03/04/2020
🦠😷🙅♀️
ဒီတစ်ခေါက်တော့ Mask တပ်သင့်မတပ်သင့်ဆိုတဲ့ အပေါ်မူတည်ပြီး စာရှည်ရှည်ဝေးဝေးလေးရေးပါရစေ ဒါပေမဲ့ သင့်အတွက်တော့ အသုံးဝင်မယ်လို့ ထင်ပါတယ်။
အရင်တလောက WHO နဲ့ cdc က အကယ်ရွေ့ ရောဂါမဖြစ်ပါက Mask တပ်ဖို့ရန်မလိုပါဘူး တပ်ခဲ့ရင်တောင်ရောဂါကို မကာကွယ်နိုင်ပါဘူး ရောဂါကူးစက်ခံရတဲ့သူသာ တပ်ရန်ဟု ပြောကြားထားပါတယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ Austria နဲ့ Germany ကတော့ သူတို့ရဲ့ ပြည်သူတွေကို လူကြားသူကြားထဲသွားချိန်မှာ Mask တပ်ဖို့ရန် မိန့်ကြားလိုက်ပါတယ် ရောဂါကူးစက်ခြင်းမခံရတဲ့သူဖြစ်နေရင်တောင်မှပေါ့။
ပြီးတော့ ဒီနောက်ပိုင်းမှာ America ကလဲ သူ့ရဲ့ ပြည်သူကို Mask တပ်ဖို့ ပြန်လည်ပြောကြားလိုက်ပါတယ်။
အဲ့ကြောင့် နိဂုံးချုပ်ရမယ်ဆို ကျန်းမာရေးကောင်းနေတဲ့သူ ဖြစ်နေရင်တောင်မှ လူထူထပ်တဲ့နေရာတွေမှာဖြစ်ဖြစ်၊ အပြင်သွားတဲ့ချိန်မှာဘဲဖြစ်ဖြစ် Mask တပ်ဖို့လိုအပ်တယ်ဆိုတာကို ကောက်ချက်ချလို့ရနိုင်ပါတယ်။ အဲ့ဒါကြောင့် အဝတ် Mask ဟာဆိုရင်လဲ ကျန်းမာရေးကောင်းနေတဲ့သူအတွက် လူထူတပ်ပြီး Virus 🦠ရှိနိုင်တဲ့နေရာကိုသွားတဲ့ချန် Virus 🦠 ကို ကာကွယ်နိုင်ပြီး ရွေးချယ်နိုင်တဲ့ နောက်ထပ်အခြားနည်းလမ်းတစ်လမ်းဘဲဖြစ်ပါတယ်။
References – CNN health
More data showing people without symptoms are fueling the spread of coronavirus have top officials rethinking whether the general public should be wearing masks.