Phyu Hnin Wai Online Shop

Phyu Hnin Wai Online Shop ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Phyu Hnin Wai Online Shop, เสื้อผ้า (แบรนด์), Amphoe Sai Noi.

ဘဝဟာဘူတာရုံလေးပါရောက်လာတဲ့အပေါ်မှာလည်းမစွဲလန်းပါနဲ့ထွက်သွားလို့လည်းဝမ်းနည်းမနေပါနဲ့နောက်ဆုံးကျန်ရစ်စေခဲ့မှာက သင်တစ်ယောက်...
12/02/2024

ဘဝဟာဘူတာရုံလေးပါ
ရောက်လာတဲ့အပေါ်မှာလည်းမစွဲလန်းပါနဲ့
ထွက်သွားလို့လည်းဝမ်းနည်းမနေပါနဲ့
နောက်ဆုံးကျန်ရစ်စေခဲ့မှာက
သင်တစ်ယောက်ထဲပါပဲ။

ပျော်ရွှင်စေတာလည်းကိုယ်
ဝမ်းနည်းစေခဲ့မှာကလည်းကိုယ်ပါပဲ
အများကြီးလည်းမမျှော်လင့်မိစေနဲ့
လက်လွှတ်သင့်တာ လက်လွှတ်လိုက်တာ
အကောင်းဆုံးပါပဲ။

ဘဝကိုပျော်ရွှင်စွာ ရိုးရှင်းစွာနဲ့ဖြတ်သန်းလိုက်ပါ
ကိုယ့်ဘဝနဲ့မသက်ဆိုင်တဲ့သူတစ်ချို့ကိုထွက်ခွာ
ခွင့်ပြုလိုက်ပါ။

နာကျင်စရာတွေနည်းသွားတာထက်စာရင်
တစ်ယောက်ထဲက ပိုအေးချမ်းပါတယ်။
11.2.2024

` အဆိုးတစ်ခုကြုံလာတိုင်း စိတ်ကောင်းတစ်ခု ပိုထားဖြစ်တယ် --------------------- ဘဝက ရွက်ဆုတ်ပြက္ခဒိန်ဆိုပေမယ့် တစ်ချို့ အပိ...
10/02/2024

` အဆိုးတစ်ခုကြုံလာတိုင်း
စိတ်ကောင်းတစ်ခု ပိုထားဖြစ်တယ်
---------------------

ဘဝက
ရွက်ဆုတ်ပြက္ခဒိန်ဆိုပေမယ့်
တစ်ချို့ အပိုင်းအစတွေကိုတော့
ဖြဲထုက်ပစ်လိုက်လို့ မရဘူးမို့လား

မတွေ့ချင်ဘူးဆိုပြီး ရှောင်နေလို့ရတဲ့ထဲမှာ
အခက်အခဲနဲ့ ပြဿနာတွေတော့ မပါခဲ့ဘူး

အဆင်မပြေဘဲ
ဖြတ်သန်းနေရတဲ့ နေ့ရက်တွေ ရှိသလို

ပျော်ရွှင်မှုမပါလဲ
ဆက်လျှောက်နေတဲ့ လမ်းတွေ ရှိမယ်

ကိုယ်မရှိလဲ
ကမ္ဘာကြီး ပုံမှန်လည်နေမှန် သိပေမယ့်လဲ

ကိုယ်မရှိလဲ
သူ့ဟာနဲ့သူ့ ဖြစ်နေမှန် သိပေမယ့်လဲ

ကိုယ်ဆိုတာ
တစ်ခုခုအတွက် အရေးပါနေသေးလို့
ဘဝကို အဓိပ္ပာယ်ရှိအောင်
အဖြစ်ရှိအောင် ကြိုးစားနေရတာပေါ့

အားတင်းထားပါလျှက်
လဲကျသွားခဲ့ဖူးတဲ့ အခိုက်တွေဟာ
ရှင်သန်မှုတွေထဲမှာ တကယ်ရှိခဲ့တယ်

သတိထားပါလျှက်
ပြန်ပြင်လို့မရတော့တဲ့ အမှားတွေ

တန်ဖိုးထားပါလျှက်
ဆုံးရှုံးလိုက်ရတဲ့ မြတ်နိုးခြင်းတရားတွေ

ဆွဲထားပါလျှက်
လက်လွှတ်လိုက်ရတဲ့ အလှတရားတွေ

စိတ်ရှည်ရှည်ထားပြီး ရှင်းပြနေပါလျှက်
ပိုပြီးတော့ လွဲသွားကြတဲ့ နားလည်မှုတွေရယ်

နောက်ပြီးတော့
အရမ်းကြီး ချစ်မိသွားလို့
အများကြီး နာကျင်ခဲ့ရတာတွေရယ်ဟာ
ထုက်မပြောပေမယ့်
လူအများစုရဲ့အတိတ်တွေမှာ ရှိခဲ့ကြမှာပါဘဲ

တစ်ခါတလေမှာ
မနက်ဖြန်တွေအတွက် တွေးပူနေရင်းနဲ့
ဒီနေ့အတွက် အကောင်းဆုံးမလုပ်လိုက်ရဘူး

မရှိတော့တဲ့အရာတွေကို တမ်းတပြီး
ရှိနေတဲ့အရာတွေကို တန်ဖိုး မထားမိခဲ့ကြဘူး

တစ်ပါးသူကို ပျော်အာင်နေပါလို့ပြောနေပေမယ့်
ကျိုယျတိုငျကတြော့ မပျော်နိုင်ကြဘူးဖြစ်နေတယ်

တစ်ချို့တွေအတွက်
အဆင်ပြေအောင် လုပ်ပေးလိုက်ရပေမယ့်
ကိုယ့်မပြေလည်မှုနဲ့ အခက်ခဲဒုက္ခတွေကျတော့
ဘယ်ကဘယ်လို စဖြေရှင်းရမှန် မသိကြဘူးမို့လား

ဒီလိုဘဲ
ဘဝဆိုတာ
မသိခြင်းတွေ မရှိခြင်းတွေ
နားမလည်ခြင်းတွေ ဘာမှမမြဲခြင်းတွေ
အများကြီးလုပ်ပြီး နည်းနည်လေးရလိုက်ခြင်းတွေ
နောက် ပြီး
ပျော်ရွှင်အချိန်ပိုထက်
နာကျင်ချိန်တွေနဲ့သာ အများစု ဖွဲ့စည်းထားတာ

ပျော့ညံ့တဲ့သူတွေ
ဒဏ်ရာ ရလွယ်ပြီးတော့

ခံစားလွယ်တဲ့သူတွေ
မျက် ရည် ကျ ရ တာ ဘဲ

အဲ့တော့
စိတ်ကိုသာ မာအောင် ထား

ဒီထက်ပို ခက်ခဲနိုင်တယ်
ဒီထက်ပိုပြီး အဆိုးတွေ ကြုံလာနိုင်တယ်
ကြိုးစားရုန်းကန်နေပေမယ့်လဲ
မထင်မှတ်ဘဲ ကျရှုံးသွားနိုင်တယ်
လူအသစ်တွေ ကိုယ့်နားရောက်လာမယ်
လက်ရှိလူတွေ နည်းမျိုးစုံနဲ့ ထွက်သွားကြမယ်
မှန်နေပေမယ့် အပြစ်ပြောခံရမယ်
စေတနာထားပေမယ့် စော်ကားခံရနိုင်တယ်
ရိုးသားနေလဲ စွပ်စွဲခံရတာတွေ ရှိလာမယ်
မင်းလျှောက်နေတဲ့အခါ ဝေဖန်ခံရမယ်
ဒါပေမယ့် မင်းထိုင်နေလဲ အပြစ်တော့မလွတ်ဘူး
အဆိုးဘဲမြင်တဲ့သူတွေက
မင်းဘာလုပ်လုပ် အဆိုးဘဲ မြင်မှာဘဲ
ဘာတွေဘဲ ဖြစ်လာဖြစ်လာ
ဘာတွေကိုဘဲ ဆုံးရှုံးရ ဆုံးရှုံးရ
အကောင်းဆုံး ရင်ဆိုင်ပြီးတော့
လက်ခံ ဖြေရှင်းသွားမယ်လို့ဘဲတွေးထားပါ
ဒီနေ့ ဒီအခြေနေ ဒီပိုင်ဆိုင်မှုနဲ့
ဒီပျော်ရွှင်မှု ဒီလူတွေဟာ အမြဲတမ်း
တစ်သက်မတ်တည်း ရှိနေလိမ့်မယ့်လို့တော့
မှား ယွင်း စွာ , တွေး မ ထား စေ ချင် ဘူး

ဒါ မှ သာ
တကယ်တမ်း အဆိုးတွေးနဲ့ကြုံလာတဲ့အခါ
ကိုယ့်စိတ်ဟာ အနာအကျင် သက်သာမှာပေါ့

ကိုယ်ကတော့
အဆိုးတစ်ခုကြုံလာတိုင်း
စိတ်ကောင်းတစ်ခု ပိုထားဖြစ်တယ်

နောက်ပြီး
သင်ခန်းစာတွေ ရခဲ့တဲ့အတွက်
အတိတ်ကို ကျေးဇူးတင်သလို
ဘာတွေဖြစ်လာမယ်ဆိုတာမသေချာလို့
အနာဂတ်အတွက်လဲ အသင့်ပြင်ထားပါတယ် ။

#ℂ𝕣𝕖𝕕𝕚𝕥 𝐭𝐨 𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥 𝐰𝐫𝐢𝐭𝐞𝐫.
မူရင်းစာရေးသူ ကိုလေးစားစွာဖြင့် ℂ𝕣𝕖𝕕𝕚𝕥 ပေးပါသည်။

အဆိုးတစ်ခုကြုံတိုင်းဝဋ်ကြွေး တစ်ခုကျေတယ်လို့မှတ်ယူပါ။မင်းကိုမျက်ရည်ကျစေတဲ့ လူတစ်ယောက်ရင်ဘတ်ထဲမှာရှိနေသေးရင်ဆွဲထုတ်ပစ်လို...
10/02/2024

အဆိုးတစ်ခုကြုံတိုင်း
ဝဋ်ကြွေး တစ်ခုကျေတယ်လို့မှတ်ယူပါ။
မင်းကိုမျက်ရည်ကျစေတဲ့ လူတစ်ယောက်
ရင်ဘတ်ထဲမှာရှိနေသေးရင်
ဆွဲထုတ်ပစ်လိုက်ပါ။

မင်းကိုပျော်အောင်ထားနိူင်တဲ့သူတွေ
အများကြီးရှိသေးတယ်။
လူတွေအကြောင်းနားမလည်သူက
လူတွေအများကြီးနဲ့နေတာ ကြိုက်တယ်။

လူတွေအကြောင်းနားလည်သွားသူက
တစ်ယောက်တည်းနေတာပိုကြိုက်တယ်။

မှတ်ထားပါ လောကကြီးမှာမင်းအတွက်
အကောင်းဆုံးသူက မင်းချစ်တဲ့သူမဟုတ်ပါဘူး
မင်းကိုချစ်တဲ့သူပါ။

အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ပါနဲ့
ဖြူတာချင်းတူပေမယ့် သကြားကချိုတာ
ဆားကမချိုဘူး
တစ်ချို့သောသူတွေက အတွင်းကောက်တွေ။

#မူရင်းတင်သူကိုလေးစားစွာခရက်ဒစ်ပေးပါတယ်ရှင်

ဘဝမှာ ဖြစ်ချင်တာလေးတစ်ခုရှိတယ် အဲ့တာမေမေတို့နဲ့အတူနေနိုင်ဖို့ပဲ
06/07/2023

ဘဝမှာ ဖြစ်ချင်တာလေးတစ်ခုရှိတယ် အဲ့တာမေမေတို့နဲ့အတူနေနိုင်ဖို့ပဲ

ที่อยู่

Amphoe Sai Noi

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Phyu Hnin Wai Online Shopผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์