15/03/2026
ငါတို့ ဝေးနိုင်ပါဦးမလား..
နာကျင်စရာ ပြည့်နေတဲ့
ဒီနှလုံးသားက..ကြင်နာဖို့
လှမ်းကြည့်တဲ့အခါတိုင်း...
မင်းမရှိခဲ့ဘူး...
မရှိခဲ့တာလား... မသိခဲ့တာလား...
သေချာတာက... ရှေ့တလှမ်းတိုးဖို့
ငါရည်ရွယ်တိုင်း... နောက်တလှမ်းဆုတ်သွားတဲ့
မင်းကို... အတင်းကြီးဖတ်တွယ်မနေချင်တော့တာ..
ဒဏ်ရာများနေတဲ့ နှလုံးသားထဲ
မင်းကြောင့်လို့ ခေါင်းစဥ်တပ်ခွင့်မရှိဘဲ
အသစ်ရောက်လာတဲ့ အမာရွက်လေးတွက်
ကျေကျေနပ်နပ် လက်ခံပေးမိနေတာကိုတော့
သတိထားမိပါရဲ့...
ဒီလိုပါဘဲ.. လောကကြီးမှာ
ခေါင်းစဥ်တပ်ခွင့်မရလိုက်တဲ့..
နာကျင်စရာတွက များသားမဟုတ်လား..
အစကနေ အဆုံးထိပြန်လှန်ကြည့်ရင်
ငါတို့အတိတ်မှာ ဘာအမှတ်တရမှ ရှိမနေဘဲ
မင်းကိုဘဲ အမှတ်ရနေတဲ့ ငါ့ဦးနှောက်က
ထူးတော့ထူးစမ်းသား...
ဘယ်သူ့ကြောင့်ပါလို့..
လက်ညိုးထိုးစရာ မရှိပါဘဲ
ဝေးခဲ့ကြမှတော့.. တွေ့ဆုံခွင့်ပေးတဲ့
ကံတရားကိုဘဲ အပြစ်ပုံချရတော့မှာပေါ့..
တကယ်ဆို... မင်းနဲ့တွေ့ဆုံခွင့်ကို
ဒီထပ်ပိုစောပေးခဲ့လျှင် ...ငါတို့
ဝေးနိုင်ပါဦးလား....
#လွမ်းရိပ်ကဗျာ( 𝕿ʸ𝕬 ) 8 📝