15/09/2024
အလှူခံလို့ရသမျှ အဝတ်အထည်၊ အမျိုးသမီးလစဉ်သုံး၊ အတွင်းခံ၊ စောင်၊ ခြင်ထောင်၊ အနွေးထည်တွေအကုန် ၂ နေရာကို ခွဲဝေလှူဒါန်းပေးလိုက်ပါပြီရှင့်။ အိတ်ပေါင်း ၂၄ အိတ်ရပါတယ်။ ပုံမှာမပါနေတဲ့ တစ်ဝက်က ဒီမနက် ၄ နာရီကတင် သာဝတ္ထိ ပို့ပေးလိုက်ပါပြီရှင်။ ဒါကတော့ ကျန်တဲ့တစ်ဝက်ကို အဖွဲ့တစ်ခုဆီချိတ်ဆက်ပြီး ကိုယ်တိုင်သွားပို့ပေးခဲ့ပါတယ်ရှင့်။
အားလုံးခက်ခဲနေကြတဲ့အချိန်ဖြစ်ပေမယ့် တကူးတက မိုးထဲလေထဲ လာလှူပေးကြပြီး ကူညီပေးကြတဲ့အလှူရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်🙏🏻
ခု နောက်ထပ်တစ်နေရာအတွက်လည်း မီမီကိုယ်တိုင်တာဝန်ယူအလှူလက်ခံမှာ မဟုတ်ပေမယ့် အထည်တွေလက်ခံမယ့်နေရာလေးရှိတဲ့အတွက် လှူဒါန်းချင်ရင် chat box က လာမေးလို့ရပါတယ်ရှင့်။