May - Eyewear bank

May - Eyewear bank May is dedicated to providing you with friendly service & quality products.

ဒီညတော့ မျက်မှန်ဘောင်နဲ့ကိုင်း အတိုင်းအတာလေးတွေပြောကြမယ်နော်...Online ကနေ မျက်မှန်ဝယ်တဲ့အခါ သင့်လျော်တဲ့ အတိုင်းအတာနဲ့ မ...
02/02/2021

ဒီညတော့ မျက်မှန်ဘောင်နဲ့ကိုင်း အတိုင်းအတာလေးတွေပြောကြမယ်နော်...

Online ကနေ မျက်မှန်ဝယ်တဲ့အခါ သင့်လျော်တဲ့ အတိုင်းအတာနဲ့ မျက်မှန်တစ်လက်ရဖို့ရာ အရမ်းအရေးကြီးတာပေါ့နော်။ ဒါပေမယ့် အဲ့တာက အရမ်းရိုးရှင်းတာကို သင်သိရဲ့လား...? ဒီလမ်းညွှန်က သင့်ကိုလွယ်ကူမြန်ဆန်စွာနဲ့ ကွက်တိကျစေပါလိမ့်မယ်။ အဲ့တော့ မျက်မှန်တိုင်းနည်းလေးသိဖို့ရာ ဘာတွေလိုလဲကြည့်ရအောင်နော်...။

သင့်ရဲ့ ဘောင်အတိုင်းအတာကို အရင်ကြည့်ကြမယ်...

သင့်ရဲ့ ဘောင်ကို အမှားအယွင်းမရှိတိကျသေချာစေဖို့ရာ... ပထမဆုံး ဆုံးဖြတ်ရမှာက ဘယ်လိုဘောင်အတိုင်းအတာနဲ့ဆို အကောင်းဆုံးဖြစ်မလဲဆိုတာပါပဲ။ အကောင်းဆုံးကတော့ သင့်မှာရှိတဲ့ မျက်မှန်အဟောင်းကို စတိုင်းတာပါပဲ။

ပထမဆုံး... သင့်မျက်မှန်ရဲ့ ဘေးကိုင်း​အတွင်းဘက်မှာရှိတဲ့ ကိန်းဂဏန်းလေး ၃ ခုကိုရှာပါ။ အဲ့ ဂဏန်း ၃ ခုဟာ မျက်မှန်ကိုင်းရဲ့အတိုင်းအတာပါပဲ။

ဘယ် မှ ညာ... မျက်မှန် ရဲ့အတိုင်းအတာကို အောက်မှာပါတဲ့အတိုင်းဖတ်ပါမယ်...

၁။ မျက်မှန်မှန်အဝိုင်းရဲ့ အရှည်ဆုံးအကျယ်
၂။ မှန် ၂ ခုကိုဆက်ထားတဲ့အဆက်ရဲ့ အကျယ်
၃။ မျက်မှန်ဘေးကိုင်းရဲ့ အလျား

မှတ်ချက်။ ။တစ်ခါတလေမှာတော့ ၄ ခုမြောက် ဂဏန်းလေးဟာ မျက်မှန်ဘေးကိုင်းမှာပါတတ်တယ်နော်... အဲ့တာက မျက်မှန်မှန်အဝိုင်းရဲ့ အမြင့်ပါ။ ဒါနဲ့ ဒီအတိုင်းအတာတွေအားလုံးဟာ မီလီမီတာ တွေပါနော်။

👀 မျက်မှန်မှန်အဝိုင်းရဲ့ အရှည်ဆုံးအကျယ်
မှန်ရဲ့ အလျားလိုက်အကျယ်ဆုံးနေရာကိုဆိုလိုတာပါ။ များသောအားဖြင့် ၄၀ မီလီမီတာ ကနေ ၆၀ မီလီမီတာ ကြားရှိတတ်ပါတယ်။
( ဥပမာ - ပုံထဲမှာ 54 လို့ရေးထားတဲ့နေရာပါ )

👀 မှန် ၂ ခုကိုဆက်ထားတဲ့အဆက်ရဲ့ အကျယ်
မှန်နှစ်ဘက်ရဲ့ကြားက အကွာအဝေးလေးကိုဆိုလိုပါတယ်။ အတိုပြောရရင် အဲ့တာက နှာခေါင်းထိပ်အပေါ်မှာရှိနေပြီး ဘောင်နှစ်ခုကိုဆက်ထားတဲ့ အကျယ်အဝန်းလေးပေါ့။ အဲ့အကွာအဝေးဟာ ၁၄ မီလီမီတာ က ၂၄ မီလီမီတာ အတွင်းရှိပါတယ်။
( ဥပမာ - ပုံထဲမှာ 17 လို့ရေးထားတဲ့နေရာပါ )

👀 မျက်မှန်ဘေးကိုင်းရဲ့ အလျား
ဘေးကိုင်းရဲ့အလျားဆိုတာဟာ မူလီ ကနေ သင့်နားရွက်ပေါ်မှာ အလိုက်သင့်ဖြစ်နေအောင်ကွေးထားတဲ့ ကိုင်းထိပ်ဖျားလေးထိ တိုင်းထားတာကိုပြောတာပါ။ အဲ့တာကလဲ ထုံးစံတိုင်းပဲ ၁၂၀ မီလီမီတာ ကနေ ၁၅၀ မီလီမီတာထိ ရှည်ပါတယ်။
( ဥပမာ - ပုံထဲမှာ 140 လို့ရေးထားတဲ့နေရာပါ )

👀 မျက်မှန်မှန်အဝိုင်းရဲ့ အမြင့်
မျက်မှန်မှန်ဘောင်ထဲမှာရှိတဲ့ မှန်ရဲ့ဒေါင်လိုက်အကျယ်ဆုံးအမြင့်ကိုပြောတာပါ။ အဲ့မှန်ရဲ့အမြင့်ဟာ အနီး/အဝေးတစ်ခါထဲပါတဲ့ Bifocals / Progressive မျက်မှန်သမားတွေအတွက် အရေးကြီးပါတယ်နော်။

စာကြွင်း... တကယ်တော့ ဒီည ၇နာရီလောက်ကို မျက်မှန်အသစ်လေးတွေတင်ပေးဖို့ရာပါပဲ ဒါပေမယ့်... ဘယ်လိုမှကိုလက်ခံနိုင်ဖွယ်မရှိတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်က အဖြစ်ပျက်ကြောင့် မျက်မှန်အသစ်အတွက် အာရုံစူးစိုက်မရလို့ အခုလို sharing is caring ပဲလုပ်လိုက်ရပါတယ်။ ဖတ်ကြည့်ပြီး မျက်မှန်တစ်လက်ကို online ကအခက်အခဲမရှိဝယ်နိုင်ရင် ရေးရကျိုးနပ်ပါပြီ။

အချစ်ဖြင့်... မေ 🤍

[English below]နောက်ဆုံးတော့ အရမ်းမိုက်တဲ့ မျက်မှန်တွေကို မြင်တွေ့ရပါပြီ။ဂျီသြမေတြီဆန်ဆန်ဘောင်နဲ့ Nimble ကတော့... အလိုက်...
31/01/2021

[English below]

နောက်ဆုံးတော့ အရမ်းမိုက်တဲ့ မျက်မှန်တွေကို မြင်တွေ့ရပါပြီ။

ဂျီသြမေတြီဆန်ဆန်ဘောင်နဲ့ Nimble ကတော့... အလိုက်သင့်ရှိတဲ့ နှာထောင့်လေးနဲ့ တမူထူးခြားတဲ့ အသွင်သဏ္ဌာန်ပါနော်။ အနက်ရောင် နဲ့ chrome အရောင် အတွဲအစပ်နဲ့ဖန်တီးထားပြီးတော့ သင့်ကိုတက်တက်ကြွကြွရှိနေတဲ့ ပုံစံပေါက်စေပါလိမ့်မယ်။ အဲ့တော့ သင့်ကိုယ်သင် ယုံကြည်မှုရှိစေချင်ရင်ပဲဖြစ်ဖြစ်... ပေါ့ပေါ့ပါးပါးနဲ့ထိမိနေချင်ပဲဖြစ်ဖြစ် ဒီကိုင်းကိုရွေးနိုင်ပါပြီ။

လေးထောင့်ဆန်ဆန်ဘောင်နဲ့ Index ကတော့... vintage look ရအောင်ဆွဲဆောင်ပေးနိုင်မယ် ပြီးရင် မတူတဲ့အကြည့်တွေရဖို့ အရမ်း အသေးစိတ်ကျတဲ့ နှစ်ရောင်ကွပ်ထားတဲ့ ဘောင်ပြည့်ဒီဇိုင်းလေးပါ။ ဒီရွှေရောင်အပြောင်နဲ့ကိုင်းလေးကို စာအုပ်အရမ်းချစ်တတ်တဲ့ လူတွေအတွက်ရည်ရွယ်ပြီး နေ့ရက်တိုင်းတပ်ရင်လဲ လှလှပပနဲ့ ပြီးပြည့်စုံစေမှာအမှန်ပါ။ နောက်ဆုံးပိတ်ကတော့ တသားထဲကျပြီးချိန်ညှိလို့ရတဲ့ နှာထောင့်လေးနဲ့ အဆုံးသတ်ပါမယ်။

ဒစ်ဂျစ်တယ် screen တွေက ထွက်တဲ့ အပြာရောင်အလင်းတန်းတွေဟာ မျက်စိညောင်းညာတာတွေ မျက်ရည်ခန်းခြောက်တာတွေ အပြင် မျက်စိနီရဲတာတွေ အာရုံစူးစိုက်မရတော့တာတွေ ခေါင်းကိုက်တာတွေဖြစ်စေတာမို့ အပိုဆောင်းပြီးပေးထားတဲ့ Blue Cut Lenses က အန္တရာယ်ဖြစ်စေတဲ့ အလင်းတန်းတွေကို တံတိုင်းသဖွယ်ကာကွယ်ပေးမှာပါ။

☎ +၉၅၉ ၄၂၄၇ ၅၅၄၃၈

You finally found the zero cool pair of glasses ever.

A geometric frame, Nimble with adjustable nose pads is a unique shape. The metal full-rim style features a combination of black and chrome colors for an active look. So you can dress it up with confidence, or the specifications mean something a little more casual.

A square frame, Index is full of vintage-inspired style and very details of meshing for a different look. The polished gold metal frame is an always bookish option for those who like an elegant look to complete their daily wear. Finish with adjustable nose pads for fit and safe.

Add blue cut lenses as a shield from the harmful blue light emitted from digital screens that have been related not only to eye strain and dryness but also to general fatigue, lack of concentration, and headaches.

☎ +959 4247 55438

[English below]ဒီနေ့... သင့်ကို မိတ်ဆက်ပေးချင်တာက အဝိုင်းပုံစံ နဲ့ ဘဲဥပုံစံ မျက်မှန်ကိုင်းလေးတွေပါ။အဝိုင်းပုံ Dazzle ဟာဆ...
29/01/2021

[English below]

ဒီနေ့... သင့်ကို မိတ်ဆက်ပေးချင်တာက အဝိုင်းပုံစံ နဲ့ ဘဲဥပုံစံ မျက်မှန်ကိုင်းလေးတွေပါ။

အဝိုင်းပုံ Dazzle ဟာဆိုရင်တော့ဖြင့်... ရိုးရှင်းမှုကိုဖော်ဆောင်ပေးမှာပါ။ metal ပတ်လည်ဘောင်လေးဟာ ပါးပါးလျလျနဲ့ minimalism သွင်ပြင်အတိုင်း "Less is More" ဆိုတဲ့ဆောင်ပုဒ် နဲ့ကွက်တိပါပဲ။ အသေးစိတ်လုပ်ထားတဲ့ ဘောင်ဒီဇိုင်းလေးကလဲ တခြားသောဘောင်ပုံစံတွေနဲ့ ကွဲထွက်နေပါလိမ့်မယ်။ ပြီးတော့ classic ြဖစ်တဲ့ ခဲရောင်ဆိုမှတော့ ဘယ်အဝတ်အစားနဲ့မဆို လိုက်ပြီပေါ့။ ကဲ... ဒီမျက်မှန်ဒီဇိုင်း ကတော့ ဘဲဥပုံ/လေးထောင့်ပုံ/အသဲပုံ မျက်နှာပိုင်ရှင်တွေအတွက်ပါနော်။

ဘဲဥပုံ Ledger ကတော့... လက်ရှိခေတ်စားနေတဲ့ပုံစံဖြစ်ပြီး ပတ်လည်ဘောင်ပါ။ glitter ပါတဲ့ rose gold နဲ့ metal ရောထားတဲ့ ဒီကိုင်းဒီဇိုင်းရဲ့ အကောင်းဆုံးအားသာချက်ကတော့ မတူကွဲပြားတာကို ပေါင်းစပ်ထားတာဖြစ်ပြီး အလိုက်သင့်ရှိတဲ့ နှာထောင့်ပါပဲ။ ဆိုတော့ကာ... ဒီမျက်မှန်ကိုင်းလေးက ဘဲဥပုံ/လေးထောင့်ပုံ/အဝိုင်း/အသဲပုံ/အချွန်ပုံ မျက်နှာပိုင်ရှင်တွေတွက်ပါ။

ဒစ်ဂျစ်တယ် screen တွေက ထွက်တဲ့ အပြာရောင်အလင်းတန်းတွေဟာ မျက်စိညောင်းညာတာတွေ မျက်ရည်ခန်းခြောက်တာတွေ အပြင် မျက်စိနီရဲတာတွေ အာရုံစူးစိုက်မရတော့တာတွေ ခေါင်းကိုက်တာတွေဖြစ်စေတာမို့ အပိုဆောင်းပြီးပေးထားတဲ့ Blue Cut Lenses က အန္တရာယ်ဖြစ်စေတဲ့ အလင်းတန်းတွေကို တံတိုင်းသဖွယ်ကာကွယ်ပေးမှာပါ။

☎ +၉၅၉ ၄၂၄၇ ၅၅၄၃၈

Today... we launch you about round and oval glasses shapes.

Round shaped Dazzle, go for simplicity. Thin and minimalist full-rim frame in metal that shows you that less can be more. The different rim designs inspire thoughtful details. Its classic grey finish fits any outfit. Finally, it's for Oval/Square/Heart-shaped faces.

Oval shaped Ledger, a full-rimmed frame for the current style. Designed from a combination of shimmer rose gold and metal, this unique style's best features are its mesh-shaped and adjustable nose pads. At last, it's for Oval/Square/Round/Heart-shaped/Diamond-shaped faces.

Add blue cut lenses as a shield from the harmful blue light emitted from digital screens that have been related not only to eye strain and dryness but also to general fatigue, lack of concentration, and headaches.

☎ +959 4247 55438

[English below]ဘယ်လိုမျက်နှာပိုင်ရှင်မျိုးပါလိမ့်…?တကယ်လို့ သင့်မျက်နှာက ဘဲဥပုံစံလား… မျက်နှာဝိုင်းဝိုင်းလား… အသဲပုံမျက်...
27/01/2021

[English below]

ဘယ်လိုမျက်နှာပိုင်ရှင်မျိုးပါလိမ့်…?
တကယ်လို့ သင့်မျက်နှာက ဘဲဥပုံစံလား… မျက်နှာဝိုင်းဝိုင်းလား… အသဲပုံမျက်နှာလား... မျက်နှာချွန်ချွန်လား… ဒါဆိုရင် ဒီကိုင်းက သင့်အတွက်ပါပဲ။

ကိုင်းကတော့ အနက်ရောင်ပါ။ ထောင့်မှန်စတုဂံပုံစံ ဘောင်ပတ်ပတ်လည်ကိုင်းက သင့်ကိုပြီးပြည့်စုံစေတဲ့အပြင် သင့်ရဲ့တမူထူးခြားတဲ့သွင်ပြင်ကိုထင်ရှားစေပါမယ်နော်။ နှာထောင့်ကလဲ အလိုက်သင့်ရှိနေမယ် metal နဲ့လုပ်ထားတဲ့ကိုင်းကလဲ ပေါ့ပေါ့ပါးပါးရှိတော့ အချိန်ကြာကြာတတ်ထားဖို့လဲ အဆင်ပြေပြီး သွားလေရာမှာသက်တောင့်သက်တာရှိစေမှာပါ။

ဒစ်ဂျစ်တယ် screen တွေက ထွက်တဲ့ အပြာရောင်အလင်းတန်းတွေဟာ မျက်စိညောင်းညာတာတွေ မျက်ရည်ခန်းခြောက်တာတွေ အပြင် မျက်စိနီရဲတာတွေ အာရုံစူးစိုက်မရတော့တာတွေ ခေါင်းကိုက်တာတွေဖြစ်စေတာမို့ အပိုဆောင်းပြီးပေးထားတဲ့ Blue Cut Lenses က အန္တရာယ်ဖြစ်စေတဲ့ အလင်းတန်းတွေကို တံတိုင်းသဖွယ်ကာကွယ်ပေးမှာပါ။

☎ +၉၅၉ ၄၂၄၇ ၅၅၄၃၈

What face shape do you have?
If you are Oval/Round/Heart-shaped/Diamond-shaped faces, this frame is for you.

This is covered with a black finish. The rectangle-shaped, full-rimmed frame makes the perfect addition to highlight your unique style. It has adjustable nose pads and is made from lightweight metal for long-wearing comfort to go along with your best taste.

Add blue cut lenses as a shield from the harmful blue light emitted from digital screens that have been related not only to eye strain and dryness but also to general fatigue, lack of concentration, and headaches.

☎ +959 4247 55438

22/12/2020

👓 Our aim is to provide for all spectacle wearers, irrespective of age, budget or requirements.
🕶 You will always receive professional advice on choosing the best products for your needs, appearance and lifestyle.

Address

Yangon

Telephone

+959259699943

Website

Alerts

Be the first to know and let us send you an email when May - Eyewear bank posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share