Queen's Of Gallery

Queen's Of  Gallery Online shopping for Clothing, Perfumes, Tops, Dress, Skirts, Pants, Bags...Accessories & more ...thank you Retail and Consumer Merchandise for all fashion...

19/07/2023

မိတ်ဟောင်း customer များရှင်
မင်မင်တို့ ဒီ Page လေးကို မသုံးဖြစ်တော့လို့ စာတွေ မပြန်မိရင် စိတ်မဆိုးကြပါနဲ့ရှင်🥹🙏🙏🙏

မင်မင်တို့အခု Queen’s Gallery Page 1နှင့် Page 2 လေးမှာ skincare & perfume update post တွေအမြဲတင်ပေးနေပါတယ်
fashion ပိုင်းလည်းတိုးချဲ့ထားပါတယ်နော်😍

ဆိုင်ကိုလည်းရန်ကင်းကနေ တောင်ဥက္ကလာ /နန္ဒာဝန်စျေးအနီးမှာပြောင်းရွှေ့ ဖွင့် လှစ်ထားပါတယ်

Page အသစ်လေးတွေ like လုပ်သွားပေးကြပါအုံးနော် ❤️😍

ရေမွှေး mini လေးတွေနဲ့ sk2 / skincare mini လေးတွေဆို QG ကိုအမြဲသတိတရ အားပေးတဲ့ ချစ်ခင်ရတဲ့ customer အဟောင်းများကို သတိရနေပါတယ်နော်😍😍😘 https://www.facebook.com/100063727398998/posts/760763216057918/?mibextid=cr9u03

Apparel & clothing

Instock Yangon ရောက်ပီးသားမို့ စောင့်စရာမလို တဲ့Sk2 products ပါSingapore Changi Airport duty free products 💯 authentic အ...
31/10/2022

Instock Yangon ရောက်ပီးသားမို့ စောင့်စရာမလို တဲ့
Sk2 products ပါ

Singapore Changi Airport duty free products 💯 authentic အစစ်တွေမို့
စိတ်ချယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါတယ်နော်

date ကလည်း Fresh date လေးတွေမို့ $စျေးတွေ
တက်မှာကြောက်ရင် ဝယ်ဥ ထားလို့ရတယ်နော်

💯authentic guarantee ✔️

လူတိုင်းမှာ ချစ်စရာမျက်နှာလေးတစ်ခုဘဲရှိတာပါ
ကိုယ့်မျက်နှာ လေးကို တန်ဖိုးထားသလို
👸🏻 တို့ကို လည်း ပိုပို လှလာတဲ့
မျက်နှာပိုင်ရှင်လေးတွေဖြစ်စေချင်ပါတယ်နော်

Sk2 ရဲ့အားသာချက်ကတော့ မျက်နှာအသားအရည်ကို
14 dyas အတွင်း သိသိသာသာဝင်းပပြီး
အစက်အပျောက်တွေလျော့နည်းလာစေတာပါ

Sk2 ရဲ့အဓိကထုတ်ကုန်ဖြစ်တဲ့
Pitera ဒြပ်ပေါင်း 90% ကျော်ပါဝင်တဲ့
Treatment essenceလေးဟာ
သဘာဝဆန်ကနေထုတ်လုပ်ထားတာမို့
အသားရေကြည်လင်လင်းလက်စေပါတယ်

သူ့ရဲ့လုပ်ဆောင်ချက်ကတော့ရေဓါတ်ကို
အဓိကဖြည့်ပေးပြီးချွေးပေါက်တွေထိန်းညှိပေးတာမို့
အဆီပြန်သော,ခြောက်သွေ့ကြမ်းတမ်းသော
အသားရေကိုနူးအိစိုပြေလာစေပါတယ်

သုံးပြီးနှစ်ပတ်အတွင်း မှာစပြီ
အသားအရေ ပြောင်းလဲလာမယ်။

မျက်နှာအရေပြား တင်းရင်းလာမယ်

အမဲစက်တွေ နဲ့ အရေးအကြောင်းတွေ သိသိသာသာ
လျော့နည်းသွားစေပါတယ်နော်

$rate တွေတက်နေပင်မယ့်လည်း စျေးကိုအသက်သာဆုံးဖြစ်အောင်ရောင်းပေးထားတာမို့ ခုချိန်ကိုယ်သုံးနေကျ skincare လေးကုန်နေပီဆို
Hello 📞 လိုက်ပါရှင်

သိချင်တာအသေးစိတ်ကို page messenger or 09767328651 ကိုမေးလို့ရပါတယ်ရှင်

instock
in japan

on deli

ချစ်တဲ့ 👸🏻 လေးတို့ ပိုလှကြပါစေ

With love
👸🏻🖤

ဒီညီမလေးအတွက် Gucci Perfume လေး bd surprise gift လေးရထားပါတယ်ရှင်***စုမြတ်ရေမွေးနေ့မှာပျော်ရွှင်ပါစေ…လိုချင်တာတွေရ ဖြစ်ခ...
15/09/2022

ဒီညီမလေးအတွက် Gucci Perfume လေး bd surprise gift လေးရထားပါတယ်ရှင်

***စုမြတ်ရေ
မွေးနေ့မှာပျော်ရွှင်ပါစေ…
လိုချင်တာတွေရ ဖြစ်ချင်တာတွေဖြစ် ငွေတွေအဖက်ဖက်ကဝင်ပါစေနော်…
အမကြောင့်လို့ပြောပြီး ခနခန ပူဆာနေတာ မကြည့်ရက်တော့လို့ လက်ဆောင်လေးပေးလိုက်တယ်..ကြိုက်နှစ်သက်တာလေးဖြစ်ပါစေ🥰🥰🥰

ချစ်တဲ့အစ်မ ***

ဆိုပြီး ချစ်စရာဆုတောင်းစကားလေးလည်းပါးလိုက်ပါတယ်ရှင်

1@4500buy any 3-12000 kyatsအနံ့စမ်း try ချင်လို့ or ကိုယ် နဲ့ လိုက်မလိုက် အရင် သုံး ကြည့်ချင်တယ် ဆို အစမ်းသုံး ရေမွှေးကတ...
25/06/2022

1@4500
buy any 3-12000 kyats

အနံ့စမ်း try ချင်လို့ or ကိုယ် နဲ့ လိုက်မလိုက်
အရင် သုံး ကြည့်ချင်တယ် ဆို အစမ်းသုံး ရေမွှေးကတ်လေးတွေရှိတယ်နော်

ချစ်စရာ ကောင်းပီး ရှားပါး stock လေးတွေမို့
လိုချင် hello 👋 လိုက်ပါနော်

အိတ်ဆောင်လေးတွေမို့ အနံ့ပဲစမ်းမလား
ခရီးဆောင်လား ချစ်ချစ်နဲ့မဒိတ်ခင်
ဆွဲဆောင်မှု ရှိတဲ့အနံ့လေးရဘို့ purse 👛 ထဲ ထားမလား
ကဲ အဆင်ပြေဆုံးလေးတွေပါ

စျေး လေးတွေပုံမှာ ရေးပြ
မှာ မို့ မှာ ချင်ရင်
page မှာ hello လိုက်ပါ
In stock ရှိပီး သားမို့ စောင့်စရာလည်း မလိုပါ

အသေးစိတ်သိလို လျင် လည်း page ကို
ဆက်သွယ်မေးမြးန်းနိုင်ပါတယ်

💯အစစ် နဲ့အသစ်ပဲ ရောင်း ပါတယ်ရှင်

With love
👸🏻🖤

ဒါဖတ်ပြီးမှ skin care ဝယ်ပါ---------------------------ဒေါက်တာအေးမင်းထူး(၁) TonerTonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျ...
24/06/2022

ဒါဖတ်ပြီးမှ skin care ဝယ်ပါ
---------------------------

ဒေါက်တာအေးမင်းထူး

(၁) Toner
Tonerဆိုတာ မျက်နှာသန့်စင်တဲ့ အရည်ကြည်တမျိုးဖြစ်ပါတယ်။ တိုနာအာနိသင်က အညစ်အကြေးကို အဓိကဖယ်ရှားသန့်စင်ပေးတာ ဖြစ်တယ်။ မျက်နှာသစ်တွေသုံးပြီး ကျန်နေနိုင်တဲ့ အညစ်အကြေးကို ဗာတိုနာက ကောင်းကောင်းဖယ်ရှားပေးနိုင်တယ်။ နောက်ပြီး မျက်နှာအဆီပေါက်တွေကို ကျဉ်းစေတာမို့ အဆီပြန်ခြင်း ကင်းစင်စေတယ်။ အထူးသဖြင့် မိတ်ကပ်သုံးသူအများစုဟာ တိုနာသုံးသင့်တယ်။

(၂) Mist
Mist ဆိုတာ အရည်တမျိုးပဲ။ toner နဲ့နည်းနည်းဆင်တယ်။ ဒါပေမယ့် အာနိသင်မတူညီပါဘူး။ mist ထဲမှာ သဘာဝဆီ၊ ပန်းဆီ၊ အလှဆီနဲ့ ရေဓာတ် တို့ပါလေ့ရှိတယ်။ အာနိသင်က အရေပြား pH ကို မှန်စေတယ်။ အစိုဓာတ်ကို ထိန်းပေးပြီး မျက်နှာပြင်ကို အေးမြစေတယ်။ ပုလင်းနဲ့လာပြီး အရှေ့တိုင်းသားတွေကို မျက်နှာခြောက်သွေ့တဲ့အခါ ဖြန်းလေ့ရှိတယ်။ နွေရာသီမှာ အဓိက အသုံးဝင်တယ်။ တချို့က မိက်ကပ်မလိမ်းခင် ကြိုလိမ်းတတ်ကြတယ်။

(၃) Essence
essence က အားလုံးထဲမှာ ပြင်းအားအနည်းဆုံးပဲ။ ပုံမှန်အားဖြင့် ရေသာသာ အရည်ကြည်တမျိုးပဲ။ တချို့က treatment water လို့ခေါ်တယ်။ အရေပြားကို အဓိကပြုပြင်ပေးတယ်။ အမျိုးအစား သုံးမျိုးလာတယ်။
• whitening essence ဆိုတာ မျက်နှာ ဝင်းမွတ်တောက်ပတဲ့ နေရာမှာ သုံးတယ်။ Melvita Brightening essence ဆိုတဲ့ နာမည်နဲ့လာတယ်။
• pore control essence ကတော့ အဆီပြန်ခြင်းကို ထိန်းချုပ်တဲ့ နေရာမှာ အသုံးဝင်တယ်။ Loreal treatment essence ဆိုတာ အဆီထိနိးတဲ့နေရာမှာ ကောင်းတယ်။
• skin repairing essence က အရေပြားကို ပြုပြင်ပေးတာဖြစ်တယ်။Cremorlab Mineral Treatment essence နာမည်နဲ့လာတယ်။အားလုံးထဲမှာ နာမည်အကြီးဆုံးက အများသိတဲ့ SKII facial treatment essence ဖြစ်ပါတယ်။ ကျွန်တော်လည်း သုံးဖူးပါတယ်။ အခုလည်း သုံးတယ်။ အဆီဓာတ်အခြေခံတဲ့ Essence လိုမျိုးလည်း ရှိပါသေးတယ်။ အများစုက Mandelic acid ပါတယ်။

ကိူရီးယားမှာ Esteen Lauder advanced night repair serum ကို essenceခေါ်

(၄) Serum
Serum က essenceထက် ဓာတုပါဝင်မှုပိုများတယ်။ နည်းနည်းပိုပြစ်တယ်။ ဒါ့ကြောင့် essenceထက် စျေးအနည်းငယ်ပိုတယ်။ serumက အရေပြားအတွင်းပိုင်းထိ စိမ့်ဝင်စေပြီး အသားရောင်ကို ကြည်လင်ဝင်းပစေတယ်။ လေထုညစ်ညမ်းမှုကြောင့် အရေပြားပျက်ဆီးတာကို ကာကွယ်နိုင်တယ်။ အစိုဓာတ်ထိန်းပေးနိုင်ပေမယ့် moisturizer နဲ့ သဘာဝချင်း လုံးဝမတူပါ။ moisturizerက အရေပြားအပေါ်ယံကို ပြင်ပလေထု၊ ရာသီဥတုနဲ့တိုကိရိုက်မထိအောင် အလွှာပါးတခုနဲ့ ကာကွယ်ပေးတဲ့ သဘောသာဖြစ်တယ်။ Serum ကတော့ အရေပြားအတွင်းပိုငိးထိ နက်ရှိုင်းစွာ ဝင်ရောက်ပြီး အသားအရေနူညံ့စေတာဖြစ်တယ်။ serum က အရေပြားတွန့်တာကို ကာကွယ်ပေးနိုင်ပေမယ့် လူတိုင်း serum သုံးလို့ရပါတယ်။
serum ထဲမှာ ရေဓာတ်အခြေခံ(water based serum) နဲ့ အဆီအခြေခံ (Oil based serum)ဆိုပြီး နှစိမျိုးရှိတယ်။ Oil based serumတွေထဲမှာ Vitamin C (သို့) retinol လိုမျိုးပါလေ့ရှိတယ်။ အာနိသင်ပေါ်မူတည်ပြီး ထုတ်ထားတဲ့ Serum သုံးမျိုးရှိတယ်။
• anti-aging serumဆိုတာ အရေပြားတွန့်သူ တွေမှာအဓိကသုံးတယ်။
• pore tightening serum ကတော့ ဝက်ခြံထွက်သူ၊ အဆီပြန်သူ၊ အဆီဂလင်းများသူတွေမှာ သုံးတယ်
• brightening serum ကတော့ အရေပြားကို ဝင်းမွတ်စေတဲ့ အမျိုးအစားဖြစိတယ်။
hyaluronic acid, ceramides(အစိုဓာတ်ထိန်းပေး)
water based - မော်လီကျူးသေး၊ moisturizer မလိမ်းမှီ
oil based - မော်လီကျူးကြီး၊ moisturizer လိမ်းပြီး

(၅) Ampoule
Ampoule က ဒီသုံးမျိုးထဲမှာ သူကအရည်အပျစ်ဆုံးနဲ့ ပါဝင်မှုအများဆုံးပဲ။ serum ထက် စျေးနည်းနည်းပိုကြီးတယ်။ ဗီတာမင်နဲ့ အပင်အင်ဇိုင်းတွေ ပါလေ့ရှိတယ်။ အသားအရောင်ကို ညီညာ ချောမွတ်စေပြီး အရေပြားထဲ ပိုမိုစိမ့်ဝင်နိုင်တယ်။ အချိန်တိုအတွင်း အာနိသင်အထိရောက်ဆုံးပဲ။ brightening ampoule က အရေပြားတောက်ပစေဖို့ သုံးတယ်။လိမ်းထားရင် အသားရောင် ကြည်လင်နေတယ်။ collagen ampoule (သို့) wrinkle reducer ampouleက အရေပြားတင်းရင်းစေဖို့ သုံးတယ်။ အထူးသဖြင့် အသက်ကြီးရင့်သူတွေ သုံးနိုင်တယ်။
ပုံမှန်အားဖြင့် မိပ်ကပ်တွေ ကြာရှည်ခံအောင် hydrating (သို့) makeup ampoules တွေကို သုံးတယ်။ အထူးသဖြင့် မင်္ဂလာဆောင်တွေမှာ သုံးကြတယ်။ လေနဲ့ထိရင် ဓာတ်ပြုလွယ်လို့ vial လေလုံတဲ့ပုလင်းထဲ ထားရတယ်။

ပါဝင်တဲ့ပြင်းအား - ampoule > serum> essence .
အပျစ်၊အကျဲ - essence > ampoule > serum

(၆) Booster
booster ဆိုတာ serum/essence မလိမ်းခင်သုံးရတဲ့ပစ္စည်းတမျိုးဖြစ်ပါတယ်။ ဒါပေမယ့် တိုနာသုံးပြီးမှ လိမ်းရတယ်။ booster သုံးခြင်းအားဖြင့် essence/serum ရဲ့အာနိသင်ကို ပိုကောင်းစေတယ်။ အရေပြားအရောင်က ပုံမှန် ကြည်လင်တောက်ပလာတယ်။ မျက်နှာအသေားရောင်ပိုလင်းလာတယ်။

(၇) Floral water
သိပ်ထူးထူးဆန်းဆန်းမဟုတ်ပါဘူး။ ပန်းကို ရေနဲ့ စိမ်ပြီး ပေါငိးစပ်ထားတဲ့ အရညိတမျိုးဖြစ်ပါတယ်။ ဒီအရည်ကို toner, mist (သို့) moisturiser အနေနဲ့လညိး သုံးလို့်ရတယ်။ အရေပြားကို အေးမြစိုစွတိစေတယိ။ ရေဓာတ်ကို နညိးနည်းထိန်းပေးတယ်။ ဒါပေမယ့် moisturiser စစ်စစ်လို အာနိသင်မကောင်းပါ။ ဆောင်းရာသီမျိုးမှာ သိပ်အသုံးမဝင်ပါ။ Melvita Extraordinary water ဆိုတာ Floral water ပန်းအရည်တမျိုးဖြစိပါတယ်။

(၈) Finisher
နောက်ဆုံးမှသုံးလို့ skin finisher လို့လည်း ခေါ်တယ်။ မျက်နှာအရေပြား တောက်ပနေအောင်ပြုလုပ်ပေးတဲ့ ပစ္စည်းဖြစ်ပါတယ်။ တကယ်က အရောင်တင်တဲ့သဘောပါပဲ။ toner, serums/essence/ နဲ့ moisturisers အားလုံးသုံးပြီးနောက်မှ အပေါ်က ထပ်သုံးရတယ်။ အောက်မှာ ခံလိမ်းထားတဲ့ အရေပြားထိန်းပစ္စည်းတွေကို ကြာရှည်ခံအောင် ဖုံးပေးတဲ့သဘောပါပဲ။ အဲဒီရဲ့အပေါ်ကမှာ နေလောင်ကာလိမ်းဆေး၊ foundation၊ မိပ်ကပ်စတာတွေ ဆက်သုံးနိုင်တယ်။ ပုံမှန်အားဖြင့် နေ့ပိုင်းမှာသာ သုံးတယ်။ Sulwhasoo Luminate Essential Finisher ဆိုတဲ့နာမည်နဲ့လာတယ်။

(၉) Peeling Gel
အရေပြားအပေါ်ယံဆဲလ်ကို ခွာပေးတဲ့ ဂျယ်တမျိုးဖြစ်ပါတယ်။ scrubs လောက် မပြင်းဘူး၊ အပေါ်ယံ epothelium မှာရှိတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးတယ်။ ပုံမှန်အားဖြင့် အာနိသင်ကောင်းအောင် ညဖက်မှာ သုံးပြီး sheet mask မသုံးခင်သုံးကြတယ်။ ကိုရီးယားမှာ UGB Peeling Gel အနေနဲ့ လာပါတယ်။

#ဒေါက်တာအေးမင်းထူး

LANCÔME Mask Advanced Genifique Hydrogel MeltingLancome genifique hydrogel mask...Instock....Serum တဘူးစာပါဝင်တဲ့ lancom...
18/03/2022

LANCÔME Mask Advanced Genifique Hydrogel Melting
Lancome genifique hydrogel mask...
Instock....

Serum တဘူးစာပါဝင်တဲ့ lancome ရဲ့
best seller sheet mask လေး...

Glow/ glass skin ရချင်သူတွေယူကိုယူရမဲ့
mask လေးပါနော်
အချိန် 10 မိနစ်အတွင်းမှာ ရေဓာတ်ပြည့်ဝပြီး....
စိုပြေတင်းရင်းတဲ့ မျက်နှာကို ရရှိမှာပါ

Lancôme ရဲ့ best seller ဖြစ်တဲ့
advanced genifique serum ကိုမှ
mask အနေနဲ့ပြန်ထုတ်ထားတာဖြစ်ပီး
ရိုးရိုး serum တောင်မဟုတ် advanced serum ဆိုတော့ အာနိသင်ကရှယ်ထိရောက်

Mask က တစ်ခါကပ်ပီး 10 ရက်လောက်
skincare မလုပ်ပဲတောငိနေလို့ရတယ်လို့ကို
တင်စားထားတာနော်
glow တောင်မှ ရိုးရိုးမဟုတ် အချစ်တို့ရေ
intense glow ပါတဲ့
ကြည်ဝင်းတောက်ရှင်း

Oily, dry, normal, combination, sensitive skin တောင်သုံးလို့ရပါတယ်....
For All skin type
paraben free,
sulfate free,
phthalates free

ပုံမှန်ဆို mask တစ်ချပ်ကို 40000 ကျော်
အခုမှာရင် 1သောင်းကျော် နဲ့ရမယ်နော်

အသားရေတွန့်တာ
အသားခြောက်တာ...အသားရောင်မညီတာတွေအတွက်အထူးထိရောက်သက်သာစေပါတယ်.

With love
👸🏻 ❤️

Luxury brand ဖြစ်တဲ့ Prestige Dior skin care clearance sales လေးပါ30/50 ml ကို ကောင်တာမှာ သိန်းချီဝယ်နေရလို့ အစမ်းသုံး ခ...
27/02/2022

Luxury brand ဖြစ်တဲ့ Prestige Dior skin care clearance sales လေးပါ

30/50 ml ကို ကောင်တာမှာ သိန်းချီဝယ်နေရလို့
အစမ်းသုံး ချင်လို့ပဲ ဖြစ်ဖြစ် တကယ်သုံး ချင်လို့ပဲ
ဖြစ်ဖြစ် Affordable prcie လေးမို့ လက်တို့ပါရစေ

👉🏻👉🏻Now Sales Price 10ml-35000 Kyats👈🏻👈🏻
Instock

Dior prestige series မှာ လူကြိုက်များတဲ့
skin အားဆေးလေး
DIOR PRESTIGE La micro-huile de rose 🌹

Body အတွက် လိုအပ်တဲ့ အားဆေးတွေ ဖြည့်စွက် သောက်ပေးကြသလိုဘဲ
skin အတွက် လိုအပ်တဲ့ အာဟာရ ရရှိအောင်
ကျန်းမာစေအောင် အားဖြည့်ဘို့လည်းလိုပါတယ်

နှင်းဆီပုလဲအလုံးသေးသေးလေးတွေ
၁ သောင်းကျော်ပါဝင်တဲ့ အသားအရေကို
အထူးအားဖြည့်ပေးတဲ့ Rose oil skin အားဆေးလေးပါ

လိမ်းရတာ အေးအေးလေးနဲ့ skin ထဲ သေချာ စိမ့်ဝင်တဲ့ texture မို့ ဝယ်ဖူးသူတိုင်း
သ ဘောကျတဲ့ serum❤️ ( စေးကပ်ကပ်လုံးဝမဖြစ်စေပါ )

အသားအရေလှပကျန်းမာတောက်ပစေဖို့ လိုအပ်တဲ့
minerals, trace elements, omega-3, vitamin E
ပါဝင်လို့အသားအရေကို ချက်ချင်းနုညံ့ချောမွေ့ လှပ
ကျန်းမာကြည်လင်တောက်ပစေပါတယ်

ကျန်းမာချောမွေ့တဲ့လှတမျက်နှာ skin အတွက်
လိုအပ်တဲ့ energyတွေကိုဖြည့်ပေးမယ့်
nutritional supplements ❤️

🌹 နဲ့ ထုတ်လုပ်ထားပြီး 🌹 scent လေးကြောင့်
လန်းဆန်းကြည်နူးမှုကို လည်း ဖြစ်ပေါ်စေပါတယ်...

Serum သဘောမျိုးသုံးနိုင်သလိုSerum မလိမ်းခင်
သုံးပေးခြင့်ဖြင့်လည်းပိုပြီး ကောင်းမွန်တဲ့ ရလဒ်မျိုးကို
မြင်တွေ့ရမှာပါ

ဒီ serum လေးကြောင့် Skin အာဟာရပြည့်ပြီး
တင်းရင်း ကြည်လင်နုပျိုလာပီး
anti ageing signs တွေကို
တရက်ထက်တရက် လျော့ပါးစေလာမှာပါ

(ကိုယ်ကအခြား skin care တွေ သုံးနေသေးတယ်.
Dior ကိုလည်း သုံးကြည့်ချင်တယ်ဆို
အရေပြားအားဖြည့်အဆီဖြစ်တဲ့ ဒီ rose oil လေး ထည့်သုံးကြည့်ဖို့ အကြံပြုလိုက်ပါတယ်)

နေ့စဉ် သုံးလို့ရပါတယ် Other skincare နဲ့
တွဲသုံးလို့ရသလို မိမိကြိုက်နှစ်သက်ရာ prestige’s series တခုတည်းကို သုံးလို့လည်းရပါတယ်

(သူ့လိမ်းပြီးရင်တော့ ကိုယ်လိမ်းနေကျ steps တွေ ဖြစ်တဲ့ other serum / moisturizer eye cream တွေ
သုံးလည်း ရပါတယ် )

Instock
10ml -35000 kyats

(30-50 ml ကို သိန်းချီနေတဲ့ luxury မို့ ဒီ
10mlLimited qty လေး try ကြည့်ဘို့ လက်တို့ပါရစေ )

With love
👸🏻🖤

(Dior ma pyae phyo ရဲ့
Reviewလေးလည်း cmt မှာရေးပြထားမယ်နော်❤️🌹)

အရမ်းတန်တဲ့ Sephora Holiday Vibes Lip Stain Set Instock Sephora ရဲ့ Cream Lip Stain က အရမ်းကြာရှည်ခံပြီးပျက်လဲမပျက် အရော...
16/02/2022

အရမ်းတန်တဲ့
Sephora Holiday Vibes Lip Stain Set Instock

Sephora ရဲ့
Cream Lip Stain က အရမ်းကြာရှည်ခံပြီး
ပျက်လဲမပျက်
အရောင်ထွက်လဲ မိုက်

တချောင်းစျေး ပုံမှန် 30000 ကျော်
လောက်ရှိတာကို ခု
6 ချောင်းပါတဲ့ set ကို မှ sale ရှိလို့ 60000 နဲ့ရမယ်နော်
ခွဲ ယူရင် တချောင်း 13000 kyats

Set လိုက်ဆိုတချောင်းကို
၁ သောင်းလောက်ပဲကျလို့ တန်မှ တန်
အရောင် ကာလာ collections အကုန်လုံးကလဲ
မြန်မာ culture
အားလုံးနဲ့ လိုက်ပြီး လှတယ်နော်..

Price : 60000 kyats
authentic 💯
imported from USA

ရန်ကုန်, mdy & နေပြည်တော်
အိမ်အရောက်ငွေချေ (cash on deli) 🚚 ရပါတယ်
အခြား မြို့များသို့ ငွေလွှဲဝင်ပြီး ဂိတ်ချပေးပါတယ်

Dior Prestige ရဲ့  la micro lotion de rose 10ml 19000 kyats Instock Dior Prestige La micro lotion De Rose Toner/ Essence...
11/02/2022

Dior Prestige ရဲ့ la micro lotion de rose 10ml
19000 kyats
Instock

Dior Prestige La micro lotion De Rose
Toner/ Essence အဖြစ်သုံးလိုရပါတယ်

Dior ရဲ့ Micronization Technology နဲ့လုပ်ထားတဲ့ Rose လေးက ပုံမှန် Skincare တွေထပ်အသားထဲကို ပိုစိမ့်ဝင်နိုင်တယ်

Dior prestige rose series
Anti-Aging series
(အ ရေး အ ကြောင်း နှင့် အသားအရည် တင်းရင်း မှု
အတွက်အထူး special )

အသက် အရွယ် ကြောင့် ဖြစ် လာ တဲ့ အသား အရည် တင်း ရင်း မူ မရှိ ခြင်း
အမဲစက် များ ထွက် လာ ခြင်း
ကြည် လင် မူ မရှိ ခြင်း နဲ့ အသက် အရွယ် ကြောင့်
ဖြစ်ပေါ် လာ တဲ့ line တွေ အတွက် လျော့ နည်း၊ ကာကွယ် ချင် သူ များ အတွက် prestige က အကောင်း ဆုံး
luxury Prestige skin care တစ် ခု ပါနော်

Glow skin - အ သား အ ရေ ကြည် ပီး သိသာစွာ glow ပီး ဝင်းပလာပါတယ်

whitening ကြောင့် ကြည်ပီး ဖြူလာစေတယ်

hydration - အချစ်တို့ရေ အ သား အရည် ခြောက်ရင်
အ ရေပြား တွေတင်း ခြောက်လာပီး
အိုမင်းရင့်ရော်လာစေလို့
အ စိုဓာတ် ရေဓာတ်လုံလောက် စွာရှိဖို့ အထူး အရေးကြီး
ပါတယ်

မျက်နှာအဆီပြန်တာကိုထိန်းပေးပြီး ချွေးပေါက်ကျယ်တာတွေကိုလဲသက်သာစေပါတယ်

Hydration အတွက် 🌹ကနေပြုလုပ်ထားတာလေးက❤️

(Skin ကို 24hrs လုံးဝရေဓါတ်အပြည့်အဝပေနိုင်တဲ့အပြင် အသားရည်ကိုတင်းရင်းစေတယ် )

ပင် ပန်း ပီး မွဲခြောက် နေ တဲ့ tired & dull skin
တွေအ တွက် anti-oxidants , vitamins နဲ့ supplement
တို့က skin regenerationဖြစ် စေဘို့ အထူး အထောက် ကူပြုစေပါတယ်

သုံးကြည့်ပါ
skin texture လဲ ကောင်းပီး အသားလေးအိစေပီး Dior prestige series ဘယ်လိုကောင်း လည်း သိစေ

10ml-19000
Expiry 2023
( တကယ်သုံးရင် 10 ml လေးက တလပဲ ခံမှာ
မို့အကြာကြီးလိုပါသေးတယ်နော်)

Dior Prestige La Micro-Lotion De Rose

Lotion လေးက Toner လိုသုံးလို့လဲရ Essence Step မှာသုံးလို့လဲရပါတယ်နော် 🖤🌹

With love
👸🏻🖤

ရောင်းမလောက် လေး in stock ပြန်ရပါပီပစ္စည်း တခါရောက်တိုင်း regular customer တွေ ၃/၄ ဘူး ယူထားတဲ့ထိ feedback ကောင်းလေးပါအပ...
14/01/2022

ရောင်းမလောက် လေး in stock ပြန်ရပါပီ

ပစ္စည်း တခါရောက်တိုင်း regular customer တွေ ၃/၄ ဘူး ယူထားတဲ့ထိ feedback ကောင်းလေးပါ
အပိုမပြောတော့ဘူး သုံး ကြည့်နော်

အချစ် 👸🏻 တို့ရေ မိန်းမတို့ဘုန်း ဆံထုံးတဲ့
Hair က ကျွန်မတို့မိန်းကလေးတွေအတွက်
တိုတိုရှည်ရှည် ကောက်ကောက်
ဖြောင့်ဖြောင့် အသက်ပါနော်❤️

သုံးဖူးသူတွေတိုင်း ကောင်းလွန်းလို့ထပ်ခါထပ်ခါ
ပြန်မှာ ပြီးသုံးကြတဲ့ Hair Serum >> Kaminomoto လေးပြန်မှာလို့ရပါပြီ

ဘယ်လောက် အရေအတွက် ပါပါ
ဘယ်တုန်းကမှ မလောက်ပါဘူး

ရောက်တိုင်းကုန် ၊ ပစ္စည်း လည်းလိုသလောက်
မရတဲ့ hair serum လေးပါ
Expiry လည်း 2025 အဝေးကြီးမို့ ဝယ်စုပြီးဥထားလို့ ရပါတယ်နော်😄

ပစ္စည်းပြတ်ပြီးရှားတဲ့အတွက် ရတုန်းလေးမှာထားကြနော်

KAMINOMOTO Silver - 30000 kyats
KAMINOMOTO Gold - 31500 kyats

💯 Authenthic from direct Singapore
Made in Japan 🇯🇵 ပါ
လူကြီးလူငယ် ကျားမ မရွေးသုံးလို့ရပါတယ်

အသုံးပြုပြီး တစ်လကြာတာနဲ့ ဆံသားတွေသန်မာလာပြီး ဆံပင်အသစ်တွေ ထပ်ပေါက်လာတာကို တွေ့ရမှာပါ

❣️နှစ်မျိုးလုံးတွဲသုံးရင် ပိုကောင်းပါတယ်
❣️Gold က ဆံပင်ပြန်ပေါက်ဖို့ ဆံလုံးများသန်မာစေဖို့တာဝန်ယူပေးပြီး
❣️Silver က ဆံပင်မကျွတ်ဖို့တာဝန်ယူပေးပါတယ်

❗️Review Credit to the Shine Society ❗️

✅ ဆံပင်နဲ့ပတ်သတ်လို့ ဒုတိယမြောက် ရေးခြင်းဖြစ်ပါတယ်

💫Product reviews တွေကို အဓိကထားပြီး ရေးတဲ့သူမို့ မရေးခင် အမျိုးအစားတူ product ၃-၄-၅ မျိုး စမ်းပြီးခါမှ အကြိုက်ဆုံးနဲ့ အဆင်ပြေဆုံး တခုကို ရေးသားဖော်ပြဖြစ်တာပါ

💫 recommend ပေးချင်တာက ဆံပင်ကျွတ်တဲ့သူတွေအတွက် KAMINOMOTO ဆိုတဲ့ hair tonic serum ပါ
Made in Japan ဆိုတာကတော့ KAMINOMOTO နဲ့ ရင်းနှီးသူတိုင်း သိပြီးသားဖြစ်မှာပါ
KAMINOMOTO က super strength hair serum မထုတ်ခင် ရှေ့မှာ hair tonic နဲ့ hair accelerator ဆိုပြီး ထုတ်ထားပြီးပြီဖြစ်သလို တချို့ သုံးနေကြသူတွေတောင် ရှိကြပါတယ်

💫ပထမထုတ်တဲ့ hair tonic နဲ့ hair accelerator ကို အမှန်အတိုင်းပြောရရင် ရင်ထဲသိပ်မထိခဲ့ဘူး
Advanced formula နဲ့ ထပ်ထုတ်တဲ့ super strength hair serum ကျမှ ပိုကြိုက်မိသွားတယ်
(ကိုယ့် ဦးရေပြားကျန်းမားရေးနဲ့ သူပေးနိုင်တဲ့ အာနိသင် ကွက်တိကျသွားလို့လည်း ဖြစ်နိုင်ပါတယ်)

💫ကိုယ်တိုင်က ပိုးသတ်ဆေးတွေသောက်ခဲ့ရလို့ ဆံပင်ကျွတ်တယ် ဦးရေပြားအရမ်းခြောက်ပြီး ဆံပင်ကို လက်နဲ့သပ်ရင်တောင် ၃-၄ပင် ကျွတ်ပါလာတတ်တဲ့အခြေအနေ ဆိုတော့ KAMINOMOTO super strength hair serum ကို တနေ့ ၂ ကြိမ်လိမ်းတယ်
(မနက် ၁ကြိမ်၊ ညမအိပ်ခင် ၁ကြိမ်)
တခါတလေ တနေ့ ၁ကြိမ်လိမ်းရင်တောင် ရတယ်
တခြား hair tonics တွေဆို ၂ ကြိမ်လိမ်းမှ ထိရောက်တာ
ညဘက် မလိမ်းဖြစ်ရင် နောက်ရက်မနက်ဆို ဦးရေပြားတွေခြောက်ပြီး နေလို့မကောင်းဘူး
KAMINOMOTO က အဲ့လိုမဟုတ်ဘူး
ဦးရေပြားအစိုဓာတ်ကို ကောင်းကောင်းထိန်းထားနိုင်တယ် ရေဓာတ်ပြည့်ဝနေတော့ ဆံပင်ကျွတ်နှုန်းလျော့လာတယ်

💫နောက်ထပ်တခုက KAMINOMOTO မှာ Allatonin ပါတဲ့အတွက် ဗောက်ထတာမျိုးမဖြစ်အောင်ကာကွယ်ပေးတယ် ဦးရေပြားယားယံတာမျိုးလည်းမဖြစ်တတ်ဘူး
ပြီးတော့ မပြင်းဘူး
(ကိုယ်နဲ့မတည့်ရင် အဲ့ ပြင်းပြီဆိုတာနဲ့ ဦးရေပြားမှာ အဖုပေါက်တာ နာနေတာမျိုးတွေဖြစ်တတ်တယ်) ဒါကမဖြစ်ဘူး

💫Main ingredients - Panthenol ကတော့ ဆံပင်မကျွတ်အောင် ကာကွယ်ပေးသလို အသစ်ပြန်ဖြစ်ပေါ်လာအောင် လုပ်ဆောင်ပေးပါတယ် (ဒါကတော့ hair tonic တိုင်းမှာ ပါတတ်လို့ အထူးတလည်ပြောစရာတော့မဟုတ်ပါဘူး)

💫နောက်ထပ် ကြိုက်တဲ့ တချက်က သူ့ကိုသုံးပြီးရင် အဆီပြန်တာ ကပ်စီးကပ်စီးဖြစ်တာမျိုး မကျန်ခဲ့ဘူး
ဦးရေပြားထဲကို လိမ်းပြီးတာနဲ့ အေးအေးလေးဖြစ်ကျန်ခဲ့တယ်

💫ဘယ်လောက်လောက်သုံးပြီးရင် သိသာလဲလို့မေးရင် ဆံပင်ကျွတ်နှုန်းလျော့တာတော့ ၁လလောက်ဆိုရင် သိသာတယ်
ဆံပင်ပြန်ပေါက်နှုန်းကကျတော့ ၃လလောက်ကျော်မှ သိသာတယ်
(တယောက်နဲ့တယောက် metabolism မတူတဲ့အတွက် အတိအကျတော့ မပြောပေးနိုင်ပါဘူး)

💫ကျနော်က ၂ လကျော်ကျော်သုံးအပြီးမှာ နဖူးနဲ့ နားထင်နားတဝိုက် baby hairs လေးတွေကို စမြင်နေပြီလို့ မှတ်မိနေသေးတယ်

💫တပုလင်းကို ၂သောင်းကျော်ဆိုတော့ ပေးပျော်လို့ စမ်းသုံးကြည့်ကြည့်ပါလို့ တိုက်တွန်းချင်တယ်

💫အသက်ကြီးလာလို့ hair line နောက်ရောက်ပီး နဖူးပြောင်လာတဲ့သူတွေလည်း သုံးလို့ရပါတယ်

Be Unique With You

မင်္ဂလာပါElizabeth Arden ရဲ့ White tea mini perfume collection10 ml -18000 kyats each 3ဘူး တွဲ set price -52000 kyats Wh...
03/01/2022

မင်္ဂလာပါ

Elizabeth Arden ရဲ့ White tea mini perfume collection
10 ml -18000 kyats each
3ဘူး တွဲ set price -52000 kyats

White tea perfume ချစ်သူများ
မသုံးဖူးသေးလို့ ဗူးသေး
အရင်စမ်းသုံးကြည့်ချင်သူများ အတွက်
အဆင်ပြေပါတယ်
ဗူးလေးနဲ့ သပ်သပ်ရပ်ရပ်လေးမို့ လက်ဆောင်ပေးလဲ
လှတယ် နော်

White Tea Eau de Toilette Spray 10ml
(Floral Woody )
နူးညံ.ပြီးမိန်းမဆန်ဆန်အနံ့လေး

White Tea Wild Rose Eau de Toilette Spray 10ml
(နှင်းဆီပန်းရနံ့ချို မွှေးလေးပါ)

White Tea Vanilla orchid Eau de Toilette Spray 10 ml

(vanilla bean လေးပါတော့
သစ်ခွပန်းနံ့ သင်းသင်းလေးနဲ့)

Made in Spain

with love
👸🏻❤️

ရခဲတဲ့ပစ္စည်း စစ် Chanel perfume sample card လေးတွေ in stock ရပါပီတကတ် -10000 kyats ပါ💯 ပစ္စည်း စစ်ဖြစ်ကြောင်း 💯 အာမခံCh...
03/01/2022

ရခဲတဲ့ပစ္စည်း စစ် Chanel perfume sample card
လေးတွေ in stock ရပါပီ

တကတ် -10000 kyats ပါ

💯 ပစ္စည်း စစ်ဖြစ်ကြောင်း 💯 အာမခံ
Chanel company logo လည်း ပါ
လို့ စိတ်ပူစရာ မလိုပါဘူးနော်

ဆိုင်မှာ လာယူလည်း ရသလို
အိမ်အရောက် delivery service လည်းရပါတယ်
(Ygn,mdy,taungyi,nay pyi daw ,…)
အိမ်အရောက် ငွေချေရ

With love
👸🏻❤️

Address

No/L , Yankin Road, 12 Lone Tan Eain, Yankin Township
Yangon

Opening Hours

Monday 10:00 - 00:00
Tuesday 10:00 - 00:00
Wednesday 10:00 - 00:00
Thursday 10:00 - 00:00
Friday 10:00 - 00:00
Saturday 10:00 - 00:00
Sunday 10:00 - 00:00

Telephone

09978983129

Alerts

Be the first to know and let us send you an email when Queen's Of Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Queen's Of Gallery:

Share