R Woo ချုပ်ထည်ပင်ရင်း

R Woo ချုပ်ထည်ပင်ရင်း ဈေးလည်းတန် ကွာလတီလည်းကောင်း Pink House

28/07/2025
28/07/2025

ကားဌားတဲ့သူတွေဆီကနည်းမျိုးစုံနဲ့ လိမ်နေတဲ့ ကမ္ဘာအေးဘုရားလမ်းမပေါ်က ကားအဌား‌အေးဂျင့်ကုမ္ပဏီ...😮😮😮
(ခံရတဲ့သူတွေ မနည်းတော့ဘူးတဲ့)

ကမ္ဘာအေးဘုရားလမ်းမပေါ်
ရန်ကင်းမြို့နယ်အပိုင်ထဲက
အင်းယားရိပ်သာလမ်းနားက
ဟိုတယ် တစ်ခုမှာ အခန်းဌားဖွင့်ထားတဲ့
ကားအဌား‌အေးဂျင့်ကုမ္ပဏီတစ်ခုပေါ့ဗျာ...
သူတို့က လပြတ်ကားဌားချင်တဲ့
အုံနာတွေဆီကနေ လချုပ်နဲ့ဌားတယ်...
ပြီးရင် ရက်နဲ့ဖြစ်စေ လချုပ်နဲ့ဖြစ်စေ
ဌားချင်တဲ့သူတွေကို
Deposit ယူကာ ကားတွေကို
ပြန်ဌားပေးတယ်...
ညီမတစ်ယောက်က သင်္ဘောလိုက်နေတဲ့
သူ့အမျိုးသား ပြန်လာရင်
အရင်က ကားတစ်စီးဝယ်လိုက်တယ်...
သုံးလေးလလောက်နေပြီး
ပြန်တက်သွားရင် ကားပြန်ရောင်းတယ်...
ဝယ်လိုက်ရောင်းလိုက်နဲ့
အလုပ်ရှုပ်နေလို့ဆိုပြီး...
အဲ့အေးဂျင့်ကုမ္ပဏီက
ကားတစ်စီးကို ဌားစီးလိုက်တယ်...
စဌားကတည်းက ‌ပြောထားတဲ့ကားကတစ်မျိုး
စရံပေးထားပြီး ကားလက်ခံတဲ့နေ့ကျတော့
ကားကတစ်မျိုး...
အရင်‌ပြောထားတဲ့ကားက
ဝပ်ရှော့ရောက်နေလို့ဆိုပြီး ‌ပြောတယ်...
ဒါနဲ့ ကားမကြိုက်ပေမယ့်...
မထူးပါဘူးဆိုပြီး ငွေသွင်းပြီးယူခဲ့ရတာ...
ကားစီးပြီးလို့ ပြန်အပ်တဲ့အခါ
ကားကို အကုန်အားလုံးစစ်
သဘောတူလက်ခံထားသလို
ဘာအတွက်လို ဘာလုပ်ရမယ်လည်း
တခွန်းမှ မပြောလိုက်ဘူး...
လက်မှတ်ထိုးလက်ခံထားလိုက်တယ်...
ပေးထားတဲ့ Deposit ငွေကိုကျတော့
ကားသွင်းပြီး ၂၁ရက်(ရုံးပိတ်ရက်မပါ) နေမှ ပြန်ပေးမယ်ဆိုကာ
လက်ခံဖြတ်ပိုင်း Receipt ပေးပြီး
၂၁ ရက်ကျော်ပါက မှတ်ပုံတင်မူရင်းနှင့်အတူ
လာရောက်ထုတ်ယူနိုင်ပါသည်လို့
ရေးထားတယ်...
ကားအပ်တာ 14.6.2025 ရက်နေ့
ရုံးပိတ်ရက် မပါ 21 ရက်ပြည့်တာက
14.7.2025 ရက်နေ့ ပြည့်တယ်...
၂၁ ရက်ပြည့်ကတည်းက
သွားတောင်းတာ ၄ ကြိမ်သွားတောင်းပြီးတဲ့အထိ
စရံငွေ ပြန်မပေးသေးဘူး...
သွားတောင်းတိုင်းလည်း
ဟိုတယ်ရုံးခန်းမှာသာထိုင်စောင့်ခိုင်းထားပြီး
တခါစောင့်ခိုင်းရင် တစ်နာရီကျော်ကြာတယ်...
စောင့်ခိုင်းထားပြီး ငွေပြန်ပေးလားဆိုတော့
‌မပေးဘူး...
စောင့်နေတုန်းကြာလို့ ဖုန်းဆက်ရင်
Meeting လုပ်နေလို့ ခဏစောင့်ပေးပါသာပြောပြီး
ဟိုနေ့ချိန်း ဒီနေ့ချိန်းနဲ့
စကားတွေ တောပြော တောင်ပြောနဲ့
ငွေပြန်မပေးဘူး...
၃ ကြိမ်မြောက်သွားတောင်းပြီး
ငွေစာရင်းက တစ်ယောက်က
ဘယ်နေ့တကယ်ပေးပါမယ်ပြောကာ
ပြန်ချိန်းပါတယ်...
သူချိန်းတဲ့နေ့သွားတော့
ထုံးစံအတိုင်း တစ်နာရီကျော်ထိုင်စောင့်အပြီးမှာ
နောက်တစ်ယောက် ရောက်လာပြီး
အမ ဖိုင်တွဲတင်ထားတုန်းမို့
ဘယ်နေ့ပြန်လာပါဆိုပြီး
ထပ်ချိန်းပြန်ရော...
ဒါနဲ့ ညီမကနေပြီး
ဟိုနေ့က ငွေစာရင်းကကိုင်တဲ့
တစ်ယောက်က ဒီနေ့တကယ်ပေးမယ်
လာခဲ့ပါဆိုလို့ လာတာ‌ပြောတော့
လာထွက်တွေ့တဲ့ ဆံပင်တိုတိုနဲ့မိန်းမက
အဲ့လို ‌ပြောထားတာ သက်သေရှိလားမေးတယ်
Viber က စာပို့ပြောထားတာကို
ပြတော့ အဲ့တစ်ယောက်က
အလုပ်ထွက်သွားပြီ မရှိတော့ဘူး...
အဲ့လိုပြောလိုက်တယ်...
ကားလာဌားတဲ့အချိန်
ချက်ချင်းရောက်လာပြီး
စကားပြောတာ ချိုသာသလောက်
Deposit ငွေသွားတောင်းတိုင်း
တစ်နာရီကျော်စောင့်ခိုင်းထားပြီး
စကားပြောတာလည်း
မာထန်နေတာပဲ...
ဒါနဲ့ ညီမက အကူအညီတောင်းလို့
24.7.2025 မှာ ကျွန်တော်လိုက်သွားပြီး သွားတောင်းတယ်...
သူတို့ကုမ္ပဏီက တစ်ယောက်က
ဟိုတယ် ဧည့်ခန်းထဲမှာထိုင်စောင့်ခိုင်းထားတယ်...
မိနစ် ၂၀ ကျော်အထိ ထွက်မလာဘူး...
မိနစ် ၂၀ ပြည့်တော့
မြေညီထပ်က သူတို့ရုံးခန်းထဲလိုက်သွားတော့
Finance ရုံးခန်းမှာ ၃ ကြိမ်မြောက်တွေ့တုန်းက
‌ဘယ်နေ့ကျရင် ငွေတကယ်ပေးပါမယ်ဆိုပြီး
ပြောလွှတ်လိုက်တဲ့ မိန်းမကို
တန်းတွေ့တာပဲ...
ဘယ်လောက်တောင် ရိုးသားမှု့
မရှိတဲ့ ကုမ္ပဏီလဲ...
ငွေတောင်းတော့ ဟိုရက် ဒီရက်ချိန်းနဲ့
ဘယ်နေ့ ပေးမယ်
တစ်ယောက်က ပြောထားပြီး
သွားယူတော့ နောက်တစ်ယောက်ထွက်တွေ့ပြီး
အရင်ပြောထားတဲ့သူ အလုပ်ထွက်သွားပြီလို့ကို ပေါ်တင်လိမ်တာ...
ကျွန်တော် မေးလိုက်တယ်
ခင်ဗျားတို့ ကုမ္ပဏီက Customer တွေကို
ထိုင်စောင့်ခိုင်းထားပြီး
ဘယ်လောက်ကြာမယ် ခဏစောင့်ပေးပါလို့တောင်
ထွက်မပြောဘူး ဘယ်လောက်တောင်
လူမှု့ရေးအရ ရိုင်းစိုင်းလဲ...
အခု မိနစ် ၂၀ ရှိပြီ ငါတို့လည်းမအားဘူး...
နင်တို့ပဲ အလုပ်ရှိတယ်ထင်မနေနဲ့
အခု ဘယ်လောက်စောင့်ရမှာလဲ...
မေးလိုက်တော့
ရှေ့တစ်ယောက်ရှိနေလို့ပါ...
နာရီဝက်ကျော်လောက်တော့
စောင့်ရဦးမယ်တဲ့...
အဲ့လိုစောင့်ရင် ငါတို့သွင်းထားတဲ့
Deposit ငွေပြန်ရမှာလားဆိုတော့
အထက်ကို တင်ထားပါတယ်တဲ့
ဒါဆို ဘယ်နေ့က လာတုန်းက
ဒီနေ့ လာယူပါ ပေးပါမယ်လို့
ပြောရတာလဲ‌ပြောတော့
ကျမ ပြောလိုက်လို့လားဆိုပြီးကို
ပေါ်တင်ကြီးငြင်းတာ
ညီမက အမနဲ့စကားပြောတုန်းက
ဖုန်းနဲ့ ရိုက်ထားတာရှိတယ်ပြောမှ
ဆက်မပြောတော့တာ
ကိုယ်တွေက လက်ခံဖြတ်ပိုင်းကို
စားပွဲပေါ်တင်ပြီး
ဒီလက်ခံဖြတ်ပိုင်းထဲက
ကားဌားခနုတ်ပြီး ကျန်စရံငွေ
သိန်း ၅၀ ကို အခု ပေးမှာလား
မပေးဘူးလား
Yes or No တစ်ခွန်းပဲပြောပါဆိုတော့
ဖိုင်တင်ထားတာ မကျသေးလို့ပါဆိုပြီး
ဟိုပြော ဒီပြော လျောက်ပြောပြန်ရော...
ကိုယ်တွေကလည်း စိတ်မရှည်တော့ဘူး...
စရံငွေ သိန်း ၅၀ ကို
ပေးမယ် မပေးဘူး Yes or No သာ
ပြောပေးပါ...
မပေးဘူး No ဆိုရင် ပြန်မယ်
ပြောတော့ ခဏ အပြင်မှာထိုင်စောင့်ပေးပါဆိုလို့
ဟိုတယ်က အတွင်းဧည့်ခန်းမှာထိုင်စောင့်တယ်...
ခဏကြာတော့
အသားမဲမဲနဲ့
ဘဲတစ်ပွေ ဆင်းလာပြီး
Finance ရုံးခန်းထဲ ပြန်ခေါ်တယ်...
လိုက်သွားတော့ ထုံးစံအတိုင်း
အထက်ကို တင်ပြရမှာမို့ ဘာမို့
တောပြော တောင်ပြော ‌ပြောပြန်ရော...
ကိုယ်တွေက ညီလေး
မြန်မာစာ ဖတ်တတ်တယ် မဟုတ်လား
လက်ခံ ဖြတ်ပိုင်းမှာ ၂၁ ရက်ကျော်တာနဲ့
Deposit ငွေကို ရုံးချိန်အတွင်း
လာရောက်ထုတ်ယူပါလို့
ရေးထားတာ
ဒါနဲ့ဆို ၅ ကြိမ်မြောက်ပြီ...
ပေးမယ် မပေးဘူးပဲပြောတော့
ငါတို့ အလုပ်ကိစ္စတွေရှိသေးတယ်...
မပေးရင် ပြန်မယ်ဆိုတော့
သူတို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိဘူးတဲ့...
ဒါဆို ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့သူကို
ငါ တွေ့ချင်တယ်ပြောတော့
လူကြီး မရှိလို့ပါ ပြောပြန်ရော...
ရုံးခန်းထဲတောင် Lock ချထားလိုက်သေးတယ်...
ကိုယ်တွေက Lock ဖွင့်တော့
ခဏလေး ပြောစရာရှိလို့ပါဆိုပြီး
ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြန်ရော...
ဒါနဲ့ မင်းတို့ အဲ့လို ပေါက်ကရတွေပြောတာ
ငါ နားမထောင်နိုင်ဘူး...
ငါတို့ငွေ မပေးရင် ပြန်မယ်ဆိုပြီး Lock ဖွင့်တော့
လက်နဲ့ လာတားပြီး ထွက်မရသေးဘူးလုပ်တာ...
တကယ့်ကောင်...
ဟျောင့် ငါထွက်ချင် ထွက်မယ်
မင်း လာတားစရာ မလိုဘူး
ပြောတော့မှ နောက်ဆုတ်သွားတာ...
ပါလာတဲ့ ညီမ ၂ ယောက်ကိုခေါ်ကာ
တခါတည်း ပြန်မလို့လုပ်တော့
ခဏလေးထိုင်စောင့် ပေးပါဦးဆိုပြီး
၂ ထပ်မှာရှိတဲ့ သူတို့ရုံးခန်းကို
တက်သွားတယ်...
ခဏကြာတော့ ပြန်ဆင်းလာပြီး
ဒီနေ့ ညနေ ဖိုင်တွဲတင်ပေးပါမယ်
ထပ်ပြောပြန်ရော...
အရင်လို ဟိုဒီတွေ လျောက်ရှင်းပြနေတော့
နားမထောင်တော့ပဲ...
အခု ငါတို့ငွေ သိန်းငါးဆယ်အခုပေးမှာ
မပေးဘူးလား တစ်ခွန်းပဲပြော
ကျန်တာ ငါ နားမထောင်နိုင်ဘူး...
၂၁ ရက်ပြည့်ရင် ထုတ်ပေးမယ်ဆိုတာ
ဆယ်ရက်ကျော်ပြီး
ချိန်းတာ ၅ ခေါက်မြောက်ရှိပြီ မေးတော့
သူတို့ ဖိုင်တွဲတင်ပေးထားပါမယ်ပဲပြောနေပြန်တာနဲ့
စကားဆုံးအောင် နားမထောင်တော့ပဲ...
မင်းတို့ကုမ္ပဏီ ဒီ Deposit ကိစ္စကို
ရှင်းဖို့သာပြင်ထားပေတော့
တစ်ခွန်းသာ ပြောပြီး ထပြန်လာခဲ့လိုက်တယ်...
ပြီးတော့ ရန်ကင်းရဲစခန်းကိုသွား
တာဝန်မှူး ဒုရဲအုပ်အမျိုးသမီးနဲ့တွေ့
ဖြစ်စဉ်ကိုရှင်းပြ
စာရွက်သက်သေ Digital သက်သေတွေကို
ပြပြီးတော့ အမှု့တိုင်စာကို
ကိုယ်တိုင်ရေးမလို့ လုပ်နေတုန်း
တာဝန်မှူးအရာရှိလက်ထဲမှာတင်
ဖုန်းရှိနေတုန်း
Viber ကနေ နက်ဖြန် 25.7.2025 ရက်နေ့
ညနေ ၃ နာရီကနေ ၅ နာရီအတွင်း
ရုံးမှာ Deposit ငွေလာထုတ်ပါဆို
စာဝင်လာတယ်...
ဒါနဲ့ တာဝန်မှူးက သူတို့ပြောတဲ့
မနက်ဖြန်ကို စောင့်ကြည့်လိုက်ပါဦး
အကိုရယ်...
နက်ဖြန်မှ မပေးရင် လာတိုင်လိုက်ပေါ့
ကျမတို့ အမှု့ဖွင့်ပေးပါမယ်ဆိုတာနဲ့
ပြန်လာခဲ့လိုက်ရော...
သူတို့ချိန်းတဲ့နေ့ ချိန်းတဲ့အချိန်
၃ နာရီခွဲလောက်မှာ ဖုန်းဆက်တော့
Meeting လုပ်နေလို့ ၄ နာရီခွဲလောက်မှ
လာခဲ့ပါ လုပ်ပြန်ရော...
ကျွန်တော်က ကားကိစ္စမပြီးသေးလို့
မလိုက်နိုင်ဘူး...
ကိစ္စရှိရင် ဖုန်းဆက်လိုက် ချက်ချင်းလာခဲ့မယ် ညီမရေဆိုပြီး
ချိတ်ဆက်လုပ်ထားကာ
ညီမနှစ်ယောက် သွားကြတယ်...
ညီမတစ်ယောက်က
ကားလောကမှာ သူ့ခင်ပွန်းသည်ကို
လုံးဝ လှုပ်မရအောင် ထိန်းထားနိုင်တယ်ဆိုပြီး
နာမည်ကြီးတယ်...
ရေချိုး ထမင်းစားတာတောင်
မိန်းမဖြစ်သူကို ခွင့်တောင်းပြီးမှ
လုပ်ရအောင်ကို ထက်တာ...
ကားလောက မယကဥက္ကဌကြီးရဲ့
အဂ္ဂဒေဝီမဟေသီပေါ့လေ 😁😁
ဒါနဲ့ ဟိုရောက်တော့
ကားကီလို 3000 ကျော်ရင်
အင်ဂျင်ဝိုင်ဖိုး ၂ သိန်းခွဲကို
အပြင်မှာ အင်ဂျင်ဝိုင်မလဲထားရင်
ဖြတ်မယ်လို့ ပါတာမို့
၂ သိန်းခွဲ ဖြတ်ပါမယ်တဲ့...
အရင်အခေါက် သွားတုန်းက
အင်ဂျင်ဝိုင်က ကားယူသွားကတည်းက
လဲထားတယ်ပြောတော့
ဘောင်ချာရှိလားတဲ့...
ဘောင်ချာပြန်ရှာပေးမယ်ပြောတော့
မရတော့ဘူး ဖြစ်ပြန်ရော...
တကယ် စကားကို ပရမ်းပတာ
အဲ့လိုပြောတဲ့ ကုမ္ပဏီကို
အခုမှ ကြုံဖူးတာ...
သုံးထားတာလည်း
ကီလို ၃၀၀၀ မပြည့်ပါဘူး...
တကယ်ဆိုရင် ကားလက်ခံကတည်းက
အမရေ အမတို့ကားယူသွားတုန်းက
ကီလိုဘယ်လောက်
အခုလာအပ်တော့ ကီလိုဘယ်လောက်ဆိုပြီး
ကီလို 3000 ကျော်လို့ အင်ဂျင်ဝိုင်ဖိုး
ဖြတ်ပါမယ်ဆိုတာကို
လုပ်ထုံး လုပ်နည်းအရ
တခါတည်း ပြောရမှာ...
ဒီလောက် လုပ်ငန်းတစ်ခုလုပ်နေပြီး
စကားကို ပလောင်းပလဲပြောတဲ့
သူတွေနဲ့ ဆက်မပြောချင်လို့
အဲ့တာဆို 47 သိန်းခွဲကို အခုပေးဆိုတော့...
အခု Kpay နဲ့ 20 ပေးပါမယ်
ညကျမှ 25 ကျန်တာ ထပ်လွှဲပေးပါမယ်ဖြစ်ပြန်ရော...
ဟဲ့ နင်တို့ရေးထားတာ
ရုံးချိန်အတွင်းလို့ ရေးထားတာလေ
ညဖက်ကြီး အလုပ်ဆင်းလို့လားဆိုတော့
ငွေလွှဲ Limit ပြည့်သွားလို့ ဖြစ်ပြန်ရော...
ဒါဆို Mobile banking နဲ့လွှဲပေး
ငါ့ဆီမှာ မြန်မာပြည်မှာ ရှိသမျှ
ဘဏ်တွေရဲ့ Banking ငါဆီမှာရှိတယ်
ကြိုက်တဲ့ ဘဏ်ကိုသာပြော...
အခုလွှဲပေးဆိုတော့လည်း မဟုတ်ပြန်ဘူး...
ဒီ သိန်း ၂၀ ကိုသာ အရင်ယူသွားပါ
လုပ်နေတာနဲ့ ပြန်လာခဲ့လိုက်တယ်...
ညီမတွေက အကိုရေ
ဒီလို ဒီလို ဆိုပြီးဖုန်းဆက်လာတော့
ရန်ကင်းရဲစခန်းက စောင့်နေလိုက်
အကို ခုပဲ ကားကိစ္စပြီးတာနဲ့
ထွက်လာခဲ့မယ်ဆိုပြီး ပြောလိုက်တယ်...
ညီမတွေ ရန်ကင်းရဲစခန်းရှေ့ရောက်တော့
Deposit ငွေလာယူပါဆိုပြီး
ဖုန်းဆက်ကာ ရုံးခန်းလာဖို့ခေါ်တယ်...
ညီမက မလာနိုင်တော့ဘူး
ရဲစခန်းရှေ့မှာ စောင့်နေတယ်...
လိုက်လာခဲ့ပြီး ပေးလိုက်ပြောတော့
ရုံးခန်းကိုပဲ လာခဲ့ပါ
တကယ်ပေးပါ့မယ်တဲ့...
ရုံးခန်းထဲကိုတော့ မလာနိုင်ဘူး
ဟိုတယ် ကားပါကင်မှာ
ငွေ လာပေး မပေးရင် မယူတော့ဘူး
အမှု့ပဲ ဖွင့်လိုက်မယ်ဆိုမှ
ကားပါကင်မှာ လာပေးပါ့မယ်လုပ်တာ...
ကားပါကင်မှာ ငွေသား 25 သိန်း
Kpay 22 သိန်းခွဲ ရလာလိုက်တယ်...
အသေးစိတ်ရေးပြရတာက
အဲ့ကုမ္ပဏီရဲ့ မျက်နှာပြောင်တိုက်ပြီး
စကားကို ပလောင်းပလဲ ပြီးစလွယ်ပြောကာ
ကားဌားသူ Customer တွေကို
နည်းမျိုးစုံနဲ့ လူဒုက္ခ စိတ်ဒုက္ခပေးတာတွေကို
သေချာသိအောင်လို့...
ငွေ သွားတောင်းချိန် ဆုံခဲ့ရတဲ့
အဖွားတစ်ယောက်ဆို
သမီးရယ် ငွေလိုလို့မှ သူတို့ကို
ကားလေး လပေးဌားထားတာ
အခုဆို မရတာ ၄ လတောင်ရှိပြီ
သုံးဖို့တောင် လက်ထဲမရှိတော့ဘူးတဲ့...
ဆိုတော့ကာ
နယ်ကနေ ကားဌားစီးမိသူတွေဆိုရင်
Deposit ငွေကို အဲ့လိုသာတောင်းရတယ်ဆိုရင်
ဘယ်လိုလုပ်ကြမလဲ...
Viber က စာပို့ထားလည်း
Seen ပြပြီး ဘာမှ ပြန်မပြောဘူး
လူကိုယ်တိုင် အခါအခါသွားမှ
Viber မှာ ပြန်ပြောပေးတာ...
ကိုယ်ဌားထားတဲ့ ဟိုတယ်ကြီးကိုမှ
အားမနာဘူး...
ဟိုတယ်ရဲ့ ဟိတ်ဟန်ကိုယူကာ
အခန်းဌားထားပြီး
Customer တွေကို ပြောချင်သလိုပြော
လုပ်ချင်သလို လုပ်နေတာ...
ဟိုတယ် နာမည်က
ဟိုတယ်ကို ထိခိုက်မှာစိုးလို့
တမင်ထည့်မရေးတာပါဗျာ...
မိတ်ဆွေများ
ကားဌားစီးမယ် ကားဌားပေးမယ်ဆိုရင်တော့
အဲ့ဒီ ရန်ကင်းမြို့နယ်အပိုင်
ကမ္ဘာအေးဘုရားလမ်းမပေါ်
အင်းယားရိပ်သာလမ်းနားမှာရှိတဲ့
ဟိုတယ် တစ်ခုထဲက
ကားဌားအေးဂျင့် ကုမ္ပဏီကိုတော့
ယောင်လို့တောင် မသွားမိစေနဲ့
ကိုယ်တွေတောင် ပြောနိုင်ဆိုနိုင်
လုပ်နိုင် ကိုင်နိုင်မို့လို့
ငွေပြန်ရခဲ့တာ...
ဒါတောင် ၂ သိန်းခွဲ ဖြတ်စားလိုက်သေးတယ်ဗျာ...
Edit...အဲ့ကုမ္ပဏီက Deposit ငွေတွေ
အလိမ်ခံရတဲ့သူတွေ မနည်းဘူး
လာပြောကြတာ
ပြန်မရတဲ့သူတွေလည်း
ဘယ်လောက်ရှိမလဲ မသိဘူး...
Deposit တင်ထားတဲ့ငွေ ၈၅ သိန်းမှာ
၃ သိန်းပဲ ပြန်ရတဲ့သူတောင်ရှိပါတယ်...
သူတို့ Page သွားဝင်ကြည့်လိုက်
အလှူအတန်းလုပ်ထားတဲ့
ပုံတွေ တင်ထားတာတွေ့လိမ့်မယ်...
တကယ့်စိတ်ရင်း အမှန်ကတော့
ကားဌားတဲ့သူတွေဆီက
နည်းမျိုးစုံနဲ့ လိမ်နေကြတဲ့သူတွေပါ...
ဝပ်ရှော့တွေလည်း ကားပြင်ပြီး
ကားပြင်ခကို နည်းနည်းပါးပါးသာပေးပြီး
အများကြီး သိန်း ၆၀ ၇၀ ကျော်တွေ မရသေးလို့ဆိုပြီး
ပြောလာကြပါတယ်ဗျာ...
ချစ်ခြင်းအားဖြင့်
ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

ချည်ခြစ်သား  လက်တိုလေးတွေ အသစ်ရောက်ပါတယ်နော် မမတို့ရေ ချည်ခြစ် ပန်းထိုးလေးလက်စက တွေလဲ ရှိပါတယ်နော် ❤️❤️အသားကောင်း ပြီး အ...
18/12/2022

ချည်ခြစ်သား လက်တိုလေးတွေ အသစ်ရောက်ပါတယ်နော် မမတို့ရေ
ချည်ခြစ် ပန်းထိုးလေးလက်စက တွေလဲ ရှိပါတယ်နော် ❤️❤️
အသားကောင်း ပြီး အော်ဒါချုပ်တွေမို့ စိတ်ချပါနော်
လက်ကားသီးသန့်သာရောင်းပါသည် 🌟🌟
ဝယ်ယူသူများ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ရှင်💕💕
ဆိုင်လိပ်စာ-Pink House၊ မြေညီ၁၂၃၊ ရွှေမင်္ဂလာစျေး၊ စက်ရုံလမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- 09955090476, 09957780601

ကွာလတီကောင်းပြီး ဝတ်လိုက်ရင် အရမ်းလှတဲ့ ချည်ဖုရော ချည်ခြစ်တွေရော အသစ်ထွက်ပါတယ်တေနာ် ချစ်မမတို့ရေ 🥰🥰ဗိုက်ဖုံးလေးတွလေဲရပြါ...
21/10/2022

ကွာလတီကောင်းပြီး ဝတ်လိုက်ရင် အရမ်းလှတဲ့ ချည်ဖုရော ချည်ခြစ်တွေရော အသစ်ထွက်ပါတယ်တေနာ် ချစ်မမတို့ရေ 🥰🥰
ဗိုက်ဖုံးလေးတွလေဲရပါပြီနော်
အနည်းဆုံး ၃ထည်က စအားပေးလို့ရပါပြီနော်
အရောင်ရွေးမရပါရှင့် 💕
ဆိုင်လိပ်စာ-Pink House၊ မြေညီ၁၂၃၊ ရွှမေဂ်လာဈေး၊ စက်ရုံလမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

ပူတဲ့ ရာသီဥတုမှာ အသားအေးတဲ့ ခြည်ချစ်လေးတွေ ဝတ်ပြီး လှလှလေး နကျေမယ်အသားကောင်းပြီး ချုပ်ရိုးချုပ်သားက စ်ေးခ်ုပ္မဟုတ္ဘဲ အော...
25/09/2022

ပူတဲ့ ရာသီဥတုမှာ အသားအေးတဲ့ ခြည်ချစ်လေးတွေ ဝတ်ပြီး လှလှလေး နကျေမယ်
အသားကောင်းပြီး ချုပ်ရိုးချုပ်သားက ဈေးချုပ်မဟုတ်ဘဲ အော်ဒါချုပ်မို့ ကွာလတီ စိတ်ချပါနော် 😍😍
လက်ကားသီးသန့်ပါနော်
အနည်းဆုံး ၃ထည်ကနစေ အားပေးလို့ရပါတယ်နော် အရောင္မရြေးမရပါ 🌸🌸
ဝယ္ယူအားပေးမှုတြေ အတွက်ကျေးဇူးတင်ပါတယ်ရှင့် 🌟🌟🌟
ဆိုင်လိပ်စာ-Pink House၊ မြေညီ၁၂၃၊ ရွှမေဂ်လာဈေး၊ စက်ရုံလမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။

ဝတ်လို့ကောင်းတဲ့ ချည်ခြစ် ပန်းထိုး လက္တိုရော လက္စကရော အားပေးလို့ရပါျပီနော္ ခ်စ္မမတို့ရေ အသားအေးျပီး ခ်ုပ္ရိုးခ်ုပ္သား သေ...
10/09/2022

ဝတ်လို့ကောင်းတဲ့ ချည်ခြစ် ပန်းထိုး လက္တိုရော လက္စကရော အားပေးလို့ရပါျပီနော္ ခ်စ္မမတို့ရေ
အသားအေးပြီး ချုပ်ရိုးချုပ်သား သသေပ်တာမို့ ကွာလတီ စိတ်ချလိုက်နော်
လက်ကားသီးသန့်ပါရှင့်
အနည်းဆုံး ၁ဆိုဒ် ၃ထည်ယူလို့ရပါတယ်ရှင့်
အရောင်ရွေးမရပါ
ဆိုင်လိပ်စာ- Pink house, မြေညီ၁၂၃၊ ရွှမေဂ်လာဈေး၊ စက်ရုံလမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း- 09957780601, 09765156249

ပေါ့ပေါ့ပါးပါးနဲ့ ဝတ္လို့ကောင္းတဲ့ လက္စက လေးတြေလဲ အားပေးလို့ရပါျပီနော္ ချည်ခစ်ြရော ချည်ခြစ်ပေါ် ပန်းထိုးထားတာမျိုးရော ချ...
30/08/2022

ပေါ့ပေါ့ပါးပါးနဲ့ ဝတ္လို့ကောင္းတဲ့ လက္စက လေးတြေလဲ အားပေးလို့ရပါျပီနော္ ချည်ခစ်ြရော ချည်ခြစ်ပေါ် ပန်းထိုးထားတာမျိုးရော ခ်ည္ဖုအသားအေးအေးလေးပါ ရှိပါတယ်နော်
လက်ကားသီးသန့်ပါရှင့်
အနည်းဆုံး တစ်ဆိုဒ်ထဲ ၃ထည်ယူလို့ရပါတယ်နော်
အရောင်ရွေး မရပါ
အတွဲလိုက် တစ်ဈေးပါ
ဆိုင်လိပ်စာ- Pink House, မြေညီ၁၂၃၊ ရွှမေဂ်လာဈေး၊ စက်ရုံလမ်း၊ မဂ်လာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ။

ပုလဲလုံးလေးနဲ့ အရမ်းလှတဲ့ ချည်ခြစ်လေးတွေ အားပေးလို့ရပြီနော် ❤️ကွာလတီကောင်းပြီး ချုပ်ရိုးချုပ်သားကောင်းလို့ စိတ်ချပါနော် ...
26/08/2022

ပုလဲလုံးလေးနဲ့ အရမ်းလှတဲ့ ချည်ခြစ်လေးတွေ အားပေးလို့ရပြီနော် ❤️
ကွာလတီကောင်းပြီး ချုပ်ရိုးချုပ်သားကောင်းလို့ စိတ်ချပါနော် ❤️
#လက်ကားအဓိကရောင်းပါသည်
အနည်းဆုံး ၃ထည်ရပါမည် အရောင်ရွေးမရပါ
အတွဲလိုက် တစ်ဈေးသီးသန့်ရှိပ
ါသည် ❤️
ဆိုင်လိပ်စာ- Pink House, မြေညီ၁၂၃၊ ရွှမေဂ်လာဈေး၊ စက်ရုံလမ်း၊ မဂ်လာတောင်ညွန့် မြို့နယ်၊ ရန်ကုန်မြို့။

10/08/2022

မမတို့ရေ ညီမတို့ pageလေး မှာ အထည္လှလှလေးတြေ ပြန်ရောင်းပေးပါတော့မယ်နော်
Page လေးကို see first လေးလုပ္ေပးထားက်ပါဦးနော္
အထည္လွလွလေးတြေကို လက္ကားရောင္းပေးမှာမို့ အားပေးက်ပါဦးနော္
က်ေးဇူးတင္ပါတယ္ရှင့္ 💕💕

ဒီလိုပူတဲ့ ရာသီဥတုမှာ ချည်ဖုလေးတွေ ဝတ်ပြီး လှလှလေးနေကြမယ်နော် အသားကောင်းဆုံးသုံးထားပြီး အော်ဒါချုပ်မို့ ကွာလတီ စိတ်ချပါန...
09/04/2022

ဒီလိုပူတဲ့ ရာသီဥတုမှာ ချည်ဖုလေးတွေ ဝတ်ပြီး လှလှလေးနေကြမယ်နော်
အသားကောင်းဆုံးသုံးထားပြီး အော်ဒါချုပ်မို့ ကွာလတီ စိတ်ချပါနော်
ပွဲတိုးတာတော့ အသေအချာပဲနော် 😍
❣️၁ထည်ချင်းစျေး ၄၀ဆိုဒ် ၇၂၀၀ ကစ
❣️တစ်ဆိုဒ် ၂၀၀ ဆီတက်
လက်ကားယူသူများ Cb လာပေးပါနော် ❤️
ရန်ကုန် အိမ်ရောက်ငွေရှင်းပါရှင့် 😍
ဖုန်း -09795955032

မမတို့ရေ ချည်ခြစ် အလှလေးရော ဝါးချည်ခြစ်အလှလေးတွေရော Digital လေးပါ အသစ်ထွက်လို့ ဝယ်ယူအားပေးလို့ရပါပြီရှင့် 😍❣️ 😍 #လက်ကားသ...
04/03/2022

မမတို့ရေ ချည်ခြစ် အလှလေးရော ဝါးချည်ခြစ်အလှလေးတွေရော
Digital လေးပါ အသစ်ထွက်လို့ ဝယ်ယူအားပေးလို့ရပါပြီရှင့် 😍❣️ 😍
#လက်ကားသီးသန့်
ရန်ကုန်အိမ်ရောက်ငွေရှင်းပါရှင့် ❤️
နယ်ကမမများ Kpay 3%ပေါင်းပါတယ်နော် 🥰❤️
ဆိုင်လိပ်စာ-Pink House၊ မြေညီ၁၂၃၊ ရွှေမင်္ဂလာစျေး၊ ရန်ကုန်မြို့။
ဖုန်း-09795955032

မမတို့ရေ ဝါးချည်ခြစ်အလှလေးတွေရော Digital ပိုးစပန့် အကီင်္ျ လေးတွေရော အင်ဒိုဂါဝန်ပါအသစ်ထွက်လို့ ဝယ်ယူအားပေးလို့ရပါပြီရှင်...
07/02/2022

မမတို့ရေ ဝါးချည်ခြစ်အလှလေးတွေရော
Digital ပိုးစပန့် အကီင်္ျ လေးတွေရော အင်ဒိုဂါဝန်ပါအသစ်ထွက်လို့ ဝယ်ယူအားပေးလို့ရပါပြီရှင့် 😍❣️ 😍
#လက်ကားသီးသန့်
ရန်ကုန်အိမ်ရောက်ငွေရှင်းပါရှင့် ❤️
နယ်ကမမများ Kpay 3%ပေါင်းပါတယ်နော် 🥰❤️
ဆိုင်လိပ်စာ-Pink House၊ မြေညီ၁၂၃၊ ရွှေမင်္ဂလာစျေး၊ ရန်ကုန်မြို့။
ဖုန်း-09795955032

Address

Yangon
11221

Website

Alerts

Be the first to know and let us send you an email when R Woo ချုပ်ထည်ပင်ရင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to R Woo ချုပ်ထည်ပင်ရင်း:

Shortcuts

Share

Category