26/09/2025
🫶🏻မင်မင် ဒီနေ့ကစပြီး ၁ပတ် (သို့မဟုတ်) ၂ပတ်လောက်လောက် ဆိုင်လေးပိတ်ရပါအုံးမယ်ရှင်
🫶🏻ဒီရက်ပိုင်း လူက ကျန်းမာရေးဖောက်ပြန်နေရင်းက အိမ်မှာမွေးထားတဲ့ ခွေးလေးကိုက်မိတာ နှုတ်ခမ်းနားဖြစ်နေတော့ မျက်နှာအနေအထားက အဆင်မပြေတာရယ်ကြောင့်ပါ
🫶🏻သိုင်းရွိုက်အတွက် ဆေးကုမယ့် ခရီးစဉ်လည်းရှိနေလို့ ပိတ်ရက်လေးနည်းနည်းရှည်မယ့်အကြောင်းလာပြောပြတာပါ
🫶🏻လိုချင်တာရှိလို့အချိန်စောင့်နိုင်တဲ့ ကာကာလေးတွေကတော့ Messenger မှာ ပုံလေးတွေပို့ထားပေးလို့ရပါတယ် မင်မင် ဆေးကုပြီးပြန်လာတာနဲ့ ပို့ပေးပါမယ်ရှင်