21/11/2020
အတွေးလွန်ခြင်းပြဿနာ
တစ်ခါတစ်လေမှာ
ကျနော်တို့လူသားတွေအားလုံးက
မဖြစ်နိုင်တဲ့အရာတွေ နဲ့
ပြင်လို့မရတဲ့ ကိစ္စတွေမှာ
စိတ်ပင်ပန်းအချိန်ကုန်ခံပြီး
တသသနဲ့စိတ်ကူးတွေယဉ်နေတတ်ကြတယ်။
တကယ်တော့ဒါတွေပာာ
လက်တွေ့ဖြစ်နေသလားဆိုတော့
တကယ်လည်း ဖြစ်မနေခဲ့ဘူး။
ဒါဆိုရင်ဘာအတွက်ကြောင့်နဲ့များ
မလိုအပ်တဲ့ကိုယ့်ရဲ့ အချိန်တွေကို
မလိုအပ်တဲ့နေရာတွေမှာ
မှားယွင်းစွာအသုံးချနေရသလဲ❓
ဒါပာာလူတစ်ယောက်အတွက်
လျစ်လျူရှု့ထားလို့မရနိုင်တဲ့အရာပဲ။
ဘဝဆိုတာ ထင်သလောက်
မရှည်လျားဘူး။
သိပ်တိုတောင်းတယ်။
ဒါကိုသိရှိနားလည်းထားဖို့ လိုပါတယ်။
နာရီတွေ/စက္ကန့်တွေက အချိန်နဲ့အမျှ
ရွေ့လျားနေတယ်ဆိုတာသတိရှိပါ။
အကောင်းမွန်ဆုံးလုပ်ဆောင်သင့်တဲ့
အခြေအနေတွေကို ဆိုင်းငံကြန့်ကြာ
နေတာမျိုးမဖြစ်စေပါနဲ့။
လူတစ်ယောက်ရဲ့ရှင်သန်မှုဆိုတာ
နေမြင်ညပျောက်ဆိုသလိုပါပဲ။
ဒီနေ့ ကျနော်တို့ကျန်းမာစွာ
ရှင်သန်နေထိုင်နိုင်ပေမယ့်
မနက်ဖြန်မှာ လူလောကကို
နှုတ်ဆက်သွားနိုင်တယ်။
အခုလက်ရှိမြင်နေရပေမယ့်
ခဏလေးနဲ့ ကွယ်ပျောက်သွားနိုင်တယ်။
ဒါပာာ မမြင်နိုင်တဲ့ လူတစ်ယောက်ရဲ့
ကံကြမ္မာလှည့်ကွက်ပါပဲ။
ဒါတွေကို ကောင်းကောင်း
နားလည်ဖို့လိုပါတယ်။
ဒါမှ လက်ရှိဘဝရဲ့ဖြတ်သန်းပုံတွေကို
ကောင်းကောင်းရင်ဆိုင်နိုင်ဖို့
စွမ်းအားတွေရှိလာမှာပါ ။
တကယ်တော့
လူတစ်ယောက်ရဲ့ဘဝဆိုတာ
ထိုသူနဲ့ပဲတိုက်ရိုက်ဆက်ဆက်နေတာပါ။
မိမိကောင်းလျှင်မိမိဘဝလှပပျော်ရွှင်မယ်။
ဘယ်လိုဘဝမျိုးမှာပဲ
ရှင်သန်ရပ်တည်နေပါစေ။
လှပပျော်ရွှင်အောင်နေလို့ရပါတယ်။
မိမိသာမကောင်းခဲ့လျှင်မိမိဘဝလဲ
ပျော်ရွှင်မှုတွေ လှပမှုတွေကို
ပိုင်ဆိုင်နေမှာမဟုတ်သလို
အဆုံးသတ်ဘဝလည်း
လှပနေမှာမဟုတ်ပါဘူး။
ဒါပာာ မိမိပြုတဲ့ လုပ်ရပ်တွေအပေါ်မှာပဲ
မူတည်နေပါတယ်။
တကယ်တော့
“အတွေးလွန်ခြင်းရဲ့
အဓိကပြဿနာပာာ
မိမိဘဝကို ဘယ်တော့မှ
သာယာပျော်ရွှင်စေနိုင်မှာ
မဟုတ်ပါဘူး”။
ဒါ့ကြောင့်မလိုအပ်တာတွေကိုအချိန်ကုန်ခံပြီး
ကိုယ့်ကိုယ်ကိုထပ်ပြီးမနှိပ်စက်ပါနဲ့တော့။