မြတ်စု ဇာဘော်လီနှင့်အတွင်းဝတ်အမျိုးမျိုး လက်လီလက်ကားရောင်းဝယ်ရေး

  • Home
  • Myanmar
  • Ye-u
  • မြတ်စု ဇာဘော်လီနှင့်အတွင်းဝတ်အမျိုးမျိုး လက်လီလက်ကားရောင်းဝယ်ရေး

မြတ်စု ဇာဘော်လီနှင့်အတွင်းဝတ်အမျိုးမျိုး လက်လီလက်ကားရောင်းဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြတ်စု ဇာဘော်လီနှင့်အတွင်းဝတ်အမျိုးမျိုး လက်လီလက်ကားရောင်းဝယ်ရေး, Clothing (Brand), Ye-u.

ဗဟုသုတအနေနဲ့ မြန်မာမိန်းကလေးတယောက်အတွက်သိထားသင့်တယ်နော် သဲလေးတို့ ❤️အဝတ်အစားပေါ် မူတည်ပြီး Bra ရွေးချယ်နည်း✅1. T Shirt b...
26/01/2023

ဗဟုသုတအနေနဲ့ မြန်မာမိန်းကလေးတယောက်အတွက်
သိထားသင့်တယ်နော် သဲလေးတို့ ❤️

အဝတ်အစားပေါ် မူတည်ပြီး
Bra ရွေးချယ်နည်း✅

1. T Shirt bra
ဗြောင်တီရှပ်တွေ ဝတ်တဲ့အခါ အင်္ကျီပေါ်မှာ ဇာလိုင်းတွေ ပေါ်မနေဖို့ တီရှပ်ဘရာကို ရွေးချယ်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ကွက်တိ fit ဖြစ်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါမှာလည်း တီရှပ်ဘရာက အဆင်ပြေပါတယ်။

2. ကြိုးမပါတဲ့ bra
ကြိုးမပါတဲ့ဘရာတွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ ခန္ဓာကိုယ်မှာလည်း မြဲနေတဲ့အတွက် ပြုတ်ကျသွားမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။ ပုခုံးလျှောအင်္ကျီတွေ၊ ပုခုံးမှာ အပေါက်ပါတဲ့ အင်္ကျီတွေ ဝတ်တဲ့အခါ ကြိုးမပါတဲ့ဘရာကို ရွေးချယ်သင့်ပါတယ်။

3.Convertible bra
သူ့မှာတော့ ကြိုးတွေအများကြီးပါပြီး ကြိုးတွေနဲ့ဝတ်လို့ရသလို ကြိုးတွေကို အကုန်ချွတ်ပြီးတော့လည်း ဝတ်လို့ရပါတယ်။ ပုခုံးတစ်ဖက်ပဲပါတဲ့ အင်္ကျီတွေအတွက် ဝတ်ဖို့ သင့်တော်ပါတယ်။

4.U-plunge bra
လည်ပင်းဟိုက်တဲ့အင်္ကျီတွေ ဝတ်တော့မယ် ဆိုရင်တော့ U-plunge bra က အဆင်ပြေဆုံးပါပဲ။ ပုံမှန် bra တွေက တစ်ဖြောင့်တန်းတည်း ဖြစ်ပေမယ့် U-plunge bra ကတော့ လည်ဟိုက်အင်္ကျီတွေဝတ်ရင် အဆင်ပြေဖို့ U ပုံစံဝိုက်ဝိုက်လေး ဖြစ်နေတာပါ။

5.Sticky bra
Sticky bra တွေကို များသောအားဖြင့် ဆီလီကွန်နဲ့ ပြုလုပ်ကြပြီး ဖော့နဲ့ချုပ်ထားတဲ့ sticky bra တွေလည်း ရှိပါတယ်။ ကြိုးတွေမပါတာကြောင့် ပုခုံးလျှောတဲ့အင်္ကျီတွေ၊ နောက်ကျောမပါတဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးချယ်နိုင်ပါတယ်။

6.Balcony bra
Balcony bra ကို balconette လို့လည်း သိကြပါတယ်။ ဒီဘရာကတော့ ရင်သားတစ်ဝက်လောက်ကိုပဲ ဖုံးအုပ်ပေးနိုင်တာပါ။ လည်ပင်းအလှကို ပေါ်လွင်စေတဲ့ အင်္ကျီတွေနဲ့ဆိုရင် လိုက်ဖက်ပါတယ်။

7.ဇာ bra
ဖော့တွေမပါဘဲ ဇာသက်သက်နဲ့ ချုပ်ထားတာကြောင့် အရမ်းကို မိန်းမဆန်စေတဲ့bra ပါပဲ။ ထွင်းဖောက်မြင်ရတဲ့အင်္ကျီတွေ၊ ပါးလှပ်လှပ် အင်္ကျီတွေနဲ့ တွဲဝတ်ရင် မေ့မထားသင့်တဲ့ bra ပါ။

8.Racerback bra
နောက်ကျောမှာ ဝိုက်ဝိုက်လေး ဖြစ်နေတာကြောင့် ကျောဘက်မှာ ဝိုက်ထားတဲ့ ဝတ်စုံတွေအတွက် သင့်တော်ပါတယ်။ အားကစားလုပ်တဲ့ အချိန်မှာ ဝတ်လို့လည်းရပါတယ်။

9.Demi bra
Demi bra က ရင်သားအောက်ပိုင်းကိုပဲ ဖုံးအုပ်ပေးနိုင်တာကြောင့် အပေါ်ပိုင်းက လွတ်နေပါတယ်။ သူ့ရဲ့ cup ကလည်း သေးပါတယ်။ အင်္ကျီအပါးတွေ၊ လည်ဟိုက်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးသင့်တဲ့ bra ပါပဲ။

10. Full cup bra
Full cup bra က ရင်သားကို အပြည့်အဝ ဖုံးအုပ်ပေးနိုင်ပါတယ်။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ လည်ပိတ်အင်္ကျီတွေနဲ့ တွဲဖက်ပြီး ဝတ်လို့ရပါတယ်။

11. Push -up bra
Push-up bra က ရင်သားကို ပင့်တင်ပေးတာကြောင့် ပိုကြီးသယောင် ဖြစ်စေပါတယ်။ Low-cut top တွေနဲ့ ဝတ်ရင် အဆင်ပြေဆုံးပါ။

12.Smoothing bra
Smoothing bra ဆိုတဲ့အတိုင်း ခပ်ကျပ်ကျပ် ဝတ်စုံတွေဝတ်ရင် ဝတ်ထားမှန်း မသိရလောက်အောင် အဆင်ပြေစေတဲ့ bra ပါပဲ။




25/02/2022
🥳ဒီ Sunday‌‌လေးမှာ ဘရာလေးတွေ ရွေးချယ်ဝယ်ယူတဲ့အခါ လွယ်ကူပြီးအဆင်ပြေစေမယ့် နည်းလမ်းလေးတွေ ပြောပေးမယ်နော်🥰👙🛒ကိုယ်တိုင်သွားမ...
05/12/2021

🥳ဒီ Sunday‌‌လေးမှာ ဘရာလေးတွေ ရွေးချယ်ဝယ်ယူတဲ့အခါ လွယ်ကူပြီးအဆင်ပြေစေမယ့် နည်းလမ်းလေးတွေ ပြောပေးမယ်နော်🥰

👙🛒ကိုယ်တိုင်သွားမဝယ်နိုင်လို့ အွန်လိုင်းကနေ ဘရာလေးတွေမှာမယ် ခုလက်ရှိဝတ်နေတဲ့ ဆိုဒ်ကိုလည်းမမှတ်မိဘူးဆိုပါစို့👇

👉👙အဲဒါဆို ရင်အောက်ပါတ်လည်ကို အကြပ်တိုင်းခြင်းဖြင့်

👉👙စုံဂဏန်းထွက်ရင် ၄ ပေါင်းပေးပြီး၊

👉👙မ ဂဏန်းထွက်ရင် ၅ ပေါင်းပေးမယ်ဆို
ပျိုမေလေးတွေနဲ့ တော်တဲ့ ဘရာဆိုဒ်ကို ရရှိပါမယ်နော်🥰

💕ဥပမာ - ရင်အောက်ပါတ်လည်အတိုင်းက ၃၀ဆို ၄ ပေါင်းပြီး ဆိုဒ် ၃၄ 👙

💕ရင်အောက်ပါတ်လည်အတိုင်းက ၃၁ ဆို ၅ ပေါင်းပြီး ဆိုဒ် ၃၆ကို ဝယ်ယူနိုင်ပါရှင့် 👙

❣️ဆိုင်မှာ ကိုယ်တိုင်ဝတ်ကြည့်ပြီး ဝယ်တဲ့အခါမှာလည်း ကိုယ်နဲ့ သင့်လျှော်တဲ့ bra မျိုးကို ရွေးချယ်ဝယ်ယူမယ်ဆိုရင်

🌟ရင်သားနှင့် bra ကြားကအကွာအဝေးက လက်ချောင်း၁ခုကနေ ၂ခုထည့်လို့ရတဲ့
အကွာအဝေးရှိရပါမယ်

အဲ့ဒါမှ ဝတ်ထားရင် သက်တောင့်သက်သာဖြစ်ပြီး ပေါ့ပေါ့ပါးပါးလေးဖြစ်နေမှာပါနော်..

🌟Bras ကြပ်ကြပ်လေးတွေဟာ အမြင်မှာပိုပြီးကြည့်ကောင်းစေတယ်လို့ ထင်ရပေမယ့်

တကယ်တမ်းသက်တောင့်သက်သာ မဖြစ်တဲ့အခါမှာ မိမိကိုယ်ကို ယုံကြည်မှူ့လျော့နည်းစေတာကြောင့်

စတိုင်ကျကျလေးနဲ့ ရင်လေးချီပြီးလန်းနိုင်ဖို့ဆိုတာ သက်တောင့်သက်သာရှိပြီး ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်မယ့် ဘရာတထည်ဟာ ပျိုမေလေးတွေအတွက် အရေးအပါဆုံးပဲပေါ့... 💃

☘️🔔ပုံမှန်ထက်ပိုပြီး ရင်သားကိတ်သူ၊ ပုံမှန်ထက်ရင်သားသေးသူ ပျိုမေလေးတွေကတော့ ဆိုင်မှာပဲဝယ်ဝယ်၊ အွန်လိုင်းကပဲဝယ်ဝယ် 👇

☘️ကိုယ်က ပုံမှန်ထက်ရင်သားကိတ်ပြီး ခါးလေးသွယ်လား❓

☘️ပုံမှန်ထက်ရင်သားသေးပြီး ကိုယ်ထည်လေးဖွင့်ဖြိုးတာလား❓

ဆိုတာ ရောင်းသူကိုပြောပြပြီး ဝယ်ယူမယ်ဆိုရင်တော့ ပျိုမေလေးတွေအတွက် ပြန်လဲစရာမလိုပဲ ပြီးပြည့်စုံတဲ့ ဘရာတထည်ကို ပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်ရှင့်🥰

B cup , C cup တွေအတွက် ရင်ခွက်ပုံ ကြီးပြီး ဖော့အုံပါး အောက်ဒေါက်မပါ ကြိုးပြားကြီးသက်တောင့်သက်သာ ဖော့အုံအပါးတွေက ရင်သားပု...
03/12/2021

B cup , C cup တွေအတွက်

ရင်ခွက်ပုံ ကြီးပြီး ဖော့အုံပါး အောက်ဒေါက်မပါ ကြိုးပြားကြီး

သက်တောင့်သက်သာ ဖော့အုံအပါးတွေက ရင်သားပုံစံကို ထိန်းညှိပေးတယ်

ရင်ခံပုံစံ မဟုတ်ပေမဲ့ ရင်သားလုံတဲ့အပြင်
ရင်ညွှန့်ပါ လုံတဲ့ အုံခွက်ကြီး ဘရာအမျိုးအစားပါ

ရင်သားနဲ့ ပတ်သက်ပြီး လုံးဝ ဘာဆိုဘာမှ
မပေါ်ချင်ဘူးဆို ဒီလို bra လေးကို ရွေးချယ်ပါ

Size 34,36,38,40,42

နွေမိုးဆောင်း ဝတ်လို့အဆင်ပြေပြီး ရင်ဆက်ပုံရှေ့ဇာလေးနဲ့သံဒေါက်မပါ Cupကြီးသူများအတွက် အုံအပါးလေးနဲ့ရင်လုံစေတဲ့ braလေးမို့၀...
03/12/2021

နွေမိုးဆောင်း ဝတ်လို့အဆင်ပြေပြီး ရင်ဆက်ပုံရှေ့ဇာလေးနဲ့သံဒေါက်မပါ Cupကြီးသူများအတွက် အုံအပါးလေးနဲ့ရင်လုံစေတဲ့ braလေးမို့၀တ်ဆင်ရာတွင် သက်တောင့်သက်သာရှိပါတယ်

ကြိုးသေဖြစ်ပီးကြိုးပြားလေးကတစ်မျိုးဆွဲဆောင်မှု့ရှိပါတယ်

ချိတ်2ဆင့်ပါပီးcolour(7)ရောင်ရှိပါတယ်

Size-34/36/38/40/42

မြတ်စု ဇာဘော်လီ ရေဦးမြို့

ရေခဲသား အုံကြီး ဖော့ပါ လေးတွေပါရှင့်🤗အောက်ဆွဲ လေးတွေပါလို့ ရင်ကို ထိန်းပြီး ဝတ်ရတာ အဆင်ပြေစေပါတယ်ရှင့်🤗ရင်အုပ်ဇာလေးတွေလဲ...
16/11/2021

ရေခဲသား အုံကြီး ဖော့ပါ လေးတွေပါရှင့်🤗
အောက်ဆွဲ လေးတွေပါလို့ ရင်ကို ထိန်းပြီး ဝတ်ရတာ အဆင်ပြေစေပါတယ်ရှင့်🤗
ရင်အုပ်ဇာလေးတွေလဲပါလို့ ရင်သားလုံပြီး ဝတ်ရတာ သက်တောင့်သက်သာရှိပါတယ်ရှင့်🤗

မြတ်စု ဇာဘော်လီဆိုင် (Ye-U)

☎09-426669096
📞09-797757689

06/11/2021

7.11.2021
မနက်ဖြန် မြတ်စု ဇာဘော်လီ ဆိုင်ခွဲ ၃ အား ရေဦးမြို့ဈေးအတွင်းသို့ စတင် ဖွင့်ပါမည်ရှင့်

03/11/2021

Edit ရသွားပါပီရှင့်

စက်ချုပ်ကျွမ်းကျင် မ ၁ဦး အလိုရှိပါတယ်ရှင့်

လူကိုယ်တိုင် မြတ်စုဇာဘော်လီဆိုင် ဈေးအနောက်ပေါက် အလယ်လမ်း ရတနာပုံမိုဘိုင်းတိုက်တန်း ရေဦးမြို့။ သို့ လာရောက် လျှောက်ထားနိုင်ပါတယ်ရှင့်။

31/10/2021

မြတ်စု ဇာဘော်လီဆိုင် ရေဦးမြို့မှ Customerများ အဆင်ပြေပြေ ဝယ်ယူနိုင်အောင်လို့ Kbz pay , Kbz Banking တို့နဲ့ ငွေပေးချေခြင်းကို လက်ခံပေးပါတယ်ရှင် 😱😱

အဲအတွက် ရာခိုင်နှုန်းလည်း အပိုမယူပါဘူးနော်🧏

ဝယ်ယူအားပေးကြတဲ့ အသဲတွေ အဆင်ပြေတယ်ဆိုရင်ပဲ ကျေနပ်နေတာပါရှင့်😚

29/10/2021

Edit ရသွားပါပီရှင့်
K. Payထုတ်လို့ရပါတယ်နော်

5%နဲ့ 200000ရပါမည်

မြတ်စုဇာဘော်လီ
ဈေးအနောက်ပေါက် အလယ်လမ်း ရေဦးမြို့
09426669096
09797757689

Edit ရသွားပါပီရှင့်❤️ဝန်ထမ်းအလိုရှိသည်  💁မြတ်စု ဇာဘော်လီနှင့်အတွင်းဝတ်💁            အမျိုးမျိုးရောင်းဝယ်ရေး              ...
26/10/2021

Edit ရသွားပါပီရှင့်❤️
ဝန်ထမ်းအလိုရှိသည်
💁မြတ်စု ဇာဘော်လီနှင့်အတွင်းဝတ်💁
အမျိုးမျိုးရောင်းဝယ်ရေး
ရေဦးမြို့တွင်

တာဝန်ထမ်းဆောင်ရန် အမျိုးသမီးဝန်ထမ်းအလိုရှိသည်။

၁။ မှတ်ပုံတင်မူရင်းရှိသူဖြစ်ရမည်💥
၂။ အိမ်ထောင်မရှိသူ💥
၃။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ရမည် သွက်သွက်လက်လက်ရှိပြီး ရုပ်ရည်အသင့်အတင့် ရှိရမည်💥
၄။ နေစားငြိမ်း💥
၅။ လစာ-ညှိနှိုင်း💥

စိတ်ဝင်စား၍ အလုပ်လျှောက်လိုပါက

Cv formနှင့်တကွ

💁မြတ်စုဇာဘော်လီနှင့်အတွင်းဝတ်💁
ရောင်းဝယ်ရေး

ဈေးအနောက်ပေါက်၊အလယ်လမ်း၊ရတနာပုံမိုဘိုင်းတိုက်တန်း၊ရေဦးမြို့ သို့ လူကိုယ်တိုင် လာရောက်လျှောက်ထားရပါမည်။

09 797757689
09 426669096

Address

Ye-U
02241

Telephone

+959797757689

Website

Alerts

Be the first to know and let us send you an email when မြတ်စု ဇာဘော်လီနှင့်အတွင်းဝတ်အမျိုးမျိုး လက်လီလက်ကားရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share