Doré

Doré ✨ ရိုးရာ နှင့် ခေတ် ပေါင်းစပ်ဖန်တီးထားသော ပြည်တွင်းထုတ် မြန်မာ အမျိုးသမီးစီး ဖိနပ်တံဆိပ် အမှတ်တံဆိပ် "ဒိုရေ" 💫

Doré Tips: ဖိနပ်အသစ်စီးတိုင်း ခြေဖနောင့်နာတတ်တဲ့ ပျိုမေတို့အတွက် (Anti-Blister Tips) 🩰✨👧 မိန်းကလေးတိုင်း အသည်းစွဲဖြစ်ရတဲ...
23/06/2026

Doré Tips: ဖိနပ်အသစ်စီးတိုင်း ခြေဖနောင့်နာတတ်တဲ့ ပျိုမေတို့အတွက် (Anti-Blister Tips) 🩰✨

👧 မိန်းကလေးတိုင်း အသည်းစွဲဖြစ်ရတဲ့ ဖိနပ်အသစ်စက်စက်လေးတွေ ဝယ်ပြီးခါစမှာ ဒေါက်မြင့်ဖိနပ်ပဲဖြစ်ဖြစ်၊ Flat အပါးလေးပဲဖြစ်ဖြစ် စီးတဲ့အခါ ခြေဖနောင့်ပွန်းတာ၊ နာတာမျိုး ကြုံဖူးကြတယ်ဟုတ်?

အနှစ်သက်ဆုံး ဖိနပ်အသစ်လေးကို အနာခံပြီး စီးစရာမလိုဘဲ ပထမဆုံးနေ့ကတည်းက သက်တောင့်သက်သာနဲ့ ယုံကြည်မှုအပြည့် လျှောက်လှမ်းနိုင်ဖို့အတွက် အသုံးဝင်မယ့် လျှို့ဝှက်ချက်လေးတွေကို Doré က မျှဝေပေးလိုက်ပါတယ်ရှင်။ 🤎

💡 ဖိနပ်အသစ်ကြောင့် ခြေဖနောင့်မနာစေမယ့် နည်းလမ်းကောင်းများ 👇

1️⃣ Vaseline သို့မဟုတ် ဖယောင်းတိုင်ရဲ့ အစွမ်း 🕯️
အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုကတော့ ဖိနပ်အသစ်ရဲ့ နောက်ပိတ်နံရံ (ခြေဖနောင့်နဲ့ ထိမယ့်နေရာ) ကို မစီးခင် ဖယောင်းတိုင်အဆီ သို့မဟုတ် Vaseline အလှဆီလေး အသာလေး ပွတ်ပေးထားတာပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် အရေပြားနဲ့ ဖိနပ်သားကြား ပွတ်တိုက်မှုကို လျှော့ချပေးပြီး ခြေဖနောင့်ပွန်းခြင်းကနေ ကာကွယ်ပေးပါတယ်။

2️⃣ Leather ကို နူးညံ့အောင် အရင်လုပ်ပါ ခြေလှမ်းမစခင် ခြေဆန့်ပါ 🥿
အထူးသဖြင့် သားရေ (Leather) ဖိနပ်အသစ်တွေဟာ စဝယ်ဝယ်လာတဲ့ အချိန်မှာ အနည်းငယ် တောင့်တင်းနေတတ်ပါတယ်။ မစီးခင်မှာ ဖိနပ်ရဲ့ ဖနောင့်နေရာလိုင်းလေးကို လက်နဲ့ အသာအယာလေး နှိပ်ပေးတာမျိုး၊ သို့မဟုတ် အိမ်မှာတင် ခြေအိတ်အထူကြီးစီးပြီး ဖိနပ်ကို ခေတ္တခဏ ဝတ်ဆင်ကာ လမ်းလျှောက်ပေးတာမျိုး လုပ်ပေးရင် သားရေသားလေး နူးညံ့သွားပြီး ကိုယ့်ခြေထောက် Shape အတိုင်း အံဝင်ခွင်ကျ ဖြစ်သွားပါလိမ့်မယ်။

3️⃣ အစိုဓာတ်ကို ထိန်းပါ 🧴
ခြေဖနောင့် ခြောက်သွေ့နေရင် ဖိနပ်သားနဲ့ ပွတ်တိုက်မိတဲ့အခါ ပိုပြီး ပွန်းလွယ်တတ်ပါတယ်။ ဒါကြောင့် ဖိနပ်အသစ်မစီးခင် မိမိခြေထောက်ကို Body Lotion သို့မဟုတ် Foot Cream တစ်ခုခု လိမ်းပြီးမှ စီးပေးတာကလည်း အသားအရေကို ကာကွယ်ရာ ရောက်ပါတယ်ရှင်။

✨ ဒါဆို... Doré Shoes တွေကို စီးတဲ့အခါကော?
ဒီလို နည်းလမ်းလေးတွေ ရှိသော်လည်း... **Doré** ရဲ့ ဖိနပ်လေးတွေကို ရွေးချယ်လိုက်တဲ့အခါမှာတော့ ဒီလို ပြဿနာမျိုးအတွက် ခေါင်းခဲစရာ မလိုသလောက် ရှားသွားပါပြီ။
ဘောင်လိုင်းချုပ်လုပ်မှုစနစ် (Ergonomic stitching) အပြင်၊ အမျိုးသမီးတို့ရဲ့ ခြေဖဝါး ဖွဲ့စည်းပုံအတိုင်း အနုစိတ် ပုံဖော်ထားတဲ့အပြင် အတွင်းသားကိုလည်း နူးညံ့အိစက်နေအောင် စနစ်တကျ ဖန်တီးထားတာကြောင့်... ဒေါက်ဖိနပ်ပဲဖြစ်ဖြစ်၊ အပါးလေးပဲဖြစ်ဖြစ် ပထမဆုံးအကြိမ် စီးကတည်းက ခြေဖနောင့်ကို နူးညံ့စွာ ပွေ့ဖက်ပေးထားမှာပါ။ 🥰

ခြေလှမ်းတိုင်းမှာ နာကျင်မှုမရှိဘဲ လွတ်လပ်ပေါ့ပါးတဲ့ သက်တောင့်သက်သာရှိမှုကိုပဲ ခံစားရဖို့... သင့် Closet ထဲမှာ Doré တစ်စုံတော့ ရှိနေသင့်ပြီနော်။♥️

Doré ရဲ့ Customers တို့ကော ဖိနပ်အသစ်စီးရင် ဘယ်လိုနည်းလမ်းတွေ သုံးလေ့ရှိလဲ? ကိုယ်သုံးနေကျ လျှို့ဝှက်ချက်လေးတွေရှိရင် Comment မှာ မျှဝေပေးခဲ့ဦးနော်!👇

🤍 DORÉ ရဲ့ အစဥ်အလာအတိုင်း “လားဟူ" တိုင်းရင်းသားရိုးရာ ဖိနပ်လေးရဲ့ လှချက်က ထင်းနေတာပဲနော်။👠 လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမ...
22/06/2026

🤍 DORÉ ရဲ့ အစဥ်အလာအတိုင်း “လားဟူ" တိုင်းရင်းသားရိုးရာ ဖိနပ်လေးရဲ့ လှချက်က ထင်းနေတာပဲနော်။

👠 လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ထင်ပေါ်နေဖို့ နဲ့ သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်ဖို့ ဤ ဆို ဒီ design လေးက အရွေးချယ်သင့်ဆုံးပဲ။

🎨 လားဟူတိုင်းရင်းသားတွေရဲ့ သေသပ်လှပပြီး အသက်ဝင်တဲ့ ရိုးရာဂျီသြမေတြီ ဒီဇိုင်းအဆင်ကို အသုံးပြုပြီး ဖန်တီးထားတာကြောင့် မြန်မာ့ရိုးရာအလှကို ဂုဏ်ယူစွာနဲ့ ဖော်ဆောင်နိုင်မှာပါ။

⚪️ ဖိနပ်ရဲ့ အခြေခံအရောင်ကို အောက်ခံ Classic White လေး သုံးပေးထားတာကြောင့် အတော်လေး သန့်ပြီး ထင်းနေမှာ။ သိပ်လှတဲ့ လားဟူ ရိုးရာအဆင်လေးနဲ့ အဖြူရောင် တွဲဖက်လိုက်တဲ့အခါ ဘယ်လိုဝတ်စုံနဲ့မဆို လိုက်ဖက်လွန်းပြီး ပေါ့ပါးသန့်စင်တဲ့ Minimalist & Classic ဆန်ဆန် Look လေးကို ရရှိစေမှာပါ။

👡၂ လက်မ အမြင့်ရှိတဲ့ Block Heels (ဒေါက်တုံး) ပုံစံလေးမို့ ခန္ဓာကိုယ်အနေအထားကို ပိုမိုကျော့ရှင်း စမတ်ကျစေရုံတင်မကဘဲ တစ်နေကုန် စိတ်ကြိုက် လမ်းလျှောက်၊ ပွဲတက်တက် ခြေထောက်နာကျင်ပင်ပန်းမှုမရှိဘဲ ယုံကြည်မှုအပြည့်နဲ့ လှမ်းနိုင်မှာပါ။ ankle strap (ခြေကျင်းဝတ်သိုင်းကြိုး) လေး ပါဝင်လို့ ခြေထောက်ကို အမြဲကျစ်လစ် အံဝင်ခွင်ကျ ရှိနေစေမှာ ဖြစ်ပါတယ်။

အဖြူရောင်ချစ်သူလေးတွေ အတွက် ရွေးချယ်သင့်တဲ့Collections လေး တစ်ခုပဲနော် 🤍

🎉အမြဲတမ်း ပျော်ရွှင် ချမ်းသာ ချစ်ရသူများနှင့် သာယာနိုင်ပါစေ ။ ကမ္ဘာမြေပေါ် ရောက်ရှိလာပြီး သူငယ်ချင်းအဖြစ် ဆုံဆည်းခွင့်ရလ...
22/06/2026

🎉အမြဲတမ်း ပျော်ရွှင် ချမ်းသာ ချစ်ရသူများနှင့် သာယာနိုင်ပါစေ ။ ကမ္ဘာမြေပေါ် ရောက်ရှိလာပြီး သူငယ်ချင်းအဖြစ် ဆုံဆည်းခွင့်ရလို့ ကျေးဇူးတင်ပါတယ်" ဆိုတဲ့ ဆုတောင်းစာလေးနဲ့ အတူ doré ရဲ့ ဖိနပ်လေးကို မွေးနေ့လက်ဆောင်အဖြစ် လာမှာပေးထားပါတယ်ရှင်။

🎂မွေးနေ့ရှင် ကိုယ်၊ စိတ် နှစ်ပါးလုံး ကျန်းမာပျော်ရွှင်ပြီး ချစ်ရတဲ့ မိသားစု၊ မိတ်ဆွေများနဲ့ အတူ အချိန်အကြာကြီး ပျော်ရွှင်စေဖို့ Doré မှ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🥰

21/06/2026

ခြေပြားကြီးသူတွေ အတွက် အထူးသင့်လျော်တဲ့ Wide Toe လေးတွေ။ ဘယ် ရိုးရာလေးကို သဘောကျကြလဲရှငိ 🥰

ပေါ့ပေါ့ပါးပါး 𝒮𝓊𝓃𝒹𝒶𝓎 နေ့ရက်တွေအတွက် Wide Toe flat လေးက မမှားသော ရွေးချယ်မှု့တစ်ခု 😍
21/06/2026

ပေါ့ပေါ့ပါးပါး 𝒮𝓊𝓃𝒹𝒶𝓎 နေ့ရက်တွေအတွက် Wide Toe flat လေးက မမှားသော ရွေးချယ်မှု့တစ်ခု 😍

20/06/2026

🦋 ကိုယ်ရွေးချယ်လိုက်တဲ့ အသေးစိတ်အရာလေးတွေက ကိုယ့်ရဲ့တစ်နေ့တာ စိတ်အခြေအနေကို ပြောင်းလဲပေးနိုင်ပါတယ်။ ရက်ကန်းလက်ရာရဲ့ သေသပ်မှုနဲ့ သက်တောင့်သက်သာရှိမှုက ပေါင်းစပ်ထားတဲ့ Doré လေးတွေ...

💙🤎 အမြဲတမ်း မျှော်နေကြရတဲ့ အပြာရောင်နဲ့ အညိုရောင် design လေးတွေ အခု အေးအေးလူလူ ရွေးချယ်ဖို့ ပြန်ရောက်နေပါပြီ။

ဒီနေ့တော့ ဘယ်အရောင်လေးနဲ့အတူ အေးချမ်းတဲ့ ခြေလှမ်းတွေကို စတင်မလဲရှင်? 🔵🟤

‼️ONLINE ONLY

Foodie meets local fashion today! 😉 Catch the Doré Pop-up at Mohinga House, North Dagon. Come support a local brand, enj...
20/06/2026

Foodie meets local fashion today! 😉 Catch the Doré Pop-up at Mohinga House, North Dagon. Come support a local brand, enjoy some delicious Mohinga, and shop the vibe! 🍜✨ Don't miss out!

🤎 One Pair, Endless Styles: Redefining Versatility with Doré 🤎ဖိနပ်တစ်ရံတည်းနဲ့ Outfit မျိုးစုံကို စမတ်ကျကျ တွဲဖက်ဝတ်ဆင်...
19/06/2026

🤎 One Pair, Endless Styles: Redefining Versatility with Doré 🤎

ဖိနပ်တစ်ရံတည်းနဲ့ Outfit မျိုးစုံကို စမတ်ကျကျ တွဲဖက်ဝတ်ဆင်နိုင်ဖို့ဆိုရင် Doréရှိရုံပါပဲ။ 😍

ဒီနေ့ခေတ် Trend အဖြစ်ဆုံးနဲ့ Classic အဖြစ်ဆုံးဖြစ်တဲ့ အညိုရောင် (Earth Tone Brown)ကို အခြေခံပြီး ဖန်တီးထားတာမို့ ဘယ်လိုအရောင်၊ ဘယ်လိုဒီဇိုင်းနဲ့မဆို လိုက်ဖက်မှုရှိနေမှာပါ။ 🤎

ရိုးရှင်းပြီး သပ်ရပ်တဲ့ဒီဇိုင်း (Minimalist Design) ဖြစ်လို့ ပုံမှန်နေ့ရက်တွေရဲ့ Casual Look ကနေ အလုပ်ကိစ္စ ဒါမှမဟုတ် ပွဲလမ်းသဘင်တွေအထိ စိတ်ကြိုက် Match လုပ်နိုင်ပါတယ်။💃

ညနေခင်းပွဲတက် Look ဒါမှမဟုတ် မြန်မာဝတ်စုံ/Dress အိန္ဒြေရရလေးတွေနဲ့ ဝတ်ဆင်ရင်လည်း Doré ရဲ့ ဆွဲဆောင်မှုက အပြည့်အဝ ပံ့ပိုးပေးနေမှာပါ။ 🤗

👉Fashion ဆိုတာ အများကြီးဝယ်စုနေဖို့ မလိုပါဘူး။ ကိုယ်နဲ့ တကယ်လိုက်ဖက်ပြီး စတိုင်ထုတ်လို့ရမယ့် ရွေးချယ်မှုအမှန်တစ်ခု ရှိနေဖို့ပဲ လိုတာပါ။

ဒီဇိုင်းပိုင်း သပ်ရပ်ရုံတင်မကဘဲ တစ်နေကုန်စီးထားရင်တောင် ခြေထောက်ကို သက်သောင့်သက်သာရှိစေမယ့် Comfort ကိုပါ Doré က အပြည့်အဝပေးစွမ်းနိုင်ပါတယ်။ 🤎

သင့်ရဲ့ နေ့ရက်တိုင်းကို ယုံကြည်မှုအပြည့်နဲ့ ခြေလှမ်းလှလှလေးတွေ လှမ်းနိုင်ဖို့ Doré ရဲ့ ထူးခြားလှပတဲ့ Shoes လှလှ လေးတွေကို သတိရ လိုက်ပါနော် 🤎

"Feel the calm, wear your confidence."တစ်ခါတလေကျရင် စကားလုံးတွေ အများကြီးထက် ရိုးရှင်းပြီး သက်တောင့်သက်သာရှိတဲ့ အရာတွေကပ...
18/06/2026

"Feel the calm, wear your confidence."

တစ်ခါတလေကျရင် စကားလုံးတွေ အများကြီးထက် ရိုးရှင်းပြီး သက်တောင့်သက်သာရှိတဲ့ အရာတွေကပဲ ကိုယ့်ရဲ့ တစ်နေ့တာကို ပိုပြီး ပြည့်စုံစေပါတယ်။ 🍀

လူကြိုက်များလွန်းလို့ stocks ခဏခဏ ပြတ်တတ်တဲ့ ရက်ကန်းကွက် ခေါင်းချွန်ဖိနပ်လေးတွေထဲက အပြာရောင်နဲ့ အညိုရောင် Design နှစ်ခုလုံး အခု stocks ပြန်ရှိနေပါပြီ။

ကိုယ့်ရဲ့ နေ့စဉ် Outfit လေးတွေထဲမှာ ထူးခြားပြီး အေးချမ်းတဲ့ look မျိုးကို Doré လေးနဲ့အတူ ဖန်တီးကြည့်လိုက်ပါ။ ✨

🇹🇭 ချင်းမိုင်ကို ရောက်ရင် ကိုယ်ကတော့အရမ်းပျော်တာပဲ။ဘာဖြစ်လို့လဲဆိုတော့လေစျေးရောင်းနေတဲ့သူမို့လားမသိ လည်ပတ်တာထက် မြို့ဟော...
17/06/2026

🇹🇭 ချင်းမိုင်ကို ရောက်ရင် ကိုယ်ကတော့အရမ်းပျော်တာပဲ။ဘာဖြစ်လို့လဲဆိုတော့လေစျေးရောင်းနေတဲ့သူမို့လားမသိ လည်ပတ်တာထက် မြို့ဟောင်းထဲက ရိုးရာလက်မှုထည်လေးတွေ ရောင်းတဲ့ ဆိုင်လေးတွေဆီပဲ ခြေဦးတည်မိတာ။ 🛍️

ဆိုင်လေးတစ်ဆိုင်ဝင်၊ တစ်ဆိုင်ထွက်နဲ့ သူတို့ရဲ့ ရိုးရာဂျပ်ခုတ်ထည်လေးတွေကို ခေတ်မီတဲ့ design လှလှလေးတွေအဖြစ် ဖန်တီးထားတာ မြင်ရင်လေ... တကယ်ကို ငေးမောပြီး အားကျမိတာပဲ။ "အော်... သူတို့တွေ ရိုးရာအထည်လေးတွေကို တန်ဖိုးထားပြီး ဆန်းသစ်ကြတာ တကယ့်ကို တော်လိုက်တာ" ဆိုပြီး အမြဲသဘောကျရတယ်။ ⭐️

ဆိုင်လေးတွေထဲ လျှောက်ကြည့်နေရင်းနဲ့ စိတ်ကူးထဲမှာ ကိုယ့်ရဲ့ **DORÉ** ဖိနပ်လေးတွေကိုပဲ ပြေးပြေးမြင်နေမိတာ အကျင့်ကို ဖြစ်လို့။ 🥰

ကိုယ့်ရဲ့ **DORÉ** ကလည်း မြန်မာ တိုင်းရင်းသားရိုးရာစင်ထည်လေးတွေကို အခြေခံပြီး မိန်းကလေးစီး ဖိနပ်လှလှလေးတွေ ထုတ်တာဆိုတော့... ဒီကိုရောက်ရင် Inspiration တွေ တအားရတာပေါ့။

အခုနောက်ပိုင်း ချင်းမိုင်သွားရင် လည်ဖို့ စားဖို့ထက် ကုန်ကြမ်းရှာရတာနဲ့ ရိုးရာစဝယ်ရတာ ကို အရင်လုပ်ရတာ နဲ့ပဲ ပျော်နေပါပြီ။

Address

Yangon

Telephone

+959770293060

Website

Alerts

Be the first to know and let us send you an email when Doré posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category