28/04/2024
#မိန်းမတစ်ယောက်ရဲ့ ရုပ်ဆင်းအင်္ဂါ ဟာ
အသက်. ၃၀ ထိ လှနေရင်
အရင်ဘဝရဲ့ အကျိုးဆက်တွေ
ငယ်ရွယ်နုပျိုမှုတွေကြောင့် ပါတဲ့
#အသက် ၃၀ နောက်ပိုင်း မှာတော့
သူမရဲ့ဖြတ်သန်းခဲ့တဲ့ ဘဝ ပတ်ဝန်းကျင်နဲ့.
သူမရဲ့ ခံယူချက်စိတ်ထားကြောင့်
ထင်ဟပ်လာတဲ့ရုပ်ရည်ပါ
#ဒါကြောင့် မိန်းမတစ်ယောက် ဟာ
အသက်. ၃၀ ကျော် ၃၅. နှစ်
နောက်ပိုင်းမှာတောင် လှနေသေးရင်
သူမရဲ့ အတွင်းစိတ်လေးကြောင့်ပါ
#အသက် ၄၀ နှင့် ၅၀ ကြား
အဲဒီချိန်မှာတောင် လှနေသေးတယ်ဆိုရင် တကယ် ကို လှပသူလေးပါ
#ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ
ကြုံလာရတဲ့ အရာတွေအပေါ်
သူမရဲ့ ဘယ္ယ်လိုစိတ်နဲ့
တုံ့ပြန်လက်ခံမယ်ဆိုတာ
သူမရဲ့ရွေးချယ်မှု့နဲ့ ရလဒ်ကြောင့်
ထင်ဟပ်လာတဲ့ ရလဒ် ဟာ
သူမရဲ့မျက်နှာမှာ ရှာဖွေတွေ့နိုင်လို့ပါပဲ
#အခက်ခဲတွေ ရှုံးနှိမ့် နာကျင်
စိန်ခေါ်မှုတွေ များစွာကြုံရတဲ့
မိန်းမ တစ်ယောက် ဟာ
သူမမျက်နှာမှာ အပြုံးပန်းဆင်တာ
တွေ့မြင်နေ ရသေးတယ်ဆိုရင်တော့
သူမ ရဲ့စိတ်ဓါတ်ကြောင့် ပါပဲ
#အခက်ခဲတွေကို လက်မြှောက်
အရုံးမပေးဘူး ဆိုတဲ့ရွေးချယ်မှုကြောင့်
လှပတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ
လှပစွာနေနိုင် တွေ့နိုင် ရတာဟာ
မဆန်းတဲ့ အရာဖြစ်ပေမယ့်
#ခက်ခဲပင်ပန်းတဲ့ ပတ်ဝန်းကျင်မှာ
လှပစွာတွေ့မြင်တွေ့ နေနိုင်ရတာဟာ
အတွင်းစိတ် ကြံ့ခိုင်ခြင်းရဲ့
အကျိုးဆက် ဖြစ်သလို
မိန်းမတစ်ယောက်ရဲ့ အားမာန် အပြည့် နဲ့
တကယ့် စစ်မှန် တဲ့ အလှတရားပါပဲ
#မတူညီတဲ့ ကုသိုလ်ကံတရားတွေနဲ့
မညီမျှတဲ့ ဘဝ အကျိုးပေး တွေကို
ကျေနပ်စွာလက်ခံနိုင်ကြပီး
ကြံ့ခိုင်တဲ့ အမျိုးသမီး အ ဖြစ်
အလှစစ် ကို ဖေါ်ဆောင် နိုင်ကြပါစေ။