10/11/2023
ဟိုးရှေးရှေးတုန်းက သူဌေးကြီး
တစ်ယောက်မှာ အင်မတန်မှ ချောမော
လှပတဲ့သမီးလေးတစ်ယောက် ရှိသတဲ့...
-
-
-
သူဌေးကြီးကလည်း သူ့သမီးလေးကို
တစ်အားချစ်ဆိုပဲ.....
-
ဘယ်လောက်ချစ်သလဲဆို ရဲတိုက်ကြီး
တစ်ခုမှာ တစ်ယောက်တည်းထားတာတဲ့.....
-
ဘယ်သူနဲ့မှ မပေးစားနိုင်ဘူးဆိုတဲ့သဘောပေါ့. ....
-
ဒါပေမယ့် အဲဒီရဲတိုက်ကြီးရဲ့မနီးမဝေးမှာ
ပန်းဥယျဉ်ကြီးတစ်ခုရှိသတဲ့....
-
အဲဒီပန်းဥယျဉ်ကြီးဟာ.....သာယာလှပလွန်းလို့
မြင်သူတိုင်း ငေးရတယ်ဆိုပဲ.....
-
အဲဒီပန်းဥယျဉ်ရဲ့ ဥယျာဉ်မှုးလေးကလည်း
ငယ်ငယ်ချောချောလေးတဲ့......
-
ဒီလိုနဲ့ ရဲတိုက်မှာ အဖော်အပေါင်း
မရှိပဲ နေရတဲ့ မင်းသမီးလေးဟာ....
-
ပြတင်းပေါက်ကနေ နေ့တိုင်းပဲ
ပန်းဥယျဉ်ကြီးကို ငေးငေးကြည့်နေမိသတဲ့.....
(ပျင်းတာကိုး နော်...)ဥယျဉ်မှုးလေးကလည်း
ပန်းဥယျာဉ်ထဲမှာ ပန်းစိုက်ရင်း .....
-
သူ့ပန်းဥယျာဉ်ကို ငေးနေတဲ့
မင်းသမီးလေးကို တွေ့ပါလေရော...
-
ဥယျာဉ်မှုးလေးကလည်း ပန်းတွေ
စိုက်ရင်း မင်းသမီးလေးကို ပဲ
ပေးတာပေါ့ကွာ.....
-
မင်းသမီးလေးကလည်း ပြတင်းပေါက်
ကနေ.... အထာပြန်ပေးနဲ့ပေါ့.....
-
တစ်ယောက်နဲ့ တစ်ယောက်
သံယောဇဉ်တွေ ပိုလာကြပါရောတဲ့.......
-
သိပ်မကြာပါဘူး သူဌေးကြီးက
အဲဒီအကြောင်းကို သိသွားပါလေရော....
-
သိသိချင်းပဲ သူသမီးလေးကို ရဲတိုက်ရဲ့
ဟိုး အမြင့်ဆုံးဖြစ်တဲ့ ဘုံခုနစ်ဆင့်မြင့်တဲ့
အထပ်ကို ပို့လိုက်ပါရောတဲ့
-
အဲဒီအချိန်က စပြီး မင်းသမီးလေး နဲ့
ဥယျာဉ်မှုးလေးဟာ တစ်နေ့မှ
မတွေ့ကြရတော့ဘူးတဲ့....
-
မင်းသမီးလေးကလဲ တစ်နေ့တစ်နေ့
ငိုချည်းနေတော့တာတဲ့....
-
ဥယျာဉ်မှုးလေးကလည်း မင်းသမီးလေး
ရှိတဲ့ ဘုံခုနစ်ဆင့်ကိုရောက်ဖို့ အကြံထုတ်
ရတော့တာပေါ့
-
ဒီလိုနဲ့ ဥယျဉ်မှုးလေးဟာ....
သစ်ပင်လေးတစ်ပင်ကို ယူပြီး မင်းသမီး
လေးနေတဲ့ရဲတိုက်နားမှာ စိုက်သတဲ့...
-
ပြီးတော့ သူ့အချစ်တွေသာ
စစ်မှန်တယ်ဆိုရင်.....
ဒီသစ်ပင်လေးဟာ နေချင်းညချင်း
ကြီးလာပါစေဆိုပြီး ဆုတောင်းသတဲ့.....
-
သူ့သစ္စာက မှန်တော့ အပင်လေးဟာ
ကြီးလာလိုက်တာ သုံးရက်ကြာတဲ့
အချိန်မှာပဲ ဘုံငါးဆင့်ကို ရောက်သတဲ့...
-
ဥယျဉ်မှုးလေးဟာ သစ်ပင်ပေါ်တက်....
ပြီးတော့ထပ်ဆုတောင်း....
-
ဒီတော့ သစ်ပင်လေးဟာ ထပ်ကြီးလာပြီး
ဘုံ ခြောက်ဆင့်ကို ရောက်ပြန်သတဲ့...
-
မင်းသမီးလေးကလဲ
သူ့ချစ်သူလာပြီဆိုတော့ ပျော်တာပေါ့......
-
ဒါနဲ့နောက်ဆုံးတစ်ဆင့်ကို တက်မယ်ဆိုပြီး.....
ဆုထပ်တောင်း ဖို့ အလုပ်မှာပဲ.......
-
-
-
-
-
-
-
-
😎စည်ပင် နဲ့ EPC က
ဓာတ်ကြိုးနဲ့ မလွတ်လို့ဆိုပြီး
လာခုတ်သွားပါလေရောတဲ့ကွယ်
Crd..