27/07/2022
အမြဲတမ်း စိတ်ချမ်းသာရစေတာ ရွှေသီရိစံပါနော် 🥰 မိုတီ လဲ ပေးသေးတာ👍🏿
မနက်ကတယောက်ထဲ စိတ်ကလဲတလွင့်လွင့်နဲ့ အပြင်ထွက်လာခဲ့တယ်။ရည်ရွယ်ချက်လဲမရှိ စိတ်ပါလက်ပါလဲမဟုတ် အမှန်ပြောရရင်စိတ်နဲနဲတောင်လေနေသလိုလို။
ခုချိန်ခုကာလက အလုပ်လုပ်လဲရှေ့သိပ်မတိုး မလုပ်ပဲနေပြန်တော့လဲစားဝတ်နေရေးကရှိသေး ကိုယ်တွေလိုထမင်းစားလောက်ရုံတပိုင်တနိုင်အရင်းအနှီးလေးနဲ့အရောင်းအဝယ်လေး လုပ်နေတဲ့လူတွေမပြောပါနဲ့ အခြေခံစားသောက်ကုန်အရောင်းသမားတွေ ကုန်စိမ်းသည်တွေတောင် နေ့စဉ်ရောင်းမကောင်းလို့ငြီးတွားနေကြတာမဟုတ်လား။
ကိုယ့်တိုင်းပြည်တင်မက ကမ္ဘာ့အတိုင်းအတာနဲ့ရောဂါဆိုးဒဏ်ကိုအလူးအလဲခံနေကြရတာဆိုတော့ ဘယ်သူ့ဘယ်သူမှအပြစ်တင်နေလို့လဲမထူး ငြီးညူနေလဲကျက်သရေယုတ်တာသာအဖတ်တင်မှာမို့လို့ လူတွေအကုန်လုံးဒီတိုင်းပဲ တဦးနဲ့တဦး ကူညီဝေမျှကြရင်း covidဒဏ်ကို အန်တုနေကြရတာပါဘဲ။
တွေးရင်းတောရင်းလျှောက်လာလိုက်တာ ဦးထွန်းလင်းခြံလမ်းဘက်ရောက်လာရော။ကိုယ်နေတာကလဲဆင်ရေတွင်းဘက်ဆိုတော့ အတွေးနဲ့လျှောက်လာလိုက်တာရောက်လို့ရောက်မှန်းတောင်မသိဘူး။လမ်းထဲလျှောက်လာရင်းနဲ့တခုသတိထားမိတယ်။အရင်ဒီလမ်းက လူတွေကျိတ်ကျိတ်တိုးပြီး ပွဲတော်ကြီးတခုကျင်းပနေသလိုထင်ရအောင်စည်ကားတဲ့လမ်း။ဆိုင်တွေအစုံ သင်တန်းမျိုးစုံ street foodတွေ စားသောက်ဆိုင်တွေ tea shopတွေစုံပလုံစိရောင်းတဲ့ စည်ကားနေတဲ့လမ်းတောင် ခုတော့ခြောက်နေသလိုဘဲ။အင်းပေါ့လေ သူလဲcovidနှိပ်စက်တဲ့ဒဏ်ခံရမှာပဲပေါ့။ဘာသားနဲ့ထုထားတာ မို့လို့လဲလေ။
လျှောက်လာရင်းနဲ့ ရွှေသီရိစံဆိုင်ရှေ့ရောက်ရော ဆိုင်ရှင်အမ ဆိုင်ခင်းနေတာတွေ့တာနဲ့ ကျမနဲ့လဲစျေးဝယ်ရင်းသိနေတော့ ဆိုင်ထဲဝင်ကြည့်ဖြစ်တယ်ပေါ့။သူကလဲနှူတ်ဆက်ရင်းဆိုင်ထဲဝင်ကြည့်ဖို့ဖိတ်တော့ စကားပြောရင်းကြာသွားတယ်ပေါ့။အဲ့ဒိအမဆိုင်မှာ အရင်ကတော့ အမြဲဝယ်နေကျပါ။စျေးမှန်တာရော သဘောကောင်းတယ်ဆိုတာထက် ဝယ်သူကိုအမှန်အတိုင်း ရှင်းပြနှိူင်းယှဉ်ပြတတ်တာကို ပိုသဘောကျတာ။ကျမစိတ်ကလဲ အီစီကလီတွေကို အရမ်းမုန်းတာ။ဟယ်လှလိုက်တာ လိုက်တယ်နော် ဆိုတာတွေကို ငြီးငွေ့နေတာ။ဆိုင်ရှင်အမက နိုင်ငံအတော်များများလဲရောက်ဖူးတော့ သူ့ဆီက motivation တွေလဲအတော်ကြားခဲ့ရတယ်။သူကလဲအင်းစိန်gtiကျောင်းဆင်းလို့ပြောတယ်။အဲ့တော့သူ့စိတ်ကလဲ တိကျပြတ်သားပုံပေါ်တယ်။စကားလဲသိပ်အပိုပြောတာမရှိဘူး။ပုံမှန်ပဲအရောင်းအဝယ်လုပ်တယ်။ဒါပေမယ့်စျေးရောင်းရင်တော့စေဒနာပါတာကိုခံစားမိတယ်။
ကျမအလုပ်နဲ့ပတ်သက်တာလေးတွေပြောပြ ညစ်နေတဲ့စိတ်လေးတွေနဲနဲကြည်သွားသလိုဘဲ။သူတို့လဲခုချိန်ကာလမှာ ဒီလိုဘဲခံစားရပါတယ်တဲ့။ကျမအတွက်လဲလိုအပ်တဲ့အကြံဉာဏ်လေးတွေပေးတယ်။သူ့ဆိုင်က ဘာမှမဝယ်ခဲ့ပေမယ့် သူနဲ့တိုင်ပင်ဆွေးနွေးသလိုစကားပြောဖြစ်တာလေးက ကျမအတွက်တော့တနေ့လုံးအတော်နေလို့ကောင်းသွားတယ်။သူ့ဘဝနဲ့ယှဉ်ပြ်ီးပြောပြတာလေးတွေကလဲ စိတ်ဝင်စားစရာ။အောက်ခြေကစပြီးလင်မယားနှစ်ယောက်သားကြိုးစားရုန်းကန်ခဲ့ရပုံတွေရယ် ခုလက်ရှိမှာလဲရိုးရိုးသားသားဖြတ်သန်းဖြစ်နေပုံတွေရယ်။
လူ့ဘဝဆိုတာဒီလိုပါဘဲလေ။နိမ့်တခါမြင့်တလှည့်လောကဓံရဲ့အထုအထောင်းအရိုက်အပုတ်တော့ ခံရတာပါဘဲ။ပိုကြမ်းတာနဲ့ ခပ်လျော့လျော့ နဲ့ဘဲကွာပါတယ်။အရေးကြီးတာက ရိုးသားမယ် စိတ်စေဒနာကောင်းရှိမယ် ကြိူးစားမယ်ဆိုရင် ဘာအလုပ်မဆိုမအောင်မြင်သေးရင်တောင် အထိုက်အလျောက်တော့အဆင်ပြေလာမှာပါဘဲ။လုံ့လဝီရိယအားဖြည့်ပြီးအစွမ်းကုန်စိတ်နှစ်လိုက်ရင်တော့ကိုယ်မှန်းသလို မျှော်လင့်သလိုအနာဂတ်ကိုတွေ့ဖို့မလွဲပါဘူးလေ။
လှည်းတန်းစျေးထဲတောင်ရောက်လာပြီ။ဘုရားပန်းအသစ်လဲပြီး ဒီနေ့တော့ဘုရားသေချာရှိခိုးအုံးမှပါလေ။ဘာသာတရားကလဲစိတ်ကိုကြည်လင်စေတာပါဘဲ။သိပ်အများကြီးမတွေးနဲ့ ပေါ့ပေါ့ပါးပါးဘဲတွေး လေးလေးနက်နက်လေးအလုပ်လုပ်မယ်ဆို ပြန်အဆင်ပြေလာမှာပါဘဲ။ယုံကြည်ပါတယ်။ကျေးဇူးပါနော်။
#ဒီessayလေးဖတ်ပြီးရင်likeလုပ်ရုံမဟုတ်ပဲအောက်ကမေးခွန်းလေးတွေဖြေပေးပါနော်ချစ်တို့ရေ🥰
#မိန်းခလေးဝင်ကြည့်တဲ့ဆိုင်နာမယ်✅❓
#ဆိုင်ရှင်အမရဲ့ပညာရေး✅❓
#မိန်းခလေးနဲ့ဆိုင်ရှင်အမ ဆွေးနွေးတဲ့အကြောင်းအရာထဲက #အဓိကကျတဲ့အရာ☑️❓
#အတိအကျမှန်တဲ့သူကိုaugust12ရက်နေ့ဆုပေးပါမယ် တိုက်ဆိုင်နေရင်မဲဖောက်ပေးမယ်နော်