Fashion Paris

Fashion Paris Clothing �Made In Myanmar The Style of Your Life

ကဆုန်လပြည့် (ဗုဒ္ဓနေ့.)🌿🙏🙏🙏🌿ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ🙏(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်...
22/05/2024

ကဆုန်လပြည့် (ဗုဒ္ဓနေ့.)🌿🙏🙏🙏🌿

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ🙏

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။🙏

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)🙏

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)🙏

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)🙏

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)🙏

ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ🙏

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့်ဗုဒ္ဓနေ့ 🙏ဟုအမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။🙏

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။🙏

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။🙏

၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့ မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။🙏

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန် ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။🙏

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။🙏

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့် သွန်းလောင်းသောကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။
🙏🙏🙏

မာဂဓီ(သာစည်)၏
အခါတော်နေ့များစာအုပ်မှ
----Credit ---

☘️ 💙အေးမြတဲ့ ပြည်တွင်းဖြစ် သဘာဝ အင်းလေးချည်ထည်လေးကိုမှ ခုလိုနွေရာသီမှာ နုပျိုသွက်လက်ပြီး smart ကျတဲ့coat ပုံစံလေးချုပ်လု...
29/04/2024

☘️ 💙အေးမြတဲ့ ပြည်တွင်းဖြစ် သဘာဝ အင်းလေးချည်ထည်လေးကိုမှ ခုလိုနွေရာသီမှာ နုပျိုသွက်လက်ပြီး smart ကျတဲ့coat ပုံစံလေးချုပ်လုပ်ထားပါတယ်နော်

☘️💙 ချည်ထည်ကိုမြတ်နိုးတန်ဖိုးထားတဲ့သူလေးတွေအကြိုက် Office wear လိုပဲဝတ်ဝတ်၊Dinner ပဲဝတ်ဝတ်၊နေရာမရွေးဝတ် လို့အဆင်ပြေတဲ့set လေးပါနော်

☘️💙 ပြည်တွင်းဖြစ် သဘာဝအင်းလေးချည်သားလေးတွေချုပ်လုပ်ထားတာဖြစ်တဲ့အတွက် အေးမြပြီး သက်တောင်သက်သာဖြစ်စေပါတယ်နော်☘️

Price 34300 MMK
Size Available S,M,L,XL

Waiting Time 1 week

🍁🍂နွေစာချည်သားလေးအမြင်အေးစေပြီး ဝတ်ရတာ သက်တောင့်သက်သာ ပေါ့ပါးစေပြီးသဘာဝပြည်တွင်းဖြစ် အင်းလေးချည်ထည်လေးတွေနဲ့အရမ်းပူအိုက်...
27/04/2024

🍁🍂နွေစာချည်သားလေး
အမြင်အေးစေပြီး
ဝတ်ရတာ သက်တောင့်သက်သာ ပေါ့ပါးစေပြီးသဘာဝပြည်တွင်းဖြစ် အင်းလေးချည်ထည်လေးတွေနဲ့
အရမ်းပူအိုက်တဲ့နွေရာသီကို ချည်သားလေးနဲ့
ကျော်ဖြတ်ကြမယ် နော်……

🍁အမြင်အေးစေတဲ့ ဒီချည်ဝမ်းဆက်လေးကို
🍁ခရီးသွားရင် ပဲဝတ်မလား ၊shopping သွားရင်ဖြစ်ဖြစ် ၊သူငယ်ချင်းတွေနဲ့Date ရင်ပဲဖြစ်ဖြစ်လွတ်လပ်ပေါ့ပါးစွာ အပူဒဏ်ကိုအံတုပြီးအေးမျှစေမှာဖြစ်ပါတယ်နော်

Waiting Time လေးကတော့ 1 week နော်

Price 27900 MMK
Size S,M,L,XL

brand



17/04/2024

မြန်မာနှစ်ဦး အထူးမေတ္တာ
————————————-
တစ်- သုံး- ရှစ်-ခြောက်၊
နှစ်ဦးရောက်လာ၊ ပြည်မြန်မာ၊
ကြည်သာ ချမ်းမြ ရှိပါစေ။

အများပြည်သူ၊ စိတ်ထားတူ၊
ကြည်ဖြူကြပါစေ။

စိတ်ဝမ်းမကွဲ၊ လက်တွဲညီညာ၊
ပြည်သာယာဖို့၊ကြည်သာဆန္ဒ၊
လုံ့လမပြတ်၊စိတ်ဓာတ်ခိုင်မာ၊
ပညာစွမ်းအား၊ရှေ့ဆောင်ထား
လျက်၊ပြတ်သားအလုပ်၊ နောက်
မဆုတ်တမ်း၊ကိုယ်စီစွမ်း၊
ကြိုးပမ်းကြပါလေ။

ပျော်ရွှင်စရာ ၊ နှစ်သစ်မင်္ဂလာ၊
ဖြစ်ပါစေ။

ပါမောက္ခချုပ်ဆရာတော်
၁၃၈၆ ခုနှစ်၊မြန်မာနှစ်ဆန်းတစ်ရက်။

15/04/2024
💦မြန်မာ့အတာ သင်္ကြန် ဆုတောင်း💦မြန်မာ သက္ကရာဇ် ၁၃၈၆ ခုနှစ်တွင် ကျရောက်သော မြန်မာ နှစ်ကူးအခါ သမယမှ စတင်ပြီး အားလုံး ကိုယ်စ...
13/04/2024

💦မြန်မာ့အတာ သင်္ကြန် ဆုတောင်း💦

မြန်မာ သက္ကရာဇ် ၁၃၈၆ ခုနှစ်တွင် ကျရောက်သော မြန်မာ နှစ်ကူးအခါ သမယမှ စတင်ပြီး
အားလုံး ကိုယ်စိတ်နှလုံး ချမ်းမြေ့ခြင်းနှင့်
ပျော်ရွှင်ခြင်းတွေ ပြည့်စုံပါစေကြောင်း
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ရှင့်🙏🏻💦🙏🏻

ဒီလိုပူတဲ့အချိန်မှာ အပူစုပ်ယူမှုနည်းတဲ့အရောင်လေးတွေရွေးချယ်ဝတ်ဆင်နိုင်အောင်လို့
08/04/2024

ဒီလိုပူတဲ့အချိန်မှာ အပူစုပ်ယူမှုနည်းတဲ့အရောင်လေးတွေရွေးချယ်ဝတ်ဆင်နိုင်အောင်လို့

   cotton
01/04/2024

cotton

  ဆွဲဇာအပါးလေးများ  Seller Items #
29/03/2024

ဆွဲဇာအပါးလေးများ Seller Items #

  ဆွဲဇာအပါးလေးများ  Top #
29/03/2024

ဆွဲဇာအပါးလေးများ Top #

Address

Https://www. Facebook. Com/fashionparismyanmar
Yangon

Telephone

+959777885599

Website

Alerts

Be the first to know and let us send you an email when Fashion Paris posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fashion Paris:

Share