Men Thrift Clothes Ygn

Men Thrift Clothes Ygn Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Men Thrift Clothes Ygn, Clothing (Brand), Yangon.

01/04/2025

🚩ဓလေ့အမှားတွေကြားက ရှင်ပြုနဲ့ ဒါန

တောမြို့ မကျန် ဗမာ့ဓလေ့ဆိုပြီး ရှင်ပြုအလှူကို ဂုဏ်တုဂုဏ်ပြိုင်လုပ်ကြတာ ခုထိပဲ။ခုတောင်ခေတ်မကောင်းလို့ မျက်စိနောက်အောင်မမြင်ရတာ။

ဘာလို့ရှင်ပြုသလဲမေးရင်၊ရှင်ရဟန်းအမဖြစ်ချင်လို့ ၊ရှင်ရဟန်း အဖေအမေဖြစ်ရင်ပဲ သေရင်စိတ်ချရတဲ့ ဘ၀တခုခုကိုရသလိုလိုဓလေ့စကား ဂျင်းစကားရှိတော့လုပ်ကြတာပဲ။

ဘယ်လောက်တောင်ဒါကိုမက်ကြသလဲဆိုရင် သားလေးများ ရှင်မပြုရရင် လူဖြစ်ကျိုးပဲမနပ်သလိုလိုကို ထင်ကြတော့တာ။လူတွေ အတိဒုက္ခရောက်လို့ ရင်ထဲဗလောင်ဆူချိန်တောင် ဇွတ်ရှင်ပြုချင်နေတာမျိုးပေါ့။

ရှင်မပြုရရင် လူဖြစ်ကျိုးမနပ်တာ သားသမီးလား?
ကိုယ်လားတောင် မသိလောက်အောင်ကို ရှင်ပြုပေးချင်ကြတာပဲ။

ဒါကြောင့်လည်း ကျွဲလိုနွားလိုရုန်းပြီးပိုက်ဆံစုလို့ရတဲ့သူကလည်းရှင်ပြုမှရှင်ပြု မှန်းထားတာမလောက်ရင် လယ်ပေါင်ယာပေါင် အတွင်းပစ္စည်းပေါင်ယုံမက အကြွေးခပ်ပါးပါးပါ ယူပြီးလှူကြသေးတယ်။

လှူတန်းတော့ပြီးပါပြီး သားရှင်ရဟန်းက ရဟန်းအသိ ရဟန်းဘ၀ရဖို့ဝေးစွ စာအဖြစ်ကျက်ရတဲ့သင်္ဃန်းတောင်းတောင်မရဘူး။

ကိုယ်သာ သိနိးရာချီကုန်တာ စားရတဲ့လူကြတော့တလုပ်တဆုပ်ရယ်။

ရှင်လည်းပြုပြီးရော တချို့များဖြူကာပြာကာကျရော။

ရှင်မပြုခင်က အစိုးရကျောင်းမှာ ပေါပေါသီသီ စာ‌ေရးကိရိယာစုံစုံလင်လင်နဲ့ ထားနိုင်တဲ့ ကိုယ့်သားသမီးပညာရေးစာရိတ်က ရှင်ပြုပြီးတဲ့အခါ ချို့ချို့တဲ့တဲ့တဲ့ဖြစ်ကုန်ရော။

ဒါနဲ့မ‌ေတာ်အရင်းအနှီးကနည်းလို့ စီးပွားကျတော့ ကလေးတွေခင်ဗျာ တ၀က်တပျက်ကျောင်းထွက်ရရော။ဒါမျိုးက ကိုယ့်ပတ်၀န်းကျင်မှာအများကြီး။ ကိုယ့်ရဲ့ဘာမှန်းမသိတဲ့အာသာဆန္ဒအတွက် ဉာဏ်မကူတဲ့အလှူလုပ်ရင်း ကိုယ့်ကလေးတွေအနာဂါတ် ဝေဝါးသွားရတာကိုပြောပြတာပါ။

ရွာက ကိုယ့်ဦးလေး ဦးသောင်းရည် ပြောတာရှင်းတယ်၊ငါ့သားတွေရှင်မပြုပေးရတာအကြောင်းမဟုတ်ဘူးကွတဲ့ ဆယ်တန်းအောင်အောင်မထားနိုင်ရင် မိဘ၀တ္တရားကျေတယ်မထင်ဘူးတဲ့။ငါရှင်မပြုဘူး အဲဒီပိုက်ဆံတွေကို ငါ့ကလေးတွေပညာတတ်ဖြစ်အောင်သုံးမယ်တဲ့။

ဆိုလိုချင်တာက ကျုပ်တို့တိုင်းပြည်က မီရိုးဖလာထေရဗုဒ္ဓဘာသာ၀င်တွေဟာ အတွေးအခေါ်အလွဲတွေကိုဓလေ့အဖြစ်ယူပြီး မှားနေကြတာဟာ တကယ်ကို ပိန်းပိတ်နေအောင်မှောင်တာပါပဲ။

ဒါနဆိုလည်း ပြုကြတဲ့အခါ လွဲကြတာပဲ။လူလူချင်း လူဆိုတဲ့ တရပ်တည်း‌ေနသင်္ဂဟအချင်းချင်း မွေးချင်းနီးစပ်ရာအချင်းချင်းချို့တဲ့မှုတွေ့ရင် တကယ်လိုအပ်တဲ့အပိုင်းကနေ ကူညီဖြည့်ဆည်းတဲ့ဒါနထက် ရှင်ပြုဖို့၊ကထိန်သင်္ဃန်းလှူဖို့၊ ဘုရားတည်ဖို့၊မဟာရံတံတိုင်း‌မုဒ်ဦးလှူဖို့၊တရားစခန်းကိုလှူဖို့ စတာတွေပဲ မျက်စိကျကြတာများပါတယ်။

တကယ်ကို လိုအပ်နေတဲ့ကိုယ့်ပတ်၀န်းကျင်က ပညာရေး ကျန်းမာရေး စား၀တ်နေရေးချို့တဲ့‌ နေသူတွေကို ပံ့ပိုးကူညီဖို့ဆိုရင်တော့
အပေါ်ကပြောတဲ့အလှူဒါနတွေလောက်အလေးအနက်ခံယူချက်မရှိတာများပါတယ်။

သူစိမ်းဆိုထားပါတော့ တချို့များ ကိုယ့်မွေးချင်းအရင်းအချာထဲ ပညာရေး၊ကျန်းမားရေးအတွက်အခက်အခဲရှိလို့ လာအကူအညီတောင်းရင်သာ မပေးနိုင်တာ ဘာသာရေးအလှူကြ ငွေကိုပုံအောပြီးကိုလှူကြတာပါပဲ။

မုဒ်ဦးတခု၊ဘုန်းကြီးကျောင်းတကျောင်း၊ရှင်ပြု၊စတဲ့အလှူ စတဲ့ဟာတွေရဲ့ကုန်ကျစာရိတ် သိန်းရာဂဏန်းဟာ ကိုယ့်အနီးအနားရပ်ကွက်ထဲက လမ်းဘေးရောက်သွားနိုင်တဲ့ ရာနဲ့ချီတဲ့လူငယ်လူရွယ် တွေကို အတတ်ပညာ၊အသိပညာ၊သက်မွေးပညာ တပ်ဆင်ပေးနိုင်တဲ့ ငွေကြေးပမာဏပါ။

ဒါပေမယ့် လွဲမှားတဲ့ ဘာသာရေးဓလေ့ထုံးတမ်းတွေအောက်မှာ လွဲမှားတဲ့ အမျှော်အကြောက်အလှူတွေဟာ တလွဲဆံပင်ကောင်းနေကြဆဲပါပဲ။

ဒါမျိုးဟာ ကိုယ်နဲ့တခြားသူကြား ကိုယ့်အတ္တ အရောင်ပိုတောက်ကြောင်းပြဖို့ရည်ရွယ်တဲ့မျှဝေမှု #အတ္တဟိတအလှူသာဖြစ်မှာပါ။ဒါန မဖြစ်ပါဘူး။

ဒါနဟာ Sharing ပါ။ ပိုသူက လိုသူကို ဖြည့်ဆည်းမျှဝေမှုပါ။ ညီမျှတဲ့ရှင်သန်မှုဖြစ်ဖို့ လူ့အသိုက်အ၀န်းထဲ ဆွေမျိုးဉာတက လူအချင်းချင်း ကောင်းမွန်ရှင်သန်အသက်ဆက်နိုင်ဖို့ ပိုနေသူက လိုနေသူကို မျှဝေသုံးဆောင်စေတာဟာ #ဒါနရဲ့အနက်အဓိပ္ပာယ်ပါ။

သဘာ၀ဘေးဒဏ်ကြောင့် လူတွေအတိဒုက္ခရောက်ချိန်မှာ လူအချင်းချင်းစောင့်ရှောက်တဲ့အနေနဲ့ အစားအသောက်အနေအထိုင် ဆေးဝါး လိုနေသူတွေကို ရှိနေသူတွေက လက်ကမ်းမျှဝေမှုမျိုးကသာ ဒါနရဲ့အနှစ်သာရပါ။

ခုခေတ်ဆိုမြို့ပြတွေမှာရောကျေးလက်မှာပါ ကျောင်းသားလေးတစ်ယောက်အတွက် စာအုပ်တစ်အုပ် ၁၃၀၀
တစ်နေ့မုန့်ဖိုး၅၀၀ လောက်ကို နေ့စဉ်မဟုတ်ပဲ ရက်ခြားတောင်မတတ်နိုင်တဲ့ မိသားစုတွေရှိနေပါတယ်။

အဲဒီအကြောင်းအရာလေးကြောင့် ကျောင်းထွက်ခဲ့ရတဲ့
ကျောင်းမတက်ရဲတဲ့ ကျောင်းမတက်ချင်တဲ့ ကျနော်တို့
ကလေးတွေ ဘယ်လောက်ရှိခဲ့ပြီလဲ?စဉ်းစားကြည့်ရင်
အလွန်ဝမ်းနည်းဖို့ကောင်းပါတယ်။

ကလေးတစ်ယောက်
ကျောင်းမတက်နိုင်တာဟာ နောင်တချိန်မှာ ရပ်ကွက်အတွက် ရဲစခန်းတခုအတွက် အများကြီးအလုပ်များသွားနိုင်ပါတယ်။အဲဒီကွက်လပ်ကိုဖြည့်ဖို့ လူသားတ‌ ယောက်အနေနဲ့ ဖြည့်ဆည်းချင်တယ်ဆိုရင် နွမ်းပါးတဲ့ကျောင်းသားတစ်ယောက်အတွက် တစ်ရက် ၅၀၀
မုန့်ဖိုးကူညီရင် တပတ် ၂၅၀၀/-နဲ့ တစ်နှစ်လုံးမှ
၁၀၀၀၀၀/-ပဲ ကုန်မှာပါ အဲဒါမှ မတတ်နိုင်ရင် တစ်လ ၄ပတ်စာ ၁၀၀၀၀/-နှုန်းနဲ့ အမြဲစဉ်ဆက်မပြတ်ကူညီရင်း
ရေရှည်တည်တံ့တဲ့ မွန်မြတ်တဲ့ပညာရေး ကူညီမှု လုပ်လို့ရနိုင်ပါတယ်။

ဒါမှမတတ်နိုင်သေးဘူးဆိုရင် တနှစ်ကို အပင်လေး (၁၀)ပင်လောက် ကိုယ့်‌ မွေးနေ့ ၊ ကိုယ့်မှာအောင်မြင်မှုတခုရတဲ့‌နေ့ ၊ဒါပြင် စိုက်ချင်သပဆိုရင် ဆရာတော်ကြီး‌ေမွး‌ေန့စသည် အရွယ်ရောက်တဲ့လူတိုင်းစိုက်ကြရင် တနှစ်ကို အပင်ပေါင်းသန်းရာချီဖြစ်နေမှာပါ။

ဒီလိုမျိုး ကလေးတွေအပေါ်မှာ စောင့်ရှောက်ပေးတာမျိုး ၊သဘာ၀တရားရဲ့ ဂေဟစနစ်အကျိုးပြုမှုကိုမြင်လို့ ကိုယ့်အချိန် ဉစ္စာထဲကမျှဝေတာမျိုးကသာ လူ့အသိုက်အ၀န်းတခုလုံးလွမ်းခြုံတဲ့ #ပရဟိတဒါနလို့ခေါ်တဲ့ အများနဲ့စပ်ဆိုင်တဲ့ဒါနဖြစ်မှာပါ။

ခုလည်တနိုင်ငံလုံး ရေလျှံလို့ လူ့အသိုက်အ၀န်းလူအချင်းမျှဝေကြရတာတွေ လုပ်နေကြရပါတယ်။
တနိုင်ငံလုံးရွာတွေမီးလောင်တာကို‌ေတာ့ ပြန်လည်ထူထောင်ဖို့မျှဝေတာတွေတော့မလုပ်နိုင်ကြသေးပါဘူး။ဒီကြားထဲ ငလျင်ဘေးဆိုတော့ ပိုပြီးဆိူတဲ့အခြေအနေပါ။

တခုသိထားရမှာက ဒီမီးဘေးရေဘေးတွေဖြစ်ရတဲ့ အရင်းအမြစ်က တခုတည်းဆီကလာတာပါပဲ။ဘယ်ကလဲ?လူ့အသိုက်အ၀န်းကို ခေါင်းဆောင်ဖို့နေရာယူထားသူတွေရဲ့အသိဉာဏ်မဲ့မှုကနေလာတာပါ။

အသိဉာဏ် ချို့တဲ့တာမဖြစ်အောင် အသိဉာဏ် ပြည့်၀သူ တည့်မတ်သူတွေက လိုအပ်နေသူတွေကို အသိဉာဏ်ဖြည့်ဆည်းနိုင်အောင် ကူညီဖေးမတာဟာ #ဒါနပါပဲ။အသိဉာဏ်ပြည့်၀သူတွေများမှ အသိဉာဏ်ချို့တဲ့လို့ဖြစ်ရတဲ့ လူ့အသိုက်အ၀န်းရဲ့ပဋိပက္ခတွေဟာ ပါးလျသွားမှယပါ။မဟုတ်ရင် ဒီလိုပဲ အဆိုးတွေကြုံနေရမှာပါ။

ဒီအသိဉာဏ်မဲ့သူတွေကို ခေါင်းဆောင်‌ နေရာကမဖယ်နိုင်မချင်းကျွန်တော်တို့ကိုယ်တိုင် အတ္တဟိတဆန်တဲ့ အသိဉာဏ်မဲ့မှုတွေ ကျွန်တော့်ဆီကဖယ်မထုတ်နိုင်မချင်း ဒီမီးဘေး ရေဘေးတွေထက်ဆိုးတဲ့ ကြောက်စရာပိုကောင်းတဲ့ ဘေးတွေ မမြင်ချင်မကြားချင်အဆုံး နောက်လည်း ခပ်စိပ်စိပ်ကြားရဦးမှာပါ။

ပရဟိတဟာ ဒါနဟာ လူ့အသိုက်အ၀န်းထဲဖြစ်နေတဲ့ ပြဿနာရဲ့ #အရင်းအမြစ်သမုဒယကို ရှေးရှုပြီး ပြဿနာသမုဒယအရင်းအမြစ်ချုပ်ငြိမ်းပြီး လူ့အသိုက်အ၀န်းသာယာဖို့ ရည်ရွယ်ချက်ရှိပါတယ်။

ဒီလူ့အသိုက်အ၀န်းထဲက ဒုက္ခတွေရဲ့ သမုဒယအရင်းအမြစ် ဇစ်ကမြစ်ကို မရှင်းနိုင်ရင် ခင်ဗျား ကားအကောင်းစားစီး၊တိုက်အကောင်းစားနဲ့နေ ၊ဘာမဆိုစားသောက်နိုင်လည်း ဒီဒုက္ခတွေကနေ ခင်ဗျားလည်းလွတ်မှာ မဟုတ်ဘူးဆိုတာနှလုံးသွင်းတတ်ဖို့ပါပဲ။

ခင်ဗျားစီးနေတဲ့ကားဟာ၊နေနေတဲ့တိုက်ဟာ အချိန်မရွေးအမှိုက်ပုံ ပြာ ဖြစ်နိုင်သလို ၊ ခင်ဗျားစားခွင့်ရနေတဲ့ အစားတွေက အာဟာရဖြစ်ဖို့ထက် ခင်ဗျားကိုအသက်တိုစေမှာပါပဲ။

Crd ကိုနန္ဒမိုး

ဒါနဟာ လူ့အသိုက်အ၀န်းရဲ့ဒုက္ခအရင်းအမြစ်ကို ဖယ်ရှားနိုင်ဖို့သာရည်ရွယ်ရပါတယ်။

#ကိုနန္ဒမိုး

07/02/2025

ကောင်းသောညပါ
တရားနာပြီး အိပ်ကြမယ် 🙏🙏🙏
Crd Vdo

01/09/2024

ကိုယ့်ရင်ထဲက အမုန်းတရားများ ဖြေဖျောက်ဖို့ နည်းလမ်း ၅ သွယ်

30/08/2024

မနက်ခင်းမှာ ကောင်းသောမနက်ခင်းဖြစ်စေဖို့ ဤတရားတော်နာယူပါ

16/07/2024

ဒီလိုလား
Crd

11/07/2024

နွေအတွက် တစ်လက်လောက်ရှိသင့်တယ် 😅
Crd

10/07/2024

ရာသီဥတုနဲ့အလိုက် ဒါမျိုးစား 😋
Crd

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Men Thrift Clothes Ygn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share