Sandar Tun

Sandar Tun Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sandar Tun, Bo Sein Mhan Street, Bahan Township, Yangon.

29/10/2023

ဘာကြောင့်မအောင်မြင်တာလည်းဆိုတာကို မသုံးသပ်န်ုင်ရင်
အောင်မြင်မူကို မမျော်လင့်ပါနဲ့

ကြိုးစားအားထုတ်မှုမရှိဘဲ အရည်အချင်းဆိုတာ ဘာမှမရှိပါဘူး။ဒါပေမယ့် ဖားတတ်ရင်တော့နေရာရတယ်နော်😁😁😁
29/10/2023

ကြိုးစားအားထုတ်မှုမရှိဘဲ
အရည်အချင်းဆိုတာ ဘာမှမရှိပါဘူး။
ဒါပေမယ့် ဖားတတ်ရင်တော့
နေရာရတယ်နော်😁😁😁

29/10/2023

တိတ်တိတ်ဆိတ်ဆိတ် ကြိုးစားလုပ်ဆောင်ပြီး မင်းရဲ့အောင်မြင်မှုကို ဆူညံအောင်လုပ်ပါ။

THE MODERN GOALKEEPER
12/10/2023

THE MODERN GOALKEEPER

10/10/2023

ပုန်းရည်ကြီး ကပေးတဲ့ ကျန်းမာရေး

အချဉ်ဖောက်ထားတဲ့ အစားအစာတွေက ကျန်းမာရေးကို တော်တော်လေး အထောက်အကူပြုပေးပါတယ်။ မြန်မာ့ရိုးရာ စားစရာတစ်ခုဖြစ်တဲ့ ပဲပိစပ်ကို အချဉ်ဖောက်ပြီး သေချာလေး ပြုပြင်ထားတဲ့ ပုန်းရည်ကြီးက

သွေးတွင်းသကြားဓာတ် ကျစေတယ်

ပဲပိစပ်က သူကိုယ်တိုင်ကိုက ဆေးဖက်ဝင်တာပါ။ ပဲပိစပ်ကို အချဉ်ဖောက်ထားတဲ့ ပုန်းရည်ကြီးက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ဆီးချို ရှိသူတွေနဲ့ သင့်တော်တဲ့ စားစရာ တစ်မျိုးပါ။

ကိုယ်တွင်းမှာ အင်ဆူလင် ထွက်ရှိစေဖို့ လုပ်ဆောင်ပေးသလို အင်ဆူလင် တုံ့ပြန်မှု ကောင်းစေဖို့ လှုံ့ဆော်ပေးပြီး ဆီးချိုကို သက်သာစေသလိုကာကွယ်ပေးတဲ့ တာဝန်ကိုပါ ယူပေးပါသေးတယ်။

သွေးပေါင်ချိန် ထိန်းညှိပေးတယ်

သွေးတိုးက ကုသပျောက်ကင်းဖို့ မဖြစ်နိုင်တဲ့ နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ သွေးတိုးတဲ့အခါ ခေါင်းကိုက်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ အမြင်အာရုံ ပြဿနာတွေ ခံစားရတာ၊ အသက်ရှူရ ခက်တာ၊ ရင်ဘတ် အောင့်တာ၊ ဆီးထဲ သွေးပါတာ အပါအဝင် အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။

ပုန်းရည်ကြီးက ဆိုဒီယမ် ပါဝင်နေတယ်ဆိုပေမယ့် အတန်အသင့် စားသုံးပေးမယ်ဆိုရင် သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး နှလုံးကျန်းမာစေဖို့အထောက် အကူ ပြုပေးပါတယ်။

ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတယ်

ပုန်းရည်ကြီးရဲ့များပြားလှတဲ့ ကျန်းမာရေး အာနိသင်တွေထဲမှာ ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝမှုလည်း ပါဝင်နေပါတယ်။ ဓာတ်တိုး ပစ္စည်း ကြွယ်ဝမှုက ပင်ပန်း နွမ်းနယ်မှုကို သက်သာစေသလို စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

ဓာတ်တိုးပစ္စည်းတွေကြောင့် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးသလို အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

အစာခြေစနစ်ကို ကျန်းမာစေတယ်

အမျှင်ဓာတ်က အစာခြေစနစ်ကို အထိရောက်ဆုံး သန့်စင်ပေးနိုင်ပါတယ်။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေက အစာအိမ်ထဲက ချေဖျက်ဖို့ ခက်တဲ့ အရာတွေကို ဖယ်ရှားစွန့်ထုတ်ပေးသလို အူလမ်းကြောင်းနံရံတွေကိူ အာဟာရ စုပ်ယူမှု ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။

စာကြေ စေပြီး ဝမ်းမှန်စေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။အူလမ်းကြောင်းကိုလည်း သန့်စင် ကျန်းမာစေပါသေးတယ်။

ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

အချဉ်ဖောက်ထားတဲ့ အစားအစာတွေက အကျိုးပြု ဘက်တီးရီးယား ကြွယ်ဝစွာ ပါဝင်နေပြီး ကိုယ်တွင်းက အဆီပိုတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။

အချဉ်ဖာက်ထားတဲ့ ပုန်းရည်ကြီးက ခန္ဓညကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းကို ဖြည့်ပေးနိုင်သလို အမျှင်ဓာတ်လည်း ပြည့်ဝစေပါတယ်။

ကာဗိုဟိုက်ဒရိတ် နဲ့ သကြား ပါဝင်မှုနည်းတာကြောင့် ခန္ဓာကိုယ်က အဆီတွေကို လျှော့ချပေးနိုင်ပါတယ်။ အစား စားချင်စိတ်ကို အကောင်းဆုံး ထိန်းပေးပြီး ဝိတ်ကျစေဖို့ အထောက်အကူ ပြုပေးပါတယ်။

ကိုယ်ခံအား ကောင်းစေတယ်

ပုန်းရည်ကြီးမှာ အအေးမိတာ၊ နာမကျန်းဖြစ်တာတွေကို တိုက်ဖျက်ပေးနေတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာစေပြီး အာဟာရ ပြည့်ဝစေမှုက ကိုယ်ခံအားကောင်းစေဖို့ အကောင်းဆုံး အထောက်အကူ ပြုပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win|

ရေးသားသူ Aye Thi Mon

06/10/2023
06/10/2023

ရေအိုးစဥ်ပေါ်မှ ရေအိုးသုံးလုံးရှိစဥ်
ဘာမှမရှိတဲ့အိုးကို ကိုင်လိုက်တော့
ငြိမ်သတ်နေတယ်
နေက်ထပ် ပြည့်နေတဲ့အိုးကို
ကိုင်လိုက်တော့လည်း
ငြိမ်သတ်နေတယ်
နောက်ထပ် အိုးတစ်လုံးဖြစ်တဲ့
​​ေရတစိဝက်လောက်ရှိတဲ့ အိုးကို
ကိုင်လိုက်တော့
ဘောင်ဘင်ခက်ပြတယ်
အဲလိုပဲလူလောကမှာလည်း
ဘာမှမတတ်တဲ့သူ နဲ့ တတ်ပြီးသား
သူတွေက ငြိမ်သတ်နေကြပီး
တစ်ချိုတစ်ဝက်သာတတ်တဲ့သူတွေက
သူတို့ဘယ်လောက်တတ်ကြောင်းတော်ကြောင်း
ဘောဘင်ခတ်ကြလေ့ရှိတယ်
မိတ်ဆွေတို့ရော ဘယ်အိုးထဲပါသလဲ?

ကိုယ်တွေကတော့ ပြည့်တဲ့အိုးလိုတော့ မကျင့်သုံးနိုင်သေးဘူးလေ ​

credit # # sein

သင့်မျက်လုံးနှင့် ကြယ်တွေကိုမြင်လို့ရတယ်ဒါပေမယ့် သင့်ခြေတစ်စုံကိုမြေကြီးပေါ် မှာ ထိတွေ့နေပါစေcredit # ST
19/09/2023

သင့်မျက်လုံးနှင့်
ကြယ်တွေကိုမြင်လို့ရတယ်
ဒါပေမယ့် သင့်ခြေတစ်စုံကို
မြေကြီးပေါ် မှာ ထိတွေ့နေပါစေ

credit # ST

တစ်ချို့အရာတွေကိုဒီတိုင်းလေးပဲကြည်နေတော့မယ်
09/08/2023

တစ်ချို့အရာတွေကို
ဒီတိုင်းလေးပဲကြည်နေတော့မယ်

⚽ဘောလုံးလောကကြီးတိုးတက်ဖို့အတွက်ဘောလုံးလောကထဲမှာရှိတဲ့သူတိုင်း ရိုးသားဖို့လိုအပ်တယ် လို့ထင်တာပဲ
13/07/2023

⚽ဘောလုံးလောကကြီးတိုးတက်ဖို့အတွက်
ဘောလုံးလောကထဲမှာရှိတဲ့သူတိုင်း ရိုးသားဖို့လိုအပ်တယ် လို့ထင်တာပဲ

တန်ဖိုးရှိတဲ့ဒီနေ့လေးမှာ တစ်ယောက်ပေါ်တစ်ယောက် တန်ဖိုးထားကြရအောင်။ဘာလို့လည်းဆိုရင်မနက်ဖြန်ဆိုတာ မသေချာလို့ပါ။
12/06/2023

တန်ဖိုးရှိတဲ့ဒီနေ့လေးမှာ တစ်ယောက်ပေါ်တစ်ယောက် တန်ဖိုးထားကြရအောင်။

ဘာလို့လည်းဆိုရင်
မနက်ဖြန်ဆိုတာ မသေချာလို့ပါ။

09/06/2023

ဘရိတ်ဓါးက ထက်ပေမယ့်
သစ်ပင်ခုတ်လို့မရပါဘူး
ပုဆိန်ကလည်း သစ်ပင်ခုတ်နိုင်ပေမယ့်
ဆံပင်ရိတ်လို့မရပါဘူး
အဲလိုပါပဲ လူတိုင်းမှာ
သူ့နေရာနှင့်
သူ့တန်ဖိုးနဲ့သူရှိကြတာပါပဲ

Credit..

Address

Bo Sein Mhan Street, Bahan Township
Yangon

Telephone

+959799877229

Website

Alerts

Be the first to know and let us send you an email when Sandar Tun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share