Pan Kan Kaw - ပန်းကံ့ကော်

Pan Kan Kaw - ပန်းကံ့ကော် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pan Kan Kaw - ပန်းကံ့ကော်, Baby & children's clothing store, Yangon.

17/07/2024

လက်ဆေး၊ ပန်းကန်ဆေးဆပ်ပြာ

14/07/2024
တန်တန်ပဲရောင်းပေမယ်သဲတို့ ပြန်ရောင်းချင်တဲ့သူတွေ ဝတ်ချင်တဲ့သူတွေ 5ထည်ကစယူပါ။ ပထမပုံကအပြင်ပုံလးပါ။ ကွာလတီကောင်း ဈေးမပြောင...
13/07/2024

တန်တန်ပဲရောင်းပေမယ်သဲတို့ ပြန်ရောင်းချင်တဲ့သူတွေ ဝတ်ချင်တဲ့သူတွေ 5ထည်ကစယူပါ။ ပထမပုံကအပြင်ပုံလးပါ။ ကွာလတီကောင်း ဈေးမပြောင်းတဲ့ နောက်ဆုံးအပိတ်ဈေး အမြန်လာပါ။
5 ထည်ကိုရာဈေးနဲ့ရမယ်။

စင်ဒရဲလားလည်း အသက် ၉၀ရှိပြီ။သူ့လင်တော်မောင် မင်းသားလည်း သေဆုံးခဲ့တာကြာပြီ။ယခုတော့ စင်ဒရဲလားတဖြစ်လဲ အဖွားကြီးဟာ လေသာဆောင်...
09/06/2024

စင်ဒရဲလားလည်း အသက် ၉၀ရှိပြီ။
သူ့လင်တော်မောင် မင်းသားလည်း သေဆုံးခဲ့တာ
ကြာပြီ။ယခုတော့ စင်ဒရဲလားတဖြစ်လဲ အဖွားကြီး
ဟာ လေသာဆောင်မှာထိုင်ပြီး၊သူ့အထီးကျန်မှုအတွက်ကြောင်လေးကို အဖော်ပြုနေရှာတယ်။

ထိုအချိန် သူမရဲ့ နတ်သမီးမယ်တော်ကြီးရုတ်တရက်ပေါ်လာပြီး။ နတ်သမီး"

ဒီနှစ်ကာလတွေအတွင်း မင်းဘယ်လိုနေထိုင်
ခဲ့ရသလဲ "စင်ဒရဲလား"အစစ ပြည့်စုံစွာနေထိုင်ခဲ့ရပါတယ် "နတ်သမီး"နင်ဟာ ယုတ်မာတဲ့စိတ်ထားလည်း မဖြစ်ပေါ်ခဲ့သူပဲ။ လင်ယောကျ်ားသေဆုံးတဲ့အချိန်ထိလည်းနင်ဟာ မယားကောာင်းဖြစ်ခဲ့တယ်။ ဒါကြောင့် နင့်ကိုဆုသုံးခု ပေးဖို့ ငါအရောက်လာခဲ့တယ်"

စင်ဒရဲလား ခဏစဥ်းစားတယ်။
ပြီးနောက် " ဥစ္စာရတနာတွေ များစွာရလိုပါ၏" ဟု။

ရုတ်တရက်ပဲ သူမဘေး ရွှေဒင်္ဂါးတွေနဲ့ ပြည့်သွားတယ်။

နတ်သမီး "ဒုတိယဆုတောင်းပါအုံး"

စင်ဒရဲလား " ငယ်ရွယ်တဲ့ဘဝကို ပြန်ဖြစ်ချင်တယ်"

သူမရဲ့ အရေးတွန့်နဲ့ မှဲ့ခြောက်တွေ ပျောက်ကွယ်သွား
တယ်။တင်းရင်းစိုပြည်လာပြီး ငယ်နုချောမောတဲ့
စင်ရဲလား ပြန်ဖြစ်သွားတယ်။

နတ်သမီး" နောက်ဆုံး ဆု"စင်ဒရဲလား" ကြောင်လေးကိုလည်း ချောမောတဲ့ လူငယ်လေး ဖြစ်စေချင်တယ်"နောက်ဆုံးဆန္ဒအား ပြည့်စေဟုပြောပြီး နတ်သမီးပျောက်ကွယ်သွားတယ်။

ကြောင်လေးဟာ ချက်ချင်း
ဆိုသလို သူ့လင်ဟောင်းမင်းသားထက် ဆွဲဆောင်မှု
ပိုကောင်းတဲ့ မင်းသားလေး ဖြစ်လာတယ်။
နာရီတွေ ရပ်တန့်သွားသလို၊ တိုက်ခတ်နေတဲ့လေ
တွေလည်း တုန့်ဆိုင်းသွားသလို။

တယောက်ကို
တယောက် သူတို့ မှင်သက်စွာကြည့်နေကြတယ်။
မင်းသားလေးဟာ စင်ဒရဲလားရဲ့ အလှခန္ဓာကို
ဖက်ပွေ့ပြီး၊ ယောကျ်ားပီသသော၊
မြှူဆွယ်မှုပါသောအသံဖြင့် တိုးတိုးပြောလိုက်တယ်။

"ငါ့ballတွေကို ဖြတ်ထုတ်ခဲ့မိတဲ့အတွက် မင်းနောင်တရနေတာ မဟုတ်လား"

အဖြေက

"""'

""""
""""""""
"""""'
"""'''
""""""
"""""""
ကိုပိ ပြောပြီးပြီလေ
သေးမပေါက်ပါနဲ့ဆို

ပေါက်တော့ ကပ်ကျေးနဲ့ဖြတ်ခံရပြီပေါ့။🤣🤣🤣
Just for fun😁😁😁

06/06/2024

#အမေရိကားမှာ စာမေးပွဲသွားဖြေမယ့် အသက် (၁၃) နှစ်အရွယ်ကလေးကို ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
မိန့်ကြားတဲ့ မြန်မာတွေအားလုံး အတွက်
အဖိုးမဖြတ်နိုင်တဲ့ သြဝါဒ

#သူတို့ဓလေ့ထုံးတမ်းကို သိအောင်လုပ်ရမယ်။ အကုန် လိုက်စရာမလိုဘူး။ ပညာကတော့ အကုန်သင်ရမယ်၊ သူတို့ဆီက ရသမျှ ပညာအကုန်သင်။ အရေးကြီးတာက ပညာ၊ ပညာဆိုတာ subject matter ပေါ့ နော်။

#ကိုယ့်ဟာကိုယ်တော့ ကိုယ့်ဟာကိုယ်ထိန်းသိမ်းထား။ ဘာလို့လဲဆိုတော့ ကိုယ်ကဘယ်လောက် တော်သွားသွား ကိုယ်က အမေရိကန်လည်းမဖြစ်ဘူး၊ အင်္ဂလိပ်လည်းမဖြစ်ဘူး။ ကိုယ့်လူမျိုးက ကိုယ့်လူမျိုးဘဲ။

#အဲတော့ လောကကြီးမှာ ကိုယ့်လူမျိုး ကိုယ့်ဘာသာကို မသိဘူးလို့ပြောရတာလောက် ရှက်စရာကောင်းတာမရှိဘူး။ ကျန်တာတော့ သိချင်သလောက်သိ, တတ်ချင်သလောက်တတ် သိလေ တတ်လေ ကောင်းလေဘဲ။ ဘာဖြစ်ဖြစ်
ပြောတတ်ရမယ်။

#ဘုန်းဘုန်းတို့ကတော့ သူတို့က ကိုယ့်ကို အင်္ဂလိပ်စာ မတတ်ဘူးလို့ပြောမယ်ဆိုလို့ရှိရင် မင်းကော ဗမာစကားတတ်လား၊ အဲလိုဘဲပြန်မေးမယ်။ အဲတော့ မင်းနဲ့ငါနဲ့တူတူဘဲ။ မင်းလည်း ဗမာလိုမတတ်ဘူး၊ ငါလည်း အင်္ဂလိပ်လို မတတ်ဘူး။

#အရေးကြီးတာက ဘာသာစကားထက် subject matter ကို တတ်ဖို့လိုတယ်။ ဂျပန်တွေတို့ ကိုရီးယားတွေတို့ဆိုတာ အင်္ဂလိပ်စာ
ပြောတတ်တဲ့သူရှားတယ်၊ ဒါပေမယ့် သူတို့က subject matter သိတယ်။ Subject matter တတ်ဖို့က အဓိကဘဲ။

#ဘာသာစကားမတတ်ရဘူးလို့ ဘုန်းဘုန်းက ပြောတာမဟုတ်ဘူး။ အင်္ဂလိပ်နဲ့တင် မလုံလောက်သေးဘူး။ ဂျာမန်လိုလည်းတတ်အောင်
လုပ်, ရုရှားလိုလည်းတတ်အောင်လုပ်။
တိုးတက်တဲ့နိုင်ငံတွေမှန်သမျှ အကုန်လုံးတတ်ရင်ကောင်းတာဘဲ။ All languages are very useful.

#ဘုန်းဘုန်းတို့ဆို ကိုရီးယားသွားရင်, မတတ်,တတတ်နဲ့ကိုရီးယားလိုပြောရင် "အညာစယောတို့၊ ဂန်ဆနီးဒါး" တို့ပြောရင် သူတို့သိပ်
သဘောကျတယ်။ ပေါင်းသင်းဆက်ဆံရေးမှာဘာသာစကားတတ်ရင် အင်မတန်မှကောင်းတယ်။ သူတို့ကလည်း အခုဆို မြန်မာလို "မင်္ဂလာပါ" က
စပြောတယ်။ အဲလိုပေါ့။

#ဘာသာစကားက တတ်တာကောင်းတယ်။ ဘာသာစကားတတ်အောင်လုပ်ပြီးတော့ ကိုယ့်လူမျိုးရဲ့ယဉ်ကျေးမှု၊ ကိုယ့်ရဲ့ tradition ဟာ မပြောင်းရဘူး ပြောင်းလဲလို့မဖြစ်ဘူး။ ဟုတ်တယ်မလား။ I will never be American. Burmese is Burmese. ဗမာလူမျိုးဘဲဖြစ်မယ်။ နာမည်တော့ပြောင်းလို့ရတယ်။ ဒါပေမယ့် ရုပ်ကပြောင်းလို့မရဘူး။

#အဲတော့ကိ်ုယ်မွေးတဲ့ ကိုယ့်မိဘ၊ ကိုယ့်တိုင်းပြည်ပေါ်မှာ ခိုင်မာတဲ့ယုံကြည်ချက်ရှိရမယ်။ တိုင်းပြည်နဲ့လူမျိုးနဲ့က မဆိုင်ဘူး။ ညံ့တာက တခြား
အကြောင်းကြောင့်ညံံတာ။ ညံ့သွားတာကို
ပြောစရာမလိုဘူး။

#အဲဒီညံ့စေတတ်တဲ့အကြောင်းတရားတွေကို ငါ့လက်ထက်ကျ ကောင်းအောင်လုပ်မယ် ဆိုတဲ့ စိတ်ထားရမယ်။ ဟုတ်တယ် မလား။ ညံ့တာ
တခြားကြောင့်ညံ့တာ၊ လူမျိုးညံ့လို့ ညံ့တာ
မဟုတ်ဘူး။

#တစ်ခါတစ်လေကျတော့မဖြစ်ဘူးလားဆိုတော့ ဖြစ်ပါတယ်။ ဒို့နိုင်ငံ အောက်ကျနောက်ကျ
ဖြစ်နေတယ်။ အမှန်ကတော့ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ဆို ကြိုးစားမှု အားနည်းကျတာ ပေါ့။ ကြိုးစားရမှာပေါ့။ ကိုယ့်ကျ ကြိုးစားမယ်ဆိုတဲ့စိတ်ထားရမယ်။ ဘယ်သူ့မှ အပြစ်
တင်
စရာ blame လုပ်စရာမလိုဘူး။

#ကိုယ့်ဟာကိ်ုဘဲ တိုးတက်အောင်ကြိုးစား။
ကိုယ်တစ်ယောက်တိုးတက်သွားရင် ကိုယ့်မိသားစုတိုးတက်မယ်၊ ကျန်တဲ့သူတွေလည်းတိုးတက်
မယ်။ မိသားစုတိုင်း မိသားစုတိုင်းတိုးတက်မယ်။

#ဗမာစကားမေ့တယ်ဆိုတာ ဂုဏ်ယူထိုက်တာမဟုတ်ဘူး။ စိတ်ပျက်စရာ upset ဖြစ်စရာကောင်းတဲ့အရာဖြစ်တယ်။ ဝမ်းနည်းစရာဘဲ။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ tradition တစ်ခုဆုံးရှူံးသွားတယ်။

#အခု ဗမာပြည်ထဲမှာလည်း ကလေးတွေဟာ International school တွေနေပြီးတော့ ဗမာစကားမပြောတတ်ဘူးဆိုတာ မိဘတွေက ဂုဏ်ယူနေကြတယ်။ ကိုယ့်မှာဆုံးရှူံးနစ်နာမှုကြီး တစ်ခုဖြစ်တာကို မသိကြဘူး။

#အဲဒါဘာတွေဖြစ်ကုန်တုန်းဆိုတော့ အမေရိကန်မှာနေတဲ့ မိသားစုမွေးတဲ့ကလေးလေးတွေ
ဒီ ၆ နှစ်အရွယ်လောက်ရှိတဲ့ ကလေးထက်ငယ်တယ်။ အဲဒီအရွယ်လေးတွေကထည်းကစပြီးတော့ ဗမာလေးတွေဟာ ဗမာစကားမတတ်တာ အတော်ဆုံးရှုံးတယ်ဆိုတာ သဘောမပေါက်
သေးဘူး။ အဲဒါ လအော် လအဲ ဖြစ်ကုန်တာ။
အောက်ကလိ အာ, အာ အောက်ကလိ။
ကြားဖူးကြလား။
#အောက်ကလိအာ ပုံပြင်
"အောက်ကလိ" ဆိုတာ ကြက်တွန်တဲ့အသံကို အသံစွဲလုပ်ထားတာ။
"အာ" ဆိုတာ ကျီးကန်းရဲ့အသံ၊
အဲဒီပုံပြင်မှာ ဌက်မရှိတဲ့ဒေသကို ကျီးတစ်ကောင်ကို ခေါ်သွားတာ။ ဌက်မရှိတဲ့အခါကျတော့ ကျီးက အဲဒေသမှာရှိတဲ့ ကြက်နဲ့အိမ်ထောင်ကျတယ်။ သူကတခြားဌက်မရှိဘူး။

#အဲဒီကျီးနဲ့ကြက်နဲ့ရတဲ့ ကလေးတွေက ဘာဖြစ်တုန်းဆိုရင် အမေဖက်ကအသံ၊ အဖေဖက်က အသံ တစ်ဝက်စီဘဲ
ပြောတတ်တယ်။ အဲတော့ ဘာဖြစ်တုန်းဆိုတော့ ကျီးသံအော်ချင်ရင် "အာ အောက်ကလိ", ကြက်သံအော်ချင်ရင် "အောက်ကလိ အာ"၊
အဲဒါကိုဆိုတာပြောတာ။ မိမကျ ဖမကျ
"အာ အောက်ကလိ", "အောက်ကလိ အာ"
ဆိုတာ။

#အဲလိုမဖြစ်စေဘဲ ကိုယ့်ဘာသာစကားကို
ကိုယ်က ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ကိုယ့် tradition ကို ကိုယ်ထိန်းသိမ်းစောင့်ရှောက်ရမယ်။
အဲဒါအရေးကြီးဆုံးဘဲ။

#ကိုယ့်ဘာသာစကားမေ့တာဂုဏ်ယူစရာ
မဟုတ်ဘူး။ တတ်စရာရှိရင် တော့ မင်းတတ်ချင်သလောက် မိုးပျံအာင် တတ်အောင်သင်။ အင်္ဂလိပ်တတ်ချင်ရင် အင်္ဂလိပ်တွေနဲ့ပြိုင်ပြီး
ပြောနိုင်ရမယ်။ ကြိုးစား။ ကြားလား။

🖌 ဆရာတော်ဘုရားကြီးမိန့်ကြားသော
အဖိုးမဖြတ်နိုင်သည့် သြဝါဒကို ပြန်လည်မျှဝေခြင်းဖြင့်
ပူဇော်ပါသည်ဘုရား။

🙏🏻 တပည့်
ယုဇနဉာဏီ
အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် (ITBMU)
၂၀၁၇ ခုနှစ်၊ အောက်တိုဘာ (၃၀) ရက်၊ တနင်္လာနေ့။

05/06/2024

Kitty ချစ်သူတွေ ဒွန့်ကွက်

20/05/2024
18/05/2024
18/05/2024

သားသားပြောတဲ့ body parts အကြောင်း

12/05/2024

Mom is everything.
Happy Mother's Day to you, Mom.

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Pan Kan Kaw - ပန်းကံ့ကော် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share