20/05/2026
ဘေဘီလေးတွေ အစာစားတဲ့အခါ နင်တာ၊ သီးတာမျိုး မဖြစ်အောင် ဘယ်လိုသတိထားရမလဲ? 🙋♀️
ဘေဘီလေးတွေကို အစာစကျွေးတဲ့အရွယ်မှာ မေမေတို့ အကြောက်ဆုံးက "အစာသီးမှာ၊ နင်မှာ" ပဲဖြစ်ပါလိမ့်မယ်။ဘေဘီလေးတွေရဲ့ ဝါးနိုင်စွမ်းကလည်း အပြည့်အဝမရှိသေးတာမို့ အစားအစာကျွေးတဲ့အခါ အရမ်းကို ဂရုစိုက်ဖို့ လိုအပ်ပါတယ် မေမေတို့ရေ။🤱
ဒါကြောင့် ဘေဘီလေးတွေ အစာစားရင်း သီးတာ၊ နင်တာမျိုး မဖြစ်အောင် သတိထားရမယ့် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။
💙ကလေးကို အစာတစ်ဇွန်းကျွေးပြီးတိုင်း (သို့မဟုတ်) နှစ်ဇွန်းလောက်ကျွေးပြီးတိုင်းမှာ ရေအနည်းငယ် ဆွတ်ပေးတာမျိုး လုပ်ပေးခြင်း
💙ကလေးကို အိပ်လျက် (သို့) မှီလျက်အနေအထားနဲ့ အစာမကျွေးဘဲ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ခိုင်းပြီးမှ ကျွေးခြင်း
💙ကလေးရဲ့ အသက်အရွယ်နဲ့ သွားပေါက်နှုန်းအပေါ် မူတည်ပြီး အစာကို သေချာခွဲခြားပေးခြင်း
💙တစ်ဇွန်းနဲ့ တစ်ဇွန်းကြားမှာ ကလေး ပါးစပ်ထဲက အစာကို ကုန်အောင် ဝါးပြီးတဲ့အထိ စောင့်ခြင်း တို့ဖြစ်ပါတယ်။
ဒါကြောင့် မေမေတို့က ဘေဘီလေးတွေ အစားစားချိန်မှာ အန္တရာယ်ကင်းစေဖို့ အစာကျွေးနေစဉ်တစ်လျှောက်လုံး ကလေးကို မျက်စိအောက်က အပျောက်မခံဘဲ ဂရုတစိုက် ကြည့်ရှုပေးဖို့ မမေ့ပါနဲ့နော်။🥰
*“မေမေတို့ ရွေးချယ်တဲ့ ဘေဘီလေးတို့အတွက် အာဟာရ ʙᴇʙᴇᴄᴏᴏᴋ"*