Lak Hmu Gift Ideas

Lak Hmu Gift Ideas မြန်မာ့ '' လက်မှု '' ပစ္စည်းများ

ဒီကာလကြီးထဲ ငွေစုဖို့ စုဗူးရောင်းရတာတော့အားနာမိပါတယ်ဒါပေမဲ့ လက်ဆောင်ပေးဖို့တို့တခြားလိုအပ်လာတာလဲရှိလာနိုင်တာမို့ရောင်းပါ...
09/08/2023

ဒီကာလကြီးထဲ ငွေစုဖို့
စုဗူးရောင်းရတာတော့အားနာမိပါတယ်
ဒါပေမဲ့ လက်ဆောင်ပေးဖို့တို့
တခြားလိုအပ်လာတာလဲရှိလာနိုင်တာမို့
ရောင်းပါရစေ

စုဗူးဆိုတာထက်
သူ့မှာပါတဲ့ သော့လေးကို သဘောကျလို့
တကူးတက ထုတ်ရောင်းဖြစ်တာပါ

🔒သော့ခလောက်က
Tom & Jerry ကာတွန်းကားထဲက
Vintage ဒီဇိုင်းပုံလေးပါ။

သော့ပုံကလဲ ငယ်ငယ်က
သော့ခတ်စာအုပ်ထဲကလို
ထူးထူးဆန်းဆန်း လေးမို့ပါ။

📏အမြင့် ၈ လက်မ
📏အ၀အကျယ် ၅ လက်မ ရှိပါတယ်
မြင်သာအောင် ပြောရရင် လက်တိုဂျင်
နို့မုန့်ဗူးထပ် အနဲငယ်ကြီးပါတယ်။

စာသားက အားလုံးနဲ့လိုက်ဖတ်
ပနံသင့် မင်္ဂလာရှိတဲ့ နမိတ်ဆောင်တဲ့
❝ ရွှေစုရန် ❞ ဆိုတာပါ။

ရောင်းဈေးက တဗူးကို
၁၂၅၀၀ ပါ

❤️အတွင်းကတ္တီပါခင်းအပြီး
❤️သော့ခလောက် သော့တွဲပါအပြီးအစီးဈေးပါ။

ပိုးသတ်ပေါင်းတင်ပြီးသား ဝါးပိုးဝါးတွေမို့
အနည်းဆုံး အချိန်ကာလ (၄) လ အတွင်း
မှိူမတက် ပိုးမထိုးစေဖို့ အတိအကျ အာမခံပါတယ်။

မှာယူလိုပါက တပတ်အတွင်းပို့ပေးပါတယ်ရှင်
prepaid

ကောက်ရိုးပန်းချီလေးတွေပါကောက်ရိုးလေးတွေကိုဖြတ်ဆပ်ပြာရည်လေးနဲ့ ပိုးမထိုးအောင်ဖြန်းပြန့်အောင်ဖြန့် မီးပူ​လေး တိုက်ပန်းချီပ...
05/08/2023

ကောက်ရိုးပန်းချီလေးတွေပါ

ကောက်ရိုးလေးတွေကိုဖြတ်
ဆပ်ပြာရည်လေးနဲ့ ပိုးမထိုးအောင်ဖြန်း
ပြန့်အောင်ဖြန့် မီးပူ​လေး တိုက်
ပန်းချီပုံလေးပေါ် ကော်နဲ့ကပ်
ပုံတူလေးလိုက်ဆွဲ
အနုစိတ်လွန်းတဲ့ မြန်မာ့ အနုပညာလက်ရာတခုပါ...

လက်ဆောင်ပေးဖို့ အတွက်ကော
မိမိစားပွဲ နံရံ​တွေ မှာ အလှချိတ်ထားဖို့လဲ
အဆင်ပြေပါတယ်..
နိုင်ငံခြားသား မိတ်ဆွေတွေကို လက်ဆောင်ပေးဖို့အတွက်လဲ သင့်တော်ပါတယ်..

instock တချပ်စီ ရှိပါတယ်ရှင်
10,000 ကျပ်ပါ
(ဘောင် အနက်ကလေးနဲ့သာ ရပါတယ်နော်)

ဒါလေးတွေကတော့ Lak Hmu ဆိုင်လေးကိုရောက်လာတာနဲ့ တင်မရောင်းရသေးခင် ကုန်ကုန်သွားတဲ့ Bookmark အတွဲလေးတွေပါ ကိုယ်တိုင်သုံးဖို့...
29/07/2023

ဒါလေးတွေကတော့ Lak Hmu ဆိုင်လေးကိုရောက်လာတာနဲ့ တင်မရောင်းရသေးခင် ကုန်ကုန်သွားတဲ့ Bookmark အတွဲလေးတွေပါ
ကိုယ်တိုင်သုံးဖို့ပဲ ​ဖြစ်ဖြစ် လက်ဆောင်ပေးဖို့ပဲ ဖြစ်ဖြစ်
လူကြိုက်များတဲ့ ပစ္စည်းလေးဖြစ်ပါတယ်

ဒါလေးတွေက instock ပါ

အာမခံကုမ္ပဏီ တစ်ခုမှ စုဘူး ၄၀ ဘူး မှာယူအားပေးသော အကို အမများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်...
29/07/2023

အာမခံကုမ္ပဏီ တစ်ခုမှ
စုဘူး ၄၀ ဘူး မှာယူအားပေးသော အကို အမများအားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်...

ဒါလေးတွေက instock ရှိပြီးသား စုဘူး အသေးလေးတွေပါရှင်စုဘူးအသေးလေးတွေကို မှာယူထားသော customerလေးများကို တခုလောက် မေတ္တာရပ်ခ...
14/07/2023

ဒါလေးတွေက instock ရှိပြီးသား စုဘူး အသေးလေးတွေပါရှင်

စုဘူးအသေးလေးတွေကို မှာယူထားသော customerလေးများကို တခုလောက် မေတ္တာရပ်ခံချင်ပါတယ်ရှင် 🙏

အခုကာလက မိုးတွင်းဆိုတော့လေ ဝါးဗူးလေးတွေ အစိုပြန် မှိုတက်တာမျိုး ရှိတတ်ပါတယ်ရှင်၊
တတ်နိုင်သလောက် နေလေးပြပေးတာတို့ စိုထိုင်းဆများတဲ့ နေရာလေးတွေမှာ မထားဖို့ပါနော်..

နောက်ပြီး ဝါးဗူး large size တွေက ဝါးရင့်တွေ (size အကြီး) သုံးပေမယ့် small size လေးတွေကိုတော့ ဝါးsize သေးတာလေးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်၊
ဒိအတွက် အခန့်မသင့်လို့ ဝါးနုလေးတွေပါလာခဲ့ရင် ပိုးထိုးတာလေးတွေ မဖြစ်အောင် သတိထားကြည့်ပေးပါနော်..

အကယ်၍များ ဗူးအောက်ဘက်မှာ ဝါးအမှုန်လေးတွေကျနေတာမျိုးတွေ့ရင် ​ဗူးလေးမှာလဲ ဝါးပိုးထိုးထားတဲ့ အပေါက်လေးများရှိခဲ့ရင် အပေါ်က အဖုံးကို ကလန့်ခွာပြီး ပိုက်ဆံပြန်ထုတ်ပါနော်၊
ပိုက်ဆံလေးတွေ ပိုးကိုက်ကုန်မှာစိုးလို့ သတိပေးတာပါရှင်..

ဝါးဗူးတိုင်းတော့ မဖြစ်တတ်ပါဘူး၊ အကယ်၍များဆိုပြီး တွေးမိလို့ လိုရမယ်ရ သတိပေးတာပါ...

မှာယူအားပေးသော သူတစ်ဦးချင်းစီအား ကျေးဇူး အထူးတင်ရှိပါတယ်ရှင် ❤

အရင်ကတင်ပေးထားတဲ့ စုဘူးလေးတွေ အပြင် နောက်ဆိုဒ်တမျိုးလဲ ရနိုင်ပါသေးတယ်နော်ဗုတိုဆိုဒ် လို့ခေါ်ကြပါတယ် အဝအကျယ် ၄ လက်မ - ၅ လ...
13/07/2023

အရင်ကတင်ပေးထားတဲ့ စုဘူးလေးတွေ အပြင် နောက်ဆိုဒ်တမျိုးလဲ ရနိုင်ပါသေးတယ်နော်
ဗုတိုဆိုဒ် လို့ခေါ်ကြပါတယ်
အဝအကျယ် ၄ လက်မ - ၅ လက်မ
အမြင့် ၁၀ လက်မ ပါ

၇၅၀၀ ပါ

မိမိ နှစ်သက်ရာ စာလေးတွေရေးချင်လဲ ရေးပေးပါတယ်ရှင်၊ photo လေးနဲ့ ရေးချင်ရင်တော့ ၁၀၀၀ ကျပ်ပိုယူပါတယ်..

(သူကလေ ဗူးအကြီး Large size တွေလို ဝါးအရင့်ကိုသုံးထားတဲ့ အတွက် စိုထိုင်းဆများတဲ့ နေရာ ဒေသတွေမှာ ဖြစ်တတ်တဲ့ ဝါးမှိုတက်တာ၊ ပိုးထိုးတာတွေ တော်ရုံမဖြစ်တတ်ပါဘူးရှင်)

​​နောက်ပြီး ဒီ ဆိုဒ်လေးက ဗူးအကြီးရဲ့အမြင့်နီးပါးလောက်ရပြီး ဝါးလုံးပတ်လဲကြီးတယ် ဆိုတော့
ဗူးသေးလေးတွေထက် ဒီဗူးဆိုဒ်ကို ပိုပြီး recommend ပေးချင်ပါတယ်

pre order

12/07/2023

စုဘူးလေးတွေထဲ ငွေစုတဲ့အခါ မှိုတက်တာမျိုးလေးတွေ များများ မဆံ့တာလေးတွေ ဖြစ်မှာစိုးရင် ဒီလိုလေးစုကြည့်ပါနော်

ငွေကြေးအညံ့များ💷💵💴💶💸အဆင်ပြေလာစေသောယတြာတခု......လာဘ်လာဘပိတ်နေခြင်းရှာသမျှငွေမမြဲခြင်းအစရှိသည်တို့အတွက်......ငွေအကြွေးပြေလ...
10/07/2023

ငွေကြေးအညံ့များ💷💵💴💶💸
အဆင်ပြေလာစေသောယတြာတခု......

လာဘ်လာဘပိတ်နေခြင်း
ရှာသမျှငွေမမြဲခြင်း
အစရှိသည်တို့အတွက်......

ငွေအကြွေးပြေလည်လာစေတာထက် လက်ရှိမှာ ငွေလည်ပတ်မှု များလာပြီး
အဆင်ပြေလာတယ် အကြပ်အတည်းတွေ လည်းအဆင်ပြေလာတယ်

ငွေရဲ့ပေါများမှုဖြစ်လာမှ တော့ အကြွေးဆိုတဲ့
ငွေပြေလည်မှုရရှိလာမယ်

မည်သို့သော နေ့ရက်သားဖြစ်ဖြစ်လုပ်လို့ရပါတယ်

ဆန်ကိုမောက်မောက်ဖန်ခွက်ဖြင့်ထည့်ပါ.
အဆင်ပြေသောဖန်ခွက်သုံးလို့ရပါတယ်

ပိုက်ဆံတစ်ထောင်ကိုကန်တော့ချွန်ဖြင့်လုပ်ပြီး
ဆန်ခွက်မှာစိုက်ထားပါ.....
ဤဆန်ငွေခွက်ကိုဘုရားမှာကပ်လှုထားပါ.

ဆန်ကိုတပတ်တစ်ကြိမ်လဲပေးပါ

ဆန်ကို
စာကလေးငှက်များကို အစာကျွေးပါ

ပိုက်ဆံကိုဘုရားအတွက်လိုအပ်သော
ပန်း၊ဆီမီး တို့ကိုဝယ်နိုင်သလို
ရဟန်းသံဃာတော်များ မယ်သီလရှင်များကိုလည်း
လှူဒါန်း နိုင်သည်.....

#မင်္ဂလာရှိသောနေ့လေးဖြစ်ကြပါစေ

လူဆိုတာ မညည်းကောင်းဘူး     ***********************လူဆိုတာမရှိဘူး မရှိဘူး လို့ ညည်းပါများတော့တကယ်လည်း ရှိမလာတော့ဘူး။တကယ်ရ...
03/07/2023

လူဆိုတာ မညည်းကောင်းဘူး
***********************

လူဆိုတာ
မရှိဘူး မရှိဘူး လို့ ညည်းပါများတော့
တကယ်လည်း ရှိမလာတော့ဘူး။

တကယ်ရှိတဲ့သူကဘယ်တော့မှ ရှိတယ်လို့
မပြောဘူး။
ဘယ်လောက်ကြီးချမ်းသာနေပါတယ်လို့လည်း
မကြွားဝါဘူး။

ဒါပေမဲ့
သူတို့မပြောတဲ့စကားတစ်ခွန်းတော့ရှိတယ်။
အဲဒါကတော့လုပ်ငန်းထဲ
ဘယ်လောက်ပဲ အကြွေးတွေတင်တင်
ဘယ်လောက်ပဲ အဆင်မပြေပြေ
ဘယ်သောအခါမှမရှိဘူးလို့ မပြောဘူး။
မဖြစ်နိုင်ဘူး မရနိုင်ဘူးလို့ မပြောဘူး။

မရှိဘူး၊ မဖြစ်နိုင်ဘူး၊ မရနိုင်ဘူး
စတဲ့ #ဘူး တွေ ပြောတာများရင်
တကယ် ရလာမယ့်ဟာတွေ ရမလာတော့ဘူး။
ရှိလာမယ့်ဟာတွေ ရှိမလာတော့ဘူး။
ဖြစ်လာမယ့်ဟာတွေ ဖြစ်မလာတော့ဘူး။
စကားနောက် တရားပါဆိုသလိုပဲ

မရှိဘူး၊ မရှိဘူး လို့ ပြောပါများရင်
အဲဒါ လာဘ်တိတ်တတ်ပါတယ်။

အခုချိန်မှာ
တစ်ခဏလေး မရှိတာဟာ တစ်ဘဝလုံးစာ မရှိတာမဟုတ်ဘူး။
ဒါကြောင့်ကိုယ့်ကိုယ်ကိုသိရင် ပြင်ပါ။
ပြောင်းလဲပါ။

ဘယ်သောအခါမှမရှိဘူး မပြောပါနဲ့။
သတိထားကြည့်ပါ
အမြဲညည်းနေတဲ့သူတွေဟာသူတစ်ပါးတွေ ခက်ခဲတာထက်ပိုခက်ခဲပါတယ်။



🚢ရွက်လှေ ဆိုတာ လေစုန်ရော ရေဆန်ကိုပါစက်တပ်ယာဉ်မပါပဲ လွှင့်ရတာတဲ့ရွက်လှေ မောင်းတတ်ဖို့က ခွန်အားနဲ့အတွေ့အကြုံ လိုသတဲ့ လောကဓ...
27/06/2023

🚢ရွက်လှေ ဆိုတာ
လေစုန်ရော ရေဆန်ကိုပါ
စက်တပ်ယာဉ်မပါပဲ လွှင့်ရတာတဲ့

ရွက်လှေ မောင်းတတ်ဖို့က ခွန်အားနဲ့
အတွေ့အကြုံ လိုသတဲ့

လောကဓံလိုပဲ
မုန်တိုင်းငြိမ်တဲ့အခါ ရှိသလို လေပြင်းထန်တဲ့
အချိန်လဲ ရှိသတဲ့

ကမ်းပြန်ကပ်နိုင်တဲ့ လှေတွေ ရှိသလို
ပြန်မရောက်နိုင်တဲ့ လှေတွေလဲ ဒုနဲ့ဒေး 🚤

ရွက်လှေ ပုံချိတ်ရတဲ့ အဓိပ္ပါယ်ကတော့
မငြိမ်သက်ဖြစ်နေတဲ့ လောကကြီးထဲ က
ကိုယ့်အဖြစ်ကို ငြိမ်သက်နေတဲ့ ဘောင်ထဲကနေပီး
ခနဖြစ်ဖြစ် ပြန်ငေးကြည့်ပီး
အသိသတိရှူမြင်တာကို မမေ့လျော့အောင်တဲ့

တီချယ် တယောက်က ရှင်းပြဖူးမှ နားလည်တာ

ပန်းချီကားတစ်ခုဟာ နားလည်သွားတော့လဲ
အဓိပ္ပာယ် ပိုရှိပြီး ပိုမှန်ကန်လာသလိုပဲ

ကော်ဖီလေးတခွက်ကိုင်ပြီး
ပန်းချီကားရှေ့ ထိုင် တစေ့စေ့တွေး ကြည့်
ဘဝက ထင်ထားတာထက် ပိုပီး
နည်းနည်းပျော်စရာ ပိုကောင်းလာမယ်

ပစ္စည်းလေးတွေ ရောက်လာပါပြီရှင်ဒါလေးတွေက Order တင်ထားတဲ့ ဗူးလေးတွေပါရနိုင်တဲ့ ပုံလေးတွေလဲ ဒီမှာ တင်ပေးထားပါတယ်ရှင်မိမိစိတ...
26/06/2023

ပစ္စည်းလေးတွေ ရောက်လာပါပြီရှင်
ဒါလေးတွေက Order တင်ထားတဲ့ ဗူးလေးတွေပါ
ရနိုင်တဲ့ ပုံလေးတွေလဲ ဒီမှာ တင်ပေးထားပါတယ်ရှင်
မိမိစိတ်ကြိုက်စာသားလေးနဲ့ဖြစ်ဖြစ်
မိမိဓာတ်ပုံလေးနဲ့ဖြစ်ဖြစ် order မှာယူလို့ရပါတယ်ရှင်
(photo နဲ့ ဆိုရင်တော့ ၁၀၀၀ ကျပ်
ပိုကောက်ပါမယ်နော်)

မင်္ဂလာပါ... Name Card လေးတွေက၄ လက်မပတ်လည်  ၅၅၀၀ ကျပ်ပါ ၅ လက်မ ပတ်လည်  ၆၅၀၀ ပါရှင်...  စာရေးခ အပြီးအစီးစျေးပါ နော်  ☺️. ...
26/06/2023

မင်္ဂလာပါ...
Name Card လေးတွေက
၄ လက်မပတ်လည် ၅၅၀၀ ကျပ်ပါ
၅ လက်မ ပတ်လည် ၆၅၀၀ ပါရှင်...

စာရေးခ အပြီးအစီးစျေးပါ နော် ☺️.
🇲🇲မြန်မာပြည်ကထွက်တဲ့ ဝါး နဲ့ ပြုလုပ်ထားတဲ့ စားပွဲတင်Name Card ပါ
💢ပစ္စည်းဖိုး ➕လိုဂို စာသား ရိုက်ခ
အပြီးအစီး တခုကို
4’’X4’’ပတ်လည် တခု 5500
5’’X5’’ပတ်လည် တခု 6500 ပါ🤙🏾

Address

Yadanar Street
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959951909538

Website

Alerts

Be the first to know and let us send you an email when Lak Hmu Gift Ideas posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share