်ခုလုံးကို စိတ်ကြိုက် ဇိမ်ရှိရှိနဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်ဖို့ဆိုရင်တော့ ကားတစ်စီး ရှိမှ အဆင်ပြေမှာနော်!

​🚙 Family Trip လား၊ Business Trip လား၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ Chill ဖို့ပဲဖြစ်ဖြစ်... ကိုယ်ပိုင်ကားလေးလို စိတ်ကြိုက်မောင်းနှင်နိုင်မယ့် Self-Drive (ကိုယ်တိုင်မောင်း) ကားတွေကို GG Car Rental - Bangkok မှာ အလွယ်တကူ ငှားရမ်းနိုင်ပါပြီ။

​⭐️ ဘာကြောင့် GG Car Rental ကို ရွေးချယ်သင့်လဲ?
​Grade ကောင်း၊ Quality ပြည့် ကားများကိုသာ အထူးရွေးချယ် ငှားရမ်းပေးခြင်း။

​ကားတိုင်းကို Premium Insurance ထည့်သွင်းပေးထားပြီး Well-Maintained (ပုံမှန်သေချာ စစ်ဆေးပြုပြင်) ထားလို့ ထိုင်းနိုင်ငံအနှံ့ စိတ်ချယုံကြည်စွာ သွားလာနိုင်ခြင်း။

​သက်တောင့်သက်သာရှိပြီး ဘေးကင်းစိတ်ချရတဲ့ ခရီးစဉ်ကို အာမခံခြင်း။

​⛰️ ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ တခြားသော Services များနဲ့ အသေးစိတ်အချက်အလက်များကို သိရှိလိုပါက Page Messenger ကနေ အခုပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

​☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်များ
​Mobile : 06 6120 5996
​Whatsapp : +95 9 966491991
​Viber : +95 9 966491991

​ #ဘန်ကောက်ကားအငှားဝန်ဆောင်မှု #ဘန်ကောက်ကားအငှား #ထိုင်းကားအငှား

ရေသူမပုံပြင်နဲ့ Sino-Portuguese မြို့ဟောင်းအလှရယ် ပင်လယ်ပြင်ကြီးရယ် တစ်နေရာတည်းမှာ အကုန်ခံစားလို့ရမယ့် 𝗦𝗼𝗻𝗴𝗸𝗵𝗹𝗮‌ ခရီးစဉ်...
09/07/2026

ရေသူမပုံပြင်နဲ့ Sino-Portuguese မြို့ဟောင်းအလှရယ် ပင်လယ်ပြင်ကြီးရယ် တစ်နေရာတည်းမှာ အကုန်ခံစားလို့ရမယ့် 𝗦𝗼𝗻𝗴𝗸𝗵𝗹𝗮‌ ခရီးစဉ် 🧜‍♀️🌊

​ဒီတစ်ခေါက်တော့ ပင်လယ်ပြာပြာ၊ စိမ်းစိုတဲ့တောင်တန်းတွေနဲ့အတူ ယဉ်ကျေးမှုအငွေ့အသက်တွေပါ စုံစုံလင်လင် ခံစားချင်သူတွေအတွက် 𝗦𝗼𝗻𝗴𝗸𝗵𝗹𝗮‌ ခရိုင်ရဲ့ အလှဆုံးနေရာတွေနဲ့ မိတ်ဆက်ပေးပါရစေရှင် ✨

​မြို့ပြအရွယ်အစားက အနေတော်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လွန်းတဲ့ ဆောင်ခလာကို ရောက်ရင်….

🌊 𝗦𝗮𝗺𝗶𝗹𝗮‌ 𝗕𝗲𝗮𝗰𝗵‌ ရဲ့ အဓိက Landmark ဖြစ်တဲ့ ရွှေဝါရောင် ရေသူမရုပ်တုကြီး (Golden Mermaid Statue) ကတော့ မဖြစ်မနေ သွားရောက်ဓာတ်ပုံရိုက်ရမယ့် နေရာပါ။ ဖြူလွလွသဲသောင်ပြင်ပေါ်မှာ မြင်းစီးရင်း ပင်လယ်ထဲက Koh Nu, Koh Maew တွေကို နောက်ခံထားပြီး ရိုက်တဲ့ပုံတွေက တကယ့်ကိုအထာကျကျ ထွက်မှာ သေချာပါတယ် 🐎📸

​Songkhla Old Town ဟာ အစားအသောက်ချစ်သူတွေနဲ့ ကဖေးသမားတွေအတွက်ရှယ်ပါဘဲ။ မြို့ဟောင်းတစ်လျှောက်မှာရှိတဲ့ ထူးခြားဆန်းပြားတဲ့ တရုတ်-ပေါ်တူဂီ (𝗦𝗶𝗻𝗼‌-𝗣𝗼𝗿𝘁u𝗴𝘂𝗲𝘀𝗲‌) ဗိသုကာလက်ရာ အဆောက်အအုံဟောင်းကြီးတွေ၊ လမ်းဘေးက ချစ်စရာ Street Art နံရံဆေးရေးပန်းချီတွေနဲ့အတူ ဒေသစာ အစားအသောက်ကောင်းတွေကို တစ်ဝကြီး ခံစားနိုင်မှာပါ 🎨🍲

​📸 မြို့ထဲမှာတင် သဘာဝတောတောင်အလှတွေ၊ ရိုးရာယဉ်ကျေးမှုပြတိုက်တွေနဲ့ ကမ်းခြေ Vibes နဲ့ ဓာတ်ပုံရိုက်လို့ အကောင်းဆုံး နေရာတွေ စုံစုံလင်လင်ရှိတဲ့အပြင် ခရီးသွားရင်းနဲ့ ဒေသခံတွေရဲ့ ဖော်ရွေပျူငှါမှုကိုပါ အပြည့်အဝ ရရှိစေမှာပါနော်။

​📌 𝗦𝗮𝗺𝗶𝗹𝗮‌ 𝗕𝗲𝗮𝗰𝗵‌ / 𝗦𝗼𝗻𝗴𝒌𝗵𝗹𝗮‌ 𝗢𝗹𝗱‌ 𝗧𝗼𝘄𝗻‌ (Songkhla Province)

​🚗 ထိုင်းနိုင်ငံကို လာလည်တဲ့အချိန်လေးမှာ အချိန်ကုန်သက်သာပြီး ကြိုက်တဲ့နေရာကို စိတ်ကြိုက် အချိန်မရွေး လွတ်လွတ်လပ်လပ် လည်ပတ်နိုင်ဖို့ဆိုရင်တော့ ကားလေးတစ်စီးရှိမှ အဆင်ပြေမှာနော်... 🥰

​🚙 Family Trip လား / Business Trip လား / သူငယ်ချင်းတွေနဲ့ Chill ဖို့လား.. ကိုယ်ပိုင်ကားလေးလို စိတ်ကြိုက်မောင်းလို့ရမယ့် Self-Drive ကားတွေကို GG Car Rental - Bangkok မှာ အလွယ်တကူ ငှားလို့ရနေပါပြီရှင်။

​⭐️ GG မှာ စီးရတာတန်စေမယ့် Grade ကောင်းတဲ့ကားများကိုသာ ငှားရမ်းပေးတာဖြစ်ပြီး၊ ကားတိုင်းက Premium Insurance နဲ့ Well Maintained လုပ်ထားတာဖြစ်လို့ ထိုင်းနိုင်ငံအနှံ့ သက်တောင့်သက်သာနဲ့ စိတ်ချယုံကြည်စွာ သွားလာနိုင်ပါတယ်...

​⛰️ ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ တခြားသော Services များနဲ့ အသေးစိတ်အချက်အလက်များ သိရှိလိုပါက Page Messenger ကို အခုပဲ ဆက်သွယ်လိုက်တော့နော်။

​☎️ ဆက်သွယ်ရန်
Mobile : 06 6120 5996
Whatsapp : +95 9 966491991
Viber : +95 9 966491991
​ #ဘန်ကောက်ကားအငှားဝန်ဆောင်မှု #ဘန်ကောက်ကားအငှား #ထိုင်းကားအငှား

ပတ္တရားဘက်ကို ခရီးထွက်ရင်း အဆင့်မြင့် ဥရောပရဲတိုက်ကြီးတစ်ခုထဲမှာ အမိုက်စား တောင်တန်းရှုခင်းတွေကို ကြည့်ရှုရင်း အီတလီအငွေ...
09/07/2026

ပတ္တရားဘက်ကို ခရီးထွက်ရင်း အဆင့်မြင့် ဥရောပရဲတိုက်ကြီးတစ်ခုထဲမှာ အမိုက်စား တောင်တန်းရှုခင်းတွေကို ကြည့်ရှုရင်း အီတလီအငွေ့အသက် စစ်စစ်ကို ခံစားချင်သူတွေအတွက် Bellagio Castle Pattaya နဲ့ မိတ်ဆက်ပေးပါရစေ။ ✨

​ရဲတိုက်ကြီးရဲ့ ဘယ်ထောင့်ကနေကြည့်ကြည့် ရင်သပ်ရှုမောဖွယ် ဗိသုကာလက်ရာတွေနဲ့ ပြည့်နှက်နေတာပါ။ ဒီနေရာကြီးရဲ့ အလှဆုံးကတော့ ရဲတိုက်ကြီးရဲ့ အလယ်က ကောင်ယာ Courtyard ထဲမှာ ထိုင်ပြီး ညနေခင်း နေဝင်ချိန်အလှကို တိုက်ရိုက်ကြည့်ရှုနိုင်တာပါပဲ။ ရှေ့တည့်တည့်မှာ လှပတဲ့ တောင်တန်းကြီးတွေ ရှိနေပြီး ပတ္တရားမှာ Khao Chi Chan မြင်ကွင်းကို အကောင်းဆုံး ကြည့်လို့ရတဲ့ တစ်ခုတည်းသော ရဲတိုက်ကြီး ဖြစ်ပါတယ်။

​🥩 Premium Steak & Italian Food: ရဲတိုက်ကြီးက Luxury ဆန်သလို အစားအသောက်တွေကလည်း ရွေးချယ်စရာ စုံလင်လှပါတယ်။ အထူးသဖြင့် ဆိုင်ရဲ့ နာမည်ကြီး အရည်အသွေးမြင့် Water Aging Steak အပြင် ထူးခြားတဲ့ အီတလီ အစားအသောက်တွေကိုပါ အရသာရှိရှိ သုံးဆောင်နိုင်မှာ ဖြစ်လို့ Steak ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ နေရာတစ်ခုပါ။

​📸 Photo Spots: ရဲတိုက်ရဲ့ အတွင်းပိုင်းရော အပြင်ဘက် ပတ်ဝန်းကျင် ရှုခင်းပါ လုံးဝ ဥရောပစတိုင် ကွက်တိ ဖန်တီးထားတာမို့ ဝတ်စုံအလန်းစားလေးတွေနဲ့ ဓာတ်ပုံရိုက်ရင် အထာကျကျ ပုံထွက်မှာ သေချာပါတယ်။ ဆိုင်က ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုနဲ့ အကြံပေးမှုတွေကလည်း အရမ်းကို စိတ်ကျေနပ်မှု ပေးစွမ်းနိုင်ပါတယ်ရှင်။

​ဘန်ကောက်ကနေ ကားမောင်းရင် ၂ နာရီဝန်းကျင်ပဲ ကြာတာမို့ ပိတ်ရက် Dinner Trip တို့၊ Weekend Trip တို့ သွားဖို့ အသင့်တော်ဆုံးပါပဲ။ 🚗💨

​📍 Castello Di Bellagio / Bellagio Castle Pattaya (Chonburi)
⏰ Daily 11:00 – 22:00 နာရီ

​🚙 ထိုင်းနိုင်ငံကို လာလည်တဲ့အချိန်မှာ ကြိုက်တဲ့နေရာ အချိန်မရွေး စိတ်ကြိုက်လည်ပတ်နိုင်ဖို့ GG Car Rental ရှိတယ်နော်!
​Family Trip လား၊ Business Trip လား၊ သူငယ်ချင်းတွေနဲ့ Chill ဖို့လား.. ကိုယ်ပိုင်ကားလေးလို စိတ်ကြိုက်မောင်းလို့ရမယ့် Self-Drive ကားတွေကို GG Car Rental - Bangkok မှာ အလွယ်တကူ ငှားလို့ရနေပါပြီ။
​⭐️ ဘာလို့ GG Car Rental ကို ရွေးချယ်သင့်လဲ?
​စီးရတာ တန်စေမယ့် Grade ကောင်းတဲ့ကားများကိုသာ ငှားရမ်းပေးတာဖြစ်ခြင်း။
​ကားတိုင်းကို Premium Insurance နဲ့ Well Maintained လုပ်ထားလို့ ထိုင်းနိုင်ငံအနှံ့ သက်တောင့်သက်သာနဲ့ စိတ်ချယုံကြည်စွာ သွားလာနိုင်ခြင်း။

​⛰️ ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ တခြားသော Services များနဲ့ အသေးစိတ်အချက်အလက်များ သိရှိလိုပါက Page Messenger ကို အခုပဲ ဆက်သွယ်လိုက်ပါရှင်။

​☎️ ဆက်သွယ်ရန်
​Mobile: 06 6120 5996
​Whatsapp: +95 9 966491991
​Viber: +95 9 966491991

​ #ဘန်ကောက်ကားအငှားဝန်ဆောင်မှု #ဘန်ကောက်ကားအငှား #ထိုင်းကားအငှား

🎨 Bangkok မှာ Mall တွေ၊ Café တွေ သွားရတာ ရိုးလာပြီဆိုရင် ဒီနေရာလေးကို သွားကြည့်ဖို့ Recommend လုပ်ချင်တယ်...အခုတလော Soci...
17/06/2026

🎨 Bangkok မှာ Mall တွေ၊ Café တွေ သွားရတာ ရိုးလာပြီဆိုရင် ဒီနေရာလေးကို သွားကြည့်ဖို့ Recommend လုပ်ချင်တယ်...

အခုတလော Social Media မှာ ခဏခဏတွေ့နေရတဲ့ Photo Spot တွေ၊ Reels တွေကို မြင်ဖူးကြမှာပါ 👀

"ဒီနေရာ ဘယ်မှာလဲ?" လို့ လိုက်ရှာကြည့်လိုက်တော့...

✨ 𝗗𝗶𝗯 𝗕𝗮𝗻𝗴𝗸𝗼𝗸 ✨

Bangkok ရဲ့ New Hot Spot တစ်ခုဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ် 😍
━━━━━━━━━━━━━━━
ဒီနေရာရဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့
အရင်တုန်းက Warehouse အဟောင်းကြီးတစ်ခု ဖြစ်ခဲ့တဲ့နေရာကို Modern Art Museum အဖြစ် ပြန်လည်ဖန်တီးထားတာပါ။
အပြင်ဘက်က ကြည့်လိုက်ရင် Industrial Style Vibe ရပြီး
အထဲဝင်လိုက်တာနဲ့
🤍 Minimalist Space�
💡 Creative Lighting�
🎨 Contemporary Art�
✨ Immersive Installations
တွေနဲ့ လုံးဝ Mood ပြောင်းသွားစေပါတယ်။
Art ကို အထူးဝါသနာမပါရင်တောင်
"ဒီလိုနေရာမျိုး Bangkok မှာရှိတာလား?" ဆိုပြီး အံ့ဩသွားစေမယ့် နေရာမျိုးပါ 😆
━━━━━━━━━━━━━━━
📸 Photo ရိုက်ရတာကြိုက်တဲ့သူတွေအတွက်ဆိုရင်တော့
Dib Bangkok က Spot တိုင်းလိုလို Photo Corner ဖြစ်နေတယ်လို့ ပြောလို့ရပါတယ်။

နံရံအဖြူရောင်ကြီးတွေ�Architecture Lines လှလှတွေ�Natural Light ဝင်တဲ့ Hall တွေ
ဘယ်နေရာရပ်ရပ် Content ထွက်တဲ့ Vibe မျိုးပါ ✨

Content Creator တွေ၊ Photography ဝါသနာရှင်တွေကြားမှာ ရေပန်းစားနေတာလည်း မဆန်းပါဘူး 📷
━━━━━━━━━━━━━━━
အဲ့ဒါတင်မဟုတ်သေးဘူး...
Light, Sound နဲ့ Interactive Installation တွေ ပါဝင်တာကြောင့်
👀 ကြည့်ရုံတင်မဟုတ်ဘဲ�🎭 ကိုယ်တိုင်ပါဝင်ခံစားရတဲ့ Experience မျိုးရနိုင်ပါတယ်
တစ်ခန်းနဲ့တစ်ခန်း မတူတဲ့ Concept တွေကြောင့်
"နောက်ခန်းမှာ ဘာရှိမလဲ" ဆိုပြီး စိတ်ဝင်စားနေမိတာက ဒီနေရာရဲ့ Charm တစ်ခုပါ 🤩
━━━━━━━━━━━━━━━
လည်ရင်းပတ်ရင်း ဗိုက်ဆာလာရင်လည်း

☕ Café�
🍽 Bistro�
🥤 Drinks Bar

တွေရှိတာမို့ အေးအေးဆေးဆေး ထိုင်နားလို့ရပါတယ်။
တစ်နေ့တာကို Art, Culture နဲ့ Creative Vibe တွေကြားမှာ ဖြတ်သန်းချင်တဲ့သူတွေအတွက်တော့ Worth Visiting နေရာတစ်ခုပါ 💛

📍 DIB Bangkok
Bangkok Trip Checklist ထဲမှာ ထည့်ထားသင့်တဲ့ New Attraction တစ်ခုလို့ ပြောလို့ရပါတယ် ✨
━━━━━━━━━━━━━━━
🚗 ပြီးတော့ Bangkok လို မြို့ကြီးမှာ
Train ပြောင်းစီးရတာတွေ�Taxi စောင့်ရတာတွေ�အချိန်ကိုက် ခရီးသွားရတာတွေ မရှိဘဲ
ကိုယ်သွားချင်တဲ့နေရာကို ကိုယ်ကြိုက်တဲ့အချိန် သွားနိုင်တာက ပိုအဆင်ပြေတယ်မဟုတ်လား?

GG Car Rental ရဲ့ Self-Drive ကားလေးနဲ့ဆိုရင် 🚘

🎨 DIB Bangkok သွားမယ်�
☕ Café ကောင်းကောင်းတွေ ဝင်မယ်�
🛍 Shopping ဆက်ထွက်မယ်
�🌃 ညဘက် Bangkok City View သွားကြည့်မယ်
ကိုယ့်စိတ်ကြိုက် Schedule နဲ့ လည်ပတ်နိုင်ပါတယ် 😎

⭐ First Class Insurance ပါဝင်�
⭐ Well Maintained Vehicles�
⭐ Grade ကောင်းတဲ့ကားများသာ ငှားရမ်းပေးခြင်း

💰 3 ရက်နှင့်အထက် ငှားရမ်းသူများအတွက် Special Price လည်းရှိတာမို့ Bangkok Trip Plan ရှိရင် အခုပဲ Booking လုပ်ထားလိုက်တော့နော် 🤩

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

� � � � � � � � #ဘန်ကောက်ကားအငှား� #ထိုင်းကားအငှား

🌿 🚗 Weekend ရောက်တိုင်း "ဘန်ကောက်နားမှာ ဘယ်သွားရင်ကောင်းမလဲ" ဆိုပြီး စဉ်းစားနေရင် ဒီနေရာလေးကို သိထားသင့်တယ်နော် ✨�စိတ်ကိ...
11/06/2026

🌿 🚗 Weekend ရောက်တိုင်း "ဘန်ကောက်နားမှာ ဘယ်သွားရင်ကောင်းမလဲ" ဆိုပြီး စဉ်းစားနေရင် ဒီနေရာလေးကို သိထားသင့်တယ်နော် ✨�

စိတ်ကို ခဏလေး Recharge ပြန်လုပ်ချင်တဲ့ အချိန်မျိုးပေါ့...

Bangkok ကနေ တစ်နာရီဝန်းကျင်လောက်ပဲ မောင်းရတဲ့ Hidden Gem လေးတစ်ခုကို ညွှန်းပေးချင်ပါတယ် 😍

✨ After The Rain Coffee & Gallery ✨

Nakhon Pathom မှာရှိတဲ့ ဒီ Café လေးက ရိုးရိုး Café တစ်ဆိုင်ထက် ပိုပါတယ်။

ရောက်ရောက်ချင်း မြင်ရတာကတော့

🌴 စိမ်းစိုနေတဲ့ သစ်ပင်ကြီးတွေ�
🌿 သဘာဝရနံ့လေးတွေ�
💦 ရေမြောင်းလေးတွေနဲ့ အေးချမ်းတဲ့ ပတ်ဝန်းကျင်

Bangkok နဲ့ မိုင်အနည်းငယ်ပဲ ဝေးပေမယ့် Atmosphere ကတော့ မြို့ပြနဲ့ လုံးဝမတူတဲ့ Feeling မျိုး ပေးနိုင်ပါတယ် ✨
━━━━━━━━━━━━━━━
📸 ဒီနေရာကို လူသိများစေတာကတော့
လှေလေးစီးပြီး ဓာတ်ပုံရိုက်လို့ရတဲ့ Activity လေးပါ။

သစ်ပင်စိမ်းစိမ်းတွေကြားက ရေမြောင်းလေးထဲမှာ
🚣‍♀️ လှေလေးစီးမယ်�
📸 Photo ရိုက်မယ်�
🌿 Nature View ကို ခံစားမယ်

ဆိုတော့ Social Media မှာ တွေ့နေကျ Pinterest Vibe၊ Japanese Countryside Vibe လေးတွေကို ရရှိစေပါတယ် 💚
━━━━━━━━━━━━━━━
☕ Café Menu ပိုင်းမှာလည်း
Coffee ကြိုက်တဲ့သူတွေအတွက် Special Coffee တွေရှိသလို

🍰 Cake�
🥐 Bakery�
🥤 Refreshing Drinks

အစုံရတာမို့ မနက်စာစားဖို့ပဲဖြစ်ဖြစ်�နေ့လယ်ပိုင်း Chill ဖို့ပဲဖြစ်ဖြစ် အဆင်ပြေပါတယ် 😋
━━━━━━━━━━━━━━━
🎨 နာမည်အတိုင်း Gallery လေးလည်း ပါသေးတာမို့
Art နဲ့ Design ကို သဘောကျတဲ့သူတွေ�Content Creator တွေ�Photography ဝါသနာရှင်တွေ
အတွက်တော့ အချိန်ကုန်သွားတာတောင် သတိမထားမိတဲ့ နေရာမျိုးပါ 📷✨

နေရာတိုင်းလိုလိုက Photo Spot ဖြစ်နေတာမို့
Photo လှလှလေးတွေအများကြီးရလာမှာအသေအချာပါပဲ 📷
━━━━━━━━━━━━━━━
📍 After The Rain Coffee & Gallery�
📍 Nakhon Pathom�
🚗 Bangkok မှ 45 မိနစ် – 1 နာရီခန့်�
⏰ 8:30 AM – 6:30 PM�
❌ Monday Closed
━━━━━━━━━━━━━━━
🚗 ဒီလို Hidden Gem လေးတွေကို သွားတဲ့အခါ

Bus အချိန်စောင့်ရတာ�ရထား ပြောင်းစီးရတာတွေထက်
ကိုယ်သွားချင်တဲ့အချိန် ထွက်ပြီး�ကိုယ်ကြိုက်တဲ့ Café တွေ့ရင် ဝင်�Photo Spot တွေ့ရင် ရပ်
လုပ်နိုင်တာက ပိုအဆင်ပြေတယ် မဟုတ်လား? 😎

GG Car Rental ရဲ့ Self-Drive ကားလေးနဲ့ဆိုရင်
☕ Café Hopping�
📸 Photo Trip�
🌿 Weekend Getaway
အားလုံးကို ကိုယ့်စိတ်ကြိုက် Plan နဲ့ လွတ်လွတ်လပ်လပ် သွားနိုင်ပါတယ် ✨
⭐ Grade ကောင်းတဲ့ ကားများသာ ငှားရမ်းပေးခြင်း�
⭐ First Class Insurance ပါဝင်ခြင်း�
⭐ Well Maintained Vehicles

💰 3 ရက်နှင့်အထက် ငှားရမ်းသူများအတွက် Special Price လည်းရှိတာမို့ Trip Plan ရှိရင် အခုပဲ Booking လုပ်ထားလိုက်တော့နော် 🤩

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

� � � � � � � � #ထိုင်းကားအငှား� #ဘန်ကောက်ကားအငှား

🌊 "Hua Hin ကို သွားရတဲ့ အကြောင်းပြချက် နောက်တစ်ခု ထပ်တွေ့ပြန်ပြီ..."Hua Hin ဆိုတာ ဘန်ကောက်ကနေ ၂ နာရီခွဲဝန်းကျင်လောက်ပဲ က...
06/06/2026

🌊 "Hua Hin ကို သွားရတဲ့ အကြောင်းပြချက် နောက်တစ်ခု ထပ်တွေ့ပြန်ပြီ..."

Hua Hin ဆိုတာ ဘန်ကောက်ကနေ ၂ နာရီခွဲဝန်းကျင်လောက်ပဲ ကားမောင်းရပြီး ပင်လယ်ကမ်းခြေ၊ Café လှလှလေးတွေ၊ Night Market တွေနဲ့ အေးချမ်းတဲ့ Atmosphere ကို တစ်နေရာတည်းမှာ ခံစားနိုင်တဲ့ မြို့လေးတစ်မြို့ပါ 🌊✨

Hua Hin ရဲ့ အားသာချက်ကတော့ Pattaya လို လူအရမ်းမများဘဲ အေးအေးဆေးဆေး Relax လုပ်လို့ရတာပါ။

🏖 လေညင်းလေးနဲ့ Beach Walk လုပ်မလား�
☕ Seaside Café လေးမှာ Coffee သောက်ရင်း Sunset ကြည့်မလား�
🦑 Night Market ထဲမှာ Local Food တွေ လျှောက်စားမလား

ဘယ်လိုပဲဖြစ်ဖြစ် Hua Hin က စိတ်ကို Recharge ပြန်လုပ်ပေးနိုင်တဲ့ မြို့လေးတစ်မြို့ပါ 🌅

ဒီအချက်တွေကတော့ Hua Hin ကို သွားဖူးသူတော်တော်များများ သိပြီးသားဖြစ်မှာပါ။

ဒါပေမယ့် အခုတလော Social Media ပေါ်မှာ မကြာခဏ တွေ့နေရတဲ့ Café လေးတစ်ဆိုင်ကြောင့် Hua Hin ကို အခုချက်ချင်း ထသွားချင်စိတ်ပေါက်လာနိုင်ပါတယ်နော် 😍

✨ 𝐂𝐡𝐚𝐩𝐥𝐮 𝐂𝐚𝐟𝐞 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭 ✨
ပင်လယ်နဲ့ ကပ်လျက်တည်ရှိနေတဲ့ Café & Restaurant လေးဖြစ်ပြီး Photo တစ်ပုံရိုက်လိုက်တာနဲ့ Hua Hin Vibe အပြည့်ရစေမယ့် နေရာလေးပါ 📸

အဖြူရောင် Minimalist Design လေးတွေ၊�ပြတင်းပေါက်ကြီးတွေကနေ မြင်ရတဲ့ အပြာရောင်ပင်လယ်ပြင်ကြီး၊�ညနေခင်း နေရောင်အောက်က အေးအေးဆေးဆေး Atmosphere လေးတွေက

☕ "Coffee တစ်ခွက်သောက်ရင်း ဒီမှာ တစ်နေ့လုံးထိုင်နေချင်တယ်" ဆိုတဲ့ စိတ်ကို ဖြစ်စေပါတယ် 🌴

Menu ပိုင်းမှာလည်း
🦐 Fresh Seafood�
🍝 Western Style Dishes�
🌶 Thai Food�
🍰 Desserts�
🥤 Refreshing Drinks

အစုံရရှိတာမို့ Breakfast ဖြစ်ဖြစ်၊ Lunch ဖြစ်ဖြစ်၊ Sunset Dinner ဖြစ်ဖြစ် အဆင်ပြေပါတယ် ✨

💕 Couple Date လုပ်ဖို့ပဲဖြစ်ဖြစ်�
👯 သူငယ်ချင်းတွေနဲ့ Café Hopping ထွက်ဖို့ပဲဖြစ်ဖြစ်�
👨‍👩‍👧‍👦 Family Trip ပဲဖြစ်ဖြစ်

Hua Hin ရောက်ရင် List ထဲ ထည့်ထားသင့်တဲ့ Café လေးတစ်ဆိုင်လို့ ပြောလို့ရပါတယ် 💙

📍 Chaplu Cafe & Restaurant�
📍 Nong Kae, Hua Hin�
⏰ 11:00 AM – 8:00 PM
━━━━━━━━━━━━━━━
ပြီးတော့ Hua Hin Trip မျိုးမှာ Bus အချိန်တွေလိုက်ကြည့်ရတာ၊ ရာသီဥတုကြောင့် သွားရေးလာရေး အခက်အခဲဖြစ်တာတွေ မရှိဘဲ ကိုယ်သွားချင်တဲ့နေရာကို ကိုယ်ကြိုက်တဲ့အချိန် သက်သက်သာသာနဲ့ သွားနိုင်တာက ပိုအဆင်ပြေတယ်မဟုတ်လား? 🚗✨

GG Car Rental ရဲ့ Self-Drive ကားလေးနဲ့ဆိုရင်
🌊 ပင်လယ်ဘက်သွားချင်ရင် သွား�
☕ Café လေးတွေ့ရင် ဝင်�
📸 View Point လေးတွေ့ရင် ရပ်

အချိန်ကန့်သတ်ချက်မရှိဘဲ Hua Hin ကို စိတ်ကြိုက်လည်ပတ်နိုင်ပါတယ် 😎

💰 3 ရက်နှင့်အထက် ငှားရမ်းသူများအတွက် Special Price လည်းရှိတာမို့ Trip Plan ရှိရင် အခုပဲ Booking လုပ်ထားလိုက်တော့နော် 🤩

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
� � � � � � �

ဧရာမကျောက်တောင်ကြီးကို အသက်သွင်းထားတဲ့ Suphan Buri က အံ့ဖွယ်   "The Rock Buddha" ⛰️✨​ဘန်ကောက်ကနေ ကားမောင်းပြီး ၂ နာရီဝန်...
22/05/2026

ဧရာမကျောက်တောင်ကြီးကို အသက်သွင်းထားတဲ့ Suphan Buri က အံ့ဖွယ် "The Rock Buddha" ⛰️✨
​ဘန်ကောက်ကနေ ကားမောင်းပြီး ၂ နာရီဝန်းကျင်လေးတင် သွားရုံနဲ့ အာရှမှာတင်မက ကမ္ဘာကပါ အံ့ဩရလောက်တဲ့ "The Rock Buddha" (Phra Phuttha Pusaya Khiri) ဆီကို ရောက်ဖူးကြပြီလား? 😍💨
​ဒီနေရာကတော့ Suphan Buri ခရိုင်ရဲ့ အဖိုးတန်အလှဆုံး နေရာတစ်ခုဖြစ်ပြီး ဧရာမ ကျောက်တောင်ကြီးရဲ့ မျက်နှာစာတစ်ခုလုံးကို ဗုဒ္ဓမြတ်စွာဘုရားရဲ့ ပုံတော်အဖြစ် အနုပညာလက်ရာမြောက်စွာ ထွင်းထုထားတာပဲဖြစ်ပါတယ်။
​✨ ဉာဏ်တော်အမြင့် ၃၅ မီတာလောက်ရှိတဲ့ ဒီရုပ်ပွားတော်ကြီးရဲ့ ရှေ့မှာ မတ်တပ်ရပ်ပြီး အပေါ်ကို မော့ကြည့်လိုက်ရင် ခန့်ညားထည်ဝါလွန်းလို့ အလိုလို ငြိမ်းချမ်းသွားသလို ခံစားရစေမှာပါ။
​ဒီနေရာမှာ ဘာတွေလုပ်လို့ရလဲဆိုတော့ 👇
​ကျောက်တောင်ကြီးကို ဖောက်ထွင်းထားတဲ့ လိုဏ်ဂူကြီး 🌌
ရုပ်ပွားတော်ကြီးရဲ့ အနောက်ဘက်မှာ ဧရာမ လိုဏ်ဂူကြီးရှိပါတယ်။ ဂူထဲကို လှမ်းဝင်လိုက်တာနဲ့ အပြင်က နေပူဒဏ်တွေ ပျောက်ပြီး အေးမြသွားတာပဲ! အတွင်းဘက် နံရံတစ်လျှောက်မှာလည်း ကျောက်သားထဲ ထွင်းထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်ငယ်လေးတွေနဲ့ နံရံကပ်ပန်းပုလက်ရာတွေ အများကြီးမို့ ဓာတ်ပုံရိုက်လို့ သိပ်လှပါတယ်။
​အသစ်ဖွင့်ထားတဲ့ ၃၆၀ ဒီဂရီ Skywalk (မှန်တံတား) 🚶‍♂️
တောင်ကုန်းအမြင့်ပေါ်ကနေ အောက်က ရေကန်ကျယ်ကြီးနဲ့ ဘုရားဝင်းတစ်ခုလုံးရဲ့ ရှုခင်းကို ကောင်းကောင်းကြီး ငေးလို့ရပါတယ်။ အထူးသဖြင့် ညနေစောင်း နေဝင်ချိန်မှာဆိုရင် ကျောက်တောင်ကြီးပေါ်ကို နေရောင်ခြည် ဖြာကျနေတာ ပန်းချီကားတစ်ချပ်လိုပဲ ရိုမန်တစ်ဖြစ်လွန်းလို့ လုံးဝ (လုံးဝ) မလွတ်တမ်း သွားသင့်တဲ့ Spot လေးပါ! 🌅🌈
​လူအရောက်အပေါက်လည်း သိပ်မများသေးတာမို့ ဒီလိုအေးချမ်းတိတ်ဆိတ်ပြီး ထူးဆန်းလှပတဲ့ နေရာလေးကို ဒီ Weekends မှာပဲ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ အတူတူ Road Trip ထွက်ပြီး အပန်းဖြေဖို့ အကြံပြုပါရစေနော်။ 🥰
​🚗 ထိုင်းနိုင်ငံကို လာလည်တဲ့အချိန်လေးမှာ အခုလို လှပတဲ့ နေရာတွေကို စိတ်ကြိုက်၊ အချိန်မရွေး လွတ်လွတ်လပ်လပ် သွားလာလည်ပတ်နိုင်ဖို့ဆိုရင် ကားလေးတစ်စီးတော့ ရှိမှ အဆင်ပြေမှာနော်...
​🚙 Family Trip လား / Business Trip လား / သူငယ်ချင်းတွေနဲ့ Chill ဖို့လား.. ကိုယ်ပိုင်ကားလေးလို စိတ်ကြိုက်မောင်းလို့ရမယ့် Self-Drive ကားတွေကို GG Car Rental - Bangkok မှာ အလွယ်တကူ ငှားလို့ရနေပါပြီ။
​⭐️ GG မှာ စီးရတာတန်စေမယ့် Grade ကောင်းတဲ့ကားများကိုသာ ငှားရမ်းပေးတာဖြစ်ပြီး၊ ကားတိုင်းက First Class Insurance နဲ့ Well Maintained လုပ်ထားတာဖြစ်လို့ ထိုင်းနိုင်ငံအနှံ့ သက်တောင့်သက်သာနဲ့ စိတ်ချယုံကြည်စွာ သွားလာနိုင်ပါတယ်....
​💰 3 ရက် နှင့်အထက် ငှားရမ်းသူများအတွက် Special Price လည်းရှိတာမို့ အမြန်ဆုံး Booking လုပ်လိုက်တော့နော် 🤩
​⛰️ ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ တခြားသော Services များနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Page Messenger ကို အခုပဲဆက်သွယ်လိုက်တော့နော်။
​☎️ ဆက်သွယ်ရန်
​Mobile : 06 6120 5996
​Whatsapp : +95 9 966491991
​Viber : +95 9 966491991
​ #ဘန်ကောက်ကားအငှားဝန်ဆောင်မှု #ဘန်ကောက်ကားအငှား #ထိုင်းကားအငှား

🚆🌊 Bangkok နားက Day Trip လေးထွက်ချင်ရင် ဒီ ၂ နေရာကို Recommend ပေးချင်ပါတယ် 💛ဘာလို့ဆို တစ်နေ့တည်းနဲ့�✨ Local Vibe လည်းခံ...
10/05/2026

🚆🌊 Bangkok နားက Day Trip လေးထွက်ချင်ရင် ဒီ ၂ နေရာကို Recommend ပေးချင်ပါတယ် 💛
ဘာလို့ဆို တစ်နေ့တည်းနဲ့�
✨ Local Vibe လည်းခံစားရမယ်�
✨ Photo Spot လည်းရမယ်�
✨ အစားအသောက်ကောင်းကောင်းလည်း စားရမယ်ဆိုရင်…

📍 Maeklong Train Market + Amphawa Floating Market ကို သွားဖို့ရွေးလိုက်တော့နော် 👀
━━━━━━━━━━━━━━━
🚂 𝐌𝐚𝐞𝐤𝐥𝐨𝐧 𝐓𝐫𝐚𝐢𝐧 𝐌𝐚𝐫𝐤𝐞𝐭

ဒီနေရာရဲ့ Famous ဖြစ်တဲ့အချက်ကတော့�
“ရထားလမ်းပေါ်မှာ ဈေးဖွင့်ထားတာ” ပါ 😮

ရထားလာခါနီးပြီဆိုတာနဲ့�ဆိုင်ရှင်တွေက တံခါး၊ မိုးကာ၊ စားပွဲတွေကို အချိန်တိုတိုအတွင်း ခေါက်သိမ်းလိုက်ကြတာကို မြင်ရတာက�Video ထဲက Scene တစ်ခုလိုပဲ 😆

ပြီးတော့ ရထားဖြတ်သွားပြီးတာနဲ့�အကုန်ချက်ချင်း ပြန်ဖွင့်ကြတာက ဒီ Market ရဲ့ Unique Charm ပါပဲ ✨

📸 Street Photography ရိုက်ရတာကြိုက်တဲ့သူတွေအတွက်လည်း Spot ကောင်းကောင်းတွေ အများကြီးရှိတယ်နော်
━━━━━━━━━━━━━━━
🛶 𝐀𝐦𝐩𝐡𝐚𝐰𝐚 𝐅𝐥𝐨𝐚𝐭𝐢𝐧𝐠 𝐌𝐚𝐫𝐤𝐞𝐭

နေ့လည်ဘက်ကနေ ညနေပိုင်းရောက်လာတာနဲ့�ဒီနေရာရဲ့ Atmosphere က ပိုပြီးအသက်ဝင်လာတယ် 🌅

မြစ်ဘေးတလျှောက်�
🍢 Street Food�
🦐 Fresh Seafood�
🥥 Local Snacks�
☕ Riverside Café လေးတွေ ပြည့်နေပြီး

လှေသေးသေးလေးတွေပေါ်ကနေ ဈေးရောင်းနေတဲ့ View ကလည်း Thailand Vibe အပြည့်ခံစားရစေပါတယ် 💫

အေးအေးဆေးဆေး လမ်းလျှောက်ရင်း�စားချင်တာစား၊ ပုံလေးရိုက်လိုက်နဲ့�တစ်နေ့တာကို Slow & Chill ဖြစ်ဖြစ် ဖြတ်သန်းလို့ရတဲ့နေရာလေးပါ 🤍
━━━━━━━━━━━━━━━
🚗 ဒီ Trip မျိုးက Group Tour နဲ့ထက်�ကိုယ်ပိုင်ကားလေးနဲ့ သွားရင် ပိုအဆင်ပြေပါတယ် ✨
⏰ အချိန်ကို ကိုယ်တိုင်စီစဉ်လို့ရမယ်�
📍 ကြိုက်တဲ့နေရာမှာ ရပ်လို့ရမယ်�
🛍 Shopping လုပ်ထားတာတွေကိုလည်း သက်တောင့်သက်သာ ထည့်လို့ရမယ်

Bangkok ကနေ Day Trip လေးကို�ပေါ့ပေါ့ပါးပါးနဲ့ Comfortable ဖြစ်ဖြစ် သွားချင်ရင်တော့ 🚘

💙 GG Car Rental နဲ့ Self-Drive ကားလေးငှားပြီး ထွက်လိုက်တော့နော်

📩 အသေးစိတ်သိချင်ရင် Page Messenger မှာ လာမေးလို့ရပါတယ်

� � � � � �

Address

Yangon
11106

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959963632408

Website

Alerts

Be the first to know and let us send you an email when GG Car Rental - BKK posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share