25/07/2024
ဘာလုပ် လုပ်အဆင်မပြေရင် မာလာရေစင်
ကုလိုလ်လေးလုပ်ကြည့်ပါ
ပြန်မျှဝေလိုက်ပါတယ် 🙏🙏🙏
မွှေးသောပန်းကိုခွက်တခုထဲသို့
ထည့်ပါ .ရေအပြည့်ထည့်ပါ.
မွှေးသောပန်းမရှိရင် ရေထဲကိုရေမွှေးလေး
ဖြန်းပေးပါ.ပုံထဲကအတိုင်းလေးပါ
မာလာရေစင်လှူတဲ့အခါရွတ်ဖတ်ဆုတောင်းပုံ
***********************************
ဘဝဘဝဟောင်းများစွာကတော်စပ်ခဲ့ဖူးသော
ဘိုးဟောင်းဘွားဟောင်းများနှင့်တကွ
ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း၊
မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့ အား
ကြှနျုပျမှ အပြစ်များရှိပါက
ကြေအေးပေးပါ
ကျေနပ်ပေးပါ
ခွင့်လွှတ်ပေးပါ
သငျတို့အားလုံးရဲ့ကိုယျစားကြှနျုပျမှ နေ၍
မြတ်စွာဘုရားရှင်အား ဤမာလာရေစင်ဖြင့်ကပ်လှူပူဇော်ပါသည် 🙏🙏🙏
ဘုန်းတော်အနန္တ၊
ကံတော်အနန္တ၊
ဥာဏ်တော်အနန္တ၊
တန်ခိုးတော်အနန္တ၊
မေတ္တာတော်အနန္တ၊
သစ္စာတော် အနန္တ၊
ပါရမီတော် အနန္တ တို့ နှင့် ပြည့်စုံတော်မူသော
🙏သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအားဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍
အကြှနျုပျကို စောင့်ရှောက်သော
ကိုယ်စောင့်နတ်၊
အကြှနျုပျကိုစောငျ့ရှောကျသော
အစောင့်အရှောက်များနှင့်တကွ
ဆွေဆက်၊ မျိုးဆက်၊ပဌာန်းဆက်၊ ဆွေတော်၊ မျိုးတော်အပေါင်း၊
မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့်တကွ
သိုက်နန်းရှင် အားလုံး တို့အားရည်စူး၍
၄င်းတို့နှင့်ပေါင်းစု၍ ၄င်းတို့နှင့် အတူတကွ
ဤ မာလာ ရေစင်ကို
🙏🙏အရှင်မြတ်စွာဘုရားထံ သဒ်ဒါကွညျဖွူစှာဖွငျ့ မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏
(အလှူခံတော်မှူပါဘုရား)(သုံးကြိမ်)
အစအဆုံး(သုံးကြိမ်) ရွတ်ဆိုရန်
7ရကျတိတိသဒ်ဒါစိတျဖွူဖွူနဲ့
ပြုလုပ်ပေးပါထူးခြားလာပါတယ်
#မာလာရေစင်