မြတ်ပုည သင်္ကန်းတိုက်

မြတ်ပုည သင်္ကန်းတိုက် ဝိနည်းတော်နှင့်အညီ ချုပ်လုပ်ထားသော သင်္ကန်းများကိုသာ အာမခံဖြင့် ရောင်းချပေးနေပါသည်။

ယ​နေ့ ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ မှ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးကပ်လှူ​မည့် သင်္ကန်းခြင်းများကို ​အာဇာနည်ခေါ...
19/07/2020

ယ​နေ့ ပဲခူးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ မှ အာဇာနည်ခေါင်းဆောင်ကြီးများကို ရည်စူးကပ်လှူ​မည့် သင်္ကန်းခြင်းများကို ​အာဇာနည်ခေါင်း​​ဆောင်ကြီးများအား ​အောက်​မေ့သတိရဂုဏ်ပြုခြင်းများစွာနှင့် ပြင်ဆင်​ခဲ့ပါသည်။

🙏🙏အရည်အ​သွေး​ကောင်းမွန်ပြီး ဝိနည်း​တော်နှင့်အညီချုပ်လုပ်ထား​သော ဝါဆိုသင်္ကန်းများကို မြတ်ပုညသင်္ကန်းတိုက်တွင် စျေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူလှူဒါန်းနိုင်ပါသည်။ 🙏🙏

လိပ်စာ - မြတ်ပုည-၃ ၊အမှတ် ၂၀၄၊ ဟင်္သာလမ်း
(မြို့နယ်မြေစာရင်းရုံးကပ်လျက်)၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
☎️ 052 2201729, 09 5301848

Photo Credit to Tin Soe's FB account, https://www.facebook.com/tinsoe.bago

#၁၉ဇူလိုင်မမေ့နိုင်

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သော  ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် စာအောင်သံဃာ၊ သီလရှင်မ...
01/02/2020

ပဲခူးမြို့ ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် ယနေ့ကျင်းပပြုလုပ်ခဲ့သော ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် စာအောင်သံဃာ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲတွင် ဆရာတော်ကြီး (၁၂၈)ပါးအား မြတ်ပုညသင်္ကန်းများဖြင့် ဆပ်ကပ်လှူဒါန်းနေပုံများအား မြင်တွေ့ရသည့်အပေါ် မြတ်ပုညသင်္ကန်းတိုက်မိသားစုမှ လွန်စွာဝမ်းသာကြည်နူးဖြစ်မိပါသည်။

သဒ္ဒါတရားထက်သန်စွာဖြင့် ဝယ်ယူအားပေးခဲ့သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။

🙏🙏“သင်္ကန်းအလှူရှင်များ၏ ဒါနကုသိုလ်စေသနာအား လေးစားတန်ဖိုးထားစွာဖြင့် သင်္ကန်းအလှူ ကုသိုလ်အား မွန်မြတ်ပြည့်စုံစွာရရှိစေရန် မြတ်ပုညသင်္ကန်းများအား ဝိနည်းတော်နှင့်အညီ အရည်အသွေးပြည့်ဝစွာ အထူးချုပ်လုပ်ထားပါသည်။”🙏🙏

Address: မြတ်ပုည- ၃ ၊အမှတ် ၂၀၄၊ ဟင်္သာလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
☎️ 09 5301848, 052 2201729

# Photo Credits to Bago Region Government Website.

သဒ္ဒါတရားထက်သန်စွာဖြင့် ဝယ်ယူအားပေးခဲ့သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။🙏🙏“သင်္ကန်းအလှူရှင်မျာ...
15/07/2019

သဒ္ဒါတရားထက်သန်စွာဖြင့် ဝယ်ယူအားပေးခဲ့သော ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။

🙏🙏“သင်္ကန်းအလှူရှင်များ၏ ဒါနကုသိုလ်စေသနာအား လေးစားတန်ဖိုးထားစွာဖြင့် သင်္ကန်းအလှူ ကုသိုလ်အား မွန်မြတ်ပြည့်စုံစွာရရှိစေရန် မြတ်ပုညသင်္ကန်းများအား ဝိနည်းတော်နှင့်အညီ အရည်အသွေးပြည့်ဝစွာ အထူးချုပ်လုပ်ထားပါသည်။”🙏🙏

Address: မြတ်ပုည- ၃ ၊အမှတ် ၂၀၄၊ ဟင်္သာလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
☎️ 09 5301848, 052 2201729

# Photo Credits to Bago Region Government Website.

16/07/2016

“ဝါဆိုသင်္ကန်း ရှင်းတမ်း”
•••••••••••••••••••••••••••••
(၁)။ ဝဿဝါသိကစီဝရ- ဝါဆိုသင်္ကန်း
(၂)။ ဝဿိကသာဋိကစီဝရ- မိုးရေခံသင်္ကန်း
“ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ဝါဆိုသောအခါ
ဝတ်ရုံတဲ့ သင်္ကန်းကို ဝါဆိုသင်္ကန်းလို့ မှတ်ထင်နေကြသည်။
သို့သော် ပါဠိတော်မှာလာတဲ့ ဝါဆိုသင်္ကန်းက
ဝါဆိုရန် ဝတ်ရုံတဲ့ သင်္ကန်းမဟုတ်ဘဲ ဝါတွင်းသုံးလ
ဝါသို့ကပ်၍ ဝါကျိုး ဝါပြတ်ခြင်းမရှိဘဲ နေလေ့ရှိသော
ရဟန်းတော်တို့အား လှူဒါန်းအပ်သော
သင်္ကန်းဖြစ်သောကြောင့်လည်းကောင်း၊
ဝါတွင်းသုံးလပတ်လုံး မိုးတွင်းအခါ သိက္ခာမညှိုးဘဲ
နေလေ့ရှိသော ရဟန်းတော်တို့သည်သာ
ခံယူထိုက်သည်ဖြစ်၍ ယင်းရဟန်းတော်တို့၏
ဥစ္စာဖြစ်သောကြောင့်လည်းကောင်း
“ဝဿဝါသိကစီဝရ-ဝါဆိုသင်္ကန်း”ဟုခေါ်၏။

ဒီအကြောင်းနဲ့ ပတ်သတ်လို့ ပါတိမောက်နိဿဂ္ဂိယပါစိတ်
ပတ္တဝဂ်မှာလာတဲ့ အစ္စေကစီစရအကြောင်း
အနည်းငယ်ရှင်းပြပါမည်။

သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ မြတ်စွာဘုရား
သီတင်းသုံးတော်မူစဉ် အချိန်အခါကဖြစ်သည်။
ထိုအချိန်က မြတ်စွာဘုရားသည် ရဟန်းတော်များ
ဝါဆိုသင်္ကန်းအလှူခံ၍ သုံးစွဲရန် မပညတ်ရသေးပါ။
ထိုကာလအတွင်း ရဟန်းတော်များမှာ လမ်းဆုံ
လမ်းလေးခွအမှိုက်ပုံများ၌ စွန့်ပစ်ထားသော
အဝတ်စုတ်များ၊ လူသေကောင် များ၌
ရစ်ပတ်ထားသော အဝတ်စုတ်များကို ကောက်ယူ
လျှော်ဖွတ်ဆေးဆိုးကာ ဝတ်ရုံကြသော ပံ့သုကူ
သင်္ကန်းများနှင့်သာ မျှတနေရသည်။
ထိုမှ သမားတော်ဇီဝက၏ လျှောက်ထား
တောင်းပန်မှုကြောင့် ဒါယကာတို့ လှူဒါန်းအပ်သော
သင်္ကန်းကို အလှူခံခွင့်ရရှိသော ဂဟပတိ-သင်္ကန်း
ဖြစ်ပေါ်လာခဲ့၏။ ထိုမှ တဆင့် အမတ်စစ်သူကြီး
တစ်ဦးက ငါသည် စစ်တိုက်ထွက်ဖို့ရာ အချိန်နီးနေ၍
အမှုကိစ္စများဖြင့် အလုပ်ရှုပ် နေသည့်အတွက်
ရဟန်းတော်တို့ထံ ဝါဆိုသင်္ကန်းလာရောက်
အလှူခံဖို့ရန် ကိုယ်တိုင် သွားရောက်၍ ပင့်ဖိတ်ဖို့
အချိန်မပေးနိုင်ပါ။ ထိုအခါ အမတ်စစ်သူကြီးက
စစ်မြေပြင်အရပ်တွင် မိမိ၏ အသက်သည်
သေမည် ရှင်မည်ကို အတိအကျမသိရေးသည့်အတွက်
စစ်တိုက်ထွက်ခါနီးအချိန်တွင် ကုသိုလ်ရလို၍
လည်းကောင်း၊ ရရှိသည့်ကုသိုလ်၏ အစွမ်းသတ္တိ
အာနုဘော်ကြောင့် စစ်မြေပြင်အရပ်တွင်
အန္တရာယ်ကင်း စေလို၍လည်းကောင်း
ရဟန်းတော်တို့၏အထံသို့
“အရှင်ဘုရားတို့ ကြွလာတော်မူကြပါကုန်၊
တပည့်တော်သည် အရှင်ဘုရားတို့အား
ဝါဆိုသင်္ကန်းကို လှူဒါန်းပါအံ့ဟု လျှောက်ထားပေးရန်
အခိုင်းအစေ တမန်ကို လွှတ်လိုက်၏။”

မြတ်စွာဘုရားသည် ဝါမှထကုန်သော(ဝါဆိုပြီးသော)
ရဟန်းတော်တို့အား ဝါဆိုသင်္ကန်းကို အလှူခံ၍
သုံးစွဲရန် ခွင့်ပြုတော်မမူအပ်သေး၍ ရဟန်းတော်တို့က
ဝါဆိုသင်္ကန်းအလှူခံယူမှုအပေါ် ယုံမှားတွေးတောမှု
ဖြစ်ကာ သံသယကုက္ကုစ္စဖြစ်ကြကုန်၏။
ထို့ကြောင့် အမတ်စစ်သူကြီးက ဝါဆိုသင်္ကန်းအလှူခံရန်
ပင့်ဖိတ်ပါသော်လည်း ရဟန်းတော်တို့သည်
လာရောက်၍ အလှူမခံကြကုန်။
ရဟန်းတော်တို့ မလာရောက်ကြသောအခါ
“အမတ်စစ်သူကြီးက အရှင်မြတ်တို့သည် ဝါဆို
သင်္ကန်းကို လာရောက်အလှူခံရန် တမန်
စေလွှတ်အပ်ပါလျက် အဘယ့်ကြောင့် မကြွလာကုန်
ဘိသနည်း။ ငါသည်ကား စစ်မြေပြင်အရပ်သို့ သွားရအံ့။
အသက်ရှင်ခြင်းကို သိနိုင်ခဲ၏။ သေခြင်းကိုလည်း
သိနိုင်ခဲ၏-ဟု ရဟန်းတော်တို့အပေါ်၌ ကဲ့ရဲ့ရှုတ်ချ
အပြစ်ပြ၍ ပြောဆို၏။ ထိုသတင်းကို မြတ်စွာဘုရား
ကြားသိတော်မူသဖြင့် “ရဟန်းတော် တို့သည်
အဆောတလျင်လှူအပ်သော သင်္ကန်းကို ခံယူ၍
ထားခြင်းငှာ ဘုရားခွင့်ပြုတော်မူပြီဟု
ရဟန်းတော်တို့အတွက် သင်္ကန်းကို အလှူခံယူ၍
အသုံးပြုဖို့ရန် ခွင့်ပြုတော်မူသည်။”
အစ္စေကစီဝရ-ဆိုသည်မှာ အဆောတလျင် ၊
ရှောင်တခင်လှူအပ်သော အသင်္ကန်းဖြစ်သည်။
၎င်းအစ္စေကစီဝရကို
(၁)။ မိမိ၏အသက်ကို စိတ်မချရသည့်
စစ်မြေပြင်အရပ်သို့ စစ်ထွက်မည့်ပုဂ္ဂိုလ်၊
(၂)။ အရပ်တစ်ပါးသို့ ခရီးထွက်မည့်ပုဂ္ဂိုလ်၊
(၃)။ ဖျားနာနေသည့် ဂိလာန မကျန်းမာ လူနာပုဂ္ဂိုလ်၊
(၄)။ မွေးဖွားခါနီး ကိုယ်ဝန်ဆောင်ပုဂ္ဂိုလ်၊
(၅)။ မူလအရင်က သဒ္ဓါတရားမရှိဘဲ အသစ်သဒ္ဓါတရား
ဖြစ်ပေါ်လာသောပုဂ္ဂိုလ်၊
၎င်းပုဂ္ဂိုလ်တို့က ရဟန်းတော်တို့၏ အထံသို့
တမန်စေလွှတ်၍ လည်းကောင်း၊ တမန်ကိုမစေလွှတ်ဘဲ
မိမိကိုယ်တိုင် သွား၍လည်းကောင်း၊
အရှင်ဘုရားတို့ ကြွတော်မူလာကြပါကုန်၊
တပည့်တော်သည် အရှင်ဘုရားတို့အား ဝါဆိုသင်္ကန်းကို
လှူဒါန်းပါအံ့ဟု အဆောတလျင် ရှောင်တခင်
လှူဒါန်းအပ်သော သင်္ကန်းကို “အစ္စေကစီဝရ”ဟု ခေါ်သည်။
၎င်းသင်္ကန်းကို
ဝဿဝါသိက- ဝါဆိုသင်္ကန်းဟူ၍လည်းကောင်း၊
ဝါကျွတ်သင်္ကန်းဟူ၍လည်းကောင်း၊
အစ္စေကစီဝရ- အဆောတလျင်ရှောင်တခင်လှူအပ်သော
သင်္ကန်းဟူ၍ လည်းကောင်း အမည်အမျိုးမျိုးခေါ်နိုင်သည်။

ဤသည်ကို ထောက်ဆကြည့်မည်ဆိုပါလျှင်
ဝါဆိုသင်္ကန်းအား တစ်နှစ်ပတ်လုံး လှူဒါန်းနိုင်၏။
၎င်းသင်္ကန်းသည် သီးခြားသင်္ကန်းမျိုးမဟုတ်၊
သင်္ကန်း-၉ထည်တွင် တစ်ထည်အပါအဝင်ဖြစ်သည်။
သင်္ကန်း၉ထည်မှာ
(၁)။ သင်းပိုင်
(၂)။ ကိုယ်ရုံဧကသီ၊
(၃)။ ဒုကုဋ်၊
(၄)။ အိပ်ရာခင်း၊
(၅)။ မျက်နှာသုတ်ပဝါ၊
(၆)။ ပရိက္ခရာစောဠ။
(၇)။ နိသီဒိုင်၊
(၈)။ မိုးရေခံသင်္ကန်း၊
(၉)။ အမာလွှမ်းသင်္ကန်းတို့ဖြစ်သည်။

မိုးတွင်းအခါ မိုးရေချိုးရန် အသုံးပြုအပ်သော
သင်္ကန်းဖြစ်သောကြောင့် ဝိဿိကသာဋိကစီဝရ-
မိုးရေခံသင်္ကန်းဟုခေါ်၏။

ဝါဆိုသင်္ကန်းနှင့် မိုးရေခံသင်္ကန်းသည် အဓိပ္ပါယ်
အနေအထားဖြင့် တူသယောင် ရှိ၍လည်းကောင်း၊
ပါဠိအနေအထားအားဖြင့် တူသယောင်ရှိ၍လည်းကောင်း
အတူတူပင်ဟု ထင်မှတ်ကြ၏။ အဓိပ္ပါယ်မတူပါ။
ဝါဆိုသင်္ကန်းသည် မိုးရေခံသင်္ကန်းမဟုတ်ဘဲ
မိုးရေခံသင်္ကန်းအတွက် ပါတိမောက် ရတနာဝဂ်မှာ
သိက္ခာပုဒ်သီးခြားရှိပါသည်။

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့
ဝိသာခါက ဆွမ်းစားပင့်ပါတယ်။ အဲဒီညလွန်တော့
လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။
မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာ
ရွာသလို၊ လေးကျွန်းလုံးအနှံ့မှာလည်း မိုးရွာတယ်။
သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့
နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။
ရဟန်းတော်များဟာ သင်္ကန်းအပိုအလှူခံခွင့်
မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့
အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း
လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့
ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ
ရဟန်းတွေ မရှိဘူး။ အာဇီဝတက္ကတွန်းတွေသာ
မိုးရေချိုးနေကြတယ်လို့တွေးပြီး ရဟန်းတွေကို
မပင့်ခဲ့ဘဲ အိမ်ပြန်သွား ဝိသာခါကို
အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။
အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။ရဟန်းတော်တွေ
မိုးရေခံသင်္ကန်းမပါဘဲ မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး
အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ်မံ
အပင့်ခိုင်းပြန်တယ်။ အဲဒီအချိန် ရဟန်းတော်များဟာ
ရေးချိုးပြီးလို့ တင့်တင်တယ်တယ် သပ္ပါယ်စွာ
ဝတ်ရုံထားကြပြီးဖြစ်တယ်။ ကျောင်းတွင်းမှာ
တိတ်ဆိတ်ငြိမ်သက်စွာ သီတင်းသုံးနေကြပြီဖြစ်တယ်။
ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။
တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့
အိမ်ဖော်မလေးက ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။
ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံ
လွှတ်ရပြန်တယ်။ ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့
သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။

မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့်
မြတ်စွာဘုရားနဲ့ သံဃာတော်တို့ရဲ့ ခြေတော်တွေ
သင်္ကန်းတော်တွေမှာ ရေစိုစွတ်ခြင်း မရှိတာမြင်တော့
ဝိသာခါ အံ့သြဝမ်းသာဖြစ်ကာ ဆွမ်းကပ်လှူ၊
ဒီနောက် မြတ်စွာဘုရားထံမှာ ဆု(၈)ပါးလျှောက်ထား
တောင်းဆိုပါတယ်။ အဲဒီဆု(၈)ပါးက
(၁)။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား
အသက်ထက်ဆုံး မိုးရေးခံသင်္ကန်း လှူလိုပါ၏။
(၂)။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
(၃)။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၄)။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၅)။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
(၆)။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
(၇)။ အမြဲ ယာဂု လှူလိုပါ၏။
(၈)။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။
ဆိုတဲ့ ဆု(၈)မျိုးပါ။ ထို၈-မျိုးထဲမှ ပထမဆုံးဆုအရ
မိုးရေခံသင်္ကန်းကို မြတ်စွာဘုရားရှင်ခွင့်ပြုတော်မူပါတယ်။
မိုးရေခံသင်္ကန်းဟာ မြတ်စွာဘုရား အထွာတော်ဖြင့်
အလျား ၆ထွာ၊ အနံ ၂ထွာခွဲထက်မပိုရပါဘူး။
ပိုလျှင် ပါစိတ်အာပတ်သင့်ပါတယ်။
ဝါဆိုသင်္ကန်းကဲ့သို့ တစ်နှစ်ပတ်လုံး လှူဒါန်းခွင့်၊
အလှူခံခွင့် မရှိဘဲ “နယုန်လပြည့်ကျော် (၁)ရက်မှ
ဝါဆိုလပြည့်နေ့အထိ” တစ်လသာ လှူဒါန်းခွင့်
အလှူခံခွင့်ရနိုင်၏။မိုးလေးလပတ်လုံးသုံးစွဲနိုင်၏။

အချုပ်အားဖြင့် ဝါဆိုသင်္ကန်းသည် စစ်သူကြီး
စတင်လှူဒါန်းသည်ကို အကြောင်းပြုပြီး
မြတ်စွာဘုရားရှင် ခွင့်ပြုတော်မူသောကြောင့်
ပေါ်ပေါက်လာပြီး၊ မိုးရေခံသင်္ကန်းကတော့
ဝိသာခါကျောင်းအစ်မကြီးကြောင့် ပေါ်ပေါက်လာကြောင်း
အသိပေးလိုက်ရပါသည်။

ဝါသင်္ကန်းနှင့် မိုးရေခံသင်္ကန်းနှစ်ခုရဲ့ မတူပုံ
အကြောင်းလေးကို ရှင်းလင်းပြသညွှန်ကြားပေးသည့်
ဆရာတော်အရှင်ပညာသီဟာဘိဝံသ
ဆရာတော်ဘုရားအား အလွန်ပင်ကျေးဇူးတင်ကြောင်း။
-【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】
Posted by►
www.facebook.com/youngbuddhistassociation.mm

09/07/2016
07/07/2016

“ဝါဆိုသင်္ကန်း”
•••••••••••••••••
“၁၀-၁၂-၈၇ နေ့စွဲပါတဲ့ ဟောဒီစာက
မိုးညှင်းမြို့၊စက်ကုန်းကျောင်း ဆရာတော်
ဦးသူဇာတထံမှ မေးလျှောက်တဲ့စာ ဖြစ်ပါဘုရား။”

“ဆိုစမ်းပါဦး၊ ဦးသုဇာတက ဘာတွေများမေးပါလိမ့်။”

“ဦးသုဇာတ အမေးက ရဟန်းတော်များကို
ဝါဆိုသင်္ကန်းလှူဒါန်းကြတဲ့ အစဉ်အလာဟာ
ဘယ်အချိန်ကာလက စတင်ပြီး ဘယ်ရဟန်းကို
အကြောင်းပြုပြီး အဘယ်ဒါယကာလှူဒါန်းခဲ့သည်ကို
သိလိုပါသတဲ့ဘုရား . . .။”

“သာသနာတော်ဝန်ထမ်း ရဟန်းတော်များရဲ့မှီရာ၊
တည်ရာ အားထားရာ တရားဟာ လေးပါးရှိတယ်ကွယ့်။”

“သင်္ကန်း ၉-ထည်”
••••••••••••••••••••••••••
“လေးပါးဆိုတာက
(၁)။ဆွမ်းတည်းဟူသော် မှီရာတည်ရာအားထားရာ၊
(၂)။သင်္ကန်းတည်းဟူသော မှီရာတည်ရာ အားထားရာ၊
(၃)။ကျောင်းတည်းဟူသော မှီရာတည်ရာအားထားရာ၊
(၄)။ဆေးတည်းဟူသော မှီရာတည်ရာ အားထားရာတို့
ဖြစ်ကြတယ်။

အဲဒီတရားလေးပါးအနက်သင်္ကန်းဆိုတဲ့ မှီရာတည်ရာ
အားထားရာက သင်း, ကိုယ်, ဒု, အိပ်၊
မျက်, ပရိက်, နိသိဒ်, မိုးအမာလို့ဝိနယသံခိပ်ကျမ်းမှာ
လယ်တီဆရာတော် မိန့်တော်မူတဲ့အတိုင်း
(၁)။သင်းပိုင်၊
(၂)။ကိုယ်ဝတ်၊
(၃)။ဒုကုဋ်၊
(၄)။အိပ်ရာလွှမ်း၊
(၅)။မျက်နှာသုတ်ပဝါ၊
(၆)။ပရိက္ခာရာ စောဠပုဆိုး၊
(၇)။နိသီဒိုင်အခင်း၊
(၈)။မိုးရေခံသင်္ကန်း၊
(၉)။အမာလွှမ်း သင်္ကန်းအားဖြင့် “၉-ပါး”ရှိတယ်။
ဒီကိုးပါးသော သင်္ကန်းမှတစ်ပါး
“ဝါဆိုသင်္ကန်း”ရယ်လို့ သီးခြား မရှိဘူးကွယ့်။”

“မိုးရေခံသင်္ကန်းက ဝါဆိုသင်္ကန်းရယ်
လို့မဖြစ်သင့်ဘူးလား ဘုရား”

❦“မိုးရေခံသင်္ကန်းကို (ဝဿိကသာဋိက) လို့ ခေါ်တယ်။
❦ဝါဆိုသင်္ကန်းကိုတော့ (ဝဿာဝါသိက) လို့ ခေါ်တယ်။
ဒါကြောင့် “ဝါဆိုသင်္ကန်း” ဟာ “မိုးရေခံသင်္ကန်း”မဟုတ်ဘူး။
မိုးရေခံသင်္ကန်းအတွက် ပါတိမောက် ရတနဝဂ်မှာ
သိက္ခာပုဒ် သီးသန့်ရှိတယ်ကွယ့်။”

“မှန်ပါ၊ အဲဒီ သိက္ခာပုဒ်အကြောင်း
အနည်းငယ်မိန့်တော်မူပါဦး ဘုရား။”

“မိုးရေခံ သင်္ကန်း”
••••••••••••••••••••••••••••
“မြတ်စွာဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ
စံနေတော်မူစဉ် ကာလက ဝိသာခါ ဒါယိကာမကြီးဟာ
ဘုရားဖူးလာတယ်။ဘုရားဖူးပြီး ပြန်ခါနီးမှာဘုရားရှင်နှင့်တကွ
သံဃာကုန် ဆွမ်းကျွေးလိုပါသဖြင့် နက်ဖြန် နံနက်
ကြွရောက် ချီးမြှောက်တော်မူပါရန်လျှောက်ထားတယ်။
အဲဒီ ညလွန်တော့ မိုးကြီး သည်းထန်စွာ ရွာသတဲ့။
ဘုရားသခင်က ရဟန်းတို့ယခုမိုးဟာ လေးကျွန်းလုံး
ရွာသွန်းတဲ့မိုးဖြစ်တယ်။ကိုယ်ကိုမိုးရေခံကြလို့
မိန့်တော်မူတဲ့အတွက်ရဟန်းများဟာ သင်္ကန်းတွေ
ချထားပြီး ကိုယ်ကို မိုးရေခံကြသတဲ့။

အဲဒီအချိန်မှာ ဝိသာခါ ခိုင်းစေလိုက်တဲ့ ကျွန်မက
ကျောင်းတော်ကို အပင့်ရောက်လာတယ်။
ဇေတဝန်ကျောင်းတော်မှာ ကိုယ်ကို မိုးရေခံနေကြတဲ့
ရဟန်းတော်များကို မြင်တော့ အဝတ်မဝတ်တဲ့
အာဇီဝကတွေလို့ အထင်မှားပြီး အိမ်ပြန်ကာ ကျောင်းမှာ
ရဟန်းတွေမရှိဘူး၊ အာဇီဝကတွေ မိုးရေခံနေကြတာသာ
ရှိတယ်လို့ ဝိသာခါကို ပြောသတဲ့။

ဝိသာခါက ပညာရှိတော့ မိုးရေခံနေကြတာဟာ
အာဇီဝကတွေမဟုတ်ဘူး။ရဟန်းများ သင်္ကန်းချပြီး
မိုးရေခံနေကြတာ ဖြစ်ရမယ်လို့ ထပ်ပြီး အပင့်ခိုင်းပြန်တယ်။
ဒီအချိန် ရဟန်းတော်များ မိုးရေချိုးပြီးလို့ သင်္ကန်းပြန်ဝတ်ပြီး၊
ကျောင်းတွင်းမှာ သီတင်းသုံးနေကြတယ်။
ကျွန်မဟာ ကျောင်းတော်ကို လာကြည့်တယ်။
ဆိတ်ငြိမ်နေတာကို မြင်ပြန်တော့ အိပ်ပြန်ပြီး
ကျောင်းမှာဘယ်သူမျှ မရှိဘူးလို့ ပြောပြန်တယ်။
ဝိသာခါက ကျောင်းမှာ ကိုယ်တော်တွေ အမှန်ရှိတယ်။
မိုးရေချိုးပြီးလို့ကျောင်းခန်းအတွင်း ဝင်နေကြတာဖြစ်မယ်
လို့ တွက်ဆပြီး ကျွန်မကို ထပ်မံအပင့်ခိုင်းပြန်တယ်။

ဒီအချိန် ဘုရားရှင်က ရဟန်းတော်များကို
သတိပေးတော်မူပြီးကျောင်းတော်မှ ဝိသာခါအိမ်အရောက်
ရဟန်းတော်များနှင့်တကွ တန်ခိုးဖြင့် ကြွတော်မူတယ်။
ဒူးဆစ်လောက် ရေတွေလျံအောင် မိုးရွာထဲမှာ
တစ်စုံတစ်ရာ မိုးရေစိုခြင်း မရှိတဲ့ ဘုရားရှင်ရဲ့
တန်ခိုးတော်ကိုမြင်လို့ ဝိသာခါ ဒါယိကာမကြီးဟာ
အလွန်ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဆွမ်းလုပ်ကျွေးတယ်။
ဆွမ်းလုပ်ကျွေးပြီးတော့ ဘုရားရှင်ထံတော်မှာ
ဆု (၈)ပါး တောင်းခံသတဲ့။

“ဝိသာခါ တောင်းခံတဲ့ (၈)ပါးက”-
••••••••••••••••••••••••••••••••••••••••••
(၁)။အသက်ထက်ဆုံး သံဃာတော်အား
မိုးရေခံသင်္ကန်း လှူလိုခြင်း၊
(၂)။ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုခြင်း၊
(၃)။ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၄)။သူနာရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၅)။သူနာပြုရဟန်းတို့အား ဆွမ်းလှူလိုခြင်း၊
(၆)။သူနာရဟန်းတို့အား ဆေးလှူလိုခြင်း၊
(၇)။အမြဲ ယာဂုလှူလိုခြင်း၊
(၈)။ဘိက္ခုနီသံဃာအား ရေသနုပ် လှူလိုခြင်း
တို့ ဖြစ်ကြတယ်။

ဒီ ဆုရှစ်ပါးအနက် ပထမဆုအရ မိုးရေခံသင်္ကန်းကို
ဘုရားရှင် ခွင့်ပြုတော်မူတယ်။
မိုးရေခံသင်္ကန်းဟာ ဘုရားရှင်ရဲ့ အထွာတော်ဖြင့်
“အလျား ၆-ထွာ၊အနံ နှစ်ထွာခွဲ”ထက် မပိုစေရဘူး။
ပိုလျှင် ပါစိတ်အာပတ် သင့်တယ်”

“မှန်ပါ၊ မိုးရေခံသင်္ကန်းအကြောင်း သိရတဲ့အတွက်
ဝမ်းသာလှပါတယ်၊ ဝါဆိုသင်္ကန်းအကြောင်းလည်း
ဆက်ပြီး မိန့်တော်မူပါဦး ဘုရား”

“ဝါဆိုသင်္ကန်း”
••••••••••••••••••••••••••
“ဝါဆိုသင်္ကန်းလို့ ဆိုလိုက်လျှင် ဝါဆိုသောအခါ
ဝတ်ရုံတဲ့ သင်္ကန်းကို “ဝါဆိုသင်္ကန်း” လို့ ယခုအခါ
မှတ်ယူနေကြတယ်။ သို့သော်လည်း ပါဠိတော်မှာလာတဲ့
ဝါဆိုသင်္ကန်းက ဝါဆိုရန် ဝတ်တဲ့ သင်္ကန်းမဟုတ်ဘူး။
ဝါဆိုရက်မှာ ဝါဆိုပြီး ဝါကျွတ်သည့်တိုင်အောင်
ဝါမပျက်တဲ့ ရဟန်းတော်အား လှူဒါန်းတဲ့ သင်္ကန်းကို
(ဝါဆိုသင်္ကန်း)လို့ ဆိုလိုတယ်။
ဒီအကြောင်းနှင့်ပတ်သက်ပြီး ပါတိမောက်နိဿဂ္ဂိယ
ပါစိတ် ပတ္တဝဂ်ကလာတဲ့ အစ္စေကစီဝရအကြောင်း
ပြောပြဦးမယ်။”

“မိန့်တော်မူပါဘုရား”

“အစ္စေက သင်္ကန်း”
••••••••••••••••••••••••••
“ဘုရားသခင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ
သီတင်းသုံးတော်မူစဉ် အခါက အမတ်တစ်ယောက်ဟာ
စစ်တိုက်ထွက်ခါနီး င့ါအသက်ဟာ သိပ်မသေချာဘူး။
သေကောင်း ကောင်း ဖြစ်အောင် ဝဿဝါသိကခေါ်တဲ့
ဝါဆိုသင်္ကန်း လှူဒါန်းဦးမှ သင့်လျော်မယ်။
သို့သော်လည်း ငါ့မှာ စစ်ထွက်ခါနီးနေလို့ အမှုကိစ္စ
များတယ်၊ ကိုယ်တိုင် သွားမလှူနိုင်ဘူး။
အရှင်ကောင်းများကို ပင့်လှူမှပဲလို့ အကြံဖြစ်ပြီး
အရှင်မြတ်တို့ တပည့်တော်အိမ် ကြွရောက်ပြီး၊
ဝါဆိုသင်္ကန်း အလှူခံယူတော်မူကြပါလို့
အလျှောက်ခိုင်းတယ်။

ရဟန်းတော်များလည်း ဝါကျွတ်သံဃာအား ဝါဆိုသင်္ကန်း
ခံယူစေလို့ ဘုရားရှင်ခွင့်ပြုချက် မရှိသေးဘူးလို့
ယုံမှားမှုရှိကြတဲ့အတွက် သင်္ကန်းအလှူခံမကြွကြဘူး။
အဲဒီအခါ အမတ်ကြီးက အရှင်မြတ်များဟာ
အပင့်လွှတ်ပါလျက် ဘာကြောင့် မကြွခဲ့ကြတာလဲ။
ငါက စစ်တိုက်သွားရမှာ၊ အသက်သေမည်
ရှင်မည်မသိနိုင်ဘူးလို့ ကဲ့ရဲ့သတဲ့။
ဒီသတင်းကို ဘုရားရှင် ကြားတော်မူလို့
အဆောတလျင် လှူအပ်သော အစ္စေကသင်္ကန်းကို
ခွင့်ပြုတော်မူတယ်”

“ဒီနေရာမှာ အစ္စေက သင်္ကန်း ဆိုတာ
❦အသက်ကို စိတ်မချရတဲ့ စစ်ထွက်မည့် ပုဂ္ဂိုလ်မျိုး၊
❦ခရီးထွက်မည့်ပုဂ္ဂိုလ်မျိုး၊
❦ကိုယ်ဝန်ဆောင် ပုဂ္ဂိုလ်မျိုးများ နှင့်
❦အသစ် သဒ္ဓါတရား ဖြစ်ပွားတဲ့ ပုဂ္ဂိုလ်မျိုးများလှူဒါန်းတဲ့
သင်္ကန်းကို ဆိုလိုတယ်။

ဒီသင်္ကန်းကို
●ဝါဆိုသင်္ကန်း(ဝဿာဝါသိက)လို့ပင်ခေါ်ဝေါ်၊
●ဝါကျွတ်သင်္ကန်းလို့ပင် ခေါ်ခေါ်၊
●အစ္စေက အဆောတလျှင် ရှောင်တခင်
လှူဒါန်းအပ်သော သင်္ကန်းလို့ပင်ခေါ်ခေါ်
သီးခြားသင်္ကန်း မဟုတ်ဘဲ “သင်္ကန်းကိုးထည်”
အတွင်းက တစ်ထည်ထည်သော သင်္ကန်းသာဖြစ်တယ်။

ဒါကြောင့်ဦးသုဇာတရဲ့ အမေးကို ဖြေရလျှင်
“ဝဿဝါသိက ခေါ်တဲ့ ဝါဆိုသင်္ကန်း” ဟာ ဘုရားရှင်
လက်ထက်တော်ကာလက
သာဝတ္ထိပြည် စစ်ထွက်ခါနီး အမတ်ကြီး စတင်
လှူဒါန်းသည်ကို အကြောင်းပြု၍ ဘုရားရှင်
ခွင့်ပြုတော်မူပါတယ်လို့ ဖြေဆိုလိုက်ပါတယ်ကွယ်။”
“သာဓု - သာဓု - သာဓု”
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist's Association】
-【နိုင်ငံတော်သြဝါဒါစရိယ၊မြန်မာစာသြဝါဒါစရိယ၊
အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ထီးချိုင့်မြို့-
တည်တောဆရာတော်ဘုရားကြီး၏ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ
အမေးအဖြေများမှ- ကောက်နှုတ်ပူဇော်မျှဝေပါသည်။】
Posted by►
www.facebook.com/youngbuddhistassociation.mm

13/04/2016
မြတ်ပုညမိသားစု၏ နှစ်သစ်အလှူကုသိုလ်...
04/01/2016

မြတ်ပုညမိသားစု၏ နှစ်သစ်အလှူကုသိုလ်...

၂၀၁၆ နှစ်သစ်အခါသမယမှာ အလုပ်အကိုင်တွေအဆင်ပြေပြီး ကျန်းမာ ချမ်းသာပါစေလို့  မြတ်ပုညမိသားစုက တောင်းဆုပြုလိုက်ပါတယ်ခင်ဗျာ.......
01/01/2016

၂၀၁၆ နှစ်သစ်အခါသမယမှာ အလုပ်အကိုင်တွေအဆင်ပြေပြီး ကျန်းမာ ချမ်းသာပါစေလို့  မြတ်ပုညမိသားစုက တောင်းဆုပြုလိုက်ပါတယ်ခင်ဗျာ.....

Address

မြတ်ပုည/၃ ၊အမှတ် ၂၀၄၊ ဟင်္သာလမ်း(မြေစာရင်းရုံး​​ဘေး)၊ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
Bago City

Telephone

+9595301848

Website

Alerts

Be the first to know and let us send you an email when မြတ်ပုည သင်္ကန်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share