Israel Online Store International

Israel Online Store International Christian Accessories

15/03/2021
" အခု Stock လက်ကျန် တွေအကုန်လုံးကို ရောင်းပြီး   #လိုအပ်တဲ့နေရာတွေလှူဒါန်းသွားမှာဖြစ်ပါတယ်။ '' ဘုရားကဒီထက် အဆပေါင်းများစ...
06/12/2020

" အခု Stock လက်ကျန် တွေအကုန်လုံးကို ရောင်းပြီး #လိုအပ်တဲ့နေရာတွေလှူဒါန်းသွားမှာဖြစ်ပါတယ်။ ''

ဘုရားကဒီထက် အဆပေါင်းများစွာကောင်းတဲ့ လုပ်ငန်းတစ်ခု ပေးထားတာ ဖြစ်လို့ ဒီလုပ်ငန်းကရတာတွေအကုန်လှူဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။

လွန်ခဲ့တဲ့ ၄ နှစ်က ဒုက္ခရောက်ခဲ့စဉ် ကျေးဇူးတော်ကြောင့် ဒီ Fancy လုပ်ငန်းလေးနဲ့ ဘဝပြန်စခဲ့ ရတာဖြစ်ခဲ့လို့ အားပေး ခဲ့ကြတဲ့ ရပ်ဝေး ရပ်နီးက မိတ်ဆွေ ညီအစ်ကိုမောင်နှစ်မ များအားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျ။

Israel Online Store ရဲ့ ရည်ရွယ်ချက်ကတော့ #ရောင်းချရရှိတဲ့ထဲကနေမှ အကူညီ လိုအပ်တဲ့သူများ၊ ခက်ခဲနေတဲ့ မိဘမဲ့ ဂေဟာများ ၊ ဘိုးဘွားရိပ်သာများ ၊ ဆေးရုံများကိုလူမျိုးဘာသာ မရွေး မေတ္တာပြ ပြီး ပြန်လည်ကူညီ ပေးခဲ့တာ ယခုနှစ်ဆိုရင် #၄နှစ် ရှိခဲ့ပါပြီခင်ဗျ။

ကျေးဇူးတော်ကြောင့် အမြဲတမ်းလည်း ကူညီပေးကမ်း နိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျ။ အားပေးနေသူများ အားလုံး ကိုလည်းအရမ်းကျေးဇူးတင်ပါတယ်နော်။

ဒီဇိုင်းလေးတွေက အရင်နှစ်နဲ့ မတူ ဘူးခင်ဗျနိုင်ငံတစ်ကာမှ လူကြိုက်များတဲ့ လက်စွပ် ၊ လက်ပတ်လေး တွေဖြစ်ပါတယ်။

ဆိုင် မှာရှိတဲ့ Stainless Steel ပစ္စည်းတွေတိုင်းမှာ International Warranty ၆ လပေးပါတယ်။ ၆ လအတွင်းအရောင် ကျွတ်၊ သံချေးတက်၊ဖြစ်ခဲ့ရင် အသစ် တစ်ခု ပြန်လဲပေးပါတယ်ခင်ဗျ။

ကိုယ်စားလှယ်ယူရောင်းချချင်သူများလည်း ဆက်သွယ်နိုင် ပါတယ်။အဖွဲ့အစည်းများ အနေ နဲ့ Consignment ရောင်းချ ချင်ရင်လည်း ဆက်သွယ်ပေးပါခင်ဗျ။

ဒီနှစ် Christmas တော့ မလေးရှားနဲ့ Singapore မှာတော့ မရောင်းချပေးနိုင်တော့လို့ တောင်းပန်ပါတယ်ခင်ဗျ။😫

ပုံလေးတွေကို ဖိကြည့်လိုက်ရင် ဈေးနှုန်းလေးတွေရေးပေးထား ပါတယ်ခင်ဗျ။

အသေးစိတ်သိရှိလိုပါက ချက်ဘောက်က မေးမြန်းလို့ရနိုင်သလိုဖုန်းလည်း ဆက် ပြီးမေးမြန်း လို့ရပါတယ်ခင်ဗျ။

နယ်မြို့ များကိုလည်း အိမ်အရောက် ၊ ကားဂိတ်အရောက်ပို့ ဆောင်ပေးဖြစ်ပြီး ပို့ခ၊ တန်ဆာခကို ဝယ်ယူသူဘက်က ရှင်းပေးရပါမယ်ခင်ဗျ။

လာရောက်ကြည့်ရှု့ ဝယ်ယူချင်သူများအနေနှင့် အောက်ပါ လိပ်စာအတိုင်းလာရောက်ဝယ်ယူလို်ရပါတယ်ခင်ဗျ။

ရန်ကုန်မြို့
အမှတ် ၅၅ ရှမ်းကုမ်းလမ်း၊ မြေနီကုန်း၊ လေးလွှာ ( အေ )
ဖုန်းနံပတ် 09781221961 ။

မန္တလေးမြို့
အမှတ် ၂၈ ဘီ၊ ပထမထပ်
၇၂ နှင့် ၇၃ ကြား ၊၃၈ နှင့် ၃၉ ကြား၊ မဟာနွယ်စင်ရပ်
Friend လဖက်ရည်ဆိုင်ရှေ့ တည့်တည့်
ကေဇော်လမ်းကြားကနေ ဝင်ခ့ဲပါ။

ဆိုင်အောက်မှာ စံပယ်ဖြူ beauty sa

16/10/2020
Radio အစီအစဉ်အတွက် အခမဲ့ တစ်ကူးတစ်က အချိန်ပေးပြီး အင်တာဗျူးပေးတဲ့ '' ရွှေရောင်မျိုးဆက်သစ် ''  အစီအစဉ်ကို အထူးကျေးဇူးတင်ပ...
30/09/2020

Radio အစီအစဉ်အတွက် အခမဲ့ တစ်ကူးတစ်က အချိန်ပေးပြီး အင်တာဗျူးပေးတဲ့ '' ရွှေရောင်မျိုးဆက်သစ် '' အစီအစဉ်ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျ

အားလုံးပဲ မင်္ဂလာပါရှင်။ Stay Home ကာလမှာ TV နဲ့ ဖုန်းတွေပဲ ကြည့်မနေပါနဲ့တော့နော်။ မျက်လုံးလေးကိုအနား ပေးပြီး မြန်မာ့အသံ (ရေဒီယို) လေး နားဆင်ကြည့်ရအောင်ပါ။ မြန်မာ့အသံကနေ သုတ၊ ရသ၊ ကဏ္ဍမျိုးစုံကို ကြိုးစားထုတ်လွှင့် တင်ဆက်ပေးနေသလို ရွှေရောင်မျိုးဆက်သစ် အစီအစဉ်ကနေလည်း သောတရှင်လူငယ်တို့ တစ်စုံတစ်ရာအကျိုးကျေးဇူးတွေရရှိစေဖို့ ကဏ္ဍစုံက ထူးချွန်လူငယ်တွေ၊ စီးပွားရေးနယ်ပယ်က စွန့်ဦးတီထွင်သူ လူငယ်များအကြောင်းကို အပတ်စဉ်ကြိုးစားတင်ဆက်ပေး နေပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ Grand Premium Services (G.P.S) ရဲ့ Founder
ကိုဆင့်ညီညီထွန်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူတည်ထောင်ထားတဲ့ G.P.S ဝန်ဆောင်မှုလုပ်ငန်းအကြောင်း၊ စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင်တစ်ဦးရဲ့ အလုပ်နဲ့ပတ်သက်တဲ့ ခံယူချက်၊ လုပ်ငန်းစတင်ချိန်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဒါတွေကို သူဘယ်လိုကျော်ဖြတ်လဲ... စတာတွေကို On-line ကနေ မေးမြန်းထားပါတယ်။ အစီအစဉ်လေးနားဆင်ပြီး ဘယ်လိုအတွေးအမြင်တွေရလဲဆိုတာ comment ပေးဖို့ မမေ့ပါနဲ့နော် ☺️

ထုတ်လွှင့်မယ့် ရက်နဲ့ အချိန်နာရီကတော့

↙️↙️↙️↙️↙️↙️↙️↙️↙️↙️↙️

--------------------------------------------------

(1.10.2020) Thursday 11:30 AM

(3.10.2020) Saturday 10:40 AM (replay)

ဖော်ပြပါ မြို့တွေမှာ FM နဲ့ ဖမ်းယူနားဆင်နိုင်ပါတယ်

↙️↙️↙️↙️↙️↙️↙️↙️↙️↙️↙️↙️↙️↙️↙️↙️

---------------------------------------------------------------------

FM >>> Yangon >>> 87.6 MHz(AM 576 kHz)

FM >>> Mandalay >>> 94.6 MHz

FM >>> Naypyidaw>>> 89.2 MHz(AM 594 kHz)

God is love
10/07/2020

God is love

" ခရစ်ယာန်မဟုတ် သူများ ဒီပို့စ်ကို ကျော်သွားဖို့ မေတ္တာရပ်ခံချင်ပါတယ် ''ကျွန်တော် ဒီအကြောင်းကို ရေးဖို့ အကြိမ်ကြိမ် စဉ်း...
29/06/2020

" ခရစ်ယာန်မဟုတ် သူများ ဒီပို့စ်ကို ကျော်သွားဖို့ မေတ္တာရပ်ခံချင်ပါတယ် ''

ကျွန်တော် ဒီအကြောင်းကို ရေးဖို့ အကြိမ်ကြိမ် စဉ်းစား ပါတယ်။ ရေးသင့်မရေးသင့် စဉ်းစားနေတာ နဲ့တင် တစ်လ လောက်ရှိနေပါပြီ။ ရေးလိုက်ရင် လည်း ဝိုင်းဆဲ ကြမယ် ဆိုတာ သိတယ်။

မရေးပြန်ရင်လည်း အမှားအမှန် မဆင်ခြင်ဘဲ လုပ်စား တွေ ​ချော့ပြော ခြောက်ပြောသမျှ ဟုတ် မဟုတ် မစဉ်းစား မတွေးခေါ်ဘဲ သေတဲ့အထိ အကုန် ခေါင်းငြိမ့် နေကြအုန်းမှာပါပဲ။

သူများအကြောင်းမရေးခင် ကျွန်တော့် အကြောင်း နဲနဲ ပြောပါရစေ။ ကျွန်တော်လည်း ဘာသာခြားအသိုင်း အဝိုင်း ကနေ ခရစ်တော်ကို ယုံကြည်လို့ ၂၀၀၈ ထဲက ယေရှုနောက်ကို လိုက်ခဲ့ပါတယ်။ တစ်ဆွေလုံးတစ်မျိုးလုံး ဘာသာခြားတွေ ကြားထဲကမှ ကျွန်တော် တစ်ယောက်ပဲ ဘယ်သူဘာ ပြောပြော ယေရှုနောက် လိုက်ခဲ့တာပါ။ ခုထိ အမျိုးတွေထဲမှာ မခေါ်နိုင် မပြောနိုင် သူများရှိပေမယ့် ဂရုမစိုက်ပါဘူး။

စစ ပြောင်းလဲ ကာစကတော့ ကျွန်တော်လည်း လူတိုင်းပြောသမျှကို ခေါင်းငြိတ်ပါတယ်။ ဘယ်ဆရာဘာပြောပြော အကုန် ခေါင်းထဲထည့်ခဲ့ပါတယ်။ ဆရာတွေအကုန်လုံးကို ကို့ထက်ကိုယ်ကျင့်သီလ ကောင်းမွန်တဲ့ ကောင်းကင်တမန်လို ပဲသဘောထားပြီး အကုန်အတုယူ သင်ယူပါတယ်။

၁၂နှစ်တာ ကာလအတွင်းမှာ ဆရာကောင်းများစွာ နဲ့ လည်း ကြုံတွေ့ခဲ့ ရပါတယ်။ ဆရာ အမည်ခံ လုပ်စားတွေ နဲ့လည်း ဆုံဖူးသလို, ဆရာကြီးတွေ နားမှာ နေပြီး ဆရာတွေ မသိအောင် နာမည်သုံးပြီး လုပ်စားနေကြတဲ့ သူတွေကိုလည်း ဆုံလာရပါတယ်။

ခုလိုရေးလို့ မင်းကော ဘယ်လောက် ကောင်းလို့လဲ မေးစရာရှိပါတယ်။

ကျွန်တော်လည်းပွင့်ပွင့်လင်းလင်း ပြောပါရစေ။ တစ်စက်မှ မကောင်းပါဘူး။ ဘုရားကြောင့် 100% ကောင်းလာတယ် ပြောပြီး ပေါက်ကရ ခိုးလုပ်နေတာ ထက်စာရင် မကောင်းဘူး ဒဲ့ ဝန်ခံ ပြီးကောင်းအောင် နေကြည့်နေတုန်း ပါပဲ။

ကိုယ်တိုင်မကောင်းသည့်တိုင် အထိုက်အလျောက် အောင်မြင်နေတာ ဘုရားကြောင့်ပါ။ ကျွန်တော်တို့ ဘယ်လောက်ဆိုးဆိုး ကျွန်တော်တို့ကို သားသမီးလို ချစ်ပြီး ကောင်းပေးနေတဲ့ အဖေရဲ့ ကျေးဇူးတော်ကို အမြဲချီးမွမ်းပါတယ်။ အောင်မြင်တယ်လို့ ပြောပြရတာလဲ ကြွားဝါတာ မဟုတ်ပါဘူး။

အဓိကထားပြီး ပြောချင်တာက #ဆယ်ဖို့တစ်ဖို့ ကိစ္စ နဲ့ covid ကာလ ကိစ္စ ပါ။

ကမ္ဘာပေါ်မှာ အကောင်းဆုံး စီးပွားရေးလုပ်ငန်းက ဘာသာရေး ဗန်းပြပြီး စီးပွားရှာတာပါ။ တစ်ချို့ ကမ္ဘာကျော် တရားဟော ဆရာတွေဆိုရင် ဟောခ ဒေါ်လာ တစ်သန်း (သိန်း.တစ်သောင်းခွဲ) အကောင့်ထဲ ကို ထည့်ပေးမှ မင်းတို့ နိုင်ငံကို လာဟော မယ်တို့, ပါလာမယ့် အဖွဲ့တွေအတွက် အကုန်လုံးစီစဉ်ပေးရမယ်တို့ ဆိုတာတွေရှိပါတယ်။

ဘာလို့ပေးရတာလဲဟင်လို့ မေးခွန်း ထုတ်မိရင် '' နှုတ်ကပတ်တော်က စျေးမပေါဘူး '' ဆိုတာမျိုး ပြန်ပြောပါတယ်။ ဒါဆို ဘုရားကကော ဒီလူတွေကို ရောင်းထားတာလားပေါ့။ ဟောခ ရမှ ဟောလို့များ မှာထားသလားပေါ့။ မြင့်လွန်းလို့ လိုက်လို့မ မှီပါဘူး။

တစ်ကယ်လည်းရောက်လာကော စိတ်ဓာတ်တွေတက်ကြွအောင် Motivational Speaker ဆန်ဆန် တွေပြော, အခုလှူရင် ဘုရားက ဘယ်လို ပြန်ပေးမှာ, သာသနာက ဘလို ဖြစ်သွားမှာတွေ ဘာသာရေး ခေါင်းစဉ်တပ်ပြီး ဘုရား ကပဲတောင်းခိုင်းသလို နဲ့ ပြော။ လူတွေကလည်း ပြေးပြေး ပြီး အရှေ့မှာ အပုံလိုက် ပစ်ထည့် ကြ နဲ့ ဝက်ဝက်ကွဲပါဘဲ။

တစ်ချို့လို့ပြောထားပါတယ်နော်။ အားလုံးကို မဆိုလိုပါ။

မယုံရင် you tube ပြန်ကြည့်ကြပါ။ လေပေါ် ပျံနိုင်တယ် ဆိုပြီး လိမ်နေတဲ့ ကမ္ဘာကျော် သင်းအုပ်ဆရာတွေ ရှိသလို, သူ့ဟာသူ ပရောဖက် ဘာညာ ဆိုပြီး နာမည်တပ်ပြီး တရားဟောနေတဲ့အချိန် ipad ထဲကနေ အသင်းသားတယောက်ရဲ့ မွေးကာစ ကလေးပုံ ကို ရိုက်ပြတာ လဲ လုပ်ပြ ပါတယ်။

ခုပဲ တန်းရိုက်လိုက်သလိုမျိုး လုပ်ပြပေမယ့် တကယ်က gallery ထဲက ရိုက်ပြီးသား ပုံကြီး ကို နှိပ်ပြ ပြီး ပေါ်တင်ကြီး လိမ်တာပါ။

နည်းပညာနားမလည်တဲ့ သူတွေကတော့ ဟာခနဲ ဟင်ခနဲ ပေါ့နော်။ နားလည်တဲ့ သူက zoom ဆွဲ ပြီး ပြတော့လည်း တစ်ဖက်ပိတ်ပြီး လက်မခံ ကြ ပြန်ဘူး။ အဲတော့လည်း အလိမ်ခံကြပေါ့။ ဘယ်တတ်နိုင်မလဲ။ ပိန်း လွန်း တာကိုး။

ကျမ်းစာကို လိုသလို ဆွ​ဲပြီး ဟောဖို့ကျမ်းပိုဒ်ရှာတာက လွယ်ပါတယ်။ လူတွေ တွေကို ကျမ်းစာနဲ့ ခြောက်လို့ရသလို, မိုးပေါ်မြောက်တက်အောင် လုပ်လို့လဲရပါတယ် ။

သတိထားကြပါ။

စပြီ အခုမှ လိုရင်းကိုပြောမယ်။

#ဆယ်ဖို့တစ်ဖို့ကိစ္စ။

အသင်းတော် အများစုက #ဆယ်ဖို့တစ်ဖို့ ကို မိခင် အသင်းတော်ကို ပြန်ပေးဖို့ တိုက်တွန်းကြတာ များပါတယ်။ မပေးရဘူး မပြောပါဘူး။ ပေးပါ ။ ဒါပေမယ့် အသင်းတော်က #ဘယ်နားတွေပြန်သုံးနေလဲတော့ ကြည့်ပေါ့။ သူတို့သားသမီးတွေ နိုင်ငံခြား ကျောင်းတက်ဖို့လား , ကား တွေ ထည်လဲ စီးနေလား။ သင်မစားဘူးတဲ့ ဆိုင်တွေပတ်စားပြနေလား။ ကို့ဟာကို ကြည့်ပေါ့။ မနာလိုလို ပြောတာ မဟတု်ဘူးနော်။ အသင်းတော်တိုင်းမှာ ငတ်နေတဲ့ သူတွေရှိတယ်။ သူတို့ကို ဆုတောင်းပေးတာအပြင် ဘာတွေလုပ်ပေးနေလဲ လေ့လာ ပါ။ သုံးသပ်ပါ။

ကျွန်တော် သိတဲ့ မန္တလေးက အသင်းတော် တစ်ခုဆိုရင် စာအိတ်မှာ နာမည် နဲ့ရေးပြီး ထည့်ခိုင်းပါတယ်။

ကျွန်တော်လည်း အဲ့အသင်းတော်မှာပါဝင်နေတဲ့ အမာခံ အသင်းသား ကို မေးကြည့်တယ် ။ ကျွန်တော် နည်းနည်းပါးပါး သိသလောက်ကတော့ ဘယ်ဘက်လက်ထည့်တာ ကို ညာဘက်လက် မသိစေနဲ့လို့ ကျမ်းစာက မှာထားတာ ။ ဘာလို့ စာအိတ်မှာ နာမည် ရေးပြီး ထည့် လဲ လိုမေး တော့ သင်းအုပ်ဆရာက သူပြောတဲ့အတိုင်းမလုပ်ရင် သူ့အသင်းတော် မလာနဲ့ပြောလို့တဲ့။ ထည့်ရပါတယ်တဲ့။

တကယ်က ရှင်းပါတယ်။ သင့်ရဲ့ Data ကို ယူနေတာပါ။ ဥပမာ မောင်ဖြူက တလကို ဆယ်ဖို့တစ်ဖို့ တသိန်း ထည့်နေရင် သူ့တလ ဝင်ငွေက ဆယ်သိန်း ဆိုတာ အကြမ်းဖျင်း မှန်းလိုရနေပါပြီ။

မောင်နီက ဆယ်ဖို့တစ်ဖို့ တလ ဆယ်သိန်း ထည့်နေရင် သေချာပါပြီ မောင်နီ တစ်လ သိန်းတစ်ရာ ဝင်ငွေရှိပါတယ်။

ဒီတော့ မောင်ဖြူနဲ့ မောင်နီ ယှဉ်လာရင် မောင်နီကို သေချာ ပိုဂရုစိုက်ပြီး မောင်နီကို ပို မျက်နှာသာ ပေးမှာပါ။

အသင်းတော်တိုင်းကို မဆိုလိုဘူးနော်။တစ်ချို့ စီးပွားရေး အသင်းတော်တွေက Data ယူနေတယ် ဆိုတာ ပြောပြတာ။ Marketing သမားတွေတော့ နားလည်မှာပါ။

ဒီလ မောင်နီ ဆယ်သိန်း အစား ၂ သိန်း ဘဲ ထည့်လာရင် မောင်နီ ဘာဖြစ်လို့တုန်း, စီးပွားရေး အဆင်မပြေ ဘူးလား, ဆုတောင်းပေးရမလား ဘာညာ follow up လဲ လိုက်လို့ ရတာပေါ့။ #အားလုံးကိုမဆိုလိုဘူးနော်။ တစ်ချို့ပါ။

ကျွန်တော်ကတော့ #ဆယ်ဖို့တစ်ဖို့ ပုံထားပြီး ရင် ဘုရားကိုမေးတယ်။ ကိုယ်တော် ဒါကို သား ဘာလုပ်ရမလဲ။ ဘယ်နေရာ ပေးရမလဲ, ဘယ်သူ့ကို ပေးရမလဲ ဆု​တောင်းတယ်။ ဝိဉာဥ်တော် ပေးခိုင်းတဲ့ နေရာပေးတယ်။ မပေးခိုင်းရင် လာအလှူ ခံရင်တောင် မပေးဘူး။

ကျွန်တော်လုပ်တာပြောတာနော်။ မိတ်ဆွေတို့ကိုလိုက် လုပ်ပါမပြောဘူး။ မတိုက်တွန်းဘူး။ ခုက တရားဟောနေတာ မဟုတ်ဘူး။ သက်သေခံနေတာပါ။

ပုံမှန်အားဖြင့် အပတ်တိုင်း နှုတ်ကပတ်ဟောတဲ့ ဆရာကို တပတ် တသိန်းလောက် ပေးဖြစ်တယ်။ နှုတ်ကပတ်တော် မျိုးစေ့ပေါ့။ ကျန်တာကတော့ မိဘမဲ့တွေ ဆင်းရဲတဲ့ ဘိုးဘွားတွေကို ပေးတယ်။ ခရစ်ယာန်မှ မဟုတ်ဘူး အားလုံးကိုပေးတယ်။ ကျွန်တော့်ကိုတော့ အဲလို ပေးခိုင်းတယ်။ နယ်ဘက်မှာ ဧဝံဂေလိအတွက် အပင်ပန်းဆင်းရဲခံပြီး သုညက စနေတဲ့ ဆရာလေးတွေကို ပေးတယ်။

ကျန်ငွေကို ဆန်အိတ်တွေဝယ်တယ်, ဆင်းရဲတဲ့ ရပ်ကွက်က မိသားစုတွေ နိုင်သလောက် လိုက်ပေးတယ်။ ဘာမှမပြောဘူး။ ဘာလို့ပေးလဲမေးရင်လည်း ဘုရားပေး ခိုင်းလို့ ချစ်လို့လာပေးတယ် ပြောလိုက်တယ်။

ဘုရားသခင် အဓိက ခိုင်းထားတာလည်း ဧဝံဂေလိ လုပ်ငန်းရယ် ,လူ အချင်းချင်းချစ်ဖို့ရယ် လေ။ ချမ်းသာတဲ့ ဆရာတွေ လေယာဉ်ဝယ်စီးဖို့မှ မဟုတ်တာ။ ခုတစ်လော လေယာဉ်ဝယ် စီးမယ် ကြွေးကြော်နေတဲ့ ဆရာတွေ တွေ့ရင် လည်း တော်တော် အံ့သြပါတယ်။ အလကား ကုန်ကျမဲ့ ဆီဖိုးတွေ ဝန်ထမ်းစရိတ်တွေ ကုန်မယ့်ပိုက်ဆံတွေ ဧဝံဂေလိ လုပ်ငန်းမှာ သုံးမယ် ပြောရင် ဘယ်လောက် ကောင်းလိုက်မလဲ။ အတည်ပြောတာ လား, စနေတာလားတော့ မသိဘူး။ ထားပါ။

ကျွန်တော်လည်း သိပ် ကောင်းလို့မဟုတ်ဘူးနော်။ မကောင်းဘူး။ ကြိုပြောထားပါတယ်။ မကောင်း ပေမယ့် ဘုရားခိုင်းရင် လုပ်တယ်။

သက်သေခံချင်တာက ဘုရားကျောင်းကို မပေးလို့ ကျွန်တော်တော့ မမွဲသေးဘူးဗျ။ နေရာမှား ပေးမိလို့ မွဲရင်လည်း မွဲပါစေတော့။ ရင်ထဲမှာတော့ ဒီလိုဖော်ပြနေလို့ ဒီလိုပေးတယ်။ နောက်လဲ ပေးနေမှာပဲ။

အပေးမှားလို့ အကျိန်တော့ ခံရပြီလား မသိဘူး။ ဘုရားမကျိန်ရင်တောင် အကောင့်တုတွေနဲ့ လာလာညှော်နေတဲ့ စားဖား တသိုက် ကျိန်နေလောက်ပြီ။

တစ်ချို့က ဒါမျိုးဆို ပြောချင်တယ်။ ပေါ်တင်ကြီးတွေ
FB မှာ ကားလိုချင်ပါတယ်။ စိန်လက်စွပ် လိုချင်ပါတယ် ရေးပြီး တောင်းနေတဲ့ ဆရာတွေကိုတော့ မမြင်ချင်ယောင်ဆောင်ကြတယ်ဗျား။

တချို့ဆရာတွေက ဘုရားဆီမတောင်း ဘူး။ Mark Zuckerberg ဆီတောင်းတာ ။ ပို့စ်က တနေ့တမျိုး မရိုးဘူး။ Marketing ကောင်းတယ်။

ဝိုင်းဆဲမှာလည်း ကြောက်ရသေးတယ်။ တို့ခရစ်ယာန်က အချင်းချင်း ဆို အမျိုးသာသနာ စောင့်ရှောက်ပြီး ဝုန်းမယ့် သူက များတယ်။ ဆဲလည်း ပြန်ဆဲမှာ ။ မကျေနပ်ရင်မဖတ်နဲ့။ စေတနာနဲ့ အဆဲခံ ထောက်ပြနေတာ။

ဟုတ်ပါပြီ စကားဆက်မယ်။ အဓိက က အခုမှလာပြီ။

ဘယ်သူ ဘယ်ဝါ အမည် မတပ်ဘူးနော်။ ကိုယ့်ဟာကို ပြန်စဉ်းစားကြည့်။

Covid - 19 ဖြစ်လာပြီ။ ကမ္ဘာနဲ့တစ်ဝှမ်း သေလိုက်တာ သောက်သောက်လဲ။ ကင်ဆာ ပျောက်တယ်, သေနေတဲ့ သူကို ဆုတောင်း ပေးပါမယ် ဆိုတဲ့ ကမ္ဘာကျော် ဆရာကြီးတွေ အကုန် အိမ်ထဲ ရောက်ကုန်ကော။ မြန်မာပြာ်မဟုတ်ဘူးနော် ။ နိုင်ငံခြားကို ပြောတာ။

ကျွန်တော်တော့ ဘယ် ကမ္ဘာကျော် ဆရာကြီးက Covid ကူးစက်ခံရတဲ့ လူနာကို လက်တင် ဆုတောင်းပေးလိုက်တာ ချက်ချင်း ပျောက်သွားတယ် ဆိုတာ မကြားမိသေးဘူး။ သင်တို့ ကြားမိရင် လည်း ပြောကြပါအုန်း။

ဒီလိုပြောလို့ ဘုရားသခင်မတတ်နိုင်ဘူး တစ်စက်မှ မပြောဘူးနော်။ ဒီဘုရား အသက်ရှင်တဲ့ သက်သေ ခနခနရလို့ မိသားစု အသိုင်းအဝိုင်းကို စွန့်ပြီး ခရစ်တော် နောက် လိုက်လာတာ ၁၂ နှစ်ကျော်ပြီ။ ဘုရားတတ်နိုင်တယ်။ ယုံတယ်။

ထောက်ပြချင်တာက ဘုရားကို ဗန်း ပြတဲ့ လူ '' တစ်ချို့ '' မတတ်နိုင်တာ။ ဘုရားက မသုံးဘဲ , ဘုရားနာမည် တပ်ပြီး ဂျင်းထည့်နေတဲ့ လူတစ်ချို့ မတတ်နိုင် ဘူး။ ယေရှု တတ်နိုင်တယ်။ အဲဒီ လူတွေ ဆရာတွေ မတတ်နိုင်ဘူး။

ဒါပေမယ့် Marketing က ကောင်းပါတယ်။ တစ်ချို့က Live လွှင့်ပြီး တရားဟောပါတယ်။ ဘဏ် အကောင့်လဲ ကြေငြာပေးပါတယ်။ အလှူငွေတွေ တအားတွေထည့်ချင်နေပြီ မရတော့ ဘူးဆိုတဲ့ သူတွေ ထည့်ဖို့ပေါ့။

ထည့်ချင်လဲထည့်ပေါ့။ ကို့ပိုက်ဆံကို ဘယ်ထည့်ထည် ကျွန်တော့် အပူမပါပါဘူး။ ထောက် ပြတာ စဥ်း စားပေါ့ ကို့ဟာကို။

မေတ္တာတရားအကြောင်း အပ်ကြောင်းထပ်အောင် ပြောနေတဲ့ သူတွေ, လူလူချင်း ချစ်ဖို့ ပြောနေတဲ့အဲဒီ လူတွေရဲ့ ဘဏ်အကောင့်ထဲမှာ ပိုက်ဆံ ဘလောက်ရှိလဲ သင်သိပါသလား?

အသင်းတော်ဆိုရင်တော့ ဘဏ္ဍာရေးဆိုင်ရာ ကိုင်တဲ့ လူကြီးတော့ သိမှာပေါ့နော်။ အပြင်လူတော့ ဘယ်သိနိုင်မလဲ။ တစ်ချို့ကို ပြောတာနော်။

ထူးဆန်းတာကလေ လူအချင်းချင်း မေတ္တာ ထားဖို့ ပြောနေတဲ့ အချို့ ဆရာတွေ လမ်းမထွက်ပြီး ငတ်နေတဲ့ သူတွေကို စားစရာ ဝေပေးတာ သိပ်မတွေ့ မိဘူးဗျ။

ပြီးတော့ ဘာသာခြားတွေ သူတို့ရဲ့ ဝတ်ပြုတဲ့နေရာတွေကို ဖွင့်ချပြီး လူနာတွေအတွက် Quarentine စင်တာတွေ ဖွင့်ပေးနေပေမယ့် အဲဒီသတင်းတွေထဲ ကျွန်တော် သိသလောက် ဘုရားကျောင်း နာမည် သိပ်မတွေ့မိပြန်ဘူး။ ဒါပေမယ့် အကြောင်းတခုခု ရှိမှာပါလို့ ယုံကြည်ပါတယ်။

အားမရတာက အလှူငွေတွေကို ဘဏ်တိုး ထိုင်စား ဖို့ထက်, မိမိ အသင်းတော်ကြီးထွားဖို့ ထက် , ဆင်းရဲသားတွေကို ဆန်တအိတ် ဖြစ်ဖြစ် ဝေပေးရင် ပိုမကောင်းဘူးလား တွေးကြည့်တာပါ။

ယေရှုကိုယ်တိုင် ဆိုရင်လည်း အသင်းတော်ကငွေ မထိရဘူး , ဘဏ်တိုးနာမယ်, ငါတို့ အချင်းချင်းပဲ ကြိတ်ပြီး ကူညီကြရအောင် လို့ ပြောမယ်မထင်ဘူး။

ကျွန်တော့ အတွေးပါ။ အားမလို အားမရ ဖြစ်မိတာ အမှန်ပါ။ တစ်ချို့ကို ပြောနေတာပါနော်။ အားလုံးကို မဆိုလိုပါဘူး။ နာမည်တပ်ရေးစရာကို မလိုပါဘူး။ ကို့ဆရာတွေ covid ကာလ ဘာလုပ်နေကြလဲ? အခုကော ဘာလုပ်နေကြလဲ ? သင်တို့လှူထားတဲ့ငွေတွေနဲ့ သင်တို့ခက်ခဲတဲ့အခါ ဘာပြန်ကူညီပေးလဲ ?

စဉ်းစားပါ။ တွေးကြည့်ပါ။

အခုလိုရေးရတာလဲ စိတ်ဝမ်းကွဲဖို့ မဟုတ်ပါဘူး။ အိပ်ပျော်နေရင် နိုးအောင် နှိုးပေးတာ ဖြစ်ပြီးတော့ နိုးနေရင်လည်း အိပ်မပျော်အောင် သတိပေးတဲ့ သဘောပါ။

ကဲ.. ဆဲချင်လာဆဲ လို့ရပြီနော်။

Edit: အခုတောင် message box မှာဘုရားသခင်ဆုံးမပါစေတို့။ ဓမ္မဟောင်းမှာ ဘလို ဘာညာ တို့ ခြိမ်းခြောက် ကျမ်းပိုဒ်တွေနဲ့လာလာ ပြောနေကြပြီ။ အဲတော့ အဲ့လူတွေကိုလည်း ပြောပါရစေ။ လာမပြောပါနဲ့။ သန့်ရှငိးသော ဝိဉာဥ်တော် ရှိပါတယ်။ ခင်ဗျားတို့ လာပြောစရာကိုမလိုတာပါ။ ကျွန်တော် မှားရင် သူဆုံးမလိမ့်မယ်။ ခင်ဗျား တို့ပြောစရာမလိုပါဘူး။ ကို့ အလုပ်သာ ကိုလုပ်ကြပါ။ ကို့ ဝိဉာဥ် ကိုယ်သန့်အောင်သာနေကြပါ။

Credit
Myanmar Justice League

Address

55 , Shangone Street , Myay Ni Gone
Yangon
11181

Telephone

+959777747759

Website

Alerts

Be the first to know and let us send you an email when Israel Online Store International posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Israel Online Store International:

Share

Category