Yankin City - ရန်ကင်းစီးတီး မျက်မှန်

  • Home
  • Myanmar
  • Yangon
  • Yankin City - ရန်ကင်းစီးတီး မျက်မှန်

Yankin City - ရန်ကင်းစီးတီး မျက်မှန် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Yankin City - ရန်ကင်းစီးတီး မျက်မှန်, Sunglasses & Eyewear Store, Ariya Magin, Yangon.

ရန်ကင်းစီးတီး မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။ ✨‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙🏠 ဆိုင်လ...
13/04/2026

ရန်ကင်းစီးတီး မိသားစုမှ နှစ်သစ်ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်။ ✨

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

နွေရာသီရဲ့ ပြင်းထန်တဲ့အပူချိန်က အသားအရေကိုတင်မဟုတ်ဘဲ ချစ်မိတ်ဆွေတို့ရဲ့ မျက်ဝန်းတွေကိုပါ တိတ်တိတ်လေး အန္တရာယ်ပေးနေတတ်တာပ...
04/04/2026

နွေရာသီရဲ့ ပြင်းထန်တဲ့အပူချိန်က အသားအရေကိုတင်မဟုတ်ဘဲ

ချစ်မိတ်ဆွေတို့ရဲ့ မျက်ဝန်းတွေကိုပါ တိတ်တိတ်လေး အန္တရာယ်ပေးနေတတ်တာပါ။

ဒီလိုအချိန် နေပူထဲထွက်တဲ့အခါ မျက်စိကာကွယ်မှု အားနည်းမယ်ဆိုရင် ရေရှည်မှာ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်နော်။ ❗

ဒါကြောင့် 𝐐𝐮𝐚𝐥𝐢𝐭𝐲 စိတ်ချရတဲ့ မျက်မှန်တွေနဲ့ ကာကွယ်နိုင်ဖို့ ရန်ကင်းစီးတီးကနေ 𝐀𝐩𝐫𝐢𝐥 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကိုစီစဉ်ပေးလိုက်ပါတယ်ရှင်။

ဒီတစ်ခေါက် 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 မှာတော့ 𝐐𝐮𝐚𝐥𝐢𝐭𝐲 ကောင်းတဲ့ မျက်မှန်ကိုင်းတွေနဲ့ နေကာမျက်မှန် 𝐒𝐞𝐥𝐞𝐜𝐭𝐞𝐝 𝐈𝐭𝐞𝐦𝐬 တွေကို

🔹 𝐁𝐮𝐲 𝟏 𝐆𝐞𝐭 𝟏 𝐅𝐫𝐞𝐞
🔹 𝟏𝟓% 𝐭𝐨 𝟑𝟎% 𝐎𝐟𝐟 အထိ လုပ်ပေးထားပါတယ်။ ✨

ဒီတော့ နေပူထဲထွက်ရလို့ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရင်း၊ စာဖတ်ရင်း မျက်စိညောင်းညာနေပြီဆိုရင်

❛ရန်ကင်းစီးတီး❜ ဆိုင်ခွဲတိုင်းမှာ

🔹 𝐔𝐕 ဒဏ်ကို အပြည့်အဝကာကွယ်ပေးမဲ့ နေကာမျက်မှန် ဒီဇိုင်းသစ်တွေ
🔹 ချိုးချင်သလောက်ချိုး မကျိုးတဲ့ 𝐊𝐨𝐫𝐞𝐚 𝐒𝐢𝐥𝐢𝐜𝐨𝐧 ကိုင်းအစုံ
🔹 ပါဝါကော နေကာပါ တစ်ပြိုင်တည်းသုံးနိုင်တဲ့ 𝟐 𝐢𝐧 𝟏 𝐂𝐥𝐢𝐩 𝐎𝐧 ကိုင်း‌တွေ
🔹 မျက်ဝန်းအလှကို ပေါ်လွင်စေမဲ့ မျက်ကပ်မှန်ဒီဇိုင်းစုံ ရှိပါတယ်။

ဒါ့အပြင် ခေတ်မီစက်ကိရိယာတွေနဲ့ မျက်စိစမ်းသပ်ပေးသေးတာမို့

ဧပြီလ တစ်လလုံးမှာပဲ ရရှိမဲ့ ဒီအခွင့်အရေးကြီးကို လက်လွတ်မခံဘဲ

ချစ်မိတ်ဆွေတို့နဲ့ နီးစပ်ရာ 'ရန်ကင်းစီးတီး' ဆိုင်ခွဲတိုင်းကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🥰

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

မကြာခင် သင်္ကြန်ရောက်တော့မှာဆိုတော့ ရေကစားတဲ့အခါမှာဖြစ်ဖြစ် အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် မျက်လုံးလေးတွေကို ‘အထူး’ ဂရုစို...
31/03/2026

မကြာခင် သင်္ကြန်ရောက်တော့မှာဆိုတော့ ရေကစားတဲ့အခါမှာဖြစ်ဖြစ်

အပြင်သွားတဲ့အခါမှာပဲဖြစ်ဖြစ် မျက်လုံးလေးတွေကို ‘အထူး’ ဂရုစိုက်ဖို့ လိုပါတယ် ချစ်မိတ်ဆွေတို့ရေ။

သင်္ကြန်ရေက သန့်ရှင်းနေတာမဟုတ်တဲ့အတွက် မျက်လုံးထဲဝင်ရင် ရောဂါပိုးဝင်တာ၊ ဓာတ်မတည့်တာတွေ ဖြစ်နိုင်လို့ပါနော်။

ဒါကြောင့် သင်္ကြန်မှာ မျက်လုံးလေးတွေ ဘေးကင်းအောင်
ဒီအရာတွေကို သတိထားလိုက်နာနိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်ရှင်။

🔹 နေကာမျက်မှန် (ဒါမှမဟုတ်) 𝐆𝐨𝐠𝐠𝐥𝐞𝐬 တပ်ပါ။

အပြင်ထွက်ရင်ဖြစ်ဖြစ်၊ ရေကစားရင်ဖြစ်ဖြစ် နေကာမျက်မှန်၊ 𝐆𝐨𝐠𝐠𝐥𝐞𝐬 တွေကို တပ်ထားသင့်ပါတယ်။ ဒါမှ မျက်လုံးထဲကို ရေတိုက်ရိုက်ဝင်တာ၊ ရေပိုက်နဲ့ အပက်ခံရတာတွေကနေ ကာကွယ်ပေးနိုင်မှာပါ။ 😎

🔹 မျက်ကပ်မှန်မတပ်ပါနဲ့။

ဒါက အရေးကြီးဆုံးပါ။ မျက်ကပ်မှန်တပ်ပြီး ရေကစားတဲ့အခါ ရေထဲမှာပါတဲ့ ဘက်တီးရီးယားတွေက မျက်ကပ်မှန်နဲ့ မျက်လုံးကြားမှာ ခိုအောင်းနေတတ်ပြီး မျက်ကြည်လွှာကို ပိုးဝင်စေနိုင်ပါတယ်။ ❗

🔹 ရေပိုက်နဲ့ တိုက်ရိုက်အပက်မခံပါနဲ့။

ရေဖိအားပြင်းပြင်းနဲ့ မျက်လုံးကို တိုက်ရိုက်ပက်မိရင် မျက်ကြည်လွှာ ပွန်းတာ ဒါမှမဟုတ် မျက်လုံးအတွင်းပိုင်း ထိခိုက်တာမျိုး ဖြစ်နိုင်လို့

မျက်နှာကို ကာကွယ်ဖို့ လိုပါတယ်။ ကိုယ်တိုင်လဲ မပက်ရဘူးနော်။

🔹 မျက်လုံးကို လက်နဲ့ မပွတ်ပါနဲ့။

ရေစိုနေတဲ့လက်တွေမှာ ပိုးမွှားတွေ ပါလာနိုင်ပါတယ်။ တကယ်လို့ မျက်လုံးထဲရေဝင်ရင် လက်နဲ့မပွတ်ဘဲ သန့်ရှင်းတဲ့ ရေအေးလေးနဲ့ပဲ ဆေးချပေးပါရှင်။

ပြီးတော့ ချစ်မိတ်ဆွေတို့အားလုံး သင်္ကြန်မှာ 𝐂𝐨𝐨𝐥 ဖြစ်ဖြစ်နဲ့ မျက်လုံးလဲ ဘေးကင်းချင်တယ်ဆိုရင်တော့

ရန်ကင်းစီးတီးမှာ နေကာမျက်မှန် ဒီဇိုင်းလန်းလန်းလေးတွေကို အခုကတည်းက ကြိုဝယ်ထားလိုက်တော့နော်။ 🥰💙

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

တုန်တုန်တို့ ရန်ကင်းစီးတီးရဲ့ ချစ်မိတ်ဆွေတစ်ယောက်က မေးလာတဲ့မေးခွန်းလေးတစ်ခုပါ။   "မျက်မှန် 𝐋𝐞𝐧𝐬 တွေကို ရေနဲ့ဆေးလို့ ရလား...
29/03/2026

တုန်တုန်တို့ ရန်ကင်းစီးတီးရဲ့ ချစ်မိတ်ဆွေတစ်ယောက်က မေးလာတဲ့မေးခွန်းလေးတစ်ခုပါ။

"မျက်မှန် 𝐋𝐞𝐧𝐬 တွေကို ရေနဲ့ဆေးလို့ ရလား”တဲ့။

အဖြေကတော့ ‘ရပါတယ်’။ ဒါပေမဲ့ နည်းမှန်လမ်းမှန် ဖြစ်ဖို့တော့ လိုပါတယ်။ ❗

ဘယ်လိုဆေးသင့်လဲဆိုရင်

🔹 ရေအေး (ဒါမှမဟုတ်) ရေခပ်နွေးနွေးနဲ့ ဆေးတာက အကောင်းဆုံးပါ။ ဆပ်ပြာဆီအပျော့စား နည်းနည်းသုံးပြီးလဲ ဆေးကြောနိုင်ပါတယ်။

🔹 ရေဆေးပြီးရင် သန့်ရှင်းတဲ့ 𝐌𝐢𝐜𝐫𝐨𝐟𝐢𝐛𝐞𝐫 အဝတ်လေးနဲ့ပဲ အသာအယာသုတ်ပေးပါ။ ဒါမှ အစက်အပြောက်နဲ့ ခြစ်ရာတွေ မထင်မှာပါ။

ဒီအရာတွေကိုတော့ မလုပ်ရပါဘူး။ ⚠️

🔺 ရေပူမသုံးရပါဘူး။ ရေပူက 𝐋𝐞𝐧𝐬 ပေါ်က 𝐂𝐨𝐚𝐭𝐢𝐧𝐠 တွေကို ကွာကျစေနိုင်သလို ကိုင်းတွေကိုလဲ ပုံပျက်စေနိုင်ပါတယ်။

🔺 တံတွေးနဲ့ ဆေးတာကလဲ ပိုးမွှားတွေကို ပိုပျံ့စေလို့ လုံးဝ မလုပ်သင့်ပါဘူး။

🔺 အင်္ကျီစ၊ တစ်ရှူး၊ လက်ကိုင်ပဝါတွေက 𝐋𝐞𝐧𝐬 ကို အစင်းရာတွေ ထင်ကျန်သွားစေနိုင်တဲ့ အဓိက တရားခံတွေမို့ မသုံးရဘူးနော်။

အပြင်သွားတဲ့အခါ ရေဆေးဖို့ အဆင်မပြေရင်တော့ မျက်မှန်သန့်စင်တဲ့ 𝐋𝐞𝐧𝐬 𝐖𝐢𝐩𝐞𝐬 လေးတွေကို ဆောင်ထားတာက အကောင်းဆုံးပါပဲ။

ဒီလောက်ဆိုရင်တော့ အဖြေလေးရသွားမယ်လို့ ထင်ပါတယ် ချစ်မိတ်ဆွေတို့ရေ။

ချစ်မိတ်ဆွေတို့ရဲ့ ချစ်မိတ်ဆွေတွေလဲ ဒီအရာတွေကို သတိထားပြီး အဖိုးတန်တဲ့ ဒုတိယမျက်လုံးတွေကို ကာကွယ်နိုင်ဖို့ ဝေမျှသွားလိုက်အုံးနော်။ 🥰💙

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကင်းစီးတီးက အမျိုးသမီးထုတစ်ရပ်လုံးကို ဂုဏ်ပြုလိုက်ပါတယ်ရှင်...
08/03/2026

ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ရန်ကင်းစီးတီးက အမျိုးသမီးထုတစ်ရပ်လုံးကို ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 🌸

ဒီလိုအမျိုးသမီးများနေ့မှာ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တဲ့ မျက်စိခြောက်သွေ့တဲ့ဝေဒနာ (𝐃𝐫𝐲 𝐄𝐲𝐞 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞) အကြောင်းကို မင်မင်တို့ အမျိုးသမီးတွေ ကြိုတင်ဂရုစိုက်နိုင်အောင် ဝေမျှပေးလိုက်ပါတယ်နော်။

မျက်စိခြောက်သွေ့တဲ့ ဝေဒနာခံစားရသူတွေရဲ့ ၆၇ ရာခိုင်နှုန်းကျော်က အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားတွေထက် ၂ ဆ ပိုအဖြစ်များပါတယ်။

❗ ဘာကြောင့် အမျိုးသမီးတွေမှာ ပိုဖြစ်ရတာလဲ။

🔹 ဟော်မုန်းအပြောင်းအလဲ - ဓမ္မတာလာချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ အထူးသဖြင့် သွေးဆုံးချိန် တွေမှာဖြစ်တဲ့ ဟော်မုန်းအတက်အကျဟာ မျက်ရည်ထုတ်လုပ်မှုကို တိုက်ရိုက်ထိခိုက်စေပါတယ်။

🔹 မိတ်ကပ်အသုံးပြုမှု - မျက်လုံးမိတ်ကပ်မှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ မိတ်ကပ်စနစ်တကျ မဖျက်တာတွေဟာ မျက်ရည်ကြည်ဂလင်းတွေကို ပိတ်ဆို့စေပြီး မျက်လုံးကို ကျိန်းစပ်စေပါတယ်။

🔹 သောက်ဆေးတွေ - သားဆက်ခြားဆေး (𝐁𝐢𝐫𝐭𝐡 𝐂𝐨𝐧𝐭𝐫𝐨𝐥 𝐏𝐢𝐥𝐥𝐬) တွေကလဲ 𝐓𝐞𝐚𝐫 𝐐𝐮𝐚𝐥𝐢𝐭𝐲 ကို လျော့ကျစေတဲ့ ဘေးထွက်ဆိုးကျိုး ရှိတတ်ပါတယ်တဲ့ရှင်။

မျက်လုံးခြောက်နေပြီဆိုရင် ဘယ်လိုလက္ခဏာတွေကို ခံစားရတတ်လဲ။ ⚠️

🔺 မျက်လုံးနီတာ၊ ယားယံတာနဲ့ စပ်ဖျဉ်းဖျဉ်းဖြစ်တာ မျက်ရည်ပူတွေ ခဏခဏထွက်တာ၊

🔺 အမြင်အာရုံ ဝေဝါးတာနဲ့ မျက်လုံးထဲ တစ်ခုခုဝင်နေသလို ခံစားရတတ်ပါတယ်။

ဘယ်လိုကာကွယ်ကြမလဲ။ ⁉️

🔹 ညအိပ်ရာမဝင်ခင် မျက်လုံးမိတ်ကပ်ကို အမြဲပြောင်စင်အောင် ဖျက်မယ်။

🔹 ရေများများသောက်ပြီး 𝐎𝐦𝐞𝐠𝐚-𝟑 ပါဝင်တဲ့ အစားအစာတွေ (ဥပမာ- ငါး၊ အစေ့အဆန်) ပိုစားပေးမယ်။

🔹 အပြင်ထွက်တဲ့အခါ လေဒဏ်၊ ဖုန်ဒဏ်နဲ့ နေရောင်ခြည်ကနေ ကာကွယ်ဖို့ နေကာမျက်မှန် တပ်ရပါမယ်နော်။

ဒီလောက်ဆိုရင်တော့ အမျိုးသမီးတွေမှာ ပိုအဖြစ်များတဲ့ 𝐃𝐫𝐲 𝐄𝐲𝐞𝐬 အကြောင်းကို အထိုက်အလျောက်သိသွားမှာပါရှင်။

‘အမျိုးသမီးများနေ့’မှာ အမျိုးသမီးတိုင်း ကိုယ့်ရဲ့အမြင်အာရုံလေးကို ပိုမိုဂရုစိုက်ပြီး ကျန်းမာလှပတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 🥰💙

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

# internationalwomanday

ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာ အမျိုးတို့ရဲ့မျက်လုံးလေးတွေ အကာအကွယ်မဲ့နေပြီလား။ ⁉️ မင်မင်တို့ရဲ့ တစ်နေ့တာမှာ အနည်းဆုံး 𝟖 နာရီလေ...
28/02/2026

ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာ အမျိုးတို့ရဲ့မျက်လုံးလေးတွေ အကာအကွယ်မဲ့နေပြီလား။ ⁉️

မင်မင်တို့ရဲ့ တစ်နေ့တာမှာ အနည်းဆုံး 𝟖 နာရီလောက်က ဖုန်း၊ ကွန်ပျူတာနဲ့ 𝐓𝐕 𝐬𝐜𝐫𝐞𝐞𝐧 တွေရှေ့မှာ ကုန်ဆုံးနေကြရတာပါရှင်။

ဒီ 𝐒𝐜𝐫𝐞𝐞𝐧 တွေကထွက်တဲ့ 𝐁𝐥𝐮𝐞 𝐋𝐢𝐠𝐡𝐭 (အပြာရောင်အလင်း) တွေက မျက်လုံးကို တိုက်ရိုက်ထိခိုက်စေပြီး

မျက်စိညောင်းညာတာ၊ အိပ်မပျော်တာနဲ့ ရေရှည်မှာ အမြင်အာရုံချို့ယွင်းတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ‼️

ဒီလိုပြဿနာတွေကနေ တစ်သက်လုံးအသုံးပြုရမဲ့ အမျိုးတို့ရဲ့ အဖိုးတန်မျက်လုံး‌တစ်စုံကို ကာကွယ်ဖို့
𝐁𝐥𝐮𝐞 𝐂𝐮𝐭 မျက်မှန်လေးတစ်လက်လောက်တော့ ရှိထားသင့်တယ်နော်။

💡 ဒီ 𝐁𝐥𝐮𝐞 𝐂𝐮𝐭 မျက်မှန်တွေက

🔹 𝐒𝐜𝐫𝐞𝐞𝐧 ကထွက်တဲ့ စူးရှရှအလင်းဒဏ်ကို ဖယ်ရှားပေးလို့ မျက်စိအေးစေတယ်။

🔹 အရာဝတ္ထုတွေရဲ့ အရောင်နဲ့ ပုံရိပ်တွေကို ပိုထင်ထင်ရှားရှား မြင်ရစေလို့ အမြင်အာရုံဝေဝါးမှုကို သက်သာစေပါတယ်။

🔹 ဖုန်း၊ ကွန်ပျူတာ အကြာကြီးကြည့်ရင် ဖြစ်တတ်တဲ့ မျက်စိပူခြင်းနဲ့ ခေါင်းကိုက်ခြင်းတွေကို သိသိသာသာ လျော့ကျစေပါတယ်။

🔹 𝐁𝐥𝐮𝐞 𝐋𝐢𝐠𝐡𝐭 ကို ကာကွယ်ပေးလို့ ခန္ဓာကိုယ်က မယ်လတိုနင် (𝐌𝐞𝐥𝐚𝐭𝐨𝐧𝐢𝐧) ထုတ်လုပ်မှုကို မနှောင့်ယှက်တော့ဘဲ ညဘက်မှာ ကောင်းကောင်းအိပ်ပျော်စေပါတယ်။ 💯

ဒါကြောင့် ဒီဂျစ်တယ်ကမ္ဘာထဲမှာ အမျိုးတို့ရဲ့ မျက်လုံးလေးတွေ အေးမြကြည်လင်နေဖို့
ရန်ကင်းစီးတီးမှာ 𝐁𝐥𝐮𝐞 𝐂𝐮𝐭 မျက်မှန်လာလုပ်ပြီး ကာကွယ်ထားကြမယ်နော်။ 🥰💙
‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

အရိပ်ပြရင် အကောင်မြင်တဲ့အမျိုးတို့ရေ… အရိပ်ကို ကြည့်ရုံနဲ့တင် ဘယ်သူလဲဆိုတာ တန်းသိနေကြပြီဟုတ်။ 🤭 မင်မင်က ပိုသေချာအောင် 𝐇𝐢...
27/02/2026

အရိပ်ပြရင် အကောင်မြင်တဲ့အမျိုးတို့ရေ…

အရိပ်ကို ကြည့်ရုံနဲ့တင် ဘယ်သူလဲဆိုတာ တန်းသိနေကြပြီဟုတ်။ 🤭

မင်မင်က ပိုသေချာအောင် 𝐇𝐢𝐧𝐭 Dr ပေးအုံးမယ်နော်။
🔹သူက မျက်မှန်ဝိုင်းဝိုင်းကြီးတပ်တယ်။
🔹သူ့မှာ အခက်အခဲကြုံတိုင်း အမြဲကူညီပေးမဲ့အပြာရောင် သူငယ်ချင်းကောင်းကြီးလဲ ရှိပါတယ်။

ဒီနာမည်ကြီး ဇာတ်ကောင်လေးရဲ့ နာမည်က ဘယ်သူဖြစ်မလဲရှင်။ ကော်မန့်မှာ ‌ဖြေခဲ့နော်။ 🥰💬

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

❛မျက်တောင်ခတ်ပြီး မျက်စိကျန်းမာရေးကို ဂရုစိုက်လိုက်ပါ❜ အမျိုးတို့ရေ မင်မင်တို့က သတိမထားမိပေမဲ့ ပုံမှန်အားဖြင့် တစ်နေ့ကို...
26/02/2026

❛မျက်တောင်ခတ်ပြီး မျက်စိကျန်းမာရေးကို ဂရုစိုက်လိုက်ပါ❜

အမျိုးတို့ရေ မင်မင်တို့က သတိမထားမိပေမဲ့ ပုံမှန်အားဖြင့် တစ်နေ့ကို 𝟏𝟒,𝟒𝟎𝟎 ကနေ 𝟏𝟗,𝟐𝟎𝟎 ကြိမ် အထိ မျက်တောင်ခတ်ကြပါတယ်နော်။

ဒါက ရိုးရိုးတန်းတန်း မျက်တောင်ခတ်တာမျိုးမဟုတ်ဘဲ မျက်လုံးထဲက ဖုန်မှုန့်တွေကို ဖယ်ရှားပေးဖို့၊ အစိုဓာတ်ရရှိစေဖို့၊

မျက်လုံးအတွက် လိုအပ်တဲ့အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ထောက်ပံ့ပေးဖို့အတွက် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အလိုအလျောက် တုံ့ပြန်မှု (𝐑𝐞𝐟𝐥𝐞𝐱) တစ်ခု ဖြစ်ပါတယ်ရှင်။💯

ဒါပေမဲ့ ဖုန်း 𝐬𝐜𝐫𝐞𝐞𝐧 တွေ၊ ကွန်ပျူတာတွေကို စူးစိုက်ကြည့်တဲ့အခါမှာတော့ ဒီမျက်တောင်ခတ်နှုန်းက (𝟐) ဆလောက် လျော့နည်းသွားတတ်ပါတယ်။

ဒီလို မျက်တောင်မခတ်တဲ့အခါမှာဆိုရင်

🔺 မျက်စိခြောက်သွေ့နိုင်တယ်။ (𝐃𝐫𝐲 𝐄𝐲𝐞𝐬)

မျက်တောင်မခတ်တဲ့အခါ မျက်လုံးရဲ့ ရှေ့ဆုံးအစိတ်အပိုင်းဖြစ်တဲ့ 𝐂𝐨𝐫𝐧𝐞𝐚 (မျက်ကြည်လွှာ)က လိုအပ်တဲ့ စိုစွတ်မှုနဲ့ အာဟာရကို မရရှိနိုင်တော့ပါဘူး။

ရေရှည်မှာဆိုရင် စူးရှရှဖြစ်တာ၊ နာကျင်တာတွေကို ဖြစ်စေတဲ့ 𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐃𝐫𝐲 𝐄𝐲𝐞 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 အထိ ဖြစ်လာနိုင်ပါတယ်။

🔺 ပိုးဝင်နိုင်ခြေ မြင့်မားတယ်။ (𝐈𝐧𝐜𝐫𝐞𝐚𝐬𝐞𝐝 𝐑𝐢𝐬𝐤 𝐨𝐟 𝐄𝐲𝐞 𝐈𝐧𝐟𝐞𝐜𝐭𝐢𝐨𝐧𝐬)

မျက်တောင်ခတ်ခြင်းက မျက်လုံးထဲက အညစ်အကြေးတွေကို သန့်စင်ပေးရုံတင်မဟုတ်ဘဲ အောက်ဆီဂျင်ကိုပါ ပေးစွမ်းတာပါ။

မျက်တောင်ခတ်နှုန်း နည်းသွားတဲ့အခါ မျက်ရည်ကြည်လွှာ ပျက်စီးပြီး မျက်လုံးမျက်နှာပြင်မှာ ဘက်တီးရီးယားတွေ ပိုပေါက်ဖွားလာနိုင်တာကြောင့် မျက်စိနာခြင်း (𝐏𝐢𝐧𝐤 𝐄𝐲𝐞) ကနေ မျက်ကြည်လွှာ အနာဖြစ်ခြင်းအထိ ဖြစ်ပေါ်နိုင်ပါတယ်။

🔺 မျက်ကြည်လွှာ ရောင်ရမ်းနိုင်တယ်။ (𝐂𝐨𝐫𝐧𝐞𝐚𝐥 𝐒𝐰𝐞𝐥𝐥𝐢𝐧𝐠)

မျက်ကြည်လွှာမှာ သွေးကြောတွေမရှိတဲ့အတွက် သူက မျက်ရည်ကြည်လွှာဆီကနေပဲ အောက်ဆီဂျင်ကို ရယူရပါတယ်။

မျက်တောင်မခတ်တဲ့အခါ အောက်ဆီဂျင်မရတော့ဘဲ မျက်ကြည်လွှာရောင်ရမ်းလာပြီး အမြင်အာရုံဝေဝါးတာ၊ အလင်းဒဏ်မခံနိုင်တာနဲ့ မျက်စိနာတာကိုပါ ခံစားရတတ်ပါတယ်ရှင်။

တကယ်လို့ အမျိုးတို့က

အမြင်အာရုံတွေ ဝေဝါးလာမယ်၊ အလင်းရောင်ကို စူးသလို ခံစားရမယ်၊ ဒါမှမဟုတ် မျက်စိက ညောင်းညာကိုက်ခဲလာပြီဆိုရင် ဒါက မျက်တောင်အခတ်နည်းနေပြီဆိုတာကို ပြနေတဲ့လက္ခဏာပါပဲ။

ဒါကြောင့် အခုကစပြီး ဖုန်းကြည့်ရင်း၊ စာဖတ်ရင်းနဲ့လဲ မျက်လုံးလေးတွေကို အနားပေးဖို့ မမေ့ရဘူးနော် အမျိုးတို့။❗

အမျိုးတို့နဲ့ အမျိုးတို့ရဲ့ အမျိုးတွေပါ တစ်စုံတည်းရှိတဲ့ အဖိုးတန်မျက်လုံးလေးတွေကို မျက်တောင်ခတ်ရင်း ဂရုစိုက်နိုင်ဖို့ 𝐒𝐡𝐚𝐫𝐞 သွားဖို့လဲ မမေ့နဲ့အုံး။

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

ချစ်ရတဲ့သူကို ကြည့်တဲ့အခါ မျက်သူငယ် (Pupil) က  ပုံမှန်ထက် ၄၅% လောက် ပိုကျယ်လာတတ်တာကို ချစ်သူနှစ်ဦး အကြည့်ချင်းဆုံနေတဲ့ပု...
26/02/2026

ချစ်ရတဲ့သူကို ကြည့်တဲ့အခါ မျက်သူငယ် (Pupil) က ပုံမှန်ထက် ၄၅% လောက် ပိုကျယ်လာတတ်တာကို

ချစ်သူနှစ်ဦး အကြည့်ချင်းဆုံနေတဲ့ပုံကို သုံးပြီး မျက်လုံးကို Zoom ဆွဲပြထားတဲ့ပုံ

အကြည့်ချင်းဆုံ ရင်ခုန်ဖူးကြတဲ့ အမျိုးတို့‌ရေ။ 👀

မင်မင်တို့ရဲ့ မျက်လုံးထဲက မျက်သူငယ်အိမ် (𝐏𝐮𝐩𝐢𝐥) က ကိုယ်စိတ်ဝင်စားတဲ့သူ ဒါမှမဟုတ် ချစ်ရတဲ့သူကို ကြည့်တဲ့အခါ

ပုံမှန်ထက် ၄၅% လောက် အထိ ပိုကျယ်လာတတ်ပါတယ်တဲ့။

ကိုယ်ချစ်ရသူကို မြင်လိုက်တဲ့အခါ ဦးနှောက်ကနေ 𝐃𝐨𝐩𝐚𝐦𝐢𝐧𝐞 နဲ့ 𝐀𝐝𝐫𝐞𝐧𝐚𝐥𝐢𝐧𝐞 ဟော်မုန်းတွေကို ထုတ်ပေးလိုက်တာကြောင့် မျက်သူငယ်လေးတွေက အလိုအလျောက် ကျယ်လာရတာပါ။ 🤭

အမြင်အာရုံပိုင်းအရဆိုရင်လဲ ကိုယ်မြတ်နိုးရသူကို ပိုအသေးစိတ်မြင်နိုင်ဖို့ မျက်လုံးက တုံ့ပြန်ပေးလိုက်တဲ့ ‘အချစ်ရဲ့ တုံ့ပြန်မှု’ တစ်ခုပဲ ဖြစ်ပါတယ်တဲ့ရှင်။

အချစ်က မျက်သူငယ်အိမ် (𝐏𝐮𝐩𝐢𝐥) မှာပါ ပေါ်နေတာမျိုးပေါ့။

မင်မင့်ရဲ့ ကိုရီးယားက အိုပါးတွေကတော့ ဒီလိုမျက်သူငယ်အိမ်ကျယ်လာတဲ့အထိ မင်မင့်ကိုကြည့်ကြတယ်ရှင့်…အဟီး။ 🤭
(အိပ်မက်ထဲမှာပါ🥹)

အမျိုးတို့လဲ ချစ်သူနဲ့ ဒိတ်တဲ့အခါ ရင်ခုန်တာကို
ခဏမေ့ထားပြီး မျက်သူငယ်အိမ်ကျယ်နေလား သတိထားကြည့်အုံးနော်။ 💙

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

ချစ်သူဖြစ်ကြောင်း သက်သေပြပြီး𝟏𝟒% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ယူ 🤭💙 𝟏𝟒 ရက်‌နေ့က 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞 𝐃𝐚𝐲 မို့ အချစ်ရှိတဲ့ အမျိုးတို့အတွက်ပဲ ရန်ကင်းစီးတ...
10/02/2026

ချစ်သူဖြစ်ကြောင်း သက်သေပြပြီး
𝟏𝟒% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ယူ 🤭💙

𝟏𝟒 ရက်‌နေ့က 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞 𝐃𝐚𝐲 မို့ အချစ်ရှိတဲ့ အမျိုးတို့အတွက်ပဲ ရန်ကင်းစီးတီးက သီးသန့်အစီအစဉ်ရှိပါတယ်ရှင်။

ချစ်သူများနေ့ တစ်ရက်တည်းမှာ ရန်ကင်းစီးတီးဆိုင်ခွဲတွေကို ချစ်သူရည်စားပဲဖြစ်ဖြစ်၊ ဇနီးမောင်နှံပဲဖြစ်ဖြစ် ‘အတွဲ’ လာခဲ့မယ်ဆိုရင်

အတွဲဖြစ်ကြောင်း သက်သေပြပြီး 𝟏𝟒% 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရယူနိုင်မှာပါ။ တုန်တုန်တို့ယုံအောင်တော့ သက်သေပြရမှာနော်။ 🙉

ချစ်သူများနေ့မှာ ချစ်ရသူလေးနဲ့အတူ အမှတ်တရတွေဖန်တီးရင်း

အမှတ်တရမျက်မှန် 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ရယူဖို့ ရန်ကင်းစီးတီးကို အရောက်လှမ်းလာခဲ့လိုက်နော်။

ချစ်သူမရှိတဲ့ အမျိုးတို့လဲ အားမငယ်ပါနဲ့၊ ဒီနှစ်ချစ်သူမရှိရင် နောက်နှစ်ပေါ့နော်။ 🤭

‘အမြင်အာရုံရှင်းလင်းမှာ ရန်ကင်းစီးတီးပါ’💙
************************

📍 𝐘𝐚𝐧𝐤𝐢𝐧 𝐂𝐢𝐭𝐲 𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQACSMvAXeyGuVPunqXxVOz8d1Sw4qcIz0h%2BICQ4ovtZrIAoB7WeUNXdBb77XIeW

📍𝐓𝐢𝐤𝐓𝐨𝐤 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://www.tiktok.com/?_r=1&_t=ZS-92fzBfSgWKg

🏠 ဆိုင်လိပ်စာ(၁) -
အမှတ်(၇) ⏳၊ ရန်ကင်းလမ်းမကြီး၊ ၁၂ လုံးတန်းမှတ်တိိုင် ⏳အနီး၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260566660

🏠 ဆိုင်လိပ်စာ(၂) -
အမှတ်(၁၃/A)၊ အရိယမဂ္ဂင်လမ်း၊ ကျောက်ကုန်း၊ ရန်ကင်းမြို့နယ်။
☎️ Ph No - 09260567770, 0973254621

🏠 ဆိုင်လိပ်စာ(၃) -
အမှတ်(၂၅/A)၊ ၁၀ ရပ်ကွက်၊ သစ္စာလမ်းမကြီး၊ ဘုရားလမ်းမှတ်တိုင်နဲ့ ဂိတ်ဟောင်း မှတ်တိုင်ကြား၊ တောင်ဥက္ကလာပမြို့နယ်။
☎️ Ph No - 09260566661,09260566662

🏠 ဆိုင်လိပ်စာ ( ၄ ) -
အမှတ် (၁၉၂)၊ ပင်လုံလမ်းမကြီး (၃၂) ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
☎️ Ph No - 09449553551, 09449553552

#ချစ်သူများနေ့

Address

Ariya Magin
Yangon

Opening Hours

Monday 09:00 - 18:30
Tuesday 09:00 - 18:30
Wednesday 09:00 - 18:30
Thursday 09:00 - 18:30
Friday 09:00 - 18:30
Saturday 09:00 - 18:30
Sunday 09:00 - 18:30

Telephone

+959260567770

Website

Alerts

Be the first to know and let us send you an email when Yankin City - ရန်ကင်းစီးတီး မျက်မှန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share