25/05/2024
အမျိုးသမီးလေးများကို အရင်ကထက် ပိုလှနိုင်စေဖို့ Outfit ရွေးတဲ့အချိန်မှာ အသုံးဝင်နိုင်မယ့် အချက်(၅)ချက်ကို JOVIE မှ ဖော်ပြပေးလိုက်ပါတယ်နော် 💓
📌 Know your body type
မိမိ၏ ခန္ဓာကိုယ်ပုံသဏ္ဍာန်(body shape)အမျိုးအစားကို သိရှိထားခြင်းသည် အမျိုးသမီးများအတွက် Outfit ရွေးချယ်ခြင်းနှင့် တွဲဖက်ဝတ်ဆင်ခြင်းများတွင် ပိုမိုလွယ်ကူစေနိုင်ပါသည်။
📌 Color combination
အရောင်များကို လိုက်ဖက်ညီအောင် တွဲစပ်ဝတ်ဆင်တတ်ပါစေ။မတူညီသောအရောင်များကို သင့်လျော်အောင် တွဲစပ်၍ ဝတ်ဆင်နိုင်ခြင်းသည်လည်း မိမိ၏ outfit style ကို Upgrade ဖြစ်စေနိုင်ပါသည်။
📌 Accessorize Smartly
မိမိ၏ Fashion နဲ့ လိုက်ဖက်သော Accessoriesများအား ဝတ်ဆင်ခြင်း (ဥပမာ-လက်ပတ်နာရီ၊ဆွဲကြိုး၊နားကပ်၊ဦးထုပ်)များကို လိုက်ဖက်ညီအောင် ဝတ်ဆင်ခြင်းဖြင့်လည်း မိမိ၏ fashion ကို perfect ဖြစ်စေနိုင်ပါသည်။
📌 Shoes Matter
မိမိ၏ Fashion နှင့် လိုက်ဖက်ညီစေမည့် ဖိနပ်ကို ရွေးချယ်တတ်ရန်လည်း အရေးကြီးပါသည်။မတူညီသော outfit အမျိုးအစားများအတွက် ရွေးချယ် ဝတ်ဆင်စရာ ဖိနပ်အမျိုးအစားများရှိနေရန် လိုအပ်ပါသည်။
📌 Self confidence is the best outfit
မိမိကိုယ်ကို ယုံကြည်မှုတိုးစေမည့် အဝတ်အစားများအား ရွေးချယ်တတ်ပါစေ။Self Confidence ရှိခြင်းသည် လူအများကြားတွင် သင့်ကို ပိုမိုထင်ပေါ်စေမည့် အရေးပါသော အချက်တစ်ချက်ဖြစ်ကြောင်း သတိပြုရန်လိုအပ်ပါသည်။
Please Like and Follow our page for more tips 💓