နေလင်း မျက်မှန်online shop

နေလင်း မျက်မှန်online shop contest lens

Celebrating my 11th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
09/10/2024

Celebrating my 11th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

11/03/2024

Ramadan Mubarak :
(رمضان مُبارك)

Sending wishes for a peaceful Ramadan ✨🤎

bran oniginal 1***** up
10/01/2024

bran oniginal 1***** up

ဒီအလုပ်ကိုပဲ လူတိုင်းလုပ်နေကြပေမယ့် အတူတူပါပဲကွာလို့ထင်တယ်ပေါ့.......မတူတာကို ရှာမတွေ့မချင်း မိတ်ဆွေရရှိထားတဲ့အရာရဲ့ ခို...
18/09/2023

ဒီအလုပ်ကိုပဲ လူတိုင်းလုပ်နေကြပေမယ့်
အတူတူပါပဲကွာလို့ထင်တယ်ပေါ့.......
မတူတာကို
ရှာမတွေ့မချင်း
မိတ်ဆွေရရှိထားတဲ့အရာရဲ့
ခိုင်ခံ့မှုတန်ဖိုးဟာပျောက်နေဆဲ ပဲဖြစ်မှာပါ။

စေတနာ+ပညာ = အလုပ်ပြီးသောတန်ဖိုး"

နတ်သား
Crd photo;

အရမ်းကောင်းတဲ့စာသားလေးပါ=================ပန်းတိုင်ကိုရောက်ဖို့အတွက်.....လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့ကိုယ်လမ်းကိုသာ...
16/09/2023

အရမ်းကောင်းတဲ့စာသားလေးပါ
=================

ပန်းတိုင်ကိုရောက်ဖို့အတွက်.....
လူတွေရဲ့မျက်လုံးတွေကို မကြည့်ပါနဲ့
ကိုယ်လမ်းကိုသာကြည့်ပါ။

အောင်မြင်မှုရဖို့အတွက်......
လူတွေရဲ့ စကားတွေကို နားထောင်မနေပါနဲ့။
ကိုယ်ဆုံးဖြတ်ချက်ကိုသာ ခိုင်ခိုင်မာမာချပါ။

ဘဝတက်လမ်းအတွက်......
လူတွေရဲ့ အမှုအရာတွေကို ဂရုမစိုက်ပါနဲ့။
ကိုယ်လုပ်သင်တာကို ရဲရဲဝံ့ဝံ့လုပ်ပါ။

စကားများများ ပြောမိရင်......
ရူးနေလားလို့ အထင်ခံရလိမ့်မယ်။

စကားပြန်မပြောရင်လည်း
မာနကြီးတယ်လို့ အထင်ခံရလိမ့်မယ်။

အမြဲတမ်းပြုံးနေရင်
ပေါတောတောလို့ အထင်ခံရလိမ့်မယ်။

တည်တည်ကြည်ကြည် နေမိရင်လဲ
ဘဝင်မြင့်နေတယ်လို့ အထင်ခံရလိမ့်မယ်။

ကိုယ့်ဘဝကို ကိုယ်တိုင်သိနေတာပဲလို့
သူတစ်ပါးကို မထိခိုက်ပဲ
ကိုယ်အဆင်ပြေသလို နေထိုင်တတ်ဖို့က အရေးကြီး
ပါတယ်။

သူတစ်ပါးလဲကျနေရင် စေတနာသန့်သန့်နဲ့
ကိုယ်တတ်နိုင်သလောက် ဆွဲထူပေးလိုက်ပါ။

ကိုယ်လဲကျနေရင်တော့ ကိုယ်ကိုတိုင်းပဲ
ပြန်ထနိုင်အောင် ကြိုးစားပါ။
ဘာကြောင့်လဲဆိုတော့
ကိုယ်လို စိတ်ဓာတ်မျိုးက သူတစ်ပါးဆီမှာ
ရှိချင်မှရှိမှာ။

မနေ့ကဆိုတာ အတိတ်တစ်ခုပါ။
မနက်ဖြန်ဆိုတာလဲ အိပ်မက်တစ်ခုပါပဲ။
ဒီနေ့သာလျှင် ဘဝတစ်ခုလေ.......
ဘဝဆိုတာ ပျော်လည်းတစ်နေ့ မပျော်လည်း
တစ်နေ့ပါပဲ။

အကောင်းဆုံးဖြစ်အောင်
ဘယ်လိုဖြတ်သန်း ရမှာလည်းဆိုတာ
ကိုယ်အပေါ်မှာပဲ မူတည်တယ်။

အရိုးသားဆုံး လူတစ်ယောက်မဖြစ်သေးရင်တောင်
က်ုယ့်ကိုယ်ကို မလိမ်မိပါစေနဲ့၊ ယုံကြည်မှု မပျက်စေနဲ့ ကိုယ့်အတွက် ယုံကြည်ရဆုံးက
ကိုယ်တစ်ယောက်တည်းပဲရှိတယ်။

ပြန်လည်မျှဝေသည်
#ငချမ်း
Creditပါ

May the Eid-ud-Adha brings prosperity, joy and positivity into your life. Eid Mubarak to you and your family. 🙏🏻
29/06/2023

May the Eid-ud-Adha brings prosperity, joy and positivity into your life. Eid Mubarak to you and your family. 🙏🏻

အောင်မြင်ချင်တယ်ဆိုရင် ... ငွေ အရင်မရှာနဲ့ ။မိတ်ဆွေ အရင်ရှာ ။ မိတ်ဆွေမရှိရင် ပဲပြုတ်တောင်  အရောင်း မသွက်ဘူး ။လူတစ်ယောက် ...
25/04/2023

အောင်မြင်ချင်တယ်ဆိုရင် ...
ငွေ အရင်မရှာနဲ့ ။
မိတ်ဆွေ အရင်ရှာ ။

မိတ်ဆွေမရှိရင် ပဲပြုတ်တောင် အရောင်း မသွက်ဘူး ။
လူတစ်ယောက် အကျိုးစီးပွားဖြစ်ဖို့ဆိုတာ
မိတ်ဆွေ အပေါင်းသင်းကောင်းတွေ
အများကြီး လိုအပ်တယ် ။

လူတွေက ဘယ်လိုလူကို
မိတ်ဆွေ ဖြစ်ချင်လည်း ဆိုရင်...

ပြောတဲ့အတိုင်း လုပ်တဲ့သူ
လုပ်တဲ့အတိုင်း ပြောတဲ့သူကို
မိတ်ဆွေ ဖြစ်ချင်ကြတယ် ။

မိတ်ဆွေကောင်းတော့ ရချင်ပါရဲ့
အပြောတမျိုး အလုပ်တမျိုး မလုပ်ရဘူး ။

ကတိတည်တာကို လူကောင်းမပြောနဲ့
သူခိုးတောင် ကြိုက်တယ် ။

မိတ်ဆွေရချင်ရင်
ဟိုလူ့ရော ဒီလူ့ရော
လုပ်ရတာမျိုး မဟုတ်ဘူး ။

ကိုယ်ကိုယ်တိုင် မိတ်ဆွေကောင်းဖြစ်နေရမှာ ။..

မိတ်ဆွေကောင်းပေါချင်ရင်...

၁။ ပေးပါတဲ့ ။

၂။ ချိုချိုသာသာယဉ်ယဉ်ကျေးကျေးပြောပါတဲ့ ။

၃။ သူ့ကိစ္စ ကိုကိုယ့်ကိစ္စအမှတ်နဲ့ ကူညီပါတဲ့ ။

၄။ တန်းတူထား၍ ဆက်ဆံပါတဲ့ ။

ဒီနည်းတွေကို လိုက်နာရင် မိတ်ဆွေပေါပါတယ်တဲ့ ။..

မိတ်ဆွေ ပေါကြပါစေ ၊
မိတ်ဆွေရဲ့တန်ဘိုးကိုလည်း
သိကြပါစေ ၊

မိတ်ဆွေတွေကို အကြောင်းပြုပြီး

မိမိတို့ ဘဝများ တိုးတက္ မြင့်မားကြပါစေ...။

#နေလင်းမျက်မှန်္ #

ချစ်ခြင်းများဖြင့်..

Moy Tun ( စာပေ ပရဟိတ )

Happy Eid Mubarakယနေ့မှာကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ကစလို့ အစ္စလာမ်ဘာသာဝင်များအားလုံး ...
21/04/2023

Happy Eid Mubarak

ယနေ့မှာကျရောက်တဲ့
အစ္စလာမ်ဘာသာဝင်တို့ရဲ့
အထွဋ်အမြတ်ထားရာနေ့ထူးနေ့မြတ်ကစလို့
အစ္စလာမ်ဘာသာဝင်များအားလုံး
အလ္လာရှင်မြတ်ရဲ့
ကောင်းချီးကိုရရှိပိုင်ဆိုင်နိုင်ကြပြီး
အခြားသော ဘာသာဝင်များအပေါ်လည်း
ကျန်းမာခြင်း၊ ချမ်းသာခြင်းသယ်ဆောင်လာနိုင်ကြပါစေလို့ NayMa kha မျက်မှန်
မိသားစုမှ ဆုမွန်ကောင်း
တောင်းအပ်လိုက်ပါတယ်။



" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့   စီးပွားရေးလမ်းညွှန် (၁၇) ချက် " ၁။ ဆိုင်နေရာကောင်းခြင်းဟာ     ဆိုင်ကြီးတာ ငယ်တာထက် ...
11/04/2023

" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် (၁၇) ချက် "

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း
ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် စျေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

Credit

Address

No 63 26street Lower Block Pabedan Township Yangon
Yangon
11142

Telephone

+959965050987

Website

Alerts

Be the first to know and let us send you an email when နေလင်း မျက်မှန်online shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to နေလင်း မျက်မှန်online shop:

Shortcuts

Share