14/05/2024
👭ညီအမနှစ်ယောက်အဖော်ရလာပြီ..
ဟေလီငယ်ငယ်ကတော့
👉🏻ခန်ဇီ့ကိုဂရုစိုက်တာနဲ့ attention ရှာတာ၊
👉🏻ခန်ဇီအိပ်နေတဲ့အချိန်အသံသွားပေးပြီးနိုးအောင်လုပ်တာ
👉🏻ဆော့ရင်းအလိုမကျရင် ခန်ဇီ့ကိုထုလိုက်တာ
👉🏻ပစ္စည်းလုတာ..မျိုးစုံကြုံခဲ့ရတယ်။
🩷သက်စုကတော့ ကလေး၂ ယောက်ကိုအမြဲတန်းတူဆက်ဆံတယ်။
🩷ခန်ဇီကအခုဆိုအရမ်းစားနိုင်လာတော့
ဟေလီစားသလိုသူ့ကိုကျွေးတယ်။
🩷အိမ်အလုပ်လေးတွေတူတူလုပ်ခိုင်းတယ်။
🩷အရုပ်တစ်ခုဆို တူတူဆော့လည်းမလုဘဲ
တစ်လှည့်စီဆော့ရမယ်
စောင့်မှကိုယ့်အလှည့်ကျမယ်ပြောပြထားတယ်။
🩷တစ်ယောက်နဲ့တစ်ယောက်ကြမ်းကြမ်းတမ်းတမ်းမကိုင်ရဘူး၊ နာအောင်မလုပ်ရဘူးဆိုတာသင်ပေးတယ်။
👭ကလေး ၂ ယောက်အပေါ်ယှဉ်ပြီး
မပြောမိအောင်နေတယ်။
အဓိက ဘယ်လောက်ပင်ပန်းနေပါစေ
ဟေလီလေးကိုခန်ဇီနဲ့ယှဉ်ပြီး
” အကူအညီမရဘူး/ ရှုပ်တယ်/
နားညှီးတယ်/အသုံးမကျဘူး “
ဆိုတာမျိုးဘယ်တော့မှမပြောဘူး။
ဟေလီ့စိတ်ထဲမှာ
✔️သူ့လုပ်ရပ်တစ်ခုကြောင့်
သူ့ညီမလေးကိုပိုချစ်ပြီး
သူ့ကိုမချစ်တော့ဘူးအပြစ်တင်ကြတယ်
ဆိုတာမျိုးမဖြစ်အောင်ထားပါတယ်။
👭ဟေလီကိုအရင်လို
သီးသန့်အချိန်ပေးဖြစ်အောင်
စာတူတူဖတ်တာ၊ စာတူတူလုပ်တာ၊
စကားပြောတာ တွေအမြဲလုပ်တယ်။
ခန်ဇီကတော့
ဟေလီကျောင်းသွားနေတဲ့အချိန်
သီးသန့်အချိန်ပေးဖြစ်တယ်။
👭သမီးလေးတွေ
တစ်ယောက်ကိုတစ်ယောက်
ချစ်ကြတဲ့အကြောင်းနေတိုင်းပြောပြတယ်။
တစ်ယောက်နဲ့တစ်ယောက်ဖက်ခိုင်းတယ်။
👭တစ်ဖြည်းဖြည်းနားလည်အောင်ရှင်းပြပြောပြရင်းအခုဆို တစ်ယောက်ပေါ်တစ်ယောက်နားလည်တာ၊စာနာတာ၊ သည်းခံတာ၊လိုက်လျောညီထွေအောင်နေတတ်လာတာ အထူးသဖြင့်အထာနပ်လာပြီး ပိုချစ်လာကြပါတယ်။
အမြဲတည့်နေတယ်လို့မဆိုလိုပေမဲ့
ပြသနာတစ်ခုဖြစ်လာရင် သူ
တို့အရွယ်လေးတွေနဲ့သူတို့ကြိုးစားဖြေရှင်းရင်း ✔️အကြီးအကျယ်ရန်ဖြစ်တာတွေ၊
✔️ပြောမရဘဲအော်ရတာတွေမရှိလာတော့ဘူး။
တစ်ယောက်နဲ့တစ်ယောက်အမြဲ
ဂရုစိုက်ပြီးချစ်သွားကြပါနော်။🩷
👗Classic Me
ချစ်ခြင်းမေတ္တာဖြင့်
သက်စုဝင်း
Crd MotherhoodByThetSu