18/03/2026
بِسْمِ اللهِ الرَّحْمٰنِ الرَّحِيْمِ
သင်ဟာ အလ္လာဟ့်ﷻထံတော်ပါးမှာ အထူးဗန်ဒဟ်တစ်ဦးဖြစ်ကြောင်း သိရှိနိုင်မယ့် လှပသောလက္ခဏာများ
အလ္လာဟ်ﷻအရှင်မြတ်က အသင့်အား ချစ်ခင်မြတ်နိုးခြင်း၊ စောင့်ရှောက်နေခြင်းနှင့် အသင့်စိတ်နှလုံးအား ကောင်းကျိုးချမ်းသာကိုသာ အလိုရှိခြင်းတို့ကို ထင်ရှားစွာပြသနေတဲ့ လှပတဲ့နမိတ်လက္ခဏာတချို့ကို ဖော်ပြပေးလိုက်ပါတယ်..🤍
🤍1. အလ္လာဟ်ﷻအရှင်မြတ်က သင့်အား ဂုနာဟ်တွေကနေ ထိန်းသိမ်းထားတယ်။ တခါတလေ သင်ဟာ ဂုနာဟ်ထဲလုံးဝနစ်မွမ်းမိတော့မယ့် အချိန်မှာ အပြစ်လုပ်ရမှာကို ရွံရှာတဲ့စိတ်၊ အပြစ်ဒဏ်ကိုကြောက်ရွံ့တဲ့စိတ်ဝင်လာတယ်။ ဒါမှမဟုတ် မျှော်လင့်မထားတဲ့ အတားအဆီးတစ်ခုခုက သင့်ကို ထိုဂုနာဟ်ကျူးလွန်ခြင်းမှ ရပ်တန့်စေလိုက်တယ်။ ဒါဟာ အလ္လာဟ်ﷻအရှင်မြတ်က သင့်နှလုံးသားကို ထိန်းသိမ်းစောင့်ရှောက်နေခြင်းပဲဖြစ်တယ်။
🤍2. အိဗာဒသ်တွေမှာ ငြိမ်းချမ်းမှုရှာတွေ့တယ်။ ဆွလာသ်ဝတ်ပြုတဲ့အခါ၊ ကျမ်းမြတ်ကုရ်အာန် ဖတ်ရွတ်တဲ့အခါနဲ့ ဒုအာလုပ်တဲ့အခါတွေမှာ သင့်ရဲ့စိတ်နှလုံးဟာ ပျော့ပြောင်းသွားတယ်။ ဒီလိုမျိုးစိတ်ကြည်လင်နေခြင်းနဲ့ စိတ်သက်သာရာရခြင်းတို့ဟာ အလိုအလျောက်ဖြစ်လာမျိုးမဟုတ်ဘဲ အလ္လာဟ်ﷻအရှင်မြတ်က သင့်ကို အရှင်မြတ်နဲ့နီးကပ်စေချင်တဲ့ လက္ခဏာရပ်တွေပါ။
🤍3. သင့်ဘဝမှာ စမ်းသပ်မှုတွေကြုံရတယ်။ အခက်အခဲဒုက္ခတွေဟာ အလ္လာဟ်ﷻအရှင်မြတ်က ပြစ်ဒဏ်ပေးတာမျိုးမဟုတ်ဘဲ သင့်ရဲ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို အရှင်မြတ်က သန့်စင်ပေးခြင်းသာဖြစ်တယ်။ ဒါ့အပြင် အလ္လာဟ်ﷻအရှင်မြတ်က မိမိချစ်မြတ်နိုးတဲ့သူတိုင်းကို စမ်းသပ်မှုပြုပါတယ်။ နဗီတမန်တော်(အလိုင်ဟိစ္စလာမ်)များလည်း စမ်းသပ်ခံခဲ့ရသလိုမျိုးပေါ့။
🤍4. သင့်ရဲ့စိတ်နှလုံးဟာ (သောင်ဗဟ်) နောင်တရကာ အမှားဝန်ခံခြင်းခြင်းဘက်သို့ ဆွဲငင်ခြင်းကို မကြာခဏခံစားရတယ်။ တစ်ခုခု ချွတ်ချော်မှားယွင်းမှုဖြစ်တိုင်းမှာ သင့်ရဲ့အတွင်းစိတ်ထဲမှ "အလ္လာဟ့်ထံပြန်လှည့်ပါ" ဟူသော အသံတစ်ခုထွက်ပေါ်လာတတ်တယ်။ ဒီလိုမျိုး အတွင်းစိတ်ရဲ့သတိပေးသံသည်လည်း အရှင်မြတ်ထံတော်မှ ကရုဏာတော်တစ်ပါးပင်ဖြစ်ပါတယ်။
🤍5. ကောင်းမြတ်သော အကျင့်အမူတွေကို ပြုကျင့်လုပ်ဆောင်ရန်အတွက် သင့်ရဲ့စိတ်နှလုံးဟာ လွတ်လပ်ပေါ့ပါးကာ ပျော်ရွှင်မှုရှိတယ်။ တပါးသူအား ကူညီခြင်း၊ မွန်မြတ်သော ဆွဒကာဟ်အလှူဒါနများ ပေးလှုခြင်း၊ တပါးသူအား ကြင်နာသနားတတ်ခြင်း စတဲ့ ကောင်းမှုတွေကို သင်ဟာ စိတ်ပါလက်ပါ ပျော်ပျော်ရွှင်ရွှင် ပြုလုပ်နေတတ်တယ်။ ဒီလိုပျော်ရွှင်နေတာဟာ အလ္လာဟ်ﷻအရှင်မြတ်က သင့်ရဲ့စိတ်နှလုံးကို ပျော့ပျောင်းအောင်ပြုလုပ်ပေးနေခြင်းရဲ့ နိမိတ်လက္ခဏာဖြစ်ပါတယ်။
🤍6. အလ္လာဟ်ﷻအရှင်မြတ်က သတိပေးချက်များကို အကောင်းဆုံးအချိန်ကိုက် ပို့ချပေးတော်မူတယ်။ သင်လိုအပ်နေတဲ့အချိန်မှာ အာယသ်တော်တစ်ပိုဒ်၊ Postတစ်ခု၊ (သို့) Videoတစ်ခု ရောက်ရှိလာတတ်တယ်။ ဒါတွေဟာ မတော်တဆဖြစ်ရပ်တွေမဟုတ်ဘဲ အရှင်မြတ်ဘက်မှ ပို့ပေးလိုက်တဲ့ သတင်းစကားတွေပဲဖြစ်ပါတယ်။
🤍7. တိတ်ဆိတ်ငြိမ်သက်နေချိန်မှာတောင် သင့်နှလုံးသားဟာ အရှင်မြတ်နှင့်ချိတ်ဆက်နေတတ်ပါတယ်။ တခါတလေ စကားတစ်ခွန်းမျှမဆိုဘဲ အရှင်မြတ်ရဲ့နီးကပ်စွာတည်ရှိနေမှုကို ခံစားမိတတ်ပါတယ်။ ဒီဆိတ်ငြိမ်တဲ့ ဆက်နွယ်မှုက သင်ဟာ အရှင်မြတ်နဲ့ နီးကပ်မှုရှိခြင်းရဲ့ လက္ခဏာတစ်ခုပါ။
🤍8. အလ္လာဟ်ﷻအရှင်မြတ်က တချို့သောလူတွေ (ဒါမှမဟုတ်) တချို့သောအရာတွေကို သင့်ဘဝထဲကနေ ဖယ်ရှားပေးပါတယ်။ ဒါဟာ သင့်ကိုနာကျင်အောင် လုပ်ဖို့အတွက်မဟုတ်ပါဘူး။ သင့်ရဲ့ ယုံကြည်ခြင်းကို ထိခိုက်နစ်နာစေမယ့်အရာတွေကနေ သင့်ကို ကာကွယ်ပေးဖို့အတွက်ပဲဖြစ်ပါတယ်။
🤍9.ဒုအာတောင်းခံနေရင်း (သို့) ဇိကိရ်သတိရတသနေရင်းနဲ့ မျက်ဝန်းမှ မျက်ရည်များ စီးဆင်းလာပါတယ်။ အလ္လာဟ့်အတွက် ကျဆင်းလာတဲ့မျက်ရည်တွေဟာ သာမန်မဟုတ်ပါဘူး။ အရှင်မြတ်ချစ်ခင်နှစ်သက်တော်မူတဲ့ နှလုံးသားမှသာ စီးဆင်းလာတာဖြစ်ပါတယ်။
🤍10. သင်ဟာ အလ္လာဟ်ﷻအရှင်မြတ်နှင့်မည်မျှပင် ဝေးကွာသွားစေကာမူ၊ အရှင်မြတ်ထံတော်ပါး ပြန်လည်ရောက်ရှိလာစမြဲဖြစ်တယ်။ တစ်စုံတစ်ရာက သင့်ကို အရှင့်ဘက်ပြန်ဆွဲခေါ်လေ့ရှိပါတယ်။
အလ္လာဟ်အရှင်မြတ်သခင် ကျွန်ုပ်တို့အားလုံးကို ပျော်ရွှင်ခြင်းနှင့် ငြိမ်းချမ်းမှုအပေါင်း ချီးမြှင့်တော်မူပါစေ။ ထို့ပြင် အရှင်မြတ်ရဲ့ အထူးစောင့်ရှောက်ခြင်းခံရတဲ့ ဗန်ဒဟ်များထဲမှာလည်း အပါအဝင်ဖြစ်တော်မူပါစေ။ အာမီးန်🤲
သင်ရော ဘယ်အချက်တွေနဲ့ကိုက်ညီနေလဲဆိုတာ Comment မှာမျှဝေသွားခဲ့ပါအုံးနော်🤍
🌷
بِسْمِ اللهِ الرَّحْمٰنِ الرَّحِيْمِ
Beautiful signs that will tell you that you are a special servant in the presence of Allah ﷻ
Allah ﷻ ,
Here are some beautiful signs that clearly show you that Allahﷻ loves you, protects you and want only the welfare of your heart..🤍
🤍1.
Allah ﷻ has kept you from sins.
Sometimes, when you are about to sink completely into sin, the feeling of loathing to sin, the fear of punishment, or some unexpected obstacle stops you from committing that sin. This is Allah ﷻ guarding your heart.
🤍2.
I find peace in worship. When performing Salat, reciting the Holy Qur'an and Duas, your heart becomes soft. Such clarity of mind and relief do not happen automatically, but are signs that Allah ﷻ wants you to be closer to Him.
🤍3.
You face trials in your life.
Difficulties are not a punishment from Allah ﷻ, but a purification of your heart and soul by Allah. Additionally, Allah ﷻ tests everyone He loves, just like the Prophet (peace be upon him) was also tested.
🤍4.
Your heart often feels pulled towards repentance (sinbah) and confession of wrongdoing. Whenever something goes wrong, a voice from inside you says, "Turn back to Allah."
This kind of inner warning is also a mercy from God.
🤍5.
Your heart is free and happy to perform good deeds such as helping others
giving noble Sadakah donations, being kind and compassionate to others with enthusiasm and joy. Being happy like this is a sign that Allah ﷻ is softening your heart.
🤍6.
Allah ﷻ sends warnings at the right time.
A verse, a post or a video often arrives when you need the most. These are not accidental events, but messages sent by him.
🤍7.
Even in silence, your heart is connected to God. Sometimes you feel God's close presence without even saying a word. This quiet relationship is a sign of your closeness to God.
🤍8.
Allah ﷻ removes certain people (or certain things) from your life. This is not to hurt you.
It is to protect you from things that will harm your faith.
🤍9. While asking for dua or remembering zikir, tears flow from the eyes. Tears falling for Allah are not common. It flows only from the heart that God loves and loves.
🤍10.
No matter how far away you are from Allah ﷻ, he keeps coming back to him.
Something usually pulls you back upwards.
May Allah bless us all with happiness and peace. In addition, may he allow us to be included among the servants who are specially protected by the Lord.
Ameen 🤲
Please share what points you agree with in the comments. 🤍
🌷
by_شيماء بنت عارف