11/03/2016
(Zawgyi Version)
======================================
ယခုအပတ္မွာေတာ့ Yangon Redesigned မွ ျမန္မာႏိုင္ငံရဲ႕ ဆံေကသာသမိုင္းကိုေလ့လာခဲ့ျပီး ျမန္မာမိန္းမသားတို႔ရဲ႕ အလွအပတရားကိုေတြ႕ရွိခဲ့ၾကပါတယ္။ သမိုင္းမွတ္တမ္းမ်ားအရ လူသားမ်ားမွာဆံေကသာကို ပံုစံအမ်ိဳးမ်ိဳးႏွင့္ထားရွိခဲ့တာကိုေတြ႔ျမင္ႏိုင္ပါတယ္။ အဓိကအားျဖင့္ ဖက္ရွင္တစ္ခုအျဖစ္သတ္မွတ္ျပီး ထိန္းသိမ္းလာၾကျခင္းဘဲျဖစ္ပါတယ္။ ေအဒီ ၁၀၀၀ ခုႏွစ္မွာ ေတာ့ ျမန္မာအမ်ိဳးသမီးမ်ားမွာသူတုိ႔ရဲ႕ ကိုယ္ပိုင္ဆံပင္ပံုစံမ်ားအျဖစ္ဖန္တီးယူခဲ့ၾကပါတယ္။ ဆံေကသာအလွတရားမွာ တစ္ခါတစ္ရံ ထူးျခားဆန္းျပားစြာ လွပတင့္တယ္ေနတတ္ျပီး ယခုျမန္မာ ႏုိင္ငံမွာတျခားေသာနည္းလမ္းမ်ားက ေခတ္စားေနတတ္ပါတယ္။
ဆံထံုးထံုးေသာပံုစံကေတာ့ ၈၀၀~၁၃၀၀ ခုႏွစ္အတြင္းမွာေတာ့ နာမည္ၾကီးခဲ့တဲ့ဆံပင္ပံုစံတစ္မ်ိဳးျဖစ္ပါ တယ္။ ျမန္မာမိန္းမသားမ်ားမွာေတာ့ ေသသပ္လွပေသာပိုးထည္မ်ားႏွင့္ ေခါင္းစီးတတ္ၾကသလုိ လက္မွာလည္း လက္ေကာက္အျဖစ္တန္ဆာဆင္တတ္ၾကပါတယ္။ မာဖလာ မ်ားကိုလည္းဦးေခါင္းႏွင့္ လည္ပင္း မ်ားတြင္ အမ်ိဳးသားမ်ားႏွင့္နည္းတူ အမ်ိဳးသမီးမ်ားလည္းအဆင္တန္ဆာအျဖစ္အသံုးျပဳၾကပါ တယ္။ မာဖလာမ်ားကို အရာဝတၱဳမ်ားကိုဖံုးအုပ္ရာတြင္ျဖစ္ေစ ဖုန္ႏွင့္ပိုးမႊားမ်ားကိုကာကြယ္ရာတြင္ျဖစ္ေစ အသံုးျပဳၾကေသာလည္း ဖက္ရွင္အျဖစ္အသံုုးျပဳျခင္းမွာေတာ့ ပိုမုိတြင္က်ယ္ပါတယ္။ ထုိ႔အျပင္ မာဖလာကို မိရိုးဖလာ ေခါင္းကိုစီးျခင္းမွာလည္း ပံုစံအမ်ိဳးမ်ိဳးႏွင့္ေတြ႕ျမင္ရပါတယ္။
ထိုကဲ့သို႕ ရိုးရာဖက္ရွင္စတိုင္မ်ားကို ယေန႔မွာ ရန္ကုန္ျမိဳ႕ရဲ႕လမ္းမမ်ားထက္မွာေတြ႕ရွိရေလ့ရွိပါတယ္။ ယေန႔ေခတ္ မိန္းမသားမ်ားကေတာ့ မိမိတို႔၏ဆံထံုးမ်ားကိုပုလဲမ်ား၊ စံပါယ္ပန္းမ်ားျခံရံကာ တန္ဆာဆင္ေလ့ရွိပါတယ္။
(Unicode Version)
======================================
ယခုအပတ်မှာတော့ Yangon Redesigned မှ မြန်မာနိုင်ငံရဲ့ ဆံကေသာသမိုင်းကိုလေ့လာခဲ့ပြီး မြန်မာမိန်းမသားတို့ရဲ့ အလှအပတရားကိုတွေ့ရှိခဲ့ကြပါတယ်။ သမိုင်းမှတ်တမ်းများအရ လူသားများမှာဆံကေသာကို ပုံစံအမျိုးမျိုးနှင့်ထားရှိခဲ့တာကိုတွေ့မြင်နိုင်ပါတယ်။ အဓိကအားဖြင့် ဖက်ရှင်တစ်ခုအဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းလာကြခြင်းဘဲဖြစ်ပါတယ်။ အေဒီ ၁၀၀၀ ခုနှစ်မှာ တော့ မြန်မာအမျိုးသမီးများမှာသူတို့ရဲ့ ကိုယ်ပိုင်ဆံပင်ပုံစံများအဖြစ်ဖန်တီးယူခဲ့ကြပါတယ်။ ဆံကေသာအလှတရားမှာ တစ်ခါတစ်ရံ ထူးခြားဆန်းပြားစွာ လှပတင့်တယ်နေတတ်ပြီး ယခုမြန်မာ နိုင်ငံမှာတခြားသောနည်းလမ်းများက ခေတ်စားနေတတ်ပါတယ်။
ဆံထုံးထုံးသောပုံစံကတော့ ၈၀၀~၁၃၀၀ ခုနှစ်အတွင်းမှာတော့ နာမည်ကြီးခဲ့တဲ့ဆံပင်ပုံစံတစ်မျိုးဖြစ်ပါ တယ်။ မြန်မာမိန်းမသားများမှာတော့ သေသပ်လှပသောပိုးထည်များနှင့် ခေါင်းစီးတတ်ကြသလို လက်မှာလည်း လက်ကောက်အဖြစ်တန်ဆာဆင်တတ်ကြပါတယ်။ မာဖလာ များကိုလည်းဦးခေါင်းနှင့် လည်ပင်း များတွင် အမျိုးသားများနှင့်နည်းတူ အမျိုးသမီးများလည်းအဆင်တန်ဆာအဖြစ်အသုံးပြုကြပါ တယ်။ မာဖလာများကို အရာဝတ္တုများကိုဖုံးအုပ်ရာတွင်ဖြစ်စေ ဖုန်နှင့်ပိုးမွှားများကိုကာကွယ်ရာတွင်ဖြစ်စေ အသုံးပြုကြသောလည်း ဖက်ရှင်အဖြစ်အသုုံးပြုခြင်းမှာတော့ ပိုမိုတွင်ကျယ်ပါတယ်။ ထို့အပြင် မာဖလာကို မိရိုးဖလာ ခေါင်းကိုစီးခြင်းမှာလည်း ပုံစံအမျိုးမျိုးနှင့်တွေ့မြင်ရပါတယ်။
ထိုကဲ့သို့ ရိုးရာဖက်ရှင်စတိုင်များကို ယနေ့မှာ ရန်ကုန်မြို့ရဲ့လမ်းမများထက်မှာတွေ့ရှိရလေ့ရှိပါတယ်။ ယနေ့ခေတ် မိန်းမသားများကတော့ မိမိတို့၏ဆံထုံးများကိုပုလဲများ၊ စံပါယ်ပန်းများခြံရံကာ တန်ဆာဆင်လေ့ရှိပါတယ်။
This week we looked into the history of hairstyles in Myanmar, and are highlighting the beauty of Myanmar women. Throughout history, people have worn their hair in a wide variety of styles, largely determined by the fashions of the culture. Since AD 100, women of Myanmar have cultivated their own unique hair styles. The hair was often elaborately and carefully dressed in special ways, some techniques are still even seen in contemporary Myanmar.
The hair knot was a popular style seen throughout 800 - 1300. Women often wore a decorative band of fabric along the forehead, as well as tight bracelets around the arm.
Scarves wrapped around the head and neck are a prominent accessory for both men and women. They are worn as a covering item, to protect against the elements, but are also worn as a fashion statement. There are many different traditional ways to tie a scarf around the head.
We can see some adaptations of these historical styles today on the streets of Yangon. Women today still wear their hair tied in knots with a strong of pearls of jasmine wrapped around it.