04/05/2024
Nard Hair loss control Shampoo 🌿🤎
Nard ဆိုတာKorea ရဲ့ hair care products တွေထုတ်တဲ့ brand ဖြစ်ပါတယ်၊ သူ့မှာ ကိုယ့်ရဲ့ဆံသားအလိုက်ရွေးချယ်စရာ product တွေအများကြီးရှိတယ်၊ shampoo, conditioner, treatment, oil ကစလို့ hair tonic အထိ ရွေးချယ်စရာတွေတကယ်အများကြီး🥳
လွန်ခဲ့တဲ့ ၅ လလောက်က admin ဆံပင်အနက်ပြန်ဆိုးမိတာနဲ့ တသက်လုံးမကျွတ်ဖူးတဲ့ဆံပင်တွေရက်ရက်စက်စက်ကိုကျွတ်တာ၊ ကိုင်လိုက်ရင်ကို အပင် ၂၀ လောက်ပါပါလာတာ🥲 အဲ့တာနဲ့ review တွေ၊ product တွေလိုက်ရှာရင်းနဲ့ Himalaya herb တွေကိုသုံးပြီးထုတ်ထားတဲ့ Nard တံဆိပ်ကိုစသုံးကြည့်ဖြစ်ခဲ့ပါတယ်။
Nard ကထုတ်တဲ့ ဒီ Himalaya series hair care products တွေမှာ ဟိမဝန္တာတောင်တန်းကနေရတဲ့ ဆေးဖက်ဝင် Nardostachys Jatamansi Rhizome Root Extract အပြင် ဆံပင်အတွက်အားဖြည့်ပေးတဲ့ hydrolyzed keratin, olive oil, jojoba seed oil တွေပါ ပါတာကြောင့် ဆံပင်ကျွတ်တာသက်သာပြီးတော့ ဆံပင်ကို အရင်းကနေ တချောင်းချင်းစီကျန်းမာသန်စွမ်းစေပါတယ်🤩
Admin personal experience အရတော့ သူ့မှာ အနံ့ကတော့ ဆေးနံ့နည်းနည်းရတယ်ပေါ့နော် ၊ သူကသဘာဝဆေးဖက်ဝင်ပစ္စည်းတွေနဲ့ ဆံပင်ကျွတ်တာသက်သာအောင်လုပ်ပေးထားတာကြောင့်လျှော်နေတုံးမှာ နည်းနည်းကြမ်းသလိုခံစားရပေမယ့် လျှော်ပြီးရင် salicylic acid ကြောင့်ဦးရေပြားမှာရှိတဲ့အညစ်အကြေးတွေ ဆဲလ်အသေတွေရှင်းသွားသလိုခံစားရပြီးတော့ argan oil နဲ့ seed oil ပါဝင်တာကြောင့်လျှော်ပြီးတဲ့အခါမှာ ဆံပင်လေးက အစိုဓာတ်ပြန်ရပြီးဝပ်ဝပ်လေးနဲ့ပုံကျနေရော😚 admin 3 လလောက်သုံးကြည့်အပြီး ဆံပင်ကျွတ်တာတွေသိသိသာသာနည်းသွားတာ အခုဆို ဆံပင်မကျွတ်သလောက်နီးပါးကိုဖြစ်နေပြီမလို့ အရမ်းစိတ်ချမ်းသာရ🥰 ဘူးကလဲ 500ml size ကြီးတွေမလို့ အကြာကြီးအသုံးခံပြီး budget save ဖြစ်တယ်။ အနံ့လေးတွေပါတာလဲရှိတာကြောင့် မိမိကြိုက်နှစ်သက်တာကိုရွေးလို့ရပါတယ်နော်🫶🏻
Price -28000ks
Waiting time- 1month
Direct from korea ✨