Henry Boker - တိုက်ပုံ နှင့် Men Fashion

  • Home
  • Myanmar
  • Yangon
  • Henry Boker - တိုက်ပုံ နှင့် Men Fashion

Henry Boker - တိုက်ပုံ နှင့် Men Fashion Bold tradditions, Modern Style For Men.

Henry Boker တိုက်ပုံနှင့် Men Fashion တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအလိုရှိပါသည်။ ✨စက်ချုပ်ကျွမ်းကျင် မ (၂) ဦး၊ စက်ချုပ်...
09/05/2026

Henry Boker တိုက်ပုံနှင့် Men Fashion တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအလိုရှိပါသည်။
✨စက်ချုပ်ကျွမ်းကျင် မ (၂) ဦး၊ စက်ချုပ်အကူ မ (၁) ဦး
✨အခြေခံလစာ + အခြားခံစားခွင့် (ရက်မှန်ကြေး+လမ်းစရိတ်)
✨အလုပ်ချိန် - မနက် ၉နာရီ မှ ညနေ ၅ နာရီ
✨ပိတ်ရက် - တစ်ပတ် ၂ရက် (တနင်္ဂနွေ၊ တနင်္လာ)
ပညာသင်ယူလိုစိတ်ရှိပါက အခြေခံမှစ၍ ကျွမ်းကျင်သည်အထိ သင်ကြားပေးပါမည်။
အင်တာဗျူးဖြေဆိုပြီး အဆင်ပြေပါက အလုပ်တန်းဆင်းနိုင်ပါသည်။

သုဝဏ္ဏမြို့နယ်တွင် အလုပ်ဆင်းရမည်ဖြစ်ပါသည်။
ဖုန်းနံပါတ် - 09974189297 သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

ရိုးရှင်းခြင်းဟာ အဆန်းပြားဆုံး စတိုင်လ်တစ်ခုဖြစ်ပါတယ်။ Premium Grade A ချည်သားကို အသုံးပြုပြီး ဖန်တီးထားတဲ့ နံ့သာရောင်တိ...
24/04/2026

ရိုးရှင်းခြင်းဟာ အဆန်းပြားဆုံး စတိုင်လ်တစ်ခုဖြစ်ပါတယ်။ Premium Grade A ချည်သားကို အသုံးပြုပြီး ဖန်တီးထားတဲ့ နံ့သာရောင်တိုက်ပုံဟာ ချုပ်ရိုးချုပ်သား သေသပ်မှုနဲ့ Cutting ကျနမှုတွေကြောင့် ဝတ်ဆင်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်နဲ့ တစ်သားတည်းဖြစ်ပြီး စမတ်ကျနေမှာပါ။
ထို့အပြင် အောက်ခံ shirt အင်္ကျီအရောင်ကို အခြားအရောင်တွေဖြင့် တွဲဖက်ဝတ်ဆင်ပါကလည်း ထင်ပေါ်စေပြီး ဆွဲဆောင်မှုပိုရှိစေပါတယ်။

စျေးနှုန်း - 89,000 Ks
ရန်ကုန်မြို့တွင်း - Cash On Delivery
အခြားမြို့များ - Prepaid

ဆိုင်တွင် ကိုယ်တိုင် လာရောက်ဝယ်ယူချင်တယ်ဆိုရင်တော့ ...

အိမ်အမှတ် (၁၄)၊ တိုက် (၄လွှာ)၊ သဂ်ဟလမ်း (ဝေဘူလမှတ်တိုင်အနီး) ၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်တိုင်း။
ဖုန်း - 09 974189297

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

“နှစ်သစ် ဆုတောင်း”(၁၃၈၈) ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယတွင် မြန်မာပြည်သူ၊ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျ...
17/04/2026

“နှစ်သစ် ဆုတောင်း”
(၁၃၈၈) ခုနှစ် မြန်မာနှစ်သစ်ကူး အခါသမယတွင် မြန်မာပြည်သူ၊ ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြီးပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ


မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ ဆိုင်ပိတ်ရက်အဖြစ် Henry Boker တိုက်ပုံ နှင့် Men Fashion ဆိုင်အား (၁၁.၄.၂၀၂၆) မှ (၁၇.၄.၂၀၂၆...
08/04/2026

မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလ ဆိုင်ပိတ်ရက်အဖြစ် Henry Boker တိုက်ပုံ နှင့် Men Fashion ဆိုင်အား (၁၁.၄.၂၀၂၆) မှ (၁၇.၄.၂၀၂၆) အထိ ပိတ်မည်ဖြစ်ပြီး (၁၈.၄.၂၀၂၆) တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

မင်္ဂလာပွဲဆိုတာ တစ်သက်မှာ တစ်ခါသာကြုံရတဲ့ အခိုက်အတန့်မို့ တိုက်ပုံရွေးချယ်မှုက အင်မတန် အရေးကြီးပါတယ်။လှပလွန်းတဲ့ သတို့သမ...
26/03/2026

မင်္ဂလာပွဲဆိုတာ တစ်သက်မှာ တစ်ခါသာကြုံရတဲ့ အခိုက်အတန့်မို့ တိုက်ပုံရွေးချယ်မှုက အင်မတန် အရေးကြီးပါတယ်။
လှပလွန်းတဲ့ သတို့သမီးလေးရဲ့ဘေးမှာ စမတ်ကျဆုံး သတို့သားတစ်ယောက်အဖြစ် ပေါ်လွင်နေစေဖို့အတွက် ဒီဇိုင်နာ Henry Boker မှ ဖန်တီးချုပ်လုပ်ပေးထားတာ ဖြစ်ပါတယ်။

ယုံကြည်စွာ ဝယ်ယူအားပေးတဲ့ အစ်ကိုနဲ့အစ်မလည်း ချစ်ခြင်းမေတ္တာတွေနဲ့အတူ လှပတဲ့အနာဂတ်ကို နှစ်တစ်ရာတိုင် လက်တွဲမြဲပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်တယ်။

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

တိုက်ပုံဝတ်ဆင်တဲ့အခါ  ပိုပြီးစမတ်ကျကျနဲ့ သပ်ရပ်နေစေဖို့အတွက် အောက်ပါအချက်တွေကို အကြံပြုပါရစေ။✅ တိုက်ပုံရဲ့ ပခုံးနှစ်ဖက်က...
13/02/2026

တိုက်ပုံဝတ်ဆင်တဲ့အခါ ပိုပြီးစမတ်ကျကျနဲ့ သပ်ရပ်နေစေဖို့အတွက် အောက်ပါအချက်တွေကို အကြံပြုပါရစေ။

✅ တိုက်ပုံရဲ့ ပခုံးနှစ်ဖက်ကကြီးပြီး အပြင်ကိုထွက်နေတဲ့အခါ ပခုံးကျနေသလိုမျိုး (ဒါမှမဟုတ်) ကိုယ့်ခန္ဓာကိုယ် size ထက်ကြီးတဲ့ တိုက်ပုံကို ဝတ်ဆင်ထားသလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တိုက်ပုံရွေးချယ်တဲ့အခါ ပခုံးနှစ်ဖက်က မိမိပခုံးနဲ့ Fitting ဖြစ်နေတာကို ရွေးချယ်ဝတ်ဆင်ဖို့ လိုအပ်ပါတယ်။
✅ တိုက်ပုံရဲ့ အောက်ဖက်အနားအရှည်က တိုလွန်းတဲ့အခါ ကိုယ့်ခန္ဓာကိုယ် ထက်သေးတဲ့ဆိုဒ်ကို ဝတ်ဆင်ထားသလိုဖြစ်နေတတ်ပြီး၊ အောက်ဖက်အနားက ပုံမှန်ထက်ရှည်တဲ့အခါလည်း မိမိအရပ်ကို ပုသလိုဖြစ်သွားစေတတ်ပါတယ်။ ပုဆိုးရဲ့ ခါးပုံစ အောက်နားလေးကို ၂လက်မခန့်ဖုံးပြီးဝတ်ဆင်တာက စမတ်အကျဆုံးပါပဲ။
✅ အတွင်းဘက် ဝတ်တဲ့ Shirt အင်္ကျီက ပိတ်စအသားထူတဲ့အမျိုးအစားဆိုရင်တော့ တိုက်ပုံဝတ်တဲ့အခါ ရင်ဘတ်ဖောက်ထွက်နေတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် အောက်ခံ Shirt အင်္ကျီကို အသားပါးတဲ့ ပိတ်စအမျိုးအစားကိုရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ တိုက်ပုံရဲ့ရင်ဖုံး ကြယ်သီးတပ်လိုက်တဲ့အခါ လက်တစ်ဝါးစာ အတွင်းဘက်နှိုက်လို့ရတဲ့ အနေအထားက အဆင်ပြေဆုံးဖြစ်ပါတယ်။
✅ တိုက်ပုံရဲ့လက်နှစ်ဖက်က ရှည်လွန်းပါက ဝတ်ဆင်တဲ့အခါ ပုံစံမကျသလို ဖြစ်တတ်ပါတယ်။ တိုက်ပုံလက်နှစ်ဖက်ရဲ့အဆုံးက လက်ကောက်ဝတ်အရိုး နေရာမှာရှိနေရပါမယ်။ အတွင်းဘက် Shirt အင်္ကျီလက်ရှည် လက်က တိုက်ပုံလက်ထက် အနည်းငယ်ထွက်နေတာက ပိုပြီးစတိုင်ကျစေပါတယ်။
✅ အောက်ခံ shirt အင်္ကျီကော်လာကတုံး ကော်လာနေရာက လည်ပင်းနဲ့ အနေတော်ကပ်နေရပါမယ်။ ကြယ်သီးတပ်လိုက်တဲ့အခါမှာ လည်ပင်းကိုအရမ်းကြပ်သလိုမဖြစ်စေပဲ သက်သောင့်သက်သာ ရှိနေဖို့ လိုအပ်ပါတယ်။

ပိုမိုခန့်ညား တည်ကြည်စေဖို့အတွက် အခုပြောပြခဲ့တဲ့ အချက်တွေအတိုင်း ဝတ်ဆင်ကြည့်နိုင်ပါတယ်။

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ သရုပ်ဆောင် ဆန်းမင်းဟိန်းထွဋ်အတွက် ဖန်တီးချုပ်လုပ်ပေးထားတဲ့ အကယ်ဒ...
10/02/2026

၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးမှာ သရုပ်ဆောင် ဆန်းမင်းဟိန်းထွဋ်အတွက် ဖန်တီးချုပ်လုပ်ပေးထားတဲ့ အကယ်ဒမီ ပွဲတက်ဝတ်စုံဖြစ်ပါတယ်။

ပုံမှန်တိုက်ပုံတွေမှာ ချုပ်လုပ်နေကျ ပိတ်စအသားမဟုတ်တဲ့ high quality suiting ပိတ်စအသားကို အသုံးပြုပြီး ဖန်တီးထားတဲ့ တိုက်ပုံဖြစ်ပါတယ်။ တိုက်ပုံကို ခန့်ညားထည်ဝါစေရန်အတွက် စိန်ကြယ်သီးတွေကို တပ်ဆင်ဖန်တီးပေးထားခြင်းဖြစ်ပါတယ်။
အခုလို ယုံကြည်စိတ်ချစွာ ဝတ်ဆင်ပေးတဲ့ အစ်ကို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်ခဗျာ။

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

ဆိုင်ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း။Henry Boker တိုက်ပုံနှင့် Men Fashion ဆိုင်အား အိမ်အမှတ် (၁၄)၊...
03/02/2026

ဆိုင်ပြောင်းရွှေ့ဖွင့်လှစ်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း။

Henry Boker တိုက်ပုံနှင့် Men Fashion ဆိုင်အား အိမ်အမှတ် (၁၄)၊ တိုက် (၄လွှာ)၊ သင်္ဂဟလမ်း၊ ဝေဘူလမှတ်တိုင်အနီး၊ သင်္ကန်းကျွန်းမြို့နယ် သို့ ပြောင်းရွှေ့ဖွင့်လှစ်မည် ဖြစ်ပါသောကြောင့် ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄) မှစ၍ ဝန်ဆောင်မှုများအား ခေတ္တခဏ ရပ်နားထားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ဝယ်ယူအားပေးကြသော မိတ်ဟောင်း၊ မိတ်သစ် customer များအား ကြိုတင်အသိပေး ကြေညာအပ်ပါသည်။

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

တိုက်ပုံဝတ်ဆင်တဲ့အခါ အောက်ပါအချက်တွေကို သတိထားပြီးဝတ်ဆင်မယ်ဆိုရင်တော့ ပိုမိုစမတ်ကျစေပြီး ဆွဲဆောင်မှုအပြည့်ရှိစေမှာပါ။✅အေ...
02/02/2026

တိုက်ပုံဝတ်ဆင်တဲ့အခါ အောက်ပါအချက်တွေကို သတိထားပြီးဝတ်ဆင်မယ်ဆိုရင်တော့ ပိုမိုစမတ်ကျစေပြီး ဆွဲဆောင်မှုအပြည့်ရှိစေမှာပါ။

✅အောက်ခံ လည်ကတုံး Shirt အင်္ကျီကို ပုံမှန်ရွေးချယ်နေကျ အဖြူရောင်မဟုတ်ပဲ တိုက်ပုံနဲ့ လိုက်ဖက်တဲ့ အခြားအရောင်တွေကို တွဲဖက်ဝတ်ဆင်ကြည့်နိုင်ပါတယ်။
✅တိုက်ပုံကို စိန်ကြယ်သီးတပ်ပြီး ဝတ်ဆင်ခြင်းနှင့် ရင်ဘတ်နားတွင် ရွှေရောင် (သို့မဟုတ်) ငွေရောင်ရင်ထိုးကို တပ်ပြီးဝတ်ဆင်ခြင်းက တည်ငြိမ်ပြီး တိုက်ပုံကိုပေါ်လွင်စေပါတယ်။
✅လက်ပတ်နာရီပတ်တဲ့အခါ Digital နာရီထက် classic leather လက်ပတ်နာရီ (သို့မဟုတ်) stainless steel နာရီတွေက တိုက်ပုံနဲ့ပိုလိုက်ဖက်ပါတယ်။
✅ဖိနပ်ဝတ်ဆင်တဲ့အခါ အမျိုးသားစီး ကတ္တီဘာဖိနပ်က ပေါ့ပေါ့ပါးပါးနဲ့ ပိုပြီးလိုက်ဖက်ပါတယ်။

အခြား Accessories တွေအများကြီး ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်။ ထိုသို့ ဝတ်ဆင်ခြင်းက တိုက်ပုံကို မပေါ်လွင်စေပဲ ပိုမိုရှုပ်ထွေးစေပါတယ်။

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

သူငယ်ချင်း မင်္ဂလာဆောင်သွားမလို့ပဲဖြစ်ဖြစ်၊ အလှုပွဲနဲ့ အခမ်းအနားပွဲတွေ တက်ရောက်မလို့ပဲဖြစ်ဖြစ် အမျိုးသားတွေအတွက် တိုက်ပု...
28/01/2026

သူငယ်ချင်း မင်္ဂလာဆောင်သွားမလို့ပဲဖြစ်ဖြစ်၊ အလှုပွဲနဲ့ အခမ်းအနားပွဲတွေ တက်ရောက်မလို့ပဲဖြစ်ဖြစ် အမျိုးသားတွေအတွက် တိုက်ပုံတစ်ထည်ကတော့ မရှိမဖြစ် လိုအပ်ပါတယ်။
"ချုပ်ရိုးချုပ်သား သေသပ်လှပပြီး၊ ဈေးနှုန်းသင့်တင့်တဲ့ တိုက်ပုံတွေကို ရှာနေပါသလား?
ဒါဆိုရင်တော့ အေးမြသော ချည်သားစစ်စစ်၊ သေသပ်လှပသော လက်ရာ၊ သင့်တင့်သော ဈေးနှုန်းတွေနဲ့ အရည်အသွေးကို ဦးစားပေးထားတဲ့ Henry Boker ချည်သားတိုက်ပုံတွေကို ဝယ်ယူအားပေးနိုင်ပါတယ်။

စျေးနှုန်း - 89,000 Ks
ရန်ကုန်မြို့တွင်း - Cash On Delivery
အခြားမြို့များ - Prepaid

လိပ်စာ - အမှတ် 570၊ ယုဇန ၃ လမ်း၊ ၂ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်တိုင်း။
ဖုန်း - 09 974189297

“Bold Traditions, Be Modern Style for Men”

#တိုက်ပုံ

Address

No. 14 (4th Floor), Thingaha Street , Thingangyun Township
Yangon

Telephone

+959974189297

Website

Alerts

Be the first to know and let us send you an email when Henry Boker - တိုက်ပုံ နှင့် Men Fashion posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share