Dee Gemstone Thailand

Dee Gemstone Thailand Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dee Gemstone Thailand, Accessories, No(63), 6/B, 32nd Street (Lower Block), Kyauktada Tsp, Yangon.

The 10 Most Valuable Brands in 2018      #2018
06/02/2019

The 10 Most Valuable Brands in 2018

#2018

Jeff Bezos's Amazon took the No. 1 spot.

14/10/2018

'' အကောင်းဆုံး လုပ်ပါ ‘’

လူတိုင်းလူတိုင်းမှာ အကန့်အသတ်မရှိတဲ့ လုပ်နိုင်စွမ်းအားတွေ ရှိကြပါတယ်။ ငါဒါကိုလုပ်နိုင်မယ်လို့ယုံကြည်လိုက်တာနဲ့ အလိုလိုလုပ်နိုင်လာတယ်။ ဒါပေမယ့် ပထမဆုံး ကိုယ့်ကိုယ်ကိုတော့ ချွင်းချက်မရှိ အပြည့်အဝ ယုံကြည်နေဖို့လိုပါတယ်။ ဒါဟာ အခြေခံစည်းမျဉ်းပါ။ ကိုယ့်ရဲ့ယုံကြည်ချက်တစ်ခုအတွက် ကိုယ့်လမ်းကို ရဲရဲလျှောက်ရဲရမယ်။ ဘာအတွက်နဲ့မှတွန့်ဆုတ်နေဖို့မလိုဘူး။ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအားကို ဘယ်လိုအကြောင်းပြချက်ကြောင့်မှ အရောင်အမှိန် အစွန်းအထင်း မခံသင့်ပါဘူး။ ပြင်ပပယောဂကြောင့် ကိုယ့်မလုပ်နိုင်တော့ဘူးဆိုတာလည်း မမှန်သလို အဲဒီပြင်ပပယောဂကြောင့်ပဲ တစ်ခုခုကို လုပ်နိုင်တယ်ဆိုတာကလည်း ရေရှည်မခံပါဘူး။ ခနလေးတောက်လောင်တဲ့ ကောက်ရိုးမီးလိုပါပဲ။

ယုံကြည်ချက်မရှိပဲလျှောက်နေရတဲ့လမ်း ယုံကြည်ချက်မရှိပဲ လုပ်နေရတဲ့အလုပ်ဟာ လမ်းခရီး ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိရှိနဲ့ လုပ်ရတာထက် ကိုယ့်ကို များစွာပိုပြီးပင်ပန်းစေမှာပါ။ အဲတော့ လျှောက်ရတာချင်းတူတူ လုပ်ရတာချင်းတူတူ ငါလုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ လုပ်ပါ။ ရှေ့ဆက်ပါ။

တခုခုကိုလုပ်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိလာတဲ့အခါ အဲဒီယုံကြည်ချက်က သံဓဋ္ဌာန်ဖြစ်လာတယ်။ အဲဒီကတဆင့် ကျေနပ်နှက်သက်မှူနဲ့ မျှော်လင့်ချက်ဖြစ်လာရတာပါပဲ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို အလွန်အကျွန် အယုံအကြည်မလွန်မိဖို့တော့လိုပါတယ်။ တစ်ခုခုကို လုပ်နိုင်ကြောင်း မိမိကိုယ်ကိုယုံကြည်တာက လုပ်ချင်စိတ်ဖြစ်ပြီး ယုတ္တိမရှိပဲ အလွန်အကျွန် ယုံကြည်နေတာကတော့ အားထုတ်မှူဘာမှမရှိသေးတဲ့ မျှော်လင့်ထားချက်မျှသာပါပဲ။ လေထဲတိုက်အိမ်ဆောက်နေတယ်လို့လဲ ပြောလို့ရပါတယ်။
ဒါပေမယ့် တစ်ခုရှိတာက ကိုယ့်ကိုယ်ကို အပြည်အဝ ယုံကြည်နေတိုင်းကော ကိုယ်မျှော်လင့်ထားသလို ဖြစ်လာပါ့မလာဆိုတဲ့ မေးခွန်းလေးတော့ မေးစရာရှိပါတယ်။ အမှန်တော့ ဒါကရှင်းပါတယ်။ ဥပမာ ကိုယ်ဒီနေ့ စာတစ်မျက်နာဖတ်နိုင်မယ်လို့ ယုံကြည်တယ်ဆိုပါဆို။ ဒါဟာ အယုံအကြည်လွန်တယ်လို့လဲ ပြောလို့မရပါဘူး။ ဘာလို့ဆို လူတိုင်း ကြိုးစားရင် တစ်မျက်နှာလောက်တော့ ဖတ်နိုင်ကြမှာပါ။ ဒါပေမယ့် အမှန်တကယ်မဖတ်သေးသ၍တော့ ဒါဟာ ယူဆယုံကြည်ချက်အနေနဲ့ပဲ ရှိပါသေးတယ်။ ကိုယ်တကယ်ဖတ်နိုင်မှသာ အပြည့်အဝယုံကြည်မှူရှိတယ်လို့ ပြောလို့ရပါတယ်။

တစ်ခုခုကို ကိုယ်လုပ်နိုင်သလောက် အစွမ်းကုန်လုပ်ပါ။ ပိုလုပ်ပါ။ ထပ်ပြီးကြိုးစားပြီး ပိုလုပ်ကြည့်ပါအုံး။ ဒီထက်ကို ပိုပြီးပိုပြီး ကောင်းလာနိုင်ပါသေးတယ်။ အဲဒီအခွင့်အရေးလဲ သင့်လက်ထဲမှာရှိနေပါတယ်။ စပြီးကြိုးစားကြည့်ဖို့ပဲ လိုတာပါ။ သင့်ရဲ့ကြိုးစားအားထုတ်မှူနဲ့ ပတ်သက်ပြီး တခြားသူရဲ့ ကျေနပ်နှက်သက်မှူမှာ မသာယာပါနဲ့။ ကိုယ့်ကိုယ်ကို ကျေနပ်အောင်သာ ကြိုးစားပါ။

တချို့လူတွေကြတော့ တော်ပြီငါဒီလောက်ပဲလုပ်နိုင်တယ်ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ ကိုယ့်ရဲ့ အဖိုးတန်တဲ့ လုပ်နိုင်စွမ်းအားတွေ တိမ်မြုပ်နေတဲ့ အရည်အချင်းတွေ အရည်အသွေးတွေကို မြေမြှုပ်ပစ်လိုက်တတ်ကြတယ်။ တကယ်တော့ ကိုယ်ဘယ်လောက် လုပ်နိုင်သလဲဆိုတာကို အဆုံးအဖြတ်ပေးတာက ကိုယ့်ရဲ့ ထင်မြင်ယူဆချက်မဟုတ်ပဲ ကိုယ့်ရဲ့ လက်တွေ့ကြိုးစားအားထုတ်မှူသာ ဖြစ်ပါတယ်။ ပြီးတော့ ထင်ကြေးနဲ့ သေရတဲ့ဘဝကလဲ တကယ်ကို လုံးဝမတန်ပါဘူး။

လုပ်နိုင်တာကို အစွမ်းကုန်ထိကြိုးစားလုပ်ကြည့်ပြီး အကောင်းဆုံး ရလာဒ်တွေကို စတင်ခံစားကြည့်ဖို့အခွင့်အရေးက လူတိုင်းလူတိုင်းမှာ တန်းတူညီမျှ ရှိနေတာပါ။ စပြီးကြိုးစားကြည့်ပါ။ အဆင်မပြေဘူးလား။ ထပ်ကြိုးစားကြည့်ပါ။ ဒါတောင် အဆင်မပြေသေးဘူးလား။ ထပ်ကြိုးစားလိုက်ပါအုံး။ ဒါဆိုအဆင်ပြေလာပြီလို့ ပြောလို့ရပါတယ်။ ဘာလို့ဆို သင်လုပ်နိုင်ပေမယ့် အလုပ်မဖြစ်တဲ့နည်းတွေကို သင်ကိုယ်တိုင် ကြိုးစားရင်းနဲ့ တဖြည်းဖြည်းသိလာရလို့ပါပဲ။
ကဲစပြီး အကောင်းဆုံးကြိုးစားကြည့်လိုက်ပါ။

သင့်ကြိုးစားအောင်မြင်မှူအတွက် ဘယ်သူတစ်ဦးတစ်ယောက်ကမှ အသိအမှတ်မပြုဘူးဆိုရင်တောင် သင်မရှူံးသေးပါဘူး။ သင့်ရဲ့လုပ်နိုင်စွမ်းအားတွေက သူ့နည်းသူ့ဟန်နဲ့ သင့်ကိုပြန်ပြီး အသိအမှတ်ပြုနေပါတယ်။ ဒီတော့ အကောင်းဆုံး ကြိုးစားကြည့်လိုက်ပါလေ။

အားလုံးအဆင်ပြေကြပါစေ…

Inspired by မြတ်သု, SPHRi
15/10/18

Address

No(63), 6/B, 32nd Street (Lower Block), Kyauktada Tsp
Yangon
11182

Telephone

+959681000048

Website

Alerts

Be the first to know and let us send you an email when Dee Gemstone Thailand posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Dee Gemstone Thailand:

Share

Category